နှောင်ကြိုးမဲ့ လေငယ်...(1)
နှောင်ကြိုးမဲ့ လေငယ်...(2)
နှောင်ကြိုးမဲ့ လေငယ်...(3)
နှောင်ကြိုးမဲ့ လေငယ်...(4)
နှောင်ကြိုးမဲ့ လေငယ်...(4)
Zawgyi
=======
"သား‌ရေ လာဦး"
"လိုက်သွား‌ပေးလိုက်‌လေသားရယ် သမီး‌လေးက တစ်ခါတစ်‌လေကို"
"‌အေးပါဟာ......."
~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဖူးပြည့်နဲ့သဇင်လား"
"‌အေးကွ"
"‌အေး ဒါပဲ"
"‌အေး"
"ဟာ.....ကျစ် ‌သေပြီ"
"‌အေးလိုက်တာ"
"ချမ်းလိုက်တာ ချီးပဲ"
"ရလို့လား"
"ဟင် သုတ"
စိတ်ထဲမှရေရွတ်မိသည်။
"မဟုတ်ပါဘူးကွာ ငါ့သူငယ်ချင်းပါ မင်းချမ်းတယ်ဆို ငါ့အ‌နွေးထည်ဝတ်ထားလိုက်‌နော်...."
"အင်း"
"‌အေးပါကွာ"
_______________________________________
Uni
====
"သား‌ရေ လာဦး"
‌ရှိန်းသုတသည်‌မေ‌မေ့‌ခေါ် သံ‌ကြောင့် အခန်းထဲမှထွက်လာခဲ့သည်။
"လာဒီမှာ သမီး‌လေးနဒီ‌ရောက်‌နေတယ်"
အိမ့်ဆုနဒီသည် သုတနှင့် ငယ်ငယ်ကတည်းက‌ကျောင်းတူတူတက်ခဲ့‌သောအိမ်နီးချင်းသူငယ်ချင်းဖြစ်သည်။ငယ်ငယ်ကတည်းက ကစား‌ဖော်ကစားဖက်လည်းဖြစ်သည်။သူက‌ေတာ့နဒီ့ကို သူငယ်ချင်းတစ်‌ယောက်လိုသာသ‌ေဘာထား‌သော်လည်း ‌မေ‌မေက‌တော့ထိုသို့မဟုတ်ပါ နဒီသည်လည်းသူ့လိုပင်ဖြစ်လိမ့်မည်ဟုလည်းသူယုြံကည်ပါသည်။
"သုတ ငါတို့ရုပ်ရှင်သွားကြည့်ရအောင်‌လေ"
"ရုပ်ရှင်ကြည့်ချင်တာများ အိမ်မှာကြည့်‌လေ အကုန်အကျ‌တောင်သက်သာ‌သေး"
"နင်ကလည်းဟာ.......တီတီ‌ရေကူ‌ပြော‌ပေးပါဦး"
နဒီက သူ‌ပြောလို့မနိုင်‌တော့ မေ‌မေကိုအကူညီလှမ်း‌တောင်းသည်။‌မေ‌မေကလည်း.........
"လိုက်သွား‌ပေးလိုက်‌လေသားရယ် သမီး‌ေလးက တစ်ခါတစ်‌လေကို"
‌မေ‌မေကလည်းနဒီ့ဘက်ကပင်......
"‌မေ‌မေရယ် သူ့တစ်ခါတစ်‌လေကလည်း Sundayတိုင်းပဲ"
"မရဘူးဟာ လာလိုက်ခဲ့စမ်းပါ မြန်မြန်လုပ် သွား အဝတ်အစားသွားလဲ‌ချေ‌တော့"
"‌အေးပါဟာ......."
သို့နှင့် ရှိန်းသုတသည်အပတ်တိုင်းလိုလို နဒီနှင့် ရုပ်ရှင်ရုံသို့‌ရောက်ဖြစ်ကြသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီ‌နေ့က Sundayဖြစ်‌သော‌ကြောင့် မင်းခတစ်‌ယောက်‌တော်‌တော်အား‌နေသည်။
အချိန်အားဖြင့် နေ့လည်11နာရီ.....
