@No_va
Sometimes, we don't have chance to make choices.... Just Move On...🪶
Вірші
Mine
ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင် တစ်နည်းအားဖြင့် ကိုယ်နဲ့ပတ်သက်ရင် မင်းကို အေးချမ်းစေချင်တယ်။
1
0
270
Sad But True
မမြဲခြင်းအကြောင်းတရားတွေကရော ဝေးကွာခြင်းအကြောင်းတွေကရော ဆိုဝာယ်။ မင်းက ကိုယ့်ကို တကယ် မချစ်ပါဘူးတဲ့။
0
0
254
RO'
သံသယတွေ များသလို အတွေးတွေ လွန်တတ်လို့ ပြသနာတွေလည်း ခဏ ခဏတက်ရပေမဲ့ အဆုံးသတ်တဲ့အထိ အတူရှိချင်တဲ့ ဆက်ဆံရေးလေးမို့ အချိုးမပြေတဲ့ ကျွန်တော့်ကို ခင်ဗျားဘက်ကပဲဖြစ်ဖြစ် နည်းနည်းလေးပိုချစ်ပေးပါလား။^^
1
0
479
N;
တကယ်တော့ ကိုယ်ကလေ အတ္တလည်းကြီးသလို မာနလည်းကြီးတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ကိုယ်လိုချင်တဲ့ ချစ်ခြင်းမေတ္တာမျိုး ကိုယ်ချစ်တဲ့သူဆီက မရနိုင်ဘူးထင်ရင် ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ ထားခဲ့ရက်နိုင်တယ်...။
1
0
388
(:
ရှင်သန်ချင်စိတ်တွေ ပျောက်ဆုံးတိုင်း မင်းကပဲဖြစ်ဖြစ် ဆွဲထားပေးဖို့ မျှော်လင့်ဖူးတယ်...။
1
0
364
:'
မချစ်ပါဘူးလို့ ညာပြောရင်တောင် မျက်လုံးတွေရယ် အပြုံးတွေရယ်က ဟန်ဆောင်လို့မရဘူး ချစ်‌နေမိတဲ့ အကြောင်းတွေကို...။
2
0
203
><
ပထမလူ မဖြစ်ချင်သလို ဒုတိယလူနဲ့ နောက်ဆုံးလူလည်း မဖြစ်ချင်ဘူး။ ဖြစ်မယ့်ဖြစ်တော့ ခင်ဗျားရဲ့ အချစ်ဆုံးလူပဲ ဖြစ်ချင်တယ်။
0
0
351
I don't like being away from you
ကျွန်‌‌တော်တို့နှစ်ယောက် စိတ်ချင်းနီးနေသရွေ့တော့ ဝေးစရာအကြောင်းတရား မရှိဘူးဆိုတာ ခင်ဗျားလည်း ယုံတယ်မလား။ တချို့တွေကတော့ ပြောကြတယ် ဝေးသွားတာ ကောင်းပါတယ်တဲ့။ ခင်ဗျားကရော ဒီဝေးကွာခြင်းတွေမှာ ပျော်နေပြီလား။ ကျွန်‌တော့်အတွက်တော့ ဝေးကွာခြင်းဆိုတာ ခွဲခွာခြင်းတစ်မျိုးပဲမို့ ဝေး‌ရတာ လုံး၀မကောင်းပါဘူး။ ကျွန်‌တော်ပြောတာကို ယုံ...။
1
0
285
Cause Of You
စာအုပ်တွေဖတ်မယ်။ ငြီးငွေ့လာတဲ့အခါ ကော်ဖီခါးခါးလေးတစ်ခွက်ဖျော်သောက်မယ်။ မင်းဆီက စိတ်လိုလက်ရ ပြုံးပြတဲ့အပြုံး‌လေးတစ်ပွင့်တောင်းဆိုမယ်။ ကမ္ဘာဟာ နေလို့မကောင်းတော့ပေမယ့်လည်း ကိုယ်ကတော့ မင်းရှိနေလို့ ပျော်ရပါကြောင်း စာတိုလေးတွေရေးမယ်။
3
0
415
The last chapter of our story
သူစိမ်းကနေ သူစိမ်းပြန်ဖြစ်သွားတဲ့ ဆက်ဆံရေးလေးပါပဲ။ ကိုယ့်မှာအယူခံ၀င်စရာလည်း ဘာအကြောင်းပြချက်မှ ရှာမတွေ့ခဲ့...။
1
0
263
My Wish
ကိုယ့်ဘဝထဲ မင်းဝင်လာတော့မယ်ဆိုတဲ့ အတွေးနဲ့တင် ကိုယ်ပျော်နေမိတယ်.. ကိုယ်ပျော်နေသလို မင်းကိုလည်း ပျော်နေစေချင်တယ်.. နောက်​ပြီး ကိုယ် မင်းအတွက် ဆုတောင်းပေးချင်တယ် ကိုယ့်ပျော်ရွှင်မှုတွေထက် မင်းပျော်ရွှင်မှုတွေ ပိုပါစေ...
