Chapter 4
"အား!!!!! စိတ်ရှုပ်စရာကောင်းလိုက်တာ။"
ရဲစခန်းက ထွက်လာပြီးနောက် မင်ဂျယ်က သူ၏ခေါင်းအား အားရပါးရကုတ်ရင်းအော်လေ၏။ သူ၏နောက်ကိုလှည့်ကြည့်တော့ ထိုကောင်လေးက မုန့်ဆိုင်တစ်ဆိုင်တွင် ကျန်နေခဲ့လေ၏။ မင်ဂျယ်က သက်ပြင်းတစ်ချက်ချပြီး ထိုကောင်လေးဆီပြန်လှည့်လာလိုက်သည်။
ထိုကောင်လေးက တစ်ခုခုကိုသေချာစွာစူးစိုက်ကြည့်နေသည်။ မင်ဂျယ် ထိုကောင်လေးအကြည့်ရောက်ရာသို့ကြည့်လိုက်မိတော့ စတိုးဆိုင်တွင် တန်းစီကာ ထောင်ထားသော အရုပ်ပုံစံများနှင့် မုန့်များကိုတွေ့ရသည်။ မင်ဂျယ်က ထိုကောင်လေးကိုကြည့်လိုက်ရင်း
"စားချင်လို့လား။"
"အွန်း....."
ထိုကောင်လေးက မင်ဂျယ်အား ဝမ်းသားအားရပြုံးလျက် ခေါင်းညိမ့်ပြသည်။ နှစ်ဦးသား ဘေးချင်းကပ်လျက်ပင် မင်ဂျယ့်အား ထိုကောင်လေးက အနည်းငယ်တော့ မော့ကြည့်ရသည်။ ထိုကောင်လေးရဲ့ စူးရှနေတဲ့အကြည့်ကြောင့် မင်ဂျယ်၏ အတွေးထဲသို့ တစ်ချို့အဖြစ်အပျက်များ က လျှပ်ကနဲ့ဝင်ရောက်လာကြ၏။
မင်ဂျယ်က ခေါင်းအမြန်ခါကာ ရှင်းထုတ်လိုက်ပြီး ရှေ့ဘက်ကိုသာပြန်ကြည့်လိုက်သည်။
"ဒါဆို အဲ့တာဝယ်ပေးမယ်။ အဲ့တာတွေယူပြီး ငါနေခိုင်းတဲ့နေရာမှာနေရမယ်။ အဲ့တာဆို ဝယ်ပေးမယ်။"
"အွန်း....."
(မတတ်နိုင်ဘူး။ ငါ့ဟာငါတောင် အနိုင်နိုင်စားသောက်နေရတဲ့အချိန်မှာ တခြားကျပ်မပြည့်သလိုဖြစ်နေတဲ့ လူတစ်ယောက်ကိုတင်မကျွေးနိုင်ဘူး။)
"ကောင်းပြီ။ ဒါဆိုငါ့နောက်လိုက်ခဲ့။"
မင်ဂျယ်က ထိုကောင်လေးနဲ့အတူ စတိုးဆိုင်ထဲသို့ဝင်ကာသွားတော့သည်။
.....................
"ရော့...ဒီမုန့်ထုတ်တွေယူပြီး ဒီမှာပဲနေ။ မင်းအိမ်ကလူတွေနဲ့ တွေ့ရင်လည်းလိုက်သွားလိုက်။ ဟုတ်ပြီလား။ ငါ့နောက်ကိုမလိုက်လာနဲ့တော့နော်။ မင်းကတိပေးပြီးပြီ။"
မင်ဂျယ်က မုန့်အတော်များများထည့်ကာထားသော အိတ်တစ်အိတ်အား ထိုကောင်လေးကို ပေးလိုက်သည်။ ထိုကောင်လေးက ယူလိုက်ပြီး ရင်ဘက်တွင်ကပ်ကာ ပိုက်ထားသည်။
မင်ဂျယ်က ပတ်ဝန်းကျင်အခြေအနေကိုတချက်ကြည့်လိုက်သည်။ ဤနေရာက အိမ်ခြေရာမဲ့များ အများဆုံးနေလေ့ရှိသော မြေအောက်ရထားဘူတာ အဟောင်းတစ်ခုပင်။ အားလုံးက စုတ်ပြတ်သတ်နေပြီး သူဖုန်းစားများပုံစံပင်။ အိပ်နေသူကအိပ်၊ ထိုင်နေသူကထိုင် ဖြင့်ကိုယ်စီတော့အလုပ်ရှုပ်နေကြသည်။
