Part - 1
Part - 2
Part - 3
Part - 4
Part - 5
Announce
Part - 6
Part - 7
Part 8
Part - 4
Zawgyi!!!!
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
"ဟုတ်… လာပြီအဖေ!!!"
"ဟုတ်မား"
"ဟုတ်"
"လာသွားမယ်…"
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
Unicode!!!!
နောက်တစ်နေ့ မနက်ခင်းဝယ် Byun အိမ်တော်၌ သာယာသောအသံများဖြင့် စည်ကားလျက်ရှိလေသည်။
Byunအိမ်တော်ရဲ့ တစ်ဦးတည်းသော သားလေးရဲ့ မွေးနေ့မင်္ဂလာဖြစ်လေ၏။
ဧည့်သည်ပေါင်းများစွာ ကြွရောက်ချီးမြှင့်သော မွေးနေ့ပွဲဖြစ်သည့်အလျောက် အစေခံတို့မှာ မည်သည့်အမှားမျှမလုပ်မိလေအောင် သတိထားကျရလေသည်။
စီးပွားရေးလောကရဲ့ အကျော်အမော်များဖြစ်တဲ့ Park Groupရဲ့ CEOကိုယ်တိုင် တက်ရောက်မှာလို့လည်း သတင်းရထားလေ၏။
Park Groupနဲ့ Byun Groupတို့သည် ငယ်စဉ်ထဲက ရင်းနှီးလာသော မိတ်ဆွေရင်းချာများဖြစ်လေသည်။
သို့သော် သူတို့၏သားတို့မှာမူ အချင်းချင်းမမြင်ဖူးလေသောကြောင့် မသိကျလေပါ။
Park ChanYeolကိုလည်း Park Groupရဲ့ ဆက်ခံသူဆိုတာ မသိသလို Byun Baekhyunကိုလည်း Byun Group၏ဆက်ခံသူဆိုတာ မသိကျပါ။
ChanYeol စုံစမ်းထားသောအချက်အလက်များအရ Baekhyunကို Byun Group၏ဆက်ခံသူဆိုတာသိနှင့်ပြီးလေသည်။သို့သော်မိသားစုချင်း ရင်းနှီးတာကိုမသိသောကြောင့် ဒီမွေးနေ့ပွဲသို့ တက်ရောက်ရန် အကြောင်းဖန်လာတော့သည်။
"သား ဒီနေ့အဖေ့မိတ်ဆွေ Byun Groupရဲ့ တစ်ဦးတည်းသောသား Byun Baekhyunရဲ့ မွေးနေ့ပွဲကို အဖေနဲ့ အတူတူတက်ရောက်ရမယ်"
"ဗျာ....အဖေတို့က အချင်းချင်းရင်းနှီးနေကျတာပေါ့"
"အေးလေ...ငယ်ငယ်ထဲက အဖေတို့က သူငယ်ချင်းတွေဖြစိလာကျတာ ခုထိပဲ… ဘာမှားနေလို့လဲသား"
"မမှားပါဘူး…မထင်မှတ်ထားလို့ အံ့သြသွားတာ”
"အော်…ဘာမှမဖြစ်လည်း ပြီးတာပါပဲ၊ ညကျရင်လိုက်ခဲ့ရမယ်နော် ရှိတဲ့ scheduleတွေအကုန်ဖျက်ထား... သားတို့ငယ်ငယ်တုန်းက တစ်ခါပဲတွေ့ဖူးကျတာ ပြီးတော့ အဖေတို့ USကိုထွက်သွားတာ အဲ့ကြောင့် အချင်းချင်းမသိကျတာ"
"အော်…အဖေ့ကိုပြောစရာရှိလို့ ကျွန်တော် Baekhyuneeကို ချစ်လို့၊အဖေသွားတဲ့အခါကျရင် မင်္ဂလာကိစ္စအတွက် စကားလမ်းကြောင်းလေးနှိုက်ပေးဦး”
"ဟေ…သားက Baekhyuneeကို ချစ်နေတာ ဟုတ်လား ဟိုကလေးဘက်ကရော ဘာပြောလဲ၊ အဖေကတော့ကန့်ကွက်စရာမရှိပါဘူး။မိသားစုအချင်းချင်းလည်းရင်းနှီးနေတာပဲလေ၊မင်္ဂလာလမ်းကိုတော့မပြောသေးဘူး သားတို့အရင်ဆုံး သမီးရည်းစား ဘဝရောက်အောင် အရင်လုပ် နောက်တော့မှ မင်္ဂလာကိစ္စပြောကျမယ်"
"ဟုတ်ကဲ့… ကျွန်တော်တို့ချင်းရင်းနှီးသွားရင် ဖွင့်ပြောမှာပါ၊ ဒီညပွဲမှာ ရင်းနှီးအောင်အရင်လုပ်လိုက်ဦးမယ်"
"ဟုတ်ပြီ…အဲ့ဆို အဖေတို့ ညနေ၆နာရီ အိမ်ကထွက်မယ် မွေးနေ့က ည၇နာရီခွဲမှစမှာ"
"ဟုတ်ကဲ့…အဆင်သင့်ဖြစ်ရင် ပြောလိုက်ပါ့မယ်"
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
"သား Baekhyun… ဒီမှာ ခဏလာထိုင်ဦး၊အဖေပြောစရာရှိလို့"
"ဟုတ်… လာပြီအဖေ!!!"
