အခန်း(၁) တွေ့ဆုံခြင်း
အခန်း(၁) တွေ့ဆုံခြင်း
အခန်း(၂) ရင်ခုန်သံ အစပျိုးခြင်း
အခန်း (၃) ရင်ခုန်သံအစပျိုးခြင်း
အခန်း(၁) တွေ့ဆုံခြင်း
"အကို အကို ဒီမှာ အကို."

      နောက်ကကောင်မလေးတစ်ယောက်ရဲ့ အလောတကြီးခေါ်လိုက်တဲ့အသံလေးကြောင့် ကျွန်တော်လှည့်ကြည့်လိုက်မိတယ်။

"ဟိုဟာလေ ဒီမှာ.."

ဘာလဲ ဟိုဟာတွေ ဒီဟာတွေလုပ်မနေနဲ့ ငါနင့်ကိုမကြိုက်ဘူး။

"ဟင်း မဟုတ်ဘူး အကိုရဲ့ ဒီမှာ."

"ဘာမဟုတ်တာလဲ အူကြောင်ကြောင်နဲ့."

      ကျွန်တော်လဲ ပြောချင်ရာပြောပြီး လှည့်ထွက်လာခဲ့တယ်။အဲ့လိုပဲဗျ ကျွန်တော်က coolguyဆိုတော့ ကောင်မလေးတွေက လိုက်နှောက်ယှက်နေကြလေ။ ဟဲဟဲ..။တကယ်ဗျ ကျွန်တော်ကိုယ့်ကိုကိုယ်အထင်ကြီးတာတော့မဟုတ်ဘူး။ကျွန်တော်က ညိုချောလေညိုချော။ခင်ဗျားသိလားဗျ။ညိုချောဆိုတာ ငိုပြောတောင်မရဘူးတဲ့။ဘယ်ခေတ်ကလဲမသိပါဘူးဗျာ။ဗိုလ်တစ်ယောက်က ညိုချောအမကိုလိုက်ငေးရင်း ဦးပိန်တံတားပေါ်က ပြုတ်ကျတယ်ဆိုတာလေဗျာ။အသားညိုစိမ့် ဗိုလ်တောင်လိမ့်ကျတယ်တဲ့ဗျ။ကျွန်တော်ကြားဖူးတာကိုပြောပြတာနော်။မှန်လားမှားလားတော့မသိဘူး။ကျွန်တော်ချောတာကတော့ တကယ်ဗျ။

ညိုချောအကြောင်းအဘိဓာန်ဖွင့်ရင်း ကိုယ့်ကိုကိုယ်မိတ်ဆက်ဖို့တောင်မေ့နေပြီ။ကျွန်တော်နာမည်က ဇာနည်ခန့်မောင်။ကျွန်တော်ကမြိတ်ကဗျ။မြိတ်သားလေးပေါ့ဗျာ။ခုလက်ရှိကတော့ ကျွန်တော်မြိတ်တက္ကသိုလ်မှာ မြန်မာစာအဓိကနဲ့ ဒုတိယနှစ်တက်နေတယ်ဗျ။ဒုတိယနှစ်ရဲ့kingပေါ့ဗျာ။အပေါ်မှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော်က ညိုချောလေ။ကျောင်းမှာလဲ ကျွန်တော့လောက်ချောတဲ့သူမတွေ့ဖူးဘူးဗျ။တစ်ခုပဲ ကျွန်တော်က အရပ်နည်းနည်းမရှည်ဘူးဗျ။ပုတာမဟုတ်ဘူးနော်။မရှည်တာ။၅'၆"ဆိုတာ ပုလို့လားဗျာ။ကျွန်တော့်ကို kingပုလို့သူငယ်ချင်းတွေက ခေါ်ကြတယ် ကျွန်တော်ကမကြိုက်ဘူးဗျ။

"ဟေ့ kingပု"

တောက် လာပြန်ပြီ ဘယ်ကငနာလဲ ငါ့ကိုkingပုခေါ်တာ။

"မသာကောင် ငါ့တောင်မစောင့်ဘူး။"

ကျွန်တော်လဲ နောက်လှည့်မကြည့်လဲ စိတ်တိုတိုနဲ့ မြန်မြန်လျှောက်လိုက်တယ်။ခဏနေတော့ နောက်ကသကောင့်သားက မှီလာပြီး ကျွန်တော့်ပုခုံးကိုလာပုတ်တယ်။အလိုလိုမှ ကင်းပုအခေါ်ခံရလို့ စိတ်တိုနေပါတယ် ငါ့ပုခုံးကို လာပုတ်တယ်။ဟင်း တွေ့ကြသေးတာပေါ့။ကျွန်တော်နောက်လှည့်ကြည့်လိုက်တော့...
ကျွန်တော့်ကို ပြုံးကြည့်နေတဲ့ အသားဖြူဖြူနဲ့ ကောင်ချောလေးဘေးမှာတော့ ကျွန်တော့်သူငယ်ချင်း ငနာထွဋ်နေလင်းကိုကို။နာမည်ရှည်သလောက် လူကဂျပု။ကျွန်တော့်ထက်တောင်ပုသေး။