2
0
181
It would Be Better
သူ အဆင်ပြေဖို့ ကိုယ် မနာကျင်ရဖို့ ခပ်ဝေးဝေးကပဲ ငေးဖြစ်တယ်။
1
0
326
Title
"အချစ်" ဆိုပြီးခေါင်းစဉ်တပ်လိုက်တယ် တကယ်တော့ လိုအပ်နေတဲ့အချိန်မှာ တွေ့ခဲ့ရတဲ့ ပျော်ရွှင်မှုလေးပဲ ဒီလိုနဲ့ပဲ ကိုယ် ချစ်မိခဲ့တယ် ဆိုပါတော့။
2
0
259
No Other
ကိုယ် စိတ်တွေရှုပ်ပြီး လစ်လျူရှုမိတိုင်း အပြစ်မမြင်ဘဲ ကိုယ့်ဘေးနားမှာရှိနေပေးတဲ့ မင်းကို တကယ်ကျေးဇူးတင်တယ်... စိတ်ညစ်စရာတွေဖွင့်ဟ​ပြီးတိုင်း ကိုယ့်ဆီမှာ မင်းတစ်ယောက်လုံးရှိသေးတယ်လို့ ပြောပေးတဲ့ ​​နွေးထွေးတဲ့စကားလုံးတွေအတွက် ကျေးဇူးတင်တယ်... ကိုယ့်စိတ်ပျော်ရွှင်အောင် လုပ်ပေးတဲ့ မင်းရဲ့အပြုအမူလေးတွေအတွက် ကျေးဇူးတင်တယ်... ကိုယ်တိတ်ဆိတ်သွားတိုင်း သတိတရရှိနေပေးတဲ့မင်းကို ကျေးဇူးတင်တယ်... နောက််ဆုံး ကိုယ်လွှတ်ချတိုင်း ဖြုတ်မချတဲ့ မင်းလက်ကလေးတွေကို ကိုယ်တကယ်ကျေးဇူးတင်တယ်... ကိုယ့်ကိုဖမ်းဆွဲထားပေးလို့.....
2
0
217
Luv
အချစ်က ဘယ်နေရာကစလဲဆိုရင် နယ်မြို့လေးတစ်မြို့ကနေ စတယ်။ အချစ်က ဘယ်ကစလဲဆိုရင် နွေးထွေးတဲ့သူ့အပြုံးတွေကနေ စတယ်။ အချစ်က ဘယ်မှာအဆုံးသတ်လဲဆိုရင် ကျွန်တော့်အချစ်တွေကတော့ သူ့ဆီမှာအဆုံးသတ်ပါတယ်။
1
0
217
Wish
ကိုယ့်ဆုတောင်းတွေပြည့်ဖို့ ကြယ်တွေကြွေကျပေးဖို့ မလိုအပ်ပါဘူး အနားမှာ မင်းရှိနေရင်ကိုဖြစ်တယ်။
1
0
209
If
တကယ်လို့ နောက်ထပ်ချစ်နိုင်ခဲ့ရင် ကျွန်တော်ချစ်ခဲ့ရတဲ့ အမျိုးသားလေးထက် ကျွန်တော်ကိုချစ်ပေးတဲ့ အဲ့ဒီလူသားလေးကိုပဲ အချစ်တွေပုံပေးမိမယ် ထင်ပါရဲ့။
1
0
249
Limit
သဘောကျခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ရပ်ထားမိတယ်။ အစ်ကို့ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း‌တွေက ကျွန်တော့်အပေါ်သက်ရောက်မှုရှိတယ်။ တစ်ခါတလေ အစ်ကို့ဘေးနားမှာရှိနေတဲ့ အမျိုးသမီးလေးကိုအားကျတယ် ‌ဒီလောက်ပါပဲ။
1
0
253
His kindness
မေတ္တာဆိုတာ တကယ်ရောင်ပြန်ဟပ်ပါတယ် ခပ်ဆိုးဆိုး ခပ်ဂျစ်ဂျစ် ခပ်ရစ်ရစ် ကျွန်တော်က ခင်ဗျားပေးတဲ့မေတ္တာတွေကြောင့် လိမ္မာလာတာမျိုးပေါ့...
