Chapter 1
*ငါ့ရဲ့နှလုံးသားရော အသက်နဲ့ပါ ပေးဆပ်လိုက်တာမလို့ မင်း ကျေနပ်ဖို့မျှော်လင့်ပါတယ်။*
"ဟာ့...."
လီမင်ဂျယ် အိမ်မက်ဆိုးတစ်ခုကနေ အလန့်တကြားနိုးထလာခဲ့တယ်။ နှဖူးပေါ်က ချွေးစေးတွေဟာ စောင်ပေါ်သို့ပင် ကျဆင်းနေသေးသည်။ဒီအိမ်မက်က သူ့အတွက်အမြဲလိုလို မက်နေခဲ့တဲ့ အိမ်မက်လိုမျိုး ကိုဖြစ်နေခဲ့ပြီ။ လူတစ်ယောက်က နောက်ထပ်လူတစ်ယောက်ရဲ့ ရင်ဝကို ဓားနဲ့ထိုးနေတဲ့ဖြစ်ရပ်မျိုး။
ရင်ဘတ်ကို အသာဖိလိုက်ပြီး ဘေးရှိ *တီ တီ တီ* မြည်နေသော နှိုးစက်နာရီ၏ထိပ်ကို ဖိကာ ပိတ်ချလိုက်သည်။ နှဖူးက ချွေးတစ်ချို့ကို လက်ဖြင့်ပင် သုတ်ချလိုက်ပြီး ခြုံစောင်ကိုဖယ်ကာ ထလိုက်သည်။
သူ၏ တစ်နေ့တာကို မနက် ၇ နာရီတွင်စတင်သည်။ဆိုးလ် မြို့ရဲ့ တစ်နေရာမှာရှိတဲ့ ရပ်ကွက်ငယ်ကလေးတစ်ခုရဲ့ အဆောက်အဦး အပေါ်ဆုံး ထပ်ခိုးတစ်ခုမှာငှါးနေပြီး တစ်လကို ဝမ်လေးသောင်းနဲ့ အဆင်ပြေနေခဲ့သည်။ သူ့တစ်ယောက်နေဖို့လုံလောက်ရင်ရပြီမို့ အလုပ်တစ်ခုလည်းရှိတဲ့အတွက် ငတ်သေမှာတော့သူမကြောက်တာသေချာသည်။
....................................
"မင်ဂျယ်။ အလုပ်သွားတော့မလို့လား။"
"ဟုတ်တယ်။ အဒေါ်ရေ။ သွားပြီနော်။"
ပြင်ဆင်ပြီး အဆောင်အဦး၏ဘေးနံရံရှိ သံလှေကားမှဆင်းလာသောမင်ဂျယ်က သူ့ကိုနှုတ်ဆက်တဲ့အဆောက်အဦးပိုင်ရှင်အဒေါ်ကြီးကို ရီပြလိုက်သည်။ သူ့ရဲ့လက်တွေကိုလေပေါ်မှာဝှေ့ယမ်းကာ နှုတ်ဆက်လိုက်ပြီး ပြေးထွက်လာခဲ့လိုက်သည်။ အပြုံးတစ်ပွင့်ဖန်တီးလိုက်တိုင်း ထွက်ပေါ်လာတဲ့ ညာဘက်ပါးပြင်ပေါ်က ပါးချိုင့်တစ်ခုက လူတစ်ယောက်ကို စွဲမက်စေနိုင်လောက်တယ်။ မင်ဂျယ်က ကပ်စီးနှဲသလောက် လူချစ်လူခင်တော့ပေါသည်။
"အေးအေး။"
အဒေါ်ကြီးကလည်း လှမ်းဖြေလိုက်ရင်း သူ့လုပ်စရာရှိသည့်အလုပ်ကိုသာဆက်လုပ်နေတော့သည်။
မင်ဂျယ်က တစ်ဝါးဝါးသန်းရင်းနှင့်ပင် သူ၏အိတ်ကိုလွယ်ကာ ကုမ္ပဏီ သို့ဦးတည်လိုက်သည်။ ကိုးနာရီတွင် စတင်မည့် အလုပ်ဆီသို့ ၇ခွဲ လောက်တွင် ကားစောင့်စီးရသည်။ ခရီးလမ်းသည်ကပဲ တစ်နာရီနီးပါး။သူ့အတွက် ထူးဆန်းတော့သည်ရယ်လို့တော့မဟုတ်ပေ။ခရီးအနည်းငယ်ဝေးတော့ ကားပေါ်မှာသူအိပ် လို့ရတာပေါ့။
..............