"Byun Baekhyunရယ် ဘယ်လိုလုပ်အပေါ်ထပ်ကနေလှမ်းအော်နေတာတုန်းဟဲ့… ခုနှစ်အိမ်ကြားရှစ်အိမ်ကြား အသံကိုပြဲလန်နေတာပဲ"
"မားကလည်း၊ သားဆိုပြောပြီ ခေါ်လို့လည်း လှမ်းထူးရသေးတယ်။ ဒီကလေးတစ်ယောက်ပဲရှိတာကို လှမ်းဆူနေပြန်ပြီ"
"ကဲကဲ… အပေါ်ကနေမြန်မြန်ဆင်းလာခဲ့။ ကြာရင် ဗိုက်ခေါက်လိမ်ဆွဲခံရမယ်မှတ်"
"ဟာ…မားကတော့လုပ်ပြီဗျာ၊ ခဏလေးစောင့်ဦး၊ သားရေချိုးမလို့ "
"အေးအေး မြန်မြန်ချိုးပြီး ဆင်းလာခဲ့"
"ဟုတ်မား"
"သားရောက်ပြီပါးပါး…ဘာပြောမလို့လဲ"
"ပထမဆုံးပြောချင်တာက Happy Birthdayပါသားလေး ပါးတို့ရဲ့ သားလေးဖြစ်လာပေးတာ ကျေးဇူးတင်ပါတယ် ပါးတို့အိမ်ရဲ့ ဆည်းလည်းလေးဖြစ်လာပေးလို့ ပြောပြမတတ်အောင် ပျော်ရွှင်မိတယ်သားလေး…"
"ဒုတိယပြောချင်တာက ညနေကျရင် Park Groupရဲ့ CEO အဖေ့သူငယ်ချင်းနဲ့ သူ့သား ပါလာလိမ့်မယ်…သားတို့ကိုမိတ်ဆက်ပေးမလို့ အဲ့ချိန်ကျရင် ပါးဘေးနားကိုလာခဲ့။ကြားလားသား…"
"ဟုတ်ကဲ့ပါး…သားလာခဲ့ပါ့မယ်"
"အေးအေး…အဲ့ဆိုပြင်ဆင်စရာရှိတာပြင်ဆင်ထားတော့"
"ဟုတ်"
ညနေ၅နာရီဝန်းကျင် Park အိမ်တော်၌ သခင်လေး အမောင် Park Chan Yeolတစ်ယောက် သူ၏ချစ်လှစွာသော ကြင်နာသူလေးအောင် တွေ့ဖို့ပြင်ဆင်နေလေသည်။
နဂိုကထက်ပိုပြီးပြင်ဆင်နေလေရာ သူငယ်ချင်း၂ယောက်မှာ မျက်နှာများရှုံ့ မဲ့နေလေသည်။
ဒါလည်းသူဂရုစိုက်ဖို့မအားနိုင်သေး… သူ၏ချစ်ရသူလေးမျက်စိထဲတွင် Perfectဖြစ်ဖို့ အရေးကြီးနေလေသည်။
အပြင်အဆင်များမှာ မင်းသားရှုံးလောက်လေသည်။ရေမွှေးပုလင်းများ လောင်းချသကဲ့သို့ မွှေးကြိုင်နေရာ သူငယ်ချင်း၂ယောက်ထဲက အမောင်Sehunမှာ မနေနိုင်တော့ဘဲ ထဆဲလေ၏။
"ဟေ့ကောင် Park Chan Yeol…မင်းအဘမလို့ အဲ့လောက်ထိ ပြင်ဆင်နေရတာလားကွ!!!"
