ေႏွာင္ႀကိဳးမဲ့ ေလငယ္...(1)
ေႏွာင္ႀကိဳးမဲ့ ေလငယ္...(2)
ေႏွာင္ႀကိဳးမဲ့ ေလငယ္...(3)
ေႏွာင္ႀကိဳးမဲ့ ေလငယ္...(4)
ေႏွာင္ႀကိဳးမဲ့ ေလငယ္...(2)
Zawgyi
========
အေဆာင္ထဲဝင္ေတာ့ ၿငိမ္းခ်မ္းက ေရာက္ႏွင့္ေနၿပီ
မင္းခလဲ ၿငိမ္းခ်မ္းသူ႔ေကာင္မေလးအခန္းသို႔မသြားခင္ အေျပးတားလိုက္ရသည္

"ဟိတ္ေကာင္ ဘယ္သြားမလို႔လဲ"

"ဇာဇာ့ဆီသြားမလို႔ေလ မင္းကလဲ ဟဲဟဲ"

"ဘာမွ ဇာဇာလုပ္မေနနဲ႔ ဟိုမွာမင္းကိုခန္႔သူေခၚခိုင္းလိုက္တယ္ ဘာလုပ္မလို႔လဲမသိဘူး အပါေခၚလာခဲ့တဲ့"

"မင္းကလဲ ဇာဇာနဲ႔ကန္တင္းသြားမလို႔ခ်ိန္းထားတာကို ကိုယ့္ရည္းစားေလးနဲ႔ကိုယ္ေတာင္ ေကာင္းေကာင္းမေနရဘူး"

"မင္းက ဖမ္းလို႔ေတာင္မမိေအာင္ ရည္းစားနဲ႔ပဲသြားေနေနတာကိုး အျခားခ်ိန္ဆိုဘာမွမျဖစ္ဘူး အခုခန္႔သူကဘာေျပာမလို႔လဲမသိဘူး တမင္ေခၚခိုင္းလိုက္တာ မဟုတ္ရင္ မင္း ဇာဇာ့ကိုပါ ေခၚခဲ့ေလ"

" အဲ့လိုပဲလုပ္ရေတာ့မွာေပါ့ မင္းလိုက္ခဲ့အံုးမလား"

"မလိုက္ေတာ့ဘူး ေခၚခဲ့ ငါအေဆာင္ေ႐ွ႕မွာေစာင့္ေနမယ္"

"ေအးေအး"

သူဇာႏွင္းဆိုေသာ ဇာဇာသည္ လွပေသာေကာင္မေလးတစ္ေယာက္ပင္ သူမသည္ ၿငိမ္းခ်မ္းႏွင့္ ပထမႏွစ္ကတည္းကတြဲေနသူျဖစ္ၿပီး အတန္းတူေမဂ်ာတူေသာ္လဲ အခန္းကြဲေနသည္ ဇာဇာသည္ သူမသူငယ္ခ်င္းမ်ားႏွင့္ေက်ာင္းသြားအပ္စဥ္ ၿငိမ္းခ်မ္းကိုေခၚေသာ္လည္း ၿငိမ္းခ်မ္းက မနၱေလး႐ွိအဖြားအိမ္ေရာက္ေနေသာေၾကာင့္ ဇာဇာတို႔ထက္ ေနာက္က်မွေက်ာင္းသြားအပ္ျဖစ္သည္။

ၿငိမ္းခ်မ္းႏွင့္အတူအပ္မည္ဟုဆိုကာ ၿငိမ္းခ်မ္းျပန္အလာကိုေစာင့္ေနၾကေသာ သူငယ္ခ်င္းေလးေယာက္။
ပထမႏွစ္ကတည္းက ခင္မင္လာေသာ မင္းခ၊ ခန္႔သူ၊ ၿငိမ္းခ်မ္း၊ ေဇယ်ာ၊ သူရိန္ တို႔မွာ ခ်ိန္းၿပီးေက်ာင္းအပ္ၾကေသာေၾကာင့္ အခန္းတူေနၾကျခင္းပင္။

ၿငိမ္းခ်မ္းသည္ဇာဇာ့ကိုေခၚလာၿပီးသည္ႏွင့္ linkသို႔ထြက္ခဲ့သည္
မိန္းကေလးမွာ ဇာဇာတစ္ေယာက္တည္းမဟုတ္ ဇာဇာ့သူငယ္ခ်င္း ဖူးျပည့္ႏွင့္ သဇင္တို႔လဲ ပါလာသည္။

ဆိုင္ထဲကိုေရာက္ေတာ့ သူတို႔အုပ္စုသည္ ေကာင္တာနားကိုသြားကာ မုန္႔မွာၿပီး ခန္႔သူ႐ွိေသာဝိုင္းအားလိုက္႐ွာလိုက္သည္။ ခန္႔သူႏွင့္အတူ ေဇယ်ာႏွင့္သူရိန္ကေရာက္ေနေလၿပီ သူတို႔ခ်ည္းပဲမဟုတ္ေသး အျခားတစ္ေယာက္လဲ႐ွိေနသည္ ေက်ာဘက္ကိုပဲျမင္ရတာေၾကာင့္ မည္သူမွန္း မင္းခမသိ.....။