"မင်ဂျယ်။ နောက်တစ်ပတ်ပြိုင်ပွဲအတွက် အသင့်ဖြစ်ပြီလား။"
သူနှင့်အလုပ်အတူလုပ်သော အမျိုးသမီးက မင်ဂျယ်အားလာမေးသည်။
"ဘာကိုလဲ။"
"ဟေ။ နင်မသိသေးဘူးလား။ တောင်တတ်ပြိုင်ပွဲလေ။ဝမ် ၁၀သိန်းနော် ပထမဆုက။"
မင်ဂျယ်က ထိုစကားကိုကြားတော့ သူ၏မျက်ဝန်းတိူ့က အရောင်လဲ့လာသည်။
"တကယ်ကြီးလား ။ ဘယ်နေ့လဲ။"
"ရော့ဒီမှာကြည့်"
သူမက သူမ၏ဖုန်းထဲမှ ကြော်ငြာစာတစ်ခုကိူပြလိူက်သည်။မင်ဂျယ်က ချက်ချင်း ယူကြည့်လိုက်ပြီး
"ဝါး...မိုက်လိုက်တာ။ အချီကြီးမိတော့မှာပဲ။
ဒါပေမဲ့ နေရာကပြောင်းသွားတယ်နော်။ "
"ဟုတ်တယ်။ မြေပုံအရ အဲ့ဒီတောင်က တောတစ်ခုနဲ့ဆက်နေတာ။ သူတို့ဘာလို့ရွေးလိုက်လဲတော့ငါမသိဘူး။"
"အင်း။ ဘာပဲဖြစ်ဖြစ် ကျွန်တော်နိုင်ရမယ်။"
တစ်လစာအသုံးစားရိတ်ပိုရလည်း သူ့အတွက်ပိုအဆင်ပြေတယ်။အရေးကြီးတာ အိမ်ကနေ မယူဖို့ပဲ။ အကယ်၍ မင်ဂျယ်က သူ ငတ်ပြတ်ပြီးစားစရာမကျန်တော့ဘူးဆိုရင်တောင် သူက သူ့အိမ်ကို အကူအညီတောင်းဖြစ်မှာမဟုတ်ဘူး။
.......................
"ဥက္ကဌချွဲ ပြိုင်ပွဲအတွက် အစီအစဉ် တစ်ချို့ကို ကြည့်အုန်းမှာလား။"
ချွဲဂျွန်ယောင်း က သူ့အားမေးလာသော အတွင်းရေးမှူးအား လှမ်းကြည့်လိုက်သည်။ ပြီးမှ သူက ခေါင်းကိုပြန်ငုံ့လိုက်ပြီး
"ထုံးစံအတိုင်းပဲမလား။ ကျွန်တော်မလိုလောက်တော့ပါဘူး။ အားလုံး အဆင်ပြေသလိုကြည့်စီစဉ်ကြပါစေ။"
"ဟုတ်ကဲ့ပါ။"
ချွဲယောင်းက စားပွဲပေါ်တွင်ပုံကာနေသော စာရွက်စာတမ်းတစ်ချို့ကို ဆက်လက်ဖတ်ရှုနေခဲ့သည်။ သူ၏ ရုံးခန်းစားပွဲတွင် အမြဲလိုလို နှင်းဆီအနီထိုးထားသော အလှပန်းအိုးများကိုသာထားလေ့ရှိသည်။
............................
