Plogue
Chapter 1/နောက်ဆုံးအကြိမ်နှုတ်ဆက်ခြင်း
Chapter 2/အတိတ်နေ့ရက်များဆီသို့
Chapter 2/အတိတ်နေ့ရက်များဆီသို့
Unicode
"When we meet again....oneday!"
❤Part-2အတိတ်နေ့ရက်များဆီသို့...❤
ကျွန်တော်တို့နှစ်ယောက်ရဲ့အတိတ်နေ့ရက်များဆီသို့......
အရမ်းလည်းလှပခဲ့သလိုအရမ်းလည်းချစ်ခဲ့ကြပါတယ်....
ပေကျင်းရဲ့လမ်းမတစ်လျှောက်ကားလေးအဖြူရောင်လေးတစ်စီးမောင်းနှင်လာသည်။
ကားမောင်းနေသည့်သူမှာအဖြူရောင်T-shirtလေးပေါ်မှာအပြာနုရောင်ရှပ်အင်္ကျီလေးကိုထပ်ဝတ်ထားကာအပြာရင့်ရောင်ဂျင်းဘောင်းဘီရှည်လေးကိုတွဲဖက်ဝတ်ဆင်ထားသည်။
ဆံပင်ကိုဘေးခွဲခွဲပြီးနဖူးပေါ်လှန်တင်ထားပေမယ့်အနည်းငယ်ကတော့နဖူးပေါ်မှာဝဲကျနေသည်။
ဝတ်စားထားပုံအရဆိုထိုသူဟာGentlemanစတိုင်လေးပေါ့....
သူနာရီလေးကိုငုံ့ကြည့်လိုက်သည်။ကိုးနာရီခွဲပြီးနေပြီဖြစ်သည်.....
"ဟာ!.....နောက်ကျတော့မှာပဲ"
သူကားspeedလေးကိုပို၍အရှိန်တင်လိုက်သည်။
မကြာမီပေကျင်းရဲ့police stationထဲကားလေးကိုကွေ့ဝင်ကာcar-parkingလေးမှာကားလေးကိုရပ်လိုက်သည်။
ထို့နောက်သူ..သူ့ရဲ့ဌာနထဲဝင်လာခဲ့သည်။
သူရောက်တော့အကုန်လုံးကသူ့နေရာနှင့်သူနေရာယူကာသူတို့အလုပ်သူတို့လုပ်နေကြပြီဖြစ်သည်။
"တူလေးရှောင်းကျန့်...ဒီနေ့နည်းနည်းနောက်ကျတယ်နော်"
ဌာနနဲ့အဝင်ပေါက်နားစားပွဲမှမှတ်တမ်းထိန်းသိမ်းရေးရဲဦးလေးကြီးကရှောင်းကျန့်အားလှမ်းနှုတ်ဆက်လိုက်ခြင်းဖြစ်သည်....
"ဟုတ်တယ်ဦးလေးရေ...
ဒီနေ့အိပ်ရာထလည်းနည်းနည်းနောက်ကျသွားတယ်
ပြီးတော့ဟွားလေးကလည်းမူကြိုသွားခါနီးမှကောက်နေလို့မနည်းချော့ပြီးလိုက်ပို့ရလို့လေ"
ထိုဦးလေးကြီးသူ့စားပွဲပေါ်ရှိဖိုင်တွဲတွေကိုစက္ကူဖုံးထဲသိမ်းနေရင်းကနေ...
"အေးပါကွာ...ငါ့တူကြီးရာ
တစ်ကိုယ်တည်းသမားတွေကတော့ဒီလိုပါပဲ
fighting"
"ဟုတ်ကဲ့ပါ"
ရှောင်းကျန့်ပြန်နှုတ်ဆက်ပြီးသူရဲ့ရုံးခန်းလေးသို့ဦးတည်လာခဲ့သည်။
ရုံးခန်းတံခါးလေးကိုဆွဲဖွင့်ကာသူ့ရဲ့စားပွဲခုံလေးမှာထိုင်လိုက်သည်။
သူ့ရှေ့စားပွဲပေါ်ရှိLaptopလေးကိုဖွင့်ပြီးလုပ်လက်စဖိုင်များကိုသိမ်းလိုက်သည်။
အမှုတွဲဖိုင်တစ်ခုကိုလှန်ကြည့်နေရင်း...
"Knock....Knock!"
တံခါးခေါက်သံလေးကိုကြားရသဖြင့်..