"ဟိတ္ေကာင္ ခန္႔သူ ငါၿငိမ္းခ်မ္းကိုရေအာင္ေခၚလာတယ္ေနာ္"

"ေအး တာဝန္ေက်တယ္ သားႀကီး
ကဲလာ ဇာဇာတို႔ ထိုင္ ဟိုဘက္ဝိုင္းက ခံုတစ္လံုးယူလိုက္ ေအးဟုတ္ၿပီ"

ခန္႔သူသည္ အေဖႀကီးလို လိုက္ႀကီးၾကပ္ေနသည္ ဆရာႀကီးလုပ္တာေတာ့မဟုတ္ ခန္႔သူ၏ပံုစံကိုက အဖြဲ႔ထဲတြင္အႀကီးဆံုးဟူေသာအ႐ွိန္အဝါထြက္ေနသည္

"ဘာလဲ မင္း ငါ့ကိုအသည္းအသန္ေခၚေနတာ"

ၿငိမ္းခ်မ္းသည္ ဇာဇာႏွင့္ ႏွစ္ေယာက္တည္းမေတြ႔ရလို႔လားမသိ ခန္႔သူကိုမေက်နပ္ပဲ ဘုေျပာေျပာလိုက္သည္

"ဘာမွမဟုတ္ဘူး မင္းကိုက ဖမ္းလို႔မမိပဲ င႐ွဥ့္လို ႐ွေလာ႐ွေလာနဲ႔ ဘယ္ေပ်ာက္ေပ်ာက္သြားမွန္းမသိလို႔ တမင္ေခၚခိုင္းလိုက္တာ"

"ေအးကြာ ၿငိမ္းခ်မ္းတို႔မ်ား ေကာင္မေလးနဲ႔သာယာေနတာ"
ခန္႔သူ၏စကားကို ေဇယ်ာကေထာက္ခံလိုက္သည္
သို႔ေသာ္ အကြက္ေခ်ာင္းေနသည့္ ဖူးျပည့္က

"ေဇယ်ာရယ္ နင့္မွာလဲ သူရိန္႐ွိတာပဲ သူနဲ႔သာယာေလ"

"ရြံလိုက္တာကြာ ထြီ"
ဂိမ္းေဆာ့ေနေသာ သူရိန္ကထေျပာသည္

ေဇယ်ာကလဲမခံ
"ေတာ္စမ္းပါ ဖူးျပည့္ရာ ငါေဂးရင္ေတာင္ အဲ့ေကာင္ကိုမႀကိဳက္ဘူး"

ဟားဟားဟားဟား!!!!!

အားလံုးကဝိုင္းရယ္ၾကသည္ ထို႔ေနာက္စားစရာမ်ားေရာက္လာေသာေၾကာင့္ ကိုယ္မွာထားတာကိုယ္ေရြးၾကရင္း ခနအလုပ္႐ႈပ္ၾကကုန္၏

"ေဩာ္ ငါမိတ္ဆက္ေပးမလို႔ ဒါ ငါ့သူငယ္ခ်င္း YUFL Koreanေမဂ်ာက ႐ွိန္းသုတတဲ့ ငါနဲ႔ေဘာ္ဒါမွာသံုးႏွစ္လံုးတစ္ခန္းတည္းေနခဲ့တဲ့ေကာင္ႀကီး ငါတို႔နဲ႔တူတူပဲ ဒုတိယႏွစ္

သုတ ဒါငါ့သူငယ္ခ်င္းေတြ ေျပာရရင္ ငါတို႔စကြက္ႀကီးေပါ့ကြာ အစကေတာ့ေယာက်ာ္းေလးေတြခ်ည္းပဲ ၿငိမ္းခ်မ္းစြံသြားေတာ့ အဖြဲ႔ထဲ မိန္းကေလးေတြပါ ပါလာတာ"

ခန္႔သူက ႐ွိန္းသုတႏွင့္ သူတို႔အားမိတ္ဆက္ေပးသည္

"မိုက္သား မင္းတို႔အဖြဲ႔က "

"ေအး ဟုတ္တယ္ ဒီမွာ ၿငိမ္းခ်မ္း ဒါက သူရိန္လင္း၊ဒါက ေဇယ်ာေသာ္ မင္းေဘးနားမွာထိုင္ေနတာက ေသာမင္းခေမာင္ ၿပီးေတာ့ ၿငိမ္ခ်မ္းေကာင္မေလးသူဇာႏွင္း သူ႔ေဘးကေကာင္မေလးႏွစ္ေယာက္က ရွင္ဖူးျပည့္နဲ႔သဇင္ပန္း"

အားလံုးက ႐ွိန္းသုတကိုျပံဳးျပၾကေသာေၾကာင့္ ႐ွိန္းကလဲ ျပန္ျပံဳးျပလိုက္သည္

"ေအး မင္းခုနကကားေပၚမွာေတြ႔လိုက္တာပဲ ေရႊေပါကၠံကလား"
မင္းခက ႐ွိန္းအားေမးလိုက္သည္

"ဟုတ္တယ္ ၁၇ရက္ကြက္က"