"ကဲ...နှစ်တိုင်းရဲ့ အစီအစဉ် တစ်ခုလိုပဲ ။ ပြောင်းလဲသွားတာဆိုလို့ နေရာပဲရှိမယ်။ အလံကို ပထမဆုံးယူနိုင်တဲ့သူကအနိုင်ရမယ်။ တောင်ပေါ်မှာအလံထားတဲ့ နေရာတစ်ဝိုက်က ကင်မရာတွေ ထားထားတာမလို့ ဘယ်သူမှ ကလိမ်ကကျစ်လူပ်လို့ရမှာမဟူတ်ဘူး။ အားလုံးနားလည်တယ်မလား။ တကယ်လို့ ပြဿနာ တစ်စုံတစ်ခုပေါ်လာခဲ့ရင် အချက်ပြမီးကျည်ကိုသုံးပြီး သတိပေးလို့်ရတယ်။ ဒါပေမဲ့ ပြိုင်ပွဲကနေတော့ အလိုလိုနှုတ်ထွက်ပြီးသားဖြစ်လိမ့်မယ်။"
ပြိုင်ပွဲဝင်မည့်သူက သူလိုကိုယ်လို လူမျိုးများဖြစ်သည့်အလျောက် အယောက်ငါးဆယ်နီးပါးရှိသည်။ ပုံမှန်လည်း ဝင်ပြိုင်ဖူးပေမဲ့ ဤတစ်ခေါက်ကို ပိုစိတ်လှုပ်ရှားနေမိသည်။ မင်ဂျယ်က အသက် ၂၄ နှစ်ရှိနေပြီဖြစ်သော်လည်း အရမ်းကြီးရင့်ကျက်နေသည့် သူတစ်ယောက်တော့မဟုတ်ချေ။
ပြိုင်ပွဲဝင်မည့် သူအားလုံးက သက်ဆိုင်ရာနေရာများတွင် ရပ်ကာ အကြောလျော့နေကြသည်။ လိုအပ်သည်များ ပါသည့် ခရီးဆောင် ကျောပိူးအိတ်နှင့်တစ်ကွ ရေဘူး၊ ဦးထုပ်၊ အစရှိသည့် လိုအပ်လောက်မည့်ပစ္စည်းများကိုထိုကျောပိုးအိတ်နှင့်ကျောပိုးအိတ်၏ ဘေးအိတ်ကပ်များတွင်ထည့်ကာ သယ်ထားကြသည်။
အချို့သော အထက်အရာရှိများက သက်ဆိုင်ရာ နေရာများတွင် အေးအေးလူလူပင်ထိုင်နေကြသည်။ထိုတောင်တတ်သည့်သူများ စတင်သည်နှင့် သူတို့အတွက်က ထိုင်စောင့်နေရုံမှ တစ်ပါးမရှိချေ။
မင်ဂျယ်တို့ စတင်ထွက်ခွာလာသည်နှင့် တစ်ဖြည်းဖြည်း လူအုပ်က ကွဲလာသည်။ အားလုံးက တောင်ပေါ်သို့ တစ်လမ်းတည်းက တတ်ကြခြင်းမဟုတ်ပေ။ ပိုကောင်းပြီး ပိုမြန်လောက်သည့် ဖြတ်လမ်းကိုသာရွေးလေ့ရှိကြသည်။
မင်ဂျယ် ထွက်လာခဲ့သည့်အချိန်က ခန့်မှန်းကြည့်လျင် နှစ်နာရီတော့ကျော်လောက်ပေလိမ့်မည်။ တောင်ကမြင့်လာလေလေ ဖုန်းလိုင်းများမမိတော့လေပင်။ ဘေးပတ်ပတ်လည်တွင် ချုံနွယ်များ သစ်ပင်ကြီးများဖြင့် အုပ်ဆိုင်းနေသည်။ အခြားသော ပြိုင်ပွဲဝင်များကိုလည်း သူတွေ့ရနေသေးသည်။
*ဂျိန်း...*
ကျယ်လောင်သော မိုးချိန်းသံတစ်ခုက ဝန်းကျင်တစ်ခုလုံးကိုပျံ့နှံ့စေသည်။ တောင်အောက်တွင်နားနေကြသော သူများက သက်ဆိုင်ရာနေရာများမှ အပြင်ဘက်သို့ထွက်လာကြပြီး ရာသီဥတု အခြေအနေကို စစ်ဆေးနေကြသည်။
"မိုးရွာတော့မှာလား။"
မင်ဂျယ်သည်လည်း ထိုအသံကြောင့်ကောင်းကင်ကိုမော့ကြည့်လိုက်သည်။
"ဘာလား။ ရာသီဥတုသာယာမယ်လို့သေချာကြေညာထားတာလေ။ မိုးလေဝသ သတင်းက ဂျင်းလား။"