"ဝင်လာခဲ့ပါ"ပြောရင်းသူ့အခန်းထဲဝင်လာသည့်သူကိုမော့ကြည့်လိုက်သည်။
"ဟာ..ဝူဂျောင်းHyungကလည်းဘယ်သူမြန်းလဲလို့
တံခါးမခေါက်ဘဲဝင်လာလည်းရပါတယ်
....ခုံယူထိုင်လေ"
ထိုအခါထိုသူကသူ့ရှေ့ကုလားထိုင်တစ်ခုမှာဝင်ထိုင်ရင်း.....
"ဟုတ်ပါပြီဗျာ..ဟိုတစ်ပတ်ကအမှုအကြောင်းပြောမလို့"
"ဘာတဲ့လဲHyung...တရားခံကဘယ်သူတဲ့လဲ"
"အခုစုံစမ်းလို့ရထားတဲ့အချက်တွေအရဆို
လွန်ခဲ့တဲ့ဆယ့်နှစ်နှစ်ကမြောင်ဂျွန်းရပ်ကွက်လူသတ်မှုရဲ့တရားခံပဲ..."
"သူကထောင်ကလွတ်တာမှတစ်ပတ်ကျော်လေးရှိသေးတာကို..
နောက်ထပ်လူထပ်သတ်တာလား???"
"ဟုတ်တယ်...စုံစမ်းရေးမှုးတွေကလည်းအဲလိုပဲလက်ခံကြတယ်
ဒါပေမယ့်hyungထင်တာကတော့..
အဲဒီလူသတ်မှုနဲ့ပုံစံဆင်ချင်ပေမယ့်Hyungမှတ်တမ်းဓာတ်ပုံတွေကြည့်ကြည့်တော့
အမှုနှစ်ခုမှာကွာခြားမှုတွေရှိနေသလိုပဲ"
"Hyungမှာနစ်နာသူတွေရဲ့မှတ်တမ်းဓာတ်ပုံတွေသိမ်းထားတယ်မှတ်လား??"
"အင်း..Hyungမှာရှိတယ်အားကျန့်"
"အဲဒါဆို...မှုခင်းပညာရှင်ပါမောက္ခကျင်းဆီကိုသွားကြည့်ကြတာပေါ့Hyungရာ..."
"အင်း...Hyungလည်းအဲလိုပဲပြောမလို့!"
ထို့နောက်ရှောင်းကျန့်နှင့်သူ၏စီနီယာကင်ဝူဂျောင်းတို့car parkingသို့ထွက်လာခဲ့သည်။
ကင်ဝူဂျောင်းဆိုသည်မှာရှောင်းကျန့်ရဲ့အထက်တန်းနှစ်ကတည်းကစီနီယာဖြစ်သည်။
ကိုရီးယားလူမျိုးဖြစ်ပေမယ့်အထက်တန်းနှစ်ကတည်းကမိဘရဲ့စီးပွားရေးကတရုတ်မှာအခြေစိုက်တာကြောင့်တရုတ်မှာပဲနေထိုင်ပြီးတရုတ်နိုင်ငံသားခံယူထားသူဖြစ်သည်။
ရှောင်းကျန့်ကတော့သူ့ကိုHyungလို့ခေါ်ရသည်ကိုသာနှစ်သက်သဖြင့်Hyungလို့ခေါ်ခြင်းပင်.....
သူကိုယ်တိုင်ကလည်းအားကျန့်ရဲ့Hyungလို့ခေါ်တဲ့အသံလေးကိုသဘောကျသည်လေ.....
ထိုစဉ်ရှောင်းကျန့်ကသူရဲ့ကားတံခါးလေးကိုဖွင့်မည်အပြုတွင်....
"အားကျန့်...ကိုယ့်ကားနဲ့ပဲသွားမယ်လေ
ကားတစ်ယောက်တစ်စီးဆိုအလုပ်တွေရှုပ်တယ်လေ
တစ်နေရာတည်းသွားမယ့်ဟာကို"
"အာ....ဟုတ်တယ်နော်Hyung"
ရှောင်းကျန့်တစ်ယောက်ညာဖက်လက်လေးဖြင့်သူ့ဂုတ်လေးသူပွတ်သပ်ရင်း....
မွေးရာပါယုန်သွားလေးများပေါ်အောင်မျက်လုံးလေးများမှေးသွားသည်အထိပြုံးလိုက်မိသည်။
ဒါရှောင်းကျန့်ရဲ့အကျင့်တစ်ခု!!!
ဘာအကျင့်လဲဆိုတော့......
သူတစ်ခုခုအမှားလုပ်မိပြီးဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့အချိန်လုပ်တတ်တဲ့အကျင့်လေး....