"ငါက ၁၅က သိေတာင္မသိၾကဘူး ဟီး"

"ေအးကြာ ဘာျဖစ္ျဖစ္အခုသိသြားၿပီပဲ အိမ္လာလည္ေလ"

"ဟုတ္ၿပီ ဟုတ္ၿပီ ဟဲဟဲ"

႐ွိန္းလဲ လြယ္အိတ္၏ေဘးအိတ္ထဲ႐ွိေကာက္ရထားေသာ ေက်ာင္းသားကတ္ကိုသတိပင္မရ ထိုအဖြဲ႔နဲ႔ ေလေပးေျဖာင့္ကာ စကားေတြမ်ားေနၾကသည္။ဆိုင္ထဲတြင္လည္း အုပ္စုအသီးသီးမွ ကြၽတ္စီကြၽတ္စီနဲ႔ စကားသံမ်ားညံေနေတာ့သည္

"အခုမွ ေက်ာင္းစဖြင့္တာဆိုေတာ့ စာမသင္ေလာက္ေသးဘူး ငါတို႔႐ုပ္႐ွင္သြားၾကည့္ၾကမလား"

သူရိန္ကေဆာ္ေျသာ္သည္။

"ေအး လစ္ရေအာင္ ဘာမွလဲ လုပ္စရာမ႐ွိ၊ဟုတ္တယ္ ငါလဲ ေက်ာင္းျပန္မသြားေတာ့ဘူး မင္းတို႔နဲ႔လိုက္ခဲ့မယ္"ဟူ၍ ဟူ၍
အားလံုးကလည္း တက္ႂကြစြာျဖင့္ ေထာက္ခံၾကသည္

ထို႔ႏွင့္ တစ္အုပ္လံုး ေျမာက္ဥကၠလာအဝိုင္း႐ွိ
မဂၤလာ႐ုပ္႐ွင္ရံုသို႔ သြားရန္ ေက်ာင္းဝင္းထဲ႐ွိမွတ္တိုင္တစ္ခုတြင္ကားေစာင့္ေနၾကသည္

"ဟာ.....သြားၿပီ လုပ္ၾကဦး ေဟ်ာင့္ေတြ"

"ဘာျဖစ္တာလဲ ဘာျဖစ္တာလဲ မင္းခ"

မင္းခ၏ အလန္တၾကားထေအာ္သံေၾကာင့္ အားလံုးထိပ္ထိပ္ပ်ာပ်ာျဖစ္ၾကကုန္သည္။

"ငါ့ေက်ာင္းသားကတ္မ႐ွိေတာ့ဘူး ဘယ္နားက်က်န္ခဲ့လဲမသိေတာ့ဘူးကြာ ဒုကၡပါပဲ ေက်ာင္းသားေရးရာသြားရဘာရနဲ႔အလုပ္႐ႈပ္အံုးမယ္"

"မင္းခ"
႐ွိန္းသည္မင္းခကိုလွမ္းေေခၚလိုက္သည္

"ဟင္"

"မင္းကတ္က ကားေပၚမွာျပဳတ္က်ခဲ့တာ ငါေကာက္ထားတယ္ ခုနကေပးဖို႔ေမ့ေနတာ sorryကြာ"

"ေျသာ္......လန္႔သြားတာပဲ ေပ်ာက္ၿပီလားလို႔ေတာ္ေသးတာေပါ့ အဟီး"

"ေအးပါကြာ လြယ္အိပ္ထဲပဲထည့္ထားေတာ့ ကတ္ကို မဆြဲနဲ႔ေတာ့"

"အိုေခ အိုေခ"

"႐ွိန္းသုတေျပာေတာ့ အိုေခ အိုေခတဲ့ ငါတို႔က မဆြဲနဲ႔သိမ္းထားက်ေပ်ာက္မယ္ေျပာတုန္းက ဂ႐ုေတာင္မစိုက္တဲ့ေကာက္က ခုမွခင္တဲ့သူငယ္ခ်င္းကိုပိုခ်စ္ေနတယ္ေပါ့ ဟုတ္လား"

ၿငိမ္းခ်မ္း၏စကားေၾကာင့္ မင္းခလန္႔သြားမိသည္ သို႔ေသာ္ သူဘာကိုလန္႔သြားမွန္းေသခ်ာမသိ

"မဟုတ္ဘူးေလကြာ အခုက က်ေပ်ာက္ဖူးသြားတာကို"

"ေအးပါကြာ ေအးပါ"

ထို႔ေနာက္ ကားလာသည္ႏွင့္ ႐ုပ္႐ွင္ရံုသို႔ သြားရန္ ကားေပၚတက္လိုက္ၾကသည္

............................................