အပေါ်ယံကောင်းကင်ကြီးအား သစ်ပင်အကြီးကြီးများ၏ အရွက်အကိုင်းများက ကွယ်ကာထားသေးသည်။ မင်ဂျယ်မော့ကြည့်နေရင်းပင် တဖြောက်ဖြောက်ကျဆင်းကာလာသော မိုးရေစက်တို့က သူ၏မျက်နှာပြင်နှင့် ကိုယ်ပေါ်အား တိုက်ရိုက်ထိတွေ့လာကြသည်။
"မိုးရွာပြီဟ။"
မင်ဂျယ်က အမြန်ပင် သူ၏လက်နှစ်ဖက်ကို အပေါ်သိူ့မြှောက်ကာ ခေါင်းကို အုပ်မိုးစေလိုက်သည်။ ယခုအချိန်ကတစ်နေရာရာတွင် မိုးခိုရန်အရင်ဦးဆုံးလုပ်ရမည်ဖြစ်သဖြင့် သူရောက်လက်စနေရာမှ အမြန်ပင်ပြေးကာ နေရာရှာလိုက်သည်။
ကိုယ်ခန္တာ တစ်ခုလုံးစိုရွှဲလာသည့်အပြင် မိုးသည်လည်းပိုကာသည်းထန်စွာရွာလာတော့သည်။ရှေ့ရှိလမ်းကိုပင်မမြင်ရနိုင်လောက်သည်အထိ မိုးရေစက်တို့က ပိတ်ကာဆီးနေကြ၏။မင်ဂျယ်က သူပြေးလွှားနေရင်းပင် ထိုနေရာတစ်ခုတည်းသို့ နှစ်ကြိမ်တိတိရောက်လာမိသည်ကို သတိထားမိသွားသည်။ သူက သစ်ပင်ကြီးတစ်ပင်ရှေ့တွင် ရပ်တန့်လိုက်ပြီး ပတ်ပတ်လည် ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်သည်။
"ငါ လမ်းပျောက်နေပြီလား။ "
ဘေးပတ်ဝန်းကျင်ကို ကြည့်လေတော့ လူသူအရိပ်အယောင်ရယ်လို့ တစ်ခုမျှမတွေ့ရချေ။ ဤအချိန် မီးကျည်ဖောက်လျင်လည်း မီးကျည်က ရေစိုသွားသဖြင့် မီးပွင့်လာလိမ့်မည် မဟုတ်တော့ချေ။
မင်ဂျယ်က သူ့ဘောင်းဘီအိတ်ကပ်ထဲမှာရှိနေတဲ့ သူ့ရဲ့လက်ကိုင်ဖုန်းကိုထုတ်ကာကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင်။ တောင်ပေါ်ဖြစ်သည့်အတွက် လိုင်းမမိ။
"သေလိုက်ပါတော့လား။"
ဒေါသစိတ်နဲ့သာဆို ဖုန်းအား မြေပြင်ပေါ်ပစ်ချကာ အားရပါးရ ခြေထောက်ဖြင့်တတ်နင်းဖြစ်လိမ့်မည်။သို့သော်လည်း အခြေအနေအရ မနည်းစုဆောင်းကာဝယ်ထားသော ဖုန်းလေးဖြစ်သည့်အတွက် စိတ်အလိုတော့သူမလိုက်နိုင်။
"ဟူး......"
သက်ပြင်းအသာချလိုက်ပြီး ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်သည်။
"ေရှ့ကိုပဲ ဆက်လျှောက်ရမှာပေါ့။ မိုးဆဲသွားရင် တစ်ယောက်ယောက်ကိုတော့တွေ့မှာပါ။"
မင်ဂျယ်က အားတင်းလိုက်ပြီး ေရှ့ဆက်လျှောက်လာခဲ့သည်။ တောင်ပေါ်လမ်းတစ်ချိူ့က ရေများဒလဟောစီးဆင်းနေသောကြောင့် မြေအချို့ပြိုကျကာနေသေးသည်။ မင်ဂျယ်က ထိုဘေးမှ ဖြည်းဖြည်းချင်း သတိဖြင့်ဖြတ်လျှောက်လာသည်။
သို့သော်လည်း ရုတ်တရက်ထပ်မံကာပြိုကျလာသော မြေအချို့နှင့်အတူပင် မင်ဂျယ်သည်လည်း ချောက်ထဲသိူ့ပြုတ်ကျလေတော့သည်။
"အား........."