ဘေးကကောင်ချောလေးကတော့ မှုန်ကုတ်ကုတ်ဖြစ်နေတဲ့ ကျွန်တော့်ကို ပြုံးကြည်နေတုန်းပဲ တော်တော်ကိုချောတာဗျာ။ပါးချိုင့်လေးနှစ်ဘက်ကလဲ ပါသေး။မျက်လုံးလေးကလဲ ဝိုင်းစက်ပြီး ညခင်းမှာသာတဲ့ လမင်းကြီးလိုပဲဗျာ။မျက်နှာသွယ်သွယ်လေး၊နှာခေါင်းလေးကလဲ ချွန်လို့ဗျာ။နှုတ်ခမ်းထူထူလေးကလဲ ပြုံးလို့။အရပ်ကလဲ ရှည်လိုက်တာ။ကျွန်တော်မော့ကြည့်နေရတာ။ ကျွန်တော်ကြိုက်လို့ ကြည့်နေတာလို့ ခင်ဗျားထင်နေတာလား။မဟုတ်ဘူးဗျ။ကျွန်တော့်ထက်ချောလို့ ကျွန်တော်ဝမ်းနည်းပြီးကြည့်မိတာ။ဟင့်

"ဟေ့ကောင် ဒါ ငါ့ညီနှစ်ဝမ်းကွဲ ထွဋ်သူရိန်လင်းညီ။ခုမှပထမနှစ် Eမေဂျာက"

"ညီညီ သူက ကိုကို့သူငယ်ချင်း ဇာနည်ခန့်မောင်တဲ့
သူက မနှစ်က kingလေ ။The whole kingလဲသူပဲ။ဒီနှစ်တော့ ပြုတ်မှာသေချာတယ်။ကိုကိုကတော့ ကင်းပုလို့ပဲခေါ်တယ်။"

"ဟေ့ကောင် ငါကမင်းထက် တစ်လက်မကြီးတောင်ရှည်တယ်နော်။"

"ဟွန်း တွေ့ရတာဝမ်းမသာပါဘူး။အော် မှားလို့ ဝမ်းသာပါတယ်။"

"ဟုတ် ကျွန်တော်လဲ ဝမ်းသာပါတယ်။"

ကောင်ချောလေးက ရုပ်ပဲချောတယ်ထင်သလား။အသံလေးကလဲ ချိုလွင်နေတာပဲဗျာ။ကျွန်တော်မနာလိုလာပြီ။

"ဟေ့ကောင် မင်းကျောင်းသားကဒ်မပါဘဲ ကြိုးကြီးဆွဲပြီးဘာလုပ်တာလဲ။ဘာလဲ စတန့်ထွင်ထားတာလား။"

ငထွဋ်ပြောမှကြည့်မိတယ်။ကျွန်တော့်ကျောင်းသားကဒ်ဘယ်ရောက်သွားတာလဲ။ဒုက္ခပါပဲဗျာ။

"လာလာ အခုမှ စဉ်းစားမနေနဲ့ အတန်းချိန်နီးနေပြီ။ညီညီ ကိုကိုလိုက်မပို့တော့ဘူးနော်။အတန်းချိန်နီးနေလို့။"

"ရပါတယ်ကိုကိုရဲ့ ညီညီသွားနေကျပါ။"

အမလေးဗျာ မူကြိုကလေးလဲမဟုတ်။ဒီအသက်အရွယ်ရောက်နေပြီ။ကျားကိုးစီးစားမကုန်တဲ့ ခန္ဓာကိုယ်ကြီးကို စိတ်ပူနေသေးတယ်။

"ဒီက ကိုဇာနည်ခန့်မောင် ကျွန်တော်သွားလိုက်ပါဦးမယ်"

"ဟေ့ကောင် ဇာနည် ဇာနည် ဟေ့ကောင် ဟာ ကင်းပု"

ကျွန်တော်လဲ မျက်စောင်းထိုးပြီး ငထွဋ်ကို ကြည့်လိုက်မိတယ်။

"ဘာလဲကွ"

"မင်းကွာ ဘာတွေစဉ်းစားနေတာ ညီညီကနှုတ်ဆက်နေတာလေ"

"အော် အင်း bye bye"

"ဟုတ်ကဲ့ နောက်မှတွေ့မယ်နော်"

"အင်း.."

"ဟေ့ကောင် မင်းမျက်လုံးကြီးက ညီညီ့နောက်ကျောကပ်ပါသွားဦးမယ်။ဟင်း ငမ်းနေတာများ မြင်မကောင်းဘူး။"

"ချီးကို ငမ်းရမှာလား။ ယောင်္ကျားလေးတစ်ယောက်က အက်လောက် ချောရလား။သူက မိန်းကလေးမလား ဟေ့ကောင်။"

"ဟာ မဟုတ်ပါဘူး ငါ့ညီပါဟ။ယောင်္ကျားစစ်စစ် ရေမရောဘူး မင်းမယုံရင် ပြိုင်ထိုးကြည့်ပါလာ။"

"ဟေ့ကောင်"

"အာ ငါပြောတာ လက်သီးပြောတာ မင်းဘာသာမင်းလျှောက်တွေးနေတာ အဟင်း"

"လာလာ ဒေါ်စိတ်တိုအချိန် အဆူခံနေရမယ် သွားစို့"

Note.ပထမဆုံးရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။
     ဖတ်ပေးလို့ ကျေးဇူးပါဗျ။

  




















© Ivory ,
книга «My Sweetness Joy».
အခန်း(၁) တွေ့ဆုံခြင်း
Коментарі