သို႔ႏွင့္ ေက်ာင္းဖြင့္သည္မွာလဲတစ္လေက်ာ္ခန္႔ၾကာၿပီျဖစ္သည္။ဒီၾကားအတြင္း ႐ွိန္းသည္လဲ ဒဂံုကိုလာမလည္အားေတာ့ သူတို႔သာ ေက်ာင္းလစ္ၿပီးလွည္းတန္းေရာက္ျဖစ္ရင္း ႐ွိန္းကိုတစ္ခါေခၚဖူးသည္။

"ေမေမ ဟာလဝါေတြလား"

"ေအး မမိႀကီးတို႔ ပုသိမ္ကျပန္လာတုန္းက လက္ေဆာင္ပါလာလို႔ လာေပးထားတာ"

မမိႀကီးသည္ အေမႏွင့္ခင္ေသာ ရပ္ကြက္ထဲမွအေဒၚႀကီးျဖစ္သည္။

"ေျသာ္....သားစားၿပီေနာ္"

"ေအးေအး"

မင္းခလဲ စတီးဇြန္းတစ္ေခ်ာင္းျဖင့္ ဟာလဝါအား ဘူးထဲမွ အားရပါးရခပ္ေနသည္

"ကိုႀကီး သမီးကိုတစ္ဇြန္း"

"နင့္ဖာသာ ခပ္စားပါလား ခပ္ရတာခက္တဲ့ၾကားထဲ"

"လုပ္ပါ လုပ္ပါ"

သို႔ႏွင့္ မင္းခ ခက္ခက္ခဲခဲ ခပ္ထားရေသာ ဟာလဝါေလးမွာ ညီမေတာ္၏ပါးစပ္ထဲသို႔ေရာက္သြားရသည္

"နင္ ဒီေန႔ဂိုက္လာမွာေနာ္"

"အင္း....စိတ္ညစ္တယ္ကိုႀကီးရာ မသင္ခ်င္ပါဘူးဆို"

"မသင္ခ်င္စာလုပ္ေလ ပထမလပတ္ပဲ႐ွိေသး စာေမးပြဲကက်ၿပီ"

"အပုတ္မွားေျဖမိလို႔ပါဆို ခ်ီးပဲ တင္းေနတာေနာ္"

"ဘာပဲျဖစ္ျဖစ္ ဂိုက္လာရင္ ေသခ်ာလုပ္ၾကားလား"

"ဂိုက္ကအဆင္ေလးဆိုရင္ေတာ့လုပ္မွာေပါ့ အဟိ"

"နင့္ကို ဘယ္သူကေယာက်ား္ေလးေခၚေပးမွာလဲ မိန္းကေလးပဲေခၚေပးမွာေပါ့"

"အေမေျပာတယ္ ေကာင္ေလးတဲ့"

"ဟင္ ဟုတ္လား ေမေမေရ ေမေမ"

ခုနေလးတင္ျခံထဲထြက္သြားေသာအေမ့ကို လွမ္းေအာ္ေခၚလိုက္သည္

"ေအးေျပာ"

မင္းခလဲ အိမ္ေ႐ွ႕ထြက္လာၿပီး....
"ေမေမ ေမေမ့သမီးကို ဂိုက္ေခၚေပးထားတာ ေယာက်ာ္းေလးဆို အသက္ကြာရဲ႕လား"

"ေအး အသက္က နင္နဲ႔တူတူပဲ
ဟိုဘက္ရပ္ကြက္က ငါနာမည္ေမ့ေနလို႔ မမိႀကီးစပ္ထားေပးတာ ေကာင္ေလးကေဘာ္ဒါတစ္ခုမွာလဲ ဂိုက္ျပေပးတယ္ဆိုတာနဲ႔"

"ဟုတ္မွလဲလုပ္အံုးေမေမရာ ေမ့ေမ့သမီးကအပ်ိဳေလးရယ္"

"ေအာင္မေလး ေမာင္မင္းႀကီးသားရယ္ ဧည့္ခန္းထဲမွာပဲသင္မွာကို ငါတို႔မ်က္စိေ႐ွ႕မွာပါဟယ္ နင့္ညီမကိုေတာ္ေတာ္စိုးရိမ္တတ္ေန"

"မဟုတ္ပါဘူးေမေမကလဲ ဒီအရြယ္က စိတ္ကစားတတ္တဲ့အရြယ္ဆိုေတာ့"

"ကိုႀကီး အဲ့ေလာက္လဲစိတ္ပူမေနနဲ႔ သမီးအသက္အရြယ္က သစ္ရြက္လႈပ္တိုင္းရင္ခုန္ဖို႔မေျပာနဲ႔ သစ္ပင္လိုက္ႀကီးလဲက်တာေတာင္ ရင္မတုန္ေတာ့ဘူး"

"ေအာင္မာ လူကလက္ေတာင့္ေလာက္နဲ႔ ငါျဖတ္႐ိုက္လိုက္လို႔"

"ကိုႀကီးေနာ္ ေယာက်ာ္းရပါေစ"

"ေသာသီရိစံ!!!!!နင္ေသေတာ့မယ္ ငါ့ကိုအဲ့လိုလိုက္လိုက္မစနဲ႔"