* ဂျိန်း.....*
ကျယ်လောင်လွန်းလှသော အော်ဟစ်သံဆိုပေမယ့် ထိုအသံနှင့်အတူ မိုးချိန်းသံက အတူပါလာလေတော့ မင်ဂျယ်အသံက မြုပ်ကာသွားသည်။
"အားရိုး....ငါတကယ်သေပြီထင်တာ။"
မင်ဂျယ်က သူကျသွားသောနေရာလေးတွင်ပင် ဖင်ထိုင်ရက်လဲကျနေသည်။ ပြိုကျသော မြေကြီးများ၏အပေါ်မှ မြောပါသလိုဖြစ်သွားသောကြောင့် ဒဏ်ရာတော့မရချေ။အနည်းငယ်ပွန်းရုံသာပွန်းသွားသော တံတောင်ဆစ်လေးအား ကြည့်နေရင်းပင် သူပြုတ်ကျလာသော မူရင်းနေရာအားကြည့်လိုက်သည်။
လူနှစ်ရပ်ကျော်လောက်မြင့်သည့်အပြင် တစ်ဝက်ကြီးပျက်နေသည့်ပုံစံကြောင့် သူမည်သိူ့မျှ အပေါ်သို့ ခုန်တတ်ရန်မဖြစ်နိုင်တော့ချေ။
"ငါဘာလို့များ ဒီလောက်တောင်ကံဆိုးရတာလဲ။ ဘာလို့လဲ။"
မင်ဂျယ်က သူ၏ဘေးရှိမြေပြိုကျရာမှ ကြေနေသော မြေကြီးအတုံးအခဲများကို ဆုပ်ကိုင်ကာ ပစ်ပေါက်ရင်း အော်ဟစ်လိုက်သည်။
"တစ်ခြား တစ်လမ်းကိုရှာရတော့မှာပဲ။ အပေါ်တတ်လို့မဲ့နေရာရှိမှာပါ။"
မင်ဂျယ်က ထိုနေရာတွင် အချိန်ဆက်ဖြုန်းမနေတော့ပဲ တခြားတစ်ဖက်ကို ဦးတည်လျှောက်လာလိုက်တော့သည်။မိုးကလည်း ယခုအချိန်ထိ မဆဲသေးပေ။
...............................
မင်ဂျယ် ဆက်လျှောက်လာသည်နဲ့အမျှ တဖြည်းဖြည်းထူးဆန်းလာသလိုခံစားရတယ်။ သူ၏ရှေ့တည့်တည့်တွင် ရှေးဟောင်းအိမ်ကြီး တစ်လုံးအား ဆန်းကျယ်စွာပင်မြင်တွေ့နေရသည်။
"အိမ်ကြီးတစ်လုံးလား။ တောထဲမှာ ဘယ်သူကဆောက်မှာလဲ။"
မင်ဂျယ်က တွေးရင်းရေရွတ်လိုက်သည်။ အိမ်ကြီးက အတော်လေးကိုကြီးကျယ်ခန်းနားပုံပေါ်သည်။ ဂန္တဝင်ဆန်လှသောအပြင်အဆင်တစ်ချို့ရှိသော်လည်း ပတ်ပတ်လည်တွင် နွယ်ပင်နွယ်ခတ်များက ရစ်ပတ်ဖွဲ့နှောင်ထားကြကာ ထိုအဖိုးတန်သောအလှတရားကို ဖုံးကွယ်ထားသည်။ မိုးရေကြည်ကြည်တို့၏ ဝါးမြိုထားမှုကြောင့် ထိုနွယ်ခတ်တို့၏ အရွက်များက စိမ်းစိုကာ ရေစက်ပေါက်ကလေးများတွဲလောင်းခိုနေသေးသည်။
"အား...မသိတော့ဘူး။ ဘယ်သူမှနေပုံမရဘူး။ ဆုတ်ပျက်နေတဲ့ပုံစံအရဆို။ ငါခဏလောက်တော့မိုးခိုလို့ရလောက်မယ်။"
မင်ဂျယ်က အမြန်ပင် ထိုအိမ်ကြီးအနားသို့ ပြေးလေတော့သည်။ သူက အိမ်ကြီး၏ တံခါးမကြီးတွင် ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ပြီးမှ တံခါးခေါက်လိုက်ပြီး