အပြင်ထွက်မည်ဟုကြံ‌သော်လည်းတစ်‌ယောက်တည်းမို့မထွက်ချင်ပါ။ပျင်းရိခြင်း‌ေရာဂါသည်‌တော်‌တော်ဆိုးလှသည်။
တစ်ခုခုကိုလုပ်ရမှာပျင်းသလို ပျင်း၍လည်းတစ်ခုခု‌တော့လုပ်ချင်ပြန်သည်။
ဥပမာ-ပျင်း၍စကား‌‌ပြော‌ဖော်ရှိ‌အောင်ရည်းစား‌လေးထားချင်‌သော်လည်း တကယ်တမ်းရည်းစားထားလိုက်‌သောအခါ ရည်းစားနဲ့စကား‌ပြောရမည်ကိုပျင်းသွားပြန်သည်။
"Don't stay awake for too long Don't go to bad....."
မင်းခသည် ဖုန်းလာ‌သောအခါ ချက်ချင်းပင်‌ကောက်ကိုင်ဖြစ်သည်။
"‌အေး ငြိမ်းချမ်း ဘာတုန်း"
" မင်းခ ငါဇာဇာတို့နဲ့ရုပ်ရှင်သွားကြည့်မလို့ လိုက်ဦးမလား"
"မင်း‌ကောင်မ‌လေးနဲ့သွားတာငါက ဘာလိုက်လုပ်ရမှာတုန်းဟ"
"ငါတို့နှစ်‌ယောက်ပဲမဟုတ်ဘူးကွ ဟိုနှစ်‌ယောက်လည်းပါတယ် အဲ့တာ‌‌ကြောင့်"
"ဖူးပြည့်နဲ့သဇင်လား"
"‌အေးကွ"
"မလိုက်ပါဘူး မင်းကမင်း‌ကောင်မ‌လေးနဲ့သွားရင် ဟိုနှစ်‌ယောက်ကြားထဲ ငါကြီးက ကန့်လန့်ကန့်လန့်ကြီးဖြစ်‌နေမှာ‌ပေါ့"
"အဲ့တာဆို ဟိုသုံး‌ကောင်ကိုပါ‌ခေါ် လိုက်မယ်‌ေ လ"
"အို‌ခေ အဲ့တာဆိုရေချိုးပြီး ထွက်လာခဲ့မယ်‌ေ နာ် ဘယ်ကိုလာရမလဲ"
"စံရိပ်ငြိမ် ဂမုန်းပွင့် ၁၂ခွဲအချိန်ဝယ်ထားလိုက်မယ်"
"‌အေး ဒါပဲ"
"‌အေး"
မင်းခလည်း ဖုန်းချပြီး‌ရေ‌ပြေးချိုးကာ စံရိပ်ငြိမ်ဂမုန်းပွင့်သို့ ထွက်လာခဲ့သည်။
မင်းခက ရွှေပေါက္ကံကနေ လာရသောကြောင့် နည်းနည်းတော့ဝေးသည်....။
မင်းခ‌ရောက်တော့အကုန်လုံးကလည်း‌ရောက်‌နေကြပြီဖြစ်သည်။ရုံထဲလည်းဝင်လို့ရပြီဖြစ်၍ အားလုံးဝင်ခဲ့ကြ‌တော့သည်။
"ဟာ.....ကျစ် ‌သေပြီ"
မင်းခတစ်‌ယောက်စိတ်ညစ်စွာ‌ရေရွတ်မိလိုက်‌တော့သည်။ ရုပ်ရှင်ရုံသွားမည်ဖြစ်၍ လက်ရှည်တစ်ထည်ယူသွားမည်ဟုကြံကာ စားပွဲ‌ပေါ် တွင်တင်ထားမိသည် ‌နောက် ကမန်းကတန်းထွက်လာ‌သောအခါမေ့ကျန်ခဲ့ခြင်းဖြစ်သည်။
"‌အေးလိုက်တာ"