"စမွာပဲ ကိုႀကီးေယာက်ာ္းရပါေစ"
မင္းခ၏ ညီမျဖစ္သူ ေသာသီရိစံသည္ မင္းခကိုေျပာင္ျပသြားကာ အိမ္ေပၚထပ္သို႔ေျပးတက္သြားသည္
မင္းခတစ္ေယာက္သည္ ညီမေတာ္၏စနက္ေၾကာင့္ ငယ္ငယ္ရြယ္ရြယ္နဲ႔ေသြးတက္ေနေလေတာ့သည္

"ဟဲ့ ေအာ္.......ဒီကေလးေတြနဲ႔လည္း"
မင္းခတို႔ေမာင္ႏွမႏွစ္ေယာက္၏အေမ ေဒၚယဥ္ေအးသည္လည္း ထိုေမာင္ႏွမႏွစ္ေယာက္အားၾကည့္အား ေခါင္းတစ္ခါခါျဖစ္ေနေတာ့သည္ ထို႔ေနာက္ ေဒၚယဥ္ေအးသည္ သူမ၏ ပန္းပင္မ်ားအားေရေလာင္းေနျခင္းကိုသာ ျပန္၍ အာရံုစိုက္လိုက္ေတာ့သည္။

___________________________________

Uni
====
အဆောင်ထဲဝင်တော့ ငြိမ်းချမ်းက ရောက်နှင့်နေပြီ
မင်းခလဲ ငြိမ်းချမ်းသူ့ကောင်မလေးအခန်းသို့မသွားခင် အပြေးတားလိုက်ရသည်

"ဟိတ်ကောင် ဘယ်သွားမလို့လဲ"

"ဇာဇာ့ဆီသွားမလို့လေ မင်းကလဲ ဟဲဟဲ"

"ဘာမှ ဇာဇာလုပ်မနေနဲ့ ဟိုမှာမင်းကိုခန့်သူခေါ်ခိုင်းလိုက်တယ် ဘာလုပ်မလို့လဲမသိဘူး အပါခေါ်လာခဲ့တဲ့"

"မင်းကလဲ ဇာဇာနဲ့ကန်တင်းသွားမလို့ချိန်းထားတာကို ကိုယ့်ရည်းစားလေးနဲ့ကိုယ်တောင် ကောင်းကောင်းမနေရဘူး"

"မင်းက ဖမ်းလို့တောင်မမိအောင် ရည်းစားနဲ့ပဲသွားနေနေတာကိုး အခြားချိန်ဆိုဘာမှမဖြစ်ဘူး အခုခန့်သူကဘာပြောမလို့လဲမသိဘူး တမင်ခေါ်ခိုင်းလိုက်တာ မဟုတ်ရင် မင်း ဇာဇာ့ကိုပါ ခေါ်ခဲ့လေ"

" အဲ့လိုပဲလုပ်ရတော့မှာပေါ့ မင်းလိုက်ခဲ့အုံးမလား"

"မလိုက်တော့ဘူး ခေါ်ခဲ့ ငါအဆောင်ရှေ့မှာစောင့်နေမယ်"

"အေးအေး"

သူဇာနှင်းဆိုသော ဇာဇာသည် လှပသောကောင်မလေးတစ်ယောက်ပင် သူမသည် ငြိမ်းချမ်းနှင့် ပထမနှစ်ကတည်းကတွဲနေသူဖြစ်ပြီး အတန်းတူမေဂျာတူသော်လဲ အခန်းကွဲနေသည် ဇာဇာသည် သူမသူငယ်ချင်းများနှင့်ကျောင်းသွားအပ်စဉ် ငြိမ်းချမ်းကိုခေါ်သော်လည်း ငြိမ်းချမ်းက မန္တလေးရှိအဖွားအိမ်ရောက်နေသောကြောင့် ဇာဇာတို့ထက် နောက်ကျမှကျောင်းသွားအပ်ဖြစ်သည်။

ငြိမ်းချမ်းနှင့်အတူအပ်မည်ဟုဆိုကာ ငြိမ်းချမ်းပြန်အလာကိုစောင့်နေကြသော သူငယ်ချင်းလေးယောက်။
ပထမနှစ်ကတည်းက ခင်မင်လာသော မင်းခ၊ ခန့်သူ၊ ငြိမ်းချမ်း၊ ဇေယျာ၊ သူရိန် တို့မှာ ချိန်းပြီးကျောင်းအပ်ကြသောကြောင့် အခန်းတူနေကြခြင်းပင်။

ငြိမ်းချမ်းသည်ဇာဇာ့ကိုခေါ်လာပြီးသည်နှင့် linkသို့ထွက်ခဲ့သည်
မိန်းကလေးမှာ ဇာဇာတစ်ယောက်တည်းမဟုတ် ဇာဇာ့သူငယ်ချင်း ဖူးပြည့်နှင့် သဇင်တို့လဲ ပါလာသည်။