"လူရှိလား။ ကျွန်တော် ခဏလောက်မိုးခိုချင်လို့ပါ။"
အထဲရှိမည်သူကမှဖြေကြားမလာချေ။
"တကယ်ကို ဘယ်သူမှမရှိဘူး။"
မင်ဂျယ်က ရလိုရငြား တံခါးကိုတွန်းကာဖွင့်လိုက်သည်။တကယ်လည်း တံခါးမကြီးသည် ဘာအတားအဆီးမျှ မရှိသည့်အတိုင်းပင် ပွင့်ကာသွားတော့သည်။
တံခါးမကြီးပွင့်ကာသွားသည်နှင့် မင်ဂျယ်၏ မျက်ဝန်းတိူ့က ညို့ယူဖမ်းစား ခံလိုက်ရသည့်နှယ် တစ်ခုခုကို သူငေးစိုက်ကြည့်နေမိသည်။ တစ်ဖြည်းဖြည်းချင်း ခြေလှမ်းတို့က အိမ်ကြီးထဲသို့ သူ့အားဆွဲခေါ်သကဲ့သို့ပင် ဝင်ရောက်လာစေသည်။
အိမ်အတွင်း တစ်ခုလုံးရှိ နံရံများတွင် နွယ်ပင်များကပ်ကာနေသည်။ ပို၍ထူးဆန်းသည်က ထိုနွယ်ခတ်များတွင် ပေါက်နေသော အနီရောင်နှင်းဆီပန်းများပင်။ နွယ်ပင်များသည်လည်း အဆူးများဖြင့်ပြည့်နှက်ကာနေသေးသည်။ ထိုနှင်းဆီအနီတို့သည်လည်း နီရဲကာ ပွင့်လန်းနေကြသည်။
"ဝါး....ဝါး...တကယ်လှလိုက်တာ။ ဘယ်အနုပညာရှင်က ဆောက်ထားတာပါလိမ့်။"
မင်ဂျယ် ပတ်ပတ်လည်အား ခေါင်းပင်ပတ်ချာလည်လုနီးပါးအထိ ကြည့်နေမိသည်။ သူရှေ့ကိုပြန်ကြည့်မိတော့ သူ၏ရှေ့တွင် လှေကားနှစ်ခုကိုတွေ့ရသည်။ နှစ်ခုစလုံးသည်က ဒုတိယအထပ်ကိုပင် ရောက်စေသည့်လှေကားများဖြစ်ပြီး ဘယ်တစ်ဖက်ညာတစ်ဖက်ခွဲထားသည့်ပုံစံ တည်ဆောက်ထားသည်။
မင်ဂျယ်က ဘယ်ဘက်ရှိ လှေကားကို ရွေးလိုက်သည်။ တံတွေးမျိုချလိုက်ပြီး လှေကား၏ လက်ယန်းကိုကိုင်ကာ တစ်ဆင့်ချင်းတတ်လာခဲ့သည်။ထိုလှေကား၏ လက်ကိုင်ယန်းနှင့် ဝရံတာရှိတိုင်လုံးလေးများတွင်လည်း ထိုနှင်းဆီ အနွယ်ပင်များက ရစ်တွယ်ကာနေပြီး ရှုမငြီးဖွယ် လှပနေသည်။ဒုတိယထပ်တွင် ရွေးချယ်စရာ နှစ်ဖက်ရှိသည်။ မင်ဂျယ်က တွေဝေနေသည့်ပုံစံမျိုးမဟုတ်စွာပင် ဘယ်ဘက်ကိုသာဆက်ရွေးလိုက်သည်။ ပို၍ ဆိုးသည်က သူအခန်းတစ်ခန်းဆီသို့ တိုက်ရိုက်ကိုသွားခဲ့ခြင်းပင်။
ထိုအခန်းဝကိုရောက်တော့ မင်ဂျယ်က တံခါးလက်ကိုင်ကို ကိုင်ကာတံခါးဖွင့်ရန်တွန့်ဆုတ်နေမိသည်။ သူ၏စိတ်က ဤအိမ်ကြီးနှင့် တစ်ခုခုပတ်သတ်နေသလိုခံစားလာမိသည်။ သူက အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီး သူ၏မသိစိတ်ကရွေးချယ်လိုက်သည့် ထိုအခန်း၏တံခါးကို ဖွင့်လိုက်လေ၏။
~~~~~~~~~~~~~~~~~

Коментарі