1
0
286
HE
အစ်ကို့အပြုံးတွေကဖြူစင်တယ် မာယာတွေမပါဘူး အစ်ကို့အတွေးတွေ အစ်ကို့စကားတွေက ရိုးသားတယ် ဟန်ဆောင်လိမ်လည်မှုတွေမပါဘူး။ ကျွန်တော့်အတွက်တော့ အစ်ကိုက အမြဲငေးကြည့်နေရတဲ့ ပန်းချီကားတစ်ချပ်လေးလိုပါပဲ။ ဖြစ်နိုင်ရင်တော့ အချစ်တွေထပ်တူကျချင်တယ် အစ်ကိုရယ် ထပ်တူမကျခဲ့ရင်တောင် လိုတာပိုတာတွေ ကျွန်တော်ထပ်ဖြည့်ပြီး အစ်ကို့အနားမှာရှိနေချင်တဲ့စိတ်လေးက အစ်ကိုမမြင်နိုင်တဲ့ ကျွန်တော့်ဆန္ဒလေးပေါ့။ တကယ်ပါ ကျွန်တော်လေ အစ်ကို့အပေါ်မှာ အတ္တကင်းတဲ့ချစ်ခြင်းမျိုးနဲ့မြတ်နိုးမိတာရယ်...
1
0
299
Distance
ကဗျာတွေဖြတ်ထားတယ် စာတွေဖြတ်ထားတယ် မင်းကိုလည်းခဏမေ့ထားတယ် ကိုယ်ပျော်နေခဲ့တယ် အချစ်ရဲ့ မင်းယုံရဲ့လား...
1
0
271
Happiness
ပျော်ရွှင်ခြင်းတွေယူဆောင်လာပေးတဲ့ မင်းကိုကျွန်တော်ကျေးဇူးတင်တယ်ရော...
1
1
303
Feel the Breeze
အချစ်ဟာ လေပြည်လိုပဲတဲ့ ခင်ဗျားလေး ခံစားမိရဲ့လား သတိရောထားမိပါရဲ့လား...
2
1
205
You & I
ဖုန်းcontactတွေထဲမှာ deleteလုပ်ထားပေမယ့်လည်း ခင်ဗျားဖုန်းနံပါတ်လေးက ကျွန်တော်ဘယ်တော့မှမမေ့မယ့် တစ်ခုတည်းသောဖုန်းနံပါတ်လေးပေါ့ ခင်ဗျားဘက်ကဆက်သွယ်တာကို မမျှော်လင့်ခဲ့ပေမယ့် ခင်ဗျားအသံလေးကြားရတော့လည်း စိတ်တွေကဂယောက်ဂယက်ပါပဲ အဆင်ပြေရဲ့လားတဲ့ စိတ်ပူလို့လားလို့တော့ ပြန်မမေးဖြစ်တော့ပါဘူး ကျွန်တော်တို့နှစ်ယောက်က ဘယ်တော့မှပြန်နီးစပ်နိုင်မယ့်သူတွေမှ မဟုတ်တော့တာ...
2
0
224
Let It Go
ဆုပ်ကိုင်ထားရတာ ပင်ပန်းတယ်လို့ထင်နေရင် လွှတ်ချလိုက်ပါ နာကျင်ရတာချင်းတူနေရင်တောင် အနည်းဆုံးတော့ လွတ်လပ်သွားတာပေါ့...
1
0
217
Silence
တိတ်ဆိတ်ခြင်းတွေကြား အဖြေရှာကြည့်တဲ့အခါ မလိုအပ်မှန်းသိလို့ ကျောခိုင်းခဲ့ရုံလေးပါပဲ...
1
0
214
If Possible
ချစ်ခြင်းရဲ့အခြားတစ်ဖက်မှာ ကိုယ်နေပျော်ပါတယ် ဖြစ်နိုင်ရင် အချစ်နဲ့မဆုံချင်တော့ဘူး...
2
0
196
Are You Happy?
ကျွန်တော့်အတွေးတွေထဲမှာ ခင်ဗျားရှိတယ် ကျွန်တော့်စိတ်ကူးယဥ်ခြင်းတွေထဲမှာ ခင်ဗျားရှိတယ် ကျွန်တော့်အိပ်မက်တွေထဲမှာလည်း ခင်ဗျားရှိတယ် ကျွန်တော်ပျော်နေတယ် ခင်ဗျားရောပျော်နေရဲ့လား...
