Shallow
Shallow
ကျွန်​တော်​ပြေး​နေတယ်။ ကားလမ်း​သော ဘာ​သောကျွန်​တော်မသိ​တော့ဘူး။ ကျွန်​တော် သူ့ဆီ​ရောက်ဖို့သာ စိတ်အားထက်သန်​နေတယ်။ ကားဟွန်းသံတွေနဲ့ ကား​မောင်း​နေတဲ့သူ​တွေရဲ့ ဆဲဆိုသံ​တွေလည်း ကျွန်​​တော်ဂရုမစိုက်အား​သေးဘူး။ ခုချိန်သူကဘဲ ကျွန်​တော့်အတွက်အ​ရေးကြီး​နေတာမို့...။ သူစီ​ရောက်ရင် ကျွန်​တော့်အတွက်အရာရာ ငြိမ်းချမ်းပြီ။

ခြေ​ထောက်တွေ​ပေါက်ပြဲပြီး ညောင်းညာတဲ့အထိ ပြေးလာပြီးတဲ့​နောက်တွင် သူဦးတည်ရာ​နေရာသို့​ရောက်ပြီဖြစ်သည်။ ကမ်းပါး​လေး။ ထိုကမ်းပါးနားသို့ ထပ်​ပြီး​ပြေးသွားပြန်သည်။ အရူးတစ်​ယောက်လိုဘဲ သူတစ်စုံတစ်​ယောက်ကိုရှာ​နေမိတယ်။ ဒါ​ပေမဲ့ မ​တွေ့​​သေးဘူး။

"ဝသုန်.........."

သူသည်အားကုန်သုံးကာ ကျယ်​လောင်စွာ​အော်​ခေါ်လိုက်​သော်လည်း ပြန်ထူးသံမကြားရ​သေး။ ပြေးလာသည့်လမ်းတစ်​လျှောက်လုံးထိန်းလာသည့် မျက်ရည်စတို့သည် သူ၏ မျက်လုံးအိမ်ထဲမှ တစ်လိမ့်လိမ့်ကျဆင်းလာလေသည်။ သူ​၏ ရင်တွင်းမှတင်းကြပ်​နေမှုအား သက်သာလိုသက်သာငြား ရင်ဘတ်ကို တစ်ဘုံးဘုံးထုလျက်​အော်ငို​နေမိသည်။ သို့​သော် သူတမ်းတ​နေ​သော ဝသုန်ဆို​သော ကောင်​လေးမှာလည်း အ​ဝေးဆုံးသို့ထွက်သွားပြီဖြစ်​လေသည်။

အတိတ်​တွေက ချိုသာ​သော်လည်း ပစ္စုန်ပန်တွင် လက်မခံနိုင်လိုက်သည့် ကိစ္စများသည် အစီအစဥ်ချထားသလို ဖြစ်ပျက်သွားပြီဖြစ်သည်။

အဲ့လိုဆို ချိုမြိန်တဲ့ အတိတ်ဆိုတာက​ရော...

***************************************

လွန်ခဲ့​သော ၄လခန့်က

ဇွန်လ၏ ပထမဆုံး​သော မိုးသည် ပြိုင်ဘက်ကင်း​အောင် သည်းထန်စွာရွာသွန်း​နေသည်။ ပြတင်း​ပေါက်နားမှာထိုင်ရင်း ကျွန်​တော်၏ အိမ်​တွင်း​ရေး ကိစ္စများ​ကြောင့် စိတ်ဓါတ်ကျမှုသည် မိုး​ကြောင့် ပိုပြီး အသက်ဝင်​နေသ​ယောင်...။

"ဟဲ့ ဥက္ကာ နင်ဟာ​လေ အား​နေ ထိုင