ဆိုင်ထဲကိုရောက်တော့ သူတို့အုပ်စုသည် ကောင်တာနားကိုသွားကာ မုန့်မှာပြီး ခန့်သူရှိသောဝိုင်းအားလိုက်ရှာလိုက်သည်။ ခန့်သူနှင့်အတူ ဇေယျာနှင့်သူရိန်ကရောက်နေလေပြီ သူတို့ချည်းပဲမဟုတ်သေး အခြားတစ်ယောက်လဲရှိနေသည် ကျောဘက်ကိုပဲမြင်ရတာကြောင့် မည်သူမှန်း မင်းခမသိ.....။

"ဟိတ်ကောင် ခန့်သူ ငါငြိမ်းချမ်းကိုရအောင်ခေါ်လာတယ်နော်"

"အေး တာဝန်ကျေတယ် သားကြီး
ကဲလာ ဇာဇာတို့ ထိုင် ဟိုဘက်ဝိုင်းက ခုံတစ်လုံးယူလိုက် အေးဟုတ်ပြီ"

ခန့်သူသည် အဖေကြီးလို လိုက်ကြီးကြပ်နေသည် ဆရာကြီးလုပ်တာတော့မဟုတ် ခန့်သူ၏ပုံစံကိုက အဖွဲ့ထဲတွင်အကြီးဆုံးဟူသောအရှိန်အဝါထွက်နေသည်

"ဘာလဲ မင်း ငါ့ကိုအသည်းအသန်ခေါ်နေတာ"

ငြိမ်းချမ်းသည် ဇာဇာနှင့် နှစ်ယောက်တည်းမတွေ့ရလို့လားမသိ ခန့်သူကိုမကျေနပ်ပဲ ဘုပြောပြောလိုက်သည်

"ဘာမှမဟုတ်ဘူး မင်းကိုက ဖမ်းလို့မမိပဲ ငရှဥ့်လို ရှလောရှလောနဲ့ ဘယ်ပျောက်ပျောက်သွားမှန်းမသိလို့ တမင်ခေါ်ခိုင်းလိုက်တာ"

"အေးကွာ ငြိမ်းချမ်းတို့များ ကောင်မလေးနဲ့သာယာနေတာ"
ခန့်သူ၏စကားကို ဇေယျာကထောက်ခံလိုက်သည်
သို့သော် အကွက်ချောင်းနေသည့် ဖူးပြည့်က

"ဇေယျာရယ် နင့်မှာလဲ သူရိန်ရှိတာပဲ သူနဲ့သာယာလေ"

"ရွံလိုက်တာကွာ ထွီ"
ဂိမ်းဆော့နေသော သူရိန်ကထပြောသည်

ဇေယျာကလဲမခံ
"တော်စမ်းပါ ဖူးပြည့်ရာ ငါဂေးရင်တောင် အဲ့ကောင်ကိုမကြိုက်ဘူး"

ဟားဟားဟားဟား!!!!!

အားလုံးကဝိုင်းရယ်ကြသည် ထို့နောက်စားစရာများရောက်လာသောကြောင့် ကိုယ်မှာထားတာကိုယ်ရွေးကြရင်း ခနအလုပ်ရှုပ်ကြကုန်၏

"ေဩာ် ငါမိတ်ဆက်ပေးမလို့ ဒါ ငါ့သူငယ်ချင်း YUFL Koreanမေဂျာက ရှိန်းသုတတဲ့ ငါနဲ့ဘော်ဒါမှာသုံးနှစ်လုံးတစ်ခန်းတည်းနေခဲ့တဲ့ကောင်ကြီး ငါတို့နဲ့တူတူပဲ ဒုတိယနှစ်

သုတ ဒါငါ့သူငယ်ချင်းတွေ ပြောရရင် ငါတို့စကွက်ကြီးပေါ့ကွာ အစကတော့ယောကျာ်းလေးတွေချည်းပဲ ငြိမ်းချမ်းစွံသွားတော့ အဖွဲ့ထဲ မိန်းကလေးတွေပါ ပါလာတာ"

ခန့်သူက ရှိန်းသုတနှင့် သူတို့အားမိတ်ဆက်ပေးသည်

"မိုက်သား မင်းတို့အဖွဲ့က "

"အေး ဟုတ်တယ် ဒီမှာ ငြိမ်းချမ်း ဒါက သူရိန်လင်း၊ဒါက ဇေယျာသော် မင်းဘေးနားမှာထိုင်နေတာက သောမင်းခမောင် ပြီးတော့ ငြိမ်ချမ်းကောင်မလေးသူဇာနှင်း သူ့ဘေးကကောင်မလေးနှစ်ယောက်က ရှင်ဖူးပြည့်နဲ့သဇင်ပန်း"

အားလုံးက ရှိန်းသုတကိုပြုံးပြကြသောကြောင့် ရှိန်းကလဲ ပြန်ပြုံးပြလိုက်သည်

"အေး မင်းခုနကကားပေါ်မှာတွေ့လိုက်တာပဲ ရွှေပေါက္ကံကလား"
မင်းခက ရှိန်းအားမေးလိုက်သည်

"ဟုတ်တယ် ၁၇ရက်ကွက်က"

"ငါက ၁၅က သိတောင်မသိကြဘူး ဟီး"