မင်ဂျယ်က နှခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ထိုကောင်လေးကိုပြန်ကြည့်လိုက်သည်။ ထိုကောင်လေးကလည်း မင်ဂျယ် ကြည့်ရာကိုလိုက်ကြည့်ပြီးနောက် မင်ဂျယ့်ကိုမျက်လုံးဝိုင်းသားဖြင့် ပြန်ကြည့်သည်။
"ဘာပဲဖြစ်ဖြစ် ငါသွားပြီနော်။ မင်းမိသားစုနဲ့ အမြန်ဆုံးပြန်တွေ့ပါစေ။ ဟုတ်ပြီလား။"
မင်ဂျယ်က တစ်ဖက်သို့လှည့်လိုက်ပြီးထွက်သွားရန်ပြင်လိုက်သည်။ ထိုကောင်လေးကလည်း နောက်ကလိုက်လာလေ၏။ မင်ဂျယ်က စိတ်ပျက်သည့်လေသံဖြင့်
"နေခဲ့လို့ပြောနေတယ်လေ။ ငါ့ကိုလိုက်တွယ်ကပ်မနေနဲ့။"
မင်ဂျယ်က အသံကျယ်ကျယ်ဖြင့်အော်လိုက်တော့ ထိုကောင်လေးက အနည်းငယ်တုန်သွားပြီး ခေါင်းငုံ့သွားသည်။ မင်ဂျယ့်ကိုလည်း ထိုနားရှိ အိမ်ခြေမဲ့လူများက ဝိုင်းကြည့်ကြလေ၏။
မင်ဂျယ်ကထိုလူများအား မေးမော့ပြလိုက်သည်။ အားလုံးကသူတို့နှစ်ယောက်ကို အကြည့်လွှဲလိုက်ကြပြီး လူပ်စရာရှိတာဆက်လုပ်နေကြသည်။ ပြီးမှ ထိုကောင်လေးအား တစ်ချက်ကြည့်လိုက်ပြီး
"နေခဲ့တော့။"
မင်ဂျယ်က လေသံခပ်မာမာဖြင့် ပြောပြီးနောက် ခပ်သွက်သွက်ပင် ထိုမြေအောက် ဘူတာအဟောင်းကြီးမှ ထွက်လာခဲ့လိုက်သည်။မင်ဂျယ်နောက်ကိုလှည့်ကြည့်မိတော့ ထိုကောင်လေးကတော့ သူ့နောက်မှလိုက်မလာတော့ပေ။ မင်ဂျယ်က သက်ပြင်းတစ်ချက်ချလိုက်ပြီးသက်သာရာရသလိုပင် ခံစားလိုက်ရသော်လည်း သူ၏ စိတ်ကအနည်းငယ်တော့ လေးနေပြန်သည်။
.......................
"တနေကုန်ကို အရှက်ကွဲနေတာပဲ...ဟူး"
မင်ဂျယ်က အဆောင်အဦးရဲ့အပေါ်ဆုံးထပ်ကိုတတ်လာလိုက်ပြီး သူ့ရဲ့အိမ်လေးအရှေ့ရှိ သစ်သားခုံအကျယ်ကြီးပေါ်တွင် ထိုင်ချလိုက်သည်။ အချိန်က ညနေပင်စောင်းလို့ မိုးချုပ်လုနေပြီ။ အပေါ်ဆုံးထပ်ဖြစ်တာကြောင့် ဝင်ကာပျောက်ကွယ်လုနီးနေသောနေမင်းကြီးကို သေချာမြင်ရနိုင်ပြီး ရောင်နီသန်းနေသော အလင်းရောင်တို့ကလည်း သူ၏ အိမ်အပါအဝင်ပတ်ဝန်းကျင်အနှံ့ကို ဖြာကျနေသေးသည်။
"နားရတဲ့ရက်လည်း မနားရ။ ဒီတစ်သက်ချမ်းသာဖို့ကလည်း လမ်းမမြင်။ ငါ့ဘဝကြီးလည်း မနေပျော်တော့ဘူး။ တကယ်ပါပဲ။"
မင်ဂျယ်က သူ့ရဲ့ဖိနပ်ကိုချွတ်ပြီးနောက် ခြေမထိပ်နားတွင် အပေါက်အချို့ရှိနေသော ခြေအိတ်ကိုဆွဲချွတ်ရင်းဆိုသည်။ အနည်းငယ် နီရဲသလိုဖြစ်နေသော ခြေထောက်အား နှိပ်ရင်း
"အဆင်ရောပြေပါ့မလားမသိဘူး၊ ဘာပဲဖြစ်ဖြစ် ငါ့အတွက် လူတစ်ယောက်ကိုကျွေးထားဖို့ကအဆင်မှမပြေတာ။ ငါ့ဟာငါတောင် အနိုင်နိုင်ဖြစ်နေချိန်မှာ သူများအတွက်ကိုကြည့်ပေးနေဖို့ အချိန်မရှိဘူးလေ။ ဟုတ်တယ်မလား ။..."