ရှောင်းကျန့်ဆိုတဲ့သူလေးဟာဝတ်စားထားပုံ...စုံထောက်တစ်ယောက်အဖြစ်လူဆိုးကိုလိုက်ဖမ်းနေတဲ့အချိန်...
ပြေးလွှားတိုက်ခိုက်နေတဲ့အချိန်သာGentleman styleလေးဖြစ်သည်သာ....
အခုလိုအကျင့်ကလေးပြုမူနေတဲ့အချိန်ဆို
တကယ့်ယုန်ပေါက်..ကလေးလေးပင်....
အရမ်းချစ်ဖို့ကောင်းသည်လေ....
Hyungတစ်ယောက်ရှောင်းကျန့်အပြုံးတွေငေးရင်းခဏအကြာမှာတော့သူစကားဆိုလိုက်သည်။
"ပြုံးမနေနဲ့...သွားရအောင်ကားပေါ်တက်"
"ဟုတ်...Hyung"
Hyungကကားရှေ့ခန်းတံခါးလေးဖွင့်ပေးတဲ့အတွက်ကြောင့်ကားအရှေ့ခန်းမှာပဲထိုင်လိုက်သည်။
ရှောင်းကျန့်တို့ကားဆိုနေရာမရွေးကြုံတဲ့နေရာထိုင်တတ်သည်။
စုံထောက်တွေဘဝမှာကားရှေ့ခန်းတွေကားရှေ့ခန်းတွေlover seatတွေဘာတွေရွေးနေနိုင်တဲ့သူတွေမှမဟုတ်ကြတာ.....!!!
တရားခံထွက်ပြေးလို့ကားနဲ့လိုက်ရတဲ့အချိန်မျိုးဆိုကားပေါ်မြန်မြန်ရောက်ပြီးတရားခံနောက်လိုက်နိုင်ဖို့သာအဓိကလေ......
ထို့နောက်ရှောင်းကျန့်တို့ကားလေးသည်မှုခင်းပညာရှင်ဌာနသို့ဦးတည်လာရင်းမောင်းနှင်လာခဲ့လေသည်.....
ရှောင်းကျန့်တို့နှစ်ယောက်မှုခင်းပညာဌနထဲဝင်ရန်ပြုလိုက်စဉ်....
"သား..ရှောင်းကျန့်နဲ့ဝူဂျောင်းပါလား
ဘယ်လာကြတာတုန်း"
အနောက်မှအသံကြားသဖြင့်ရှာင်းကျန့်ရောHyungပါအနောက်သို့ပြန်လှည့်ကြည့်တော့...
"ဟာ...ဆရာ့ဆီပဲလာတာ
အကူအညီတောင်းစရာလေးရှိလို့ပါ...ဟိ"
ရှောင်းကျန့်ကဖိုင်တွဲလေးကိုင်ထားကာပြုံးပြရင်းစကားဆိုလိုက်သည်။
"ပြောပါ...မျက်နှာချိုသွေးမနေပါနဲ့ရှောင်းကျန့်ရာ
ဝူဂျောင်းလဲပါတော့ကိစ္စကြီးထင်တယ်"
Hyungကရှောင်းကျန့်လက်ထဲမှဖိုင်လေးကိုလှမ်းယူရင်း
"ဆရာ...ဒါကအမှုနှစ်ခုရဲ့နစ်နာသူတွေကိုမှတ်တမ်းတင်ထားတဲ့ပုံတွေ
ဆရာတစ်ချက်လောက်ကြည့်ပေးပါလား
တစ်ယောက်တည်းကကျူးလွန်တာဟုတ်မဟုတ်သိချင်လို့ပါဆရာ"
Hyungကဖိုင်တွဲထဲရှိဓာတ်ပုံတွေကိုဆရာ့အားပြနေရင်းပြောခြင်း....
"ဆရာကြည့်ပေးထားမယ်
အခုတော့အစည်းအဝေးသွားရအုံးမယ်
ဆရာကြည့်ပြီးရင်ဖုန်းလှမ်းဆက်လိုက်မယ်"
"ဟုတ်ကဲ့ဆရာ...ဒါဆိုကျွန်တော်တို့ကိုသွားခွင့်ပြုပါအုံး"
"အေးအေး..ကားကိုဂရုစိုက်မောင်းအုံး"
"ဟုတ်ကဲ့"
ရှောင်းကျန့်တို့နှစ်ယောက်ထိုနေရာမှပြန်ထွက်လာခဲ့သည်။
ပေကျင်းမြို့အလယ်....
အလွန်မှခန်းနားထည်ဝါလှတဲ့အထပ်မြင့်တိုက်ကြီးတစ်ခု...