"ဘယ့်နှယ့်မွှေးကြိုင်နေတာပဲ!!ဟိုကဖြင့်မင်းကိုသိတောင်မသိသေးတာ၊အဲ့လောက်ထိပြင်စရာလိုလားကွ"
"မင်းတို့လို Faလေးတွေက ဒါမျိုးတွေနားမလည်သေးပါဘူးကွာ…ချစ်ရသူရဲ့ရှေ့မှာဘယ်သူမဆို Perfectဖြစ်ချင်တာတွေချည်းပဲ"
"ဘာကွ!!!ပြီးမှSehunnieလေးရေ ဒါလေးလုပ်ပေးပါဦးပြောကြည့် ဘောပဲရမယ် ခွေးကောင်"
"ကဲကဲဟေ့ကောင်တွေတော်တော့…Chan Yeol မင်းကလည်းမင်းပဲ အဲ့လောက်မွှေးကြိုင်နေစရာလိုလားကွ၊ ဟိုကောင် Sehunကလည်း အားတိုင်း ဒေါသပဲထွက်နေတာပဲ…စိတ်လျော့ပါဦးကွ"
"ပြီးရောကွာ…Park Chan Yeolမြန်မြန်လုပ် ငါးနာရီခွဲနေပြီ"
"အေးပါကွာအိုကိတ်ရာ…အေးဆေးပေါ့။ငါ့အဖေတောင်လာမခေါ်သေးတာ ဘယ့်နှယ့်အဲ့လောက်လောနေရလားကွ၊မသိရင် သားပျောက်မိခင်ကျလို့🤣"
"Kim Kai!!!မင်းလာထိန်းမလား ငါဆဲရမလား"
"ကဲပါကွာ စိတ်လျော့ပါ ငဆယ်ရာ…သွားအောက်ထပ်သွားနေ ပြီးရင်ခေါ်လာခဲ့မယ် ဟုတ်ပြီလား"
"အေးပြီးရော…မြန်မြန်လုပ်ပြီးဆင်းလာခဲ့"
"အေးအေး ပြီးတာနဲ့ဆင်းလာမယ်၊ဟိုကောင် မြန်မြန်လုပ်ပြီးရင် အောက်ဆင်းမယ် ဦးလေးကစောင့်နေတယ်"
"အေးပါကွာ...ပြီးပါပြီဟ!!တကယ်တည်းလောနေလိုက်ကျတာ"
"လာသွားမယ်…"
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
Hello Guys!!! Long Time No See...သာသာကျောင်းက projectလေးရှိလို့ မအားတာနဲ့မရေးဖြစ်မိဘူး ခုမှပြန်ရေးဖြစ်တာ ကြာသွားတဲ့အတွက်တောင်းပန်ပါတယ်🥺🥺နောက်လည်း updateက ကြာဖို့ရှိပါတယ် ဘာလို့ဆို သိုင်းစာစဉ်တစ်ခုကို translationလုပ်ရမှာမလို့ ပါ အားတာနဲ့ ရေးပြီးတင်ပေးပါ့မယ်😗😗
နောက်တစ်ပိုင်းကျရင် Baekhyunနဲ့ Chan Yeolတို့ရဲ့တွေ့ဆုံမှုလေးနဲ့ roတာလေးပါမယ်နော်… စောင့်နေပေးကျတဲ့ ဒါဒါလေးတွေကို ကျေးဇူးအထူးတင်ရှိပါကြောင်း…😗😗😗
© Phoenix Delight,
книга «My Prînce Byun Baekhyun».
Коментарі