Part - 1
Part - 2
Part - 3
Part - 4
Part - 5
Announce
Part - 6
Part - 7
Part 8
Part - 5
မွေးနေ့ ရှင် အမောင် Baekလေးဆင်းလာတာမြင်တော့ အိမ်တော်ထိန်းမှာ သခင်ကြီးဆီသို့ သတင်းပို့နေလေသည်။
"ဟုတ်ပါးပါး"
"အေးပါကွာ"
"Okခ"
"ဟုတ်ကဲ့ပါဗျာ ရပါတယ်"
"ဟုတ်ရတယ်"
"ဟီး ကျေနပ်တယ်"
💟💟💟💟💟💟💟💟💟💟💟💟💟💟
                                ချစ်တဲ့ ငယ်
ChanYeol တစ်ယောက် ပွဲကိုရောက်တော့ သူ့မင်းသားလေးကိုရှာနေလေသည်။
'ဟင်း…မင်းသားလေးကလည်း မလာသေးဘူးလားကွာ'
Chan Yeol ကတော့ သူ့မင်းသားလေးကိုရှာနေသလောက် သူ့မင်းသားလေးမှာတော့ အိပ်ခန်းထဲမှာ ပြင်ဆင်နေတုန်းဖြစ်နေလေသည်။
မိဘတွေခေါ်ပြောပြီး မှန်ထဲပြန်ကြည့်နေတာ ဘယ်နှခေါက်မှန်းတင်မသိတော့ပေ။ အလွန်မှန်
ကြိုက်ပေသော အမောင်Byun Baek Hyunဖြစ်ပေသည်။
ပြင်လို့ဆင်လို့ပြီးသောအခါဝယ် အောက်ထပ်သို့ဆင်းလာလေသည်။ မဆင်းလာလို့လည်းမဖြစ်။တော်ကြာ မာတာဖခင်ကြီးဆီက အဆူစကားတွေ ကြားရတော့မှာမလို့ ဆင်းလာရလေပြီ။
မွေးနေ့ ရှင် အမောင် Baekလေးဆင်းလာတာမြင်တော့ အိမ်တော်ထိန်းမှာ သခင်ကြီးဆီသုိ့ သတင်းပို့နေလေသည်။
"ဟော…ပါးပါးသားလေး ဆင်းလာပြီပဲ…လာဦးသား ပါးပါးမိတ်ဆက်ပေးမလို့"
"ဟုတ်ပါးပါး"
"ဒါက Park Groupရဲ့ CEOပဲ သား Park Chen တဲ့ ဘေးကတော့ Park Groupရဲ့ ဆက်ခံသူ Park Chan Yeolတဲ့"
"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ"
"အင်းအင်း Baekလေးကချစ်စရာလေးပဲ သားမက်တောင် တော်ချင်လာပြီ"
"ဟားဟား…ဦးကတော့ နောက်ပြီဗျာ။ ပါးပါးနဲ့ စကားပြောလိုက်ပါဦးနော်။ ကျွန်တော့်သူငယ်ချင်းတွေလာလို့ သွားဧည့်ခံ လိုက်ဦးမယ်"
"အေးအေး…နောက်မှတွေ့ကျတာပေါ့"
"သားChan Yeolလည်း လိုက်ချင်လိုက်သွားလေ လူငယ်ချင်းရင်းနှီးမှုယူထားဦး"
"ဟုတ် အဲ့ဆို သားရဲ့ ကလေးနောက် လိုက်သွားလိုက်ဦးမယ်"
"အေးအေး…ဂရုစိုက်သွားဦး"
"ကဲအကိုရေ စီးပွားရေးတွေ ခဏထားဦး…ကလေးတွေအကြောင်းဆွေးနွှေးရအောင်။ ကျွန်တော်ကတော့ Chanလေးနဲ့ဆို ဘာမှပြောစရာမရှိပါဘူး"
"အဲ့ဒါ သတင်းကောင်းပဲ…အဖေသာသိရင်ချက်ချင်းတန်းလာပြီး သူ့မြေးအတွက် မင်္ဂလာတန်းဆောင်ပေးလောက်တယ်"
"ဟားဟား…ခမည်းခမက်တော်သွားပြီပေါ့"
"ဟုတ်ပါ့ ။ ခုမှခမည်းခမက်တော် တော့တယ်"
"ကဲဗျာ…စကားကောင်းနေတာနဲ့ မွေးနေ့ပွဲစဖို့ မကြော်ငြာရသေးဘူး…ခွင့်ပြုဦး ခမည်းခမက်ရေ အိမ်လည်း လာလည်ပါဦး"
"ဟုတ်ပြီဗျာ…သားလေးသာ ဒီသတင်းသိရင် ဝမ်းသာနေလောက်ပြီ"
"ဟုတ်တယ်…အဲ့ကလေးလည်း ဂျေးများလွန်းလို့ စိတ်မချ ရဖြစ်နေတာ…Baekလေးနဲ့ဆို စိတ်ချရပါပြီ"
"Baek ဟို နားကားကားနဲ့တစ်ယောက်က မင်းနောက်လိုက်နေတာရော်..."