ထိုတိုက်ကြီးကတော့Wangလုပ်ငန်းစုပင်ဖြစ်ပေသည်။
ကောင်လေးတစ်ယောက်ဖိုင်တွဲတစ်ခုကိုကိုင်ရင်းအခန်းတစ်ခုစီသို့ဦးတည်လျှောက်လှမ်းလာလေသည်။
အခန်းတစ်ခုရှေ့ရောက်သည်နှင့်ထိုအခန်းတံခါးပေါ်ရှိခလုတ်လေးတစ်ခုကိုနှိပ်လိုက်သည်။
ထိုအခန်းကတော့Wangလုပ်ငန်းစုရဲ့CEO....
ဘယ်လိုCEOမျိုးလဲဆိုတော့????
ချောမောတယ်....ခက်ထန်တယ်....
မာနကြီးတယ်....သွေးအေးတယ်...
အထက်စီးဆန်တယ်....ငယ်ရွယ်တယ်.....
ချမ်းသာတယ်.....အောင်မြင်မှုတွေရှိထားတယ်
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေး....
အဲသည်လိုဂုဏ်ပုဒ်တွေကိုပိုင်ဆိုင်ထားတဲ့CEO
နာမည်ကတော့"ဝမ်ရိပေါ်"ပင်.....
သို့ပေမယ့်လည်းသူ့ကိုWangလုပ်ငန်းစုရဲ့CEOအဖြစ်တော့လူသိနည်းပေသည်...
သူဟာလျို့ဝှက်ချက်တွေနှင့်ပြည့်နေသည့်သူတစ်ယောက်လည်းဖြစ်ပေသည်။
ဖိုင်တွဲလေးကိုင်ပြီးအခန်းတံခါးရှေ့မတ်တပ်ရပ်နေသည့်သူကတော့ယူဘင်း....
ဝမ်ရိပေါ်အားအထာရဆုံးလူသားပင်...
"ဝင်လာခဲ့....ယူဘင်း"
ယူဘင်းလည်းဝင်လာခဲ့ဆိုသည်နှင့်တံခါးလေးဖွင့်ကာအခန်းထဲဝင်သွားလိုက်သည်...
ယူဘင်းဝမ်ရိပေါ်ကိုလှမ်းကြည့်လိုက်တော့....
အနက်ရောင်suitအပြည့်လေးဝတ်ထားပြီးလက်နှစ်ဖက်ကိုဘောင်းဘီအိတ်ထဲသို့ထည့်ကာသူ့ကိုကျောပေးပြီးမှန်တွေကာရံထားတဲ့အပြင်ဘက်ပေကျင်းမြို့ရှခင်းကိုကြည့်နေပုံရသည်....
"ဘာကိစ္စလဲ....ယူဘင်း"ယူဘင်းကိုကျောပေးထါးရင်းနှင့်ပင်စကားဆိုလိုက်ခြင်း!!
"ဟိုတစ်ပတ်ကလူသတ်မှုကငါတို့ဆောက်လုပ်ရေးဆိုဒ်ထဲမှာဖြစ်တာဆိုတော့မင်းပြဿနာတက်နေအုံးမယ်"
"ဝမ်အဘိုးကြီးကငါ့Wangလုပ်ငန်းစုကိုသူကမကောင်းကြံနေတာပဲ
Wangရဲ့imageကိုထိခိုက်အောင်လုပ်နေတာပဲ
ခက်တာကငါကဝမ်ရိပေါ်ဖြစ်နေတာပဲ..ဟက်"
သူပြုံးလိုက်သည်။အပြုံးကတော့evil-smile....
သူကစကားကိုဆက်ပြောလိုက်သည်။
"တရားခံကရော??"
သူကျောပေးထားရာမှယူဘင်းဘက်သို့လှည့်လာခဲ့သည်.....
"စုံစမ်းရေးမှုးတွေကတော့လွန်ခဲ့တဲ့ဆယ့်နှစ်နှစ်ကလူသတ်မှုရဲ့တရားခံပဲလို့မှတ်ယူထားပုံပဲ
အဲဒီလူကိုဖမ်းတောင်ဖမ်းပြီးပြီတဲ့.."
"ဟားဟား....ဒီအဘိုးကြီးကအလုပ်လုပ်တာတော့စေ့စပ်သား
လူသတ်ပြီးတော့လည်းတရားခံကအရန်သင့်ပါပဲလား
စုံစမ်းရေးမှူးတွေကလည်းအသုံးမကျကျဘူးထင်တယ်...."