"အေးကွာ ဘာဖြစ်ဖြစ်အခုသိသွားပြီပဲ အိမ်လာလည်လေ"

"ဟုတ်ပြီ ဟုတ်ပြီ ဟဲဟဲ"

ရှိန်းလဲ လွယ်အိတ်၏ဘေးအိတ်ထဲရှိကောက်ရထားသော ကျောင်းသားကတ်ကိုသတိပင်မရ ထိုအဖွဲ့နဲ့ လေပေးဖြောင့်ကာ စကားတွေများနေကြသည်။ဆိုင်ထဲတွင်လည်း အုပ်စုအသီးသီးမှ ကျွတ်စီကျွတ်စီနဲ့ စကားသံများညံနေတော့သည်

"အခုမှ ကျောင်းစဖွင့်တာဆိုတော့ စာမသင်လောက်သေးဘူး ငါတို့ရုပ်ရှင်သွားကြည့်ကြမလား"

သူရိန်ကဆော်သြော်သည်။

"အေး လစ်ရအောင် ဘာမှလဲ လုပ်စရာမရှိ၊ဟုတ်တယ် ငါလဲ ကျောင်းပြန်မသွားတော့ဘူး မင်းတို့နဲ့လိုက်ခဲ့မယ်"ဟူ၍ ဟူ၍
အားလုံးကလည်း တက်ကြွစွာဖြင့် ထောက်ခံကြသည်

ထို့နှင့် တစ်အုပ်လုံး မြောက်ဥက္ကလာအဝိုင်းရှိ
မင်္ဂလာရုပ်ရှင်ရုံသို့ သွားရန် ကျောင်းဝင်းထဲရှိမှတ်တိုင်တစ်ခုတွင်ကားစောင့်နေကြသည်

"ဟာ.....သွားပြီ လုပ်ကြဦး ဟျောင့်တွေ"

"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ မင်းခ"

မင်းခ၏ အလန်တကြားထအော်သံကြောင့် အားလုံးထိပ်ထိပ်ပျာပျာဖြစ်ကြကုန်သည်။

"ငါ့ကျောင်းသားကတ်မရှိတော့ဘူး ဘယ်နားကျကျန်ခဲ့လဲမသိတော့ဘူးကွာ ဒုက္ခပါပဲ ကျောင်းသားရေးရာသွားရဘာရနဲ့အလုပ်ရှုပ်အုံးမယ်"

"မင်းခ"
ရှိန်းသည်မင်းခကိုလှမ်းေခေါ်လိုက်သည်

"ဟင်"

"မင်းကတ်က ကားပေါ်မှာပြုတ်ကျခဲ့တာ ငါကောက်ထားတယ် ခုနကပေးဖို့မေ့နေတာ sorryကွာ"

"သြော်......လန့်သွားတာပဲ ပျောက်ပြီလားလို့တော်သေးတာပေါ့ အဟီး"

"အေးပါကွာ လွယ်အိပ်ထဲပဲထည့်ထားတော့ ကတ်ကို မဆွဲနဲ့တော့"

"အိုခေ အိုခေ"

"ရှိန်းသုတပြောတော့ အိုခေ အိုခေတဲ့ ငါတို့က မဆွဲနဲ့သိမ်းထားကျပျောက်မယ်ပြောတုန်းက ဂရုတောင်မစိုက်တဲ့ကောက်က ခုမှခင်တဲ့သူငယ်ချင်းကိုပိုချစ်နေတယ်ပေါ့ ဟုတ်လား"

ငြိမ်းချမ်း၏စကားကြောင့် မင်းခလန့်သွားမိသည် သို့သော် သူဘာကိုလန့်သွားမှန်းသေချာမသိ

"မဟုတ်ဘူးလေကွာ အခုက ကျပျောက်ဖူးသွားတာကို"

"အေးပါကွာ အေးပါ"

ထို့နောက် ကားလာသည်နှင့် ရုပ်ရှင်ရုံသို့ သွားရန် ကားပေါ်တက်လိုက်ကြသည်

............................................

သို့နှင့် ကျောင်းဖွင့်သည်မှာလဲတစ်လကျော်ခန့်ကြာပြီဖြစ်သည်။ဒီကြားအတွင်း ရှိန်းသည်လဲ ဒဂုံကိုလာမလည်အားတော့ သူတို့သာ ကျောင်းလစ်ပြီးလှည်းတန်းရောက်ဖြစ်ရင်း ရှိန်းကိုတစ်ခါခေါ်ဖူးသည်။

"မေမေ ဟာလဝါတွေလား"

"အေး မမိကြီးတို့ ပုသိမ်ကပြန်လာတုန်းက လက်ဆောင်ပါလာလို့ လာပေးထားတာ"

မမိကြီးသည် အမေနှင့်ခင်သော ရပ်ကွက်ထဲမှအဒေါ်ကြီးဖြစ်သည်။

"သြော်....သားစားပြီနော်"

"အေးအေး"