မင်ဂျယ်က ခေါင်းကိုကုတ်ပြန်သည်။
"အိုက်ယား....ကျေးဇူးပြုပြီး မတွေးပါနဲ့တော့။အဲ့ကောင်လေးအကြောင်းကို။ ဘာလို့များငါနဲ့မှ လာတွေ့နေရတာလဲလို့။"
*ဂွီ....ဂွီ*
"ဗိုက်ကလည်းဆာလာပြန်ပြီ။ ဘာမှဝယ်မလာမိဘူး။ ဟိုတစ်ယောက်လိုချင်တာတွေဝယ်ပေးလိူက်တာနဲ့ပဲ ပိုက်ဆံကကုန်ပြီ။ စတိုးဆိုင်ကို နောက်တခေါက်ထပ်သွားရတော့မှာပဲ။"
မင်ဂျယ်က ဖိနပ်ကိုပြန်ကောက်စွပ်လိုက်ပြီး ငွေတစ်ချို့ယူကာ အပေါ်မှ ပြန်ဆင်းပြီး ဆိုင်တစ်ဆိုင်သို့လျှောက်လာခဲ့လိုက်တော့သည်။
..................................
"ကောင်လေးတစ်ယောက် ဓားထိုးခံရလို့ဆို။"
"ဟုတ်တယ်။ ဘယ်လိုအခြေအနေရှိလဲတော့မသိဘူး။ ငယ်ငယ်လေးလို့တော့ပြောတာပဲ။ ရဲကားတွေသွားနေတာတွေ့တယ်။"
မင်ဂျယ် စတိုးဆိုင်ကပြန်လာတော့ လမ်းထဲကအဒေါ်ကြီးတစ်ချို့ အုပ်စုဖွဲ့ပြီးစကားပြောနေတာကိုတွေ့ရတယ်။ အကြောင်းအရာကလည်း အနည်းငယ်ထူးဆန်းတာမလို့ မင်ဂျယ်သိချင်စိတ်နဲ့အတူ ထိုအဒေါ်ကြီးတွေအနားသို့သွားလိုက်ပြီး
"အဒေါ်တို့ ဘာအကြောင်းတွေပြောနေတာတုန်း။"
အဒေါ်ကြီးအချို့ကလည်း ရပ်ကွက်တစ်ခုတည်းပေမို့ မင်ဂျယ့်အားမသိစရာအကြောင်းမရှိကြပေ။ သူတို့က မင်ဂျယ်အားပြောပြရန် တတ်ကြွနေကြလေ၏။
"မင်ဂျယ်ရေ။ မင်းလည်း သတိထားအုန်း။ အခုတလော ခိုးဆိုးလုနှိုက်တွေကပေါနေတာ။ပြောရတာမဟုတ်ဘူး။ အခုတောင် ဘာမှမရှိတဲ့ အိမ်ခြေမဲ့ကောင်လေးတစ်ယောက်ကို ဓားပြတစ်ယောက်က ဓားနဲ့ထိုးပြီးထွက်ပြေးသွားလို့တဲ့။ လမ်းမမှာပဲ ဟို ရထားဘူတာဟောင်းဘက်က နေမယ်။ တော်တော်ကြာမှရဲတွေရောက်လာတာ။ အေးလေ....အိမ်ရာမဲ့တယောက်ကိုတော့ ဘယ်သူက အဲ့လောက်ဂရုစိုက်မှာတူန်း။ အခုတောင် ဘယ်လိုဖြစ်နေလဲမသိ....."
*ဘုတ်...*
မင်ဂျယ်၏ လက်ထဲရှိ အထုတ်ကလေးသည် မြေပေါ်သို့ပြုတ်ကျသွားလေ၏။ လူကအနည်းငယ်တော့ စိုးရိမ်မှုရှိနေချေပြီ။ သူထိုကောင်လေးကို ထားခဲ့သည့်နေရာသည်လည်း ထိုနေရာနားတွင်ပင်။ တချိူ့သော လူများ၏ မျက်လုံးများကလည်း ထိုကောင်လေးကို ကြည့်နေကြလေသည်ကို သူပြန်မြင်ယောင်လာလေ၏။ မင်ဂျယ်က အမြန်ပင် တဖက်သို့ လှည့်လိုက်ပြီး ပြေးထွက်လာခဲ့လိုက်သည်။ စိတ်ထဲတွင်လည်း တစ်ခုခုကိုအတော်စိုးရိမ်နေပြီး တစ်ခုခုကို လက်လွှတ်ဆုံးရှုံးလိုက်ရတော့မလို့ ခံစားနေရသည်။ သူ၏နောက်တွင်တော့ အဒေါ်ကြီးများက လှမ်းအော်ခေါ်နေကြ၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Коментарі