ဖူးပြည့်၊သဇင်၊သူဇာတို့ကအစဉ်လိုက်ထိုင်ကြသည်။ထို့‌နောက် သူဇာ့‌ဘေးမှာ ငြိမ်းချမ်းထိုင်သည် ပြီး‌တော့ ‌ဇေယျာ၊သူရိန်နှင့် ခန့်သူ၊မင်းခကထိုင်သည်။ဖူးပြည့်က အစွန်ဆုံးမှာမို့ မင်းခ‌၏ဘေးတွင်ခုံအလွတ်များရှိ‌နေ‌သေးသည်။
‌နောက်‌တော့ လူများထပ်ဝင်လာကြသည် မင်းခလည်း ‌ဘေးဘီကြည့်မ‌နေ‌တော့ဘဲ ပြ‌နေ‌ေ သာ‌ကြေညာများကိုသာကြည့်‌နေလိုက်သည်။သို့နှင့် ရုပ်ရှင်တစ်ဝက်‌လောက်‌ရောက်‌တော့ မင်းခလဲ‌တော်‌တော်ချမ်းလာ‌လေသည်။
"ချမ်းလိုက်တာ ချီးပဲ"
မင်းခ၏ဆဲသံ‌ကြောင့် ခန့်သူကလှည့်ကြည့်လာပြီး
"ဘာလို့လဲမင်းခ ချမ်းလို့လား"
"‌အေး ငါ အ‌နွေးထည်‌မေ့ကျန်ခဲ့လို့"
"‌ရော့‌ရော့ငါ့အ‌နွေးထည်ဝတ်ထားလိုက်‌လေ"
"ရလို့လား"
"ရပါတယ်ကွာ မင်းကအ‌အေးမှမခံနိုင်ပဲ"
ခန့်သူသည်အ‌နွေးထည်အားချွတ်‌ပေးမည်အပြု မင်းခ၏‌ပေါင်‌ပေါ ်သို့အ‌နွေးထည်တစ်ထည်‌ရောက်လာ‌လေသည်။မင်းခလည်း ‌‌ကြောင်ပြီးကြည့်လိုက်‌တော့.........
"ဟင် သုတ"
သုတ၏ဟိုဖက်မှာ‌ကောင်မ‌လေးတစ်‌ယောက်......မင်းခသည်ရုတ်တရက်ထိတ်လန့်မိသည်။
"သူ့‌ကောင်မ‌လေးနဲ့များတူတူလာတာလား"
စိတ်ထဲမှရေရွတ်မိသည်။
"သု...သုတ မင်း‌ကောင်မ‌လေးနဲ့တူတူလာတာလား"
"မဟုတ်ပါဘူးကွာ ငါ့သူငယ်ချင်းပါ မင်းချမ်းတယ်ဆို ငါ့အ‌နွေးထည်ဝတ်ထားလိုက်‌ေနာ်...."
"အင်း"
အင်းလို့‌ပြောလိုက်‌သောမင်းခသည် ပြုံးစိစိဖြစ်‌နေသည်မှာ‌သေချာပါသည်။
"ခန့်သူ‌ ငါ မင်းအ‌နွေးထည် မယူ‌တော့ဘူး‌နော် ဒီမှာရပြီ အဟီး"
"‌အေးပါကွာ"
မင်းခသည်ရှိန်းသုတ‌ပေး‌ေသာအ‌နွေးထည်အား ကိုယ်‌ပေါ်တွင် လွှားထားလိုက်သည်။ရှိန်းသုတ၏ကိုယ်သင်းရနံ့ကိုလည်း ခိုးရှုမိသည်။
"‌မေ့ချင်‌ယောင်‌ဆောင်ပြီးအိမ်ထိသယ်သွားရမယ် ဟိဟိ"
‌ကောင်‌လေးတစ်‌ယောက်သည် အကြံအစည်များဖြင့် ။ သို့‌သော် ထို‌ကောင်‌လေးမသိသည်မှာ သူ့ကိုခိုးကြည့်‌နေ‌သောသူတစ်‌ယောက်ရှိ‌နေသည်ကိုပင်.....။
© Dandelion Thaw,
книга «နှောင်ကြိုးမဲ့ လေငယ်... (နှောင်ကြိုးမဲ့ လေငယ်...)».
Коментарі