မင်းခလဲ စတီးဇွန်းတစ်ချောင်းဖြင့် ဟာလဝါအား ဘူးထဲမှ အားရပါးရခပ်နေသည်

"ကိုကြီး သမီးကိုတစ်ဇွန်း"

"နင့်ဖာသာ ခပ်စားပါလား ခပ်ရတာခက်တဲ့ကြားထဲ"

"လုပ်ပါ လုပ်ပါ"

သို့နှင့် မင်းခ ခက်ခက်ခဲခဲ ခပ်ထားရသော ဟာလဝါလေးမှာ ညီမတော်၏ပါးစပ်ထဲသို့ရောက်သွားရသည်

"နင် ဒီနေ့ဂိုက်လာမှာနော်"

"အင်း....စိတ်ညစ်တယ်ကိုကြီးရာ မသင်ချင်ပါဘူးဆို"

"မသင်ချင်စာလုပ်လေ ပထမလပတ်ပဲရှိသေး စာမေးပွဲကကျပြီ"

"အပုတ်မှားဖြေမိလို့ပါဆို ချီးပဲ တင်းနေတာနော်"

"ဘာပဲဖြစ်ဖြစ် ဂိုက်လာရင် သေချာလုပ်ကြားလား"

"ဂိုက်ကအဆင်လေးဆိုရင်တော့လုပ်မှာပေါ့ အဟိ"

"နင့်ကို ဘယ်သူကယောကျာ်းလေးခေါ်ပေးမှာလဲ မိန်းကလေးပဲခေါ်ပေးမှာပေါ့"

"အမေပြောတယ် ကောင်လေးတဲ့"

"ဟင် ဟုတ်လား မေမေရေ မေမေ"

ခုနလေးတင်ခြံထဲထွက်သွားသောအမေ့ကို လှမ်းအော်ခေါ်လိုက်သည်

"အေးပြော"

မင်းခလဲ အိမ်ရှေ့ထွက်လာပြီး....
"မေမေ မေမေ့သမီးကို ဂိုက်ခေါ်ပေးထားတာ ယောကျာ်းလေးဆို အသက်ကွာရဲ့လား"

"အေး အသက်က နင်နဲ့တူတူပဲ
ဟိုဘက်ရပ်ကွက်က ငါနာမည်မေ့နေလို့ မမိကြီးစပ်ထားပေးတာ ကောင်လကေးဘော်ဒါတစ်ခုမှာလဲ ဂိုက်ပြပေးတယ်ဆိုတာနဲ့"

"ဟုတ်မှလဲလုပ်အုံးမေမေရာ မေ့မေ့သမီးကအပျိုလေးရယ်"

"အောင်မလေး မောင်မင်းကြီးသားရယ် ဧည့်ခန်းထဲမှာပဲသင်မှာကို ငါတို့မျက်စိရှေ့မှာပါဟယ် နင့်ညီမကိုတော်တော်စိုးရိမ်တတ်နေ"

"မဟုတ်ပါဘူးမေမေကလဲ ဒီအရွယ်က စိတ်ကစားတတ်တဲ့အရွယ်ဆိုတော့"

"ကိုကြီး အဲ့လောက်လဲစိတ်ပူမနေနဲ့ သမီးအသက်အရွယ်က သစ်ရွက်လှုပ်တိုင်းရင်ခုန်ဖို့မပြောနဲ့ သစ်ပင်လိုက်ကြီးလဲကျတာတောင် ရင်မတုန်တော့ဘူး"

"အောင်မာ လူကလက်တောင့်လောက်နဲ့ ငါဖြတ်ရိုက်လိုက်လို့"

"ကိုကြီးနော် ယောကျာ်းရပါစေ"

"သောသီရိစံ!!!!!နင်သေတော့မယ် ငါ့ကိုအဲ့လိုလိုက်လိုက်မစနဲ့"

"စမှာပဲ ကိုကြီးယောကျာ်းရပါစေ"
မင်းခ၏ ညီမဖြစ်သူ သောသီရိစံသည် မင်းခကိုပြောင်ပြသွားကာ အိမ်ပေါ်ထပ်သို့ပြေးတက်သွားသည်
မင်းခတစ်ယောက်သည် ညီမတော်၏စနက်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့သွေးတက်နေလေတော့သည်

"ဟဲ့ အော်.......ဒီကလေးတွေနဲ့လည်း"
မင်းခတို့မောင်နှမနှစ်ယောက်၏အမေ ဒေါ်ယဉ်အေးသည်လည်း ထိုမောင်နှမနှစ်ယောက်အားကြည့်အား ခေါင်းတစ်ခါခါဖြစ်နေတော့သည် ထို့နောက် ဒေါ်ယဉ်အေးသည် သူမ၏ ပန်းပင်များအားရေလောင်းနေခြင်းကိုသာ ပြန်၍ အာရုံစိုက်လိုက်တော့သည်။













© Dandelion Thaw,
книга «ေႏွာင္ႀကိဳးမဲ့ ေလငယ္... (နှောင်ကြိုးမဲ့ လေငယ်...)».
ေႏွာင္ႀကိဳးမဲ့ ေလငယ္...(3)
Коментарі