"ဟီး လိုက်ပါစေ မင်းတို့တောင် လိုက်မယ့်သူရှိလို့လား"
"ဘာကွ ငဘတ် စော်ကားလှချီလား ကိုယ့်သူငယ်ချင်းက သိချင်လို့ မေးနေတာကို စော်စော်ကားကားနဲ့"
"ဟားဟား..အဲ့ဒါငါဟိုနေ့က Shopping Mallမှာတွေ့ ခဲ့တဲ့ တစ်ယောက်လေ၊ စောနကမှ အဖေမိတ်ဆက်ပေးလို့ Park Groupကမှန်းငါသိတာ"
"အော် လူကောင်းဆို ရပါတယ် မင်းပျော်ရင် ပြီးရော"
"အေးပါကွာ"
"ဟိုမှာ မင်းလူကြီးလာနေပြီ ငါတို့ဟိုဘက်မှာရှိနေမယ် စကားပြောပြီးရင် လိုက်လာခဲ့ကျ"
"Okခ"
"ဟိတ်ကလေး ကိုယ့်ကိုမှတ်မိလား"
"မှတ်မိတယ်ဗျ အဲ့နေ့ က Shopping Mallမှာ မျက်လုံးကျွတ်မထွက်ကြည့်နေတဲ့ လူကြီး"
"ဟာကလေးကလည်း ဘာကိုမျက်လုံးကျွတ်မထွက်တုန်း၊ ချောလို့ ငေးမိသွားတာကို"
"ဟားဟား ကျွန်တော်က စတာပါဗျာ"
"ဒါနဲ့ ကလေး ကိုယ်မင်းနဲ့ ခင်လို့ ရလား"
"အော် ခင်လို့ပဲ စကားပြောနေတာလေဗျာ ဘာလဲ ခင်တယ်ပြောမှ အဖက်လုပ်မလို့လား"
"အမလေး ရွှေစိတ်တော် မညိုးပါနဲ့ ကလေးရာ ကိုယ်က ဒီတိုင်းပြောလိုက်တာ"
"ဟုတ်ကဲ့ပါဗျာ ရပါတယ်"
"ကလေးနဲ့ခင်သွားပြီဆိုတော့ ဖုန်းနံပါတ်လေး ပေးလို့ရလား"
"ဟုတ်ရတယ်"
"ကျေးဇူးကလေးရေ နောက်ရက်မှ ဖုန်းဆက်လိုက်မယ် စကားမစပ် Happy Birthdayပါ ကလေးငယ်ရေ"
"ကလေးငယ်? ခင်ဗျားနော် ကျွန်တော့်ကို ကလေး ခေါ်လိုက် ကလေးငယ်ခေါ်လိုက်နဲ့"
"Sorryပါကွာ ကိုယ် အူယားသွားလို့ ခေါ်မိတာ"
"ထားပါတော့ ဒီနေ့ ကျွန်တော့်မွေးနေ့ ဆိုတော့ မွေးနေ့ လက်ဆောင် ဘယ်မှာလဲ"
"ဟားဟား ပေးမှာပေါ့ ကလေးငယ်ကလည်း ခဏလေးစောင့်"
Park Chan Yeolတစ်ယောက် စင်မြင့်ပေါ်သို့ တက်သွားပြီး စင်ပေါ်မှာရှိနေသော Pianoပေါ်တွင် ထိုင်ကာ သူ့ ကလေးငယ်အတွက် သီချင်း စဆိုလေသည်။