3
0
261
May Be
ကျွန်တော်က ခင်ဗျားသတိမရလို့ ဝမ်းနည်းတတ်တဲ့ တိမ်စိုင်လေးဖြစ်နေနိုင်သလို ခင်ဗျားဆုတောင်းလေးတွေကို ဖြည့်ပေးချင်လို့ ကြွေကျပေးချင်နေတဲ့ ကြယ်လေးတစ်စင်းလည်းဖြစ်နေနိုင်တယ်...
2
0
198
Are you Ok?
ဝမ်းနည်းလို့ငိုချင်ပေမယ့် ပျော်ချင်ယောင်ဆောင်ခဲ့ရတဲ့နေ့ရက်တွေ အဆင်ပြေချင်ယောင်ဆောင်ခဲ့ရတဲ့ နေ့ရက်တွေ အဲ့လိုမျိုးနေ့ရက်တွေ ဖြတ်သန်းနေရတာ များနေပြီ ခင်ဗျားရယ် ခင်ဗျားရော အဆင်ပြေရဲ့လား...
3
0
215
Although Not The Time
အချိန်အခါမဟုတ်ပေမယ့်လည်း ကျွန်တော့်ရပ်ဝန်းလေးကတော့ ခင်ဗျားအကြောင်းတွေးလိုက်ရင်ကို တိမ်တွေပြိုပြီး မိုးစွေတော့တာပါပဲ...
2
0
230
Can You...?
ကျွန်တော်မြတ်နိုးရတဲ့ ခင်ဗျားရဲ့အပြုံးတွေ ပိုင်ဆိုင်ခွင့်မရှိရင်တောင် ငေးကြည့်ခွင့်လေးတော့ ပေးမယ်မလား...
4
0
184
To Dear
တနယ်ဆီဝေးခဲ့တာကြာခဲ့ပြီပေါ့ ချစ်သောရေ အတိတ်က အမှတ်တရတွေကဝေးဝါးခဲ့သလို ချစ်သောရဲ့ ပုံရိပ်တွေကလည်း ဝေဝေဝါးဝါးပါပဲ ဖမ်းဆုပ်ခွင့်မရသလို ပိုင်ဆိုင်ခွင့်လည်းမရှိခဲ့​ပြန်ဘူး... အခွင့်ရရင်တော့ပြောပြချင်တယ် ချစ်သောရယ် လွမ်းတယ်ဆိုတာ စကားလုံးတွေထက်ပိုကြောင်း မြတ်နိုးတန်ဖိုးထားတယ်ဆိုတာ စကားလုံးတွေထက်ပိုကြောင်းတွေကိုပေါ့... အချိန်တွေပြောင်းသွားပေမယ့်လည်း ကျွန်တော်ကတော့ မပြောင်းလဲ​ခဲ့ပါဘူး ကတိတွေမထားခဲ့ပေမယ့်လည်း သစ္စာတွေရှိဆဲပဲပေါ့ အချစ်ရယ်... ပြန်မတွေ့ဖြစ်ကြပေမယ့် ရည်ရွယ်ပါတယ် ချစ်သောတစ်ယောက် ဘယ်သူနဲ့ပဲရှိနေပါစေ ကျွန်တော့်မေတ္တာတရားတွေကြောင့် အေးချမ်းပါစေကြောင်းပေါ့...
3
0
193
Away
အတိတ်ကနာကျင်စရာ အမှတ်တရတွေရဲ့အဝေး အိပ်မက်ဆိုးတွေရဲ့အဝေး ခင်ဗျားရဲ့အဝေး ဝေးပြီးရင်းဝေး...
1
0
176
The Place Where I Live
မင်းအတွက်ဖြစ်လာတဲ့ခံစားချက်တွေကို ကိုယ်စာစီမယ် တွေးရင်းနဲ့ဝမ်းနည်းလာတဲ့အခါ ကိုယ်ငိုမယ် တဖြည်းဖြည်းနဲ့ကိုယ်မင်းကို လက်လွှတ်နိုင်မယ့်နည်းကို သင်ယူမယ် ပြီးရင်မင်းနဲ့အဝေးဆုံးအရပ် အချစ်နဲ့အဝေးဆုံးအရပ်မှာ ကိုယ်နေထိုင်မယ်...
1
0
218
But
ချစ်ခြင်းမေတ္တာတရားဟာ ကြည်နူးစရာကောင်းပါတယ် ကျွန်တော့်အတွက်တော့မဟုတ်ခဲ့ပေမယ့်လည်း...
2
0
219
Telepathy
Telepathy တွေကိုယုံချင်ပါတယ် ကျွန်တော်သတိရတိုင်း လွမ်းတိုင်းသာ ခင်ဗျားကိုတွေ့ခွင့်ရမယ်ဆိုရင်ပေါ့...