ထို့နောက်ရိပေါ်ကတစ်ခုခုသတိရဟန်ဖြင့်မျက်မှောင်ကြုတ်ပြီးစကားဆက်ဆိုလိုက်သည်..
"မေ့တော့မလို့
စုံစမ်းရေးမှူးချုပ်တို့တရားသူကြီးတို့မပြောနဲ့သမ္မတတောင်ဒီအဘိုးကြီးလက်အောက်ကဟာတွေပဲကို"
"ဒါပေမယ့်....စုံထောက်နှစ်ယောက်ကဒီအမှုကိုဆက်စုံစမ်းနေတုန်းတဲ့
မနက်ဖြန်သူတို့ဆောက်လုပ်ရေးဆိုဒ်ထဲလာလိမ့်မယ်
အဲတာမင်းသူတို့နဲ့ခဏဖြစ်ဖြစ်တော့တွေ့လိုက်အုံး
CEOကိုယ်တိုင်တွေ့တယ်ဆိုတော့ရှိန်တာပေါ့.."
"ရဲတွေ...စုံထောက်တွေနဲ့မပက်သက်ချင်ပါဘူးဆို
ငါဘယ်သူလဲမင်းသိတယ်နော်"
"ခဏလေးပါရိပေါ်ရာ
နှုတ်ဆက်ရုံလေးလောက်ပါပဲ..."
ထိုအခုဝမ်ရိပေါ်ကသူ့လည်ပင်းမှnecktieလေးကိုလက်တစ်ဖက်တည်းဖြင့်ဆွဲဖြည်ရင်းထိုင်ခုံမှာဝင်ထိုင်လိုက်သည်.....
"okငါတွေ့မယ်"
"ဒါဆိုငါသွားတော့မယ်"
"အင်း...ဒါနဲ့ငါစုံစမ်းခိုင်းထားတဲ့ကိစ္စရော"
"စုံစမ်းနေတုန်း...
ဒီအပတ်ထဲမှာသူတို့လုပ်ငန်းစကြလိမ့်မယ်"
ယူဘင်းကရိပေါ်အမေးကိုလှမ်းဖြေရင်းအခန်းထဲမှထွက်သွားသည်...
ယူဘင်းထွက်သွားသည်နှင့်ရိပေါ်လည်းထိုင်ခုံနောက်မှီလေးပေါ်မှီရင်းမျက်လုံးလေးများကိုမှိတ်လိုက်သည်....
သူ့လိုလူတစ်ယောက်ကစုံထောက်တစ်ယောက်နှင့်ပက်သက်မိပါ့မလား????မေးရင်...
ဒါပေမယ့်ပက်သက်မိခဲ့ပါသည်.....
သာမန်ရိုးရိုးပက်သက်မှုတောင်မဟုတ်ခဲ့ပေ.....
နှလုံးသားတည်းကဖြစ်တည်လာတဲ့ပက်သက်မှုတစ်ခု!!!
Part-3 coming soon....
#Note-ရေးသားထားသောနေရာဒေသ/လူပုဂ္ဂိုလ်အားလုံးသည်စာရေးသူ၏ဖန်တီးမှုသက်သက်သာဖြစ်သည်..
(နာမည်ပေးထားတာလေးတွေတရုတ်နဲ့မတူရင်သည်းခံပေးပါ😁
Koreaဘက်ပဲကျွမ်းသူမို့ပါ)
Zawgyi
"When we meet again....oneday!"
"ဟာ!.....နောက်ကျတော့မှာပဲ"
"ဟုတ်တယ်ဦးလေးရေ...
"အေးပါကွာ...ငါ့တူကြီးရာ
fighting"
"ဟုတ်ကဲ့ပါ"
"Knock....Knock!"
....ခုံယူထိုင်လေ"
"အာ....ဟုတ်တယ်နော်Hyung"
ဘာအကျင့်လဲဆိုတော့......
"ဟုတ်...Hyung"
ဘယ်လာကြတာတုန်း"
"ဟာ...ဆရာ့ဆီပဲလာတာ
"ဆရာကြည့်ပေးထားမယ်
"ဟုတ်ကဲ့"
ပေကျင်းမြို့အလယ်....
ချောမောတယ်....ခက်ထန်တယ်....
"ဝင်လာခဲ့....ယူဘင်း"
"တရားခံကရော??"
"မေ့တော့မလို့
"ခဏလေးပါရိပေါ်ရာ
"okငါတွေ့မယ်"
"ဒါဆိုငါသွားတော့မယ်"
"စုံစမ်းနေတုန်း...
Part-3 coming soon....
© Yeik ,
книга «When we meet again...Oneday!».
Коментарі