(A/N မိုက်လိုက်တာဟယ် ဘဲဘဲအတွက် သီချင်းတောင် ဆိုပေးနေတာ ချစ်သူတောင်မဟုတ်သေးဘူးနော်🌚သာသာ့လို့Faလေးတွေအတွက် Cheer)
"အားလုံးပဲမင်္ဂလာပါ မွေးနေ့ရှင်လေးအတွက် ကျွန်တော် သီချင်းတစ်ပုဒ်ဆိုပြချင်လို့ပါ "
သူဆိုပြတဲ့သီချင်းကတော့ All Of Meပဲဖြစ်နေလေသည်။
https://www.youtube.com/watch?v=ngq5Aw0Q6rQ
သီချင်းသံလည်းဆုံးရော မျက်ရည်ကျသူကျ ၊ မဲ့တဲ့သူကမဲ့နဲ့…FAလေးတွေကတော့ ဘယ်သူ့ feelရမှန်းမသိတဲ့အတွက်ရှာကြံပြီး feelနေကျလေသည်။
"Happy Birthdayပါ ကလေးငယ် ကိုယ်ဒီသီချင်းနဲ့ purposeလုပ်ချင်ပါတယ် ကိုယ်အစက နောက်မှ ဖွင့်ပြောမလို့ပဲ ဒါပေမယ့် ကိုယ်မထိန်းနိုင်တော့လို့ ဖွင့်ပြောလိုက်ရတာပါ ကလေးငယ်စဉ်းစားချင်ရင် လည်းစဉ်းစားလို့ရတယ် ကိုယ်အလျင်မလိုပါဘူး ကလေးငယ် ပျော်နေဖို့ ကအဓိကမလို့ "
"ပထမဆုံးအနေနဲ့ သီချင်းဆိုပေးတဲ့အတွက် ကျေးဇူးပါ ဖွင့်ပြောတာကိုတော့ ကျွန်တော် လေ့လာဦးမယ် အဆင်ပြေတယ်မလား"
"ပြေတာပေါ့ ကလေးငယ်ရာ ကလေးငယ်သဘောက ကိုယ့်သဘောကြီးပဲ"
"ဟုတ်ပြီ အဲ့စကားကိုမှတ်ထားနော်😏"
"ဟုတ်ကဲ့ပါခင်ဗျ ကျွန်တော်မျိုးမှတ်သားထားပါ့မယ် မင်းသားလေးခင်ဗျ "
"ဟီး ကျေနပ်တယ်"
💟💟💟💟💟💟💟💟💟💟💟💟💟💟
Hello Long Time No See ပါ ဒါဒါတို့ရေ သာသာ Updateကြာသွားတာ တောင်းပန်ပါတယ်နော် သာသာ ဘာသာပြန်စာစဉ်လေးက အရေးကြီးနေလို့ ဦးစားပေးနေရတာ ခုထိမအိပ်သေးဘဲ ဒါဒါလေးတွေအတွက် အပိုင်းသစ် ထပ်ရေးပေးလိုက်တယ်နော် နောက်တစ်ပိုင်းကတော့ နည်းနည်းကြာမယ်နော် တစ်ပတ်လောက်ပါပဲဟီး😗😗
ဒီအပိုင်းလေးက Roတယ်မလား နောက်တစ်ပိုင်းပိုroမယ်နော် 💟
ကျန်းမာရေးဂရုစိုက်ကျပါ ဒါဒါတို့ရေ
                                ချစ်တဲ့ ငယ်
© Phoenix Delight,
книга «My Prînce Byun Baekhyun».
Коментарі