1
0
280
Imagination
လူတွေရဲ့အဝေးဆုံးအရပ်ကိုသွားချင်တယ် သဘာဝတရားကြီးနဲ့အနီးဆုံးနေရာကိုပေါ့... သိချင်မိတယ် ခင်ဗျားရယ် တိတ်ဆိတ်ငြိမ်သက်ခြင်းအခြားတစ်ဖက်မှာ ကျွန်တော်လိုချင်တဲ့ လွတ်မြောက်ခြင်းနဲ့ပျော်ရွှင်ခြင်းတွေ ရှိနေနိုင်မလားလို့...
2
0
286
When It Rains
မိုးတွေရွာရင် ကျွန်တော့်ရဲ့အတွးတွေက အတိတ်ကိုသတိရစေတယ် အမှတ်တရတွေကိုသတိရစေတယ် ခင်ဗျားကိုသတိရစေတယ်... နောက်ပြီး ခင်ဗျားမသိနိုင်ပေမယ့်လည်း တိုးတိုးလေးညည်းမိတယ် လွမ်းတယ်လို့...
1
0
212
Sigarette
ခင်ဗျားသိလား ဆေးလိပ်သောက်ရင် ခံစားရတာတွေသက်သာသွားသလိုပဲ အခိုးငွေ့တွေ ထွက်သွားတိုင်း အဆင်မပြေမှုတွေပါ ပါသွားသလိုခံစားရတယ်...
1
0
180
Not Giving up
လွတ်လပ်သွားစေချင်လို့ လက်လွှတ်ခဲ့တာ စွန့်ပစ်ခဲ့တာမှမဟုတ်တာ ကိုယ်မရှိရင် ပိုပျော်နိုင်ပါတယ်ဆိုတဲ့စိတ်နဲ့ ကိုယ်မြတ်နိုးတဲ့မင်းကို ဆွဲမထားရက်ခဲ့တာ...
0
0
229
No Reason
တချို့သောဝေးကွာခြင်းတွေ ခွဲခွာရခြင်းတွေရဲ့နောက်မှာ အကြောင်းပြချက် ခိုင်ခိုင်လှုံလှုံမရှိခဲ့ပါဘူး...
0
0
172
No One Knows
ထပ်တူမကျတဲ့ ချစ်ခြင်းမေတ္တာတရားဟာ အသံမထွက်ပေမယ့် နာကျင်ရတာ ကိုယ်ပဲသိတယ်...
3
0
177
With You
ချစ်ခြင်းမေတ္တာတရားရဲ့ ခေါင်းစဥ်အောက်မှာ အရင်းနှီးဆုံးသူစိမ်းကို စဥ်းစားလိုက်ရင် ကျွန်တော် ခင်ဗျားကို အရင်ဆုံးပြေးမြင်တာပဲ တကယ်ပါ တွဲလက်တွေမြဲချင်ပါတယ် ခင်ဗျားနဲ့သာဆိုရင်ပေါ့...
2
0
220
Your Name
ကျွန်တော့်အတွက်တော့ အလွမ်းဆိုတာ နာမည်လေးကြားရုံနဲ့တင် မျှော်လင့်နေမိတာမျိုး...
2
0
169
Not Me
အချစ် ရိုးရိုးလေးပါပဲ ခင်ဗျားအချစ်က ကျွန်တော်မဟုတ်တော့ နာကျင်ရတယ်...
3
0
224
Just Need Your Permission
ကျွန်တော်က ခင်ဗျား ဝမ်းနည်းတဲ့အခါ အားငယ်တဲ့အခါ အထီးကျန်တဲ့အခါ ခင်ဗျားနဲ့အတူအဖော်ပြုပေးမယ့် ချစ်တေးသံစဥ်လေးတစ်ပုဒ် ဖြစ်ချင်တယ် အလွမ်းအဆွေးတွေကင်းတဲ့ ချစ်တေးသံစဥ်လေးတစ်ပုဒ်ပေါ့ ခင်ဗျား ခွင့်ပြုပေးဖို့ပဲလိုတာ...
1
0
217
No Need
ကျွန်တော့်ဘက်က တစ်ဖက်သတ်စချည်ခဲ့မိတဲ့ ကြိုးတွေအတွက် ခင်ဗျားတာဝန်ယူစရာမှမလိုအပ်ခဲ့တာ...
1
0
234
Finally
နောက်ဆုံးတော့ ဘာမှမသက်ဆိုင်တော့ဘူးဆိုတဲ့ စကားလုံးတွေအောက်မှာ ခံစားချက်တွေ အသက်မဲ့ခဲ့တယ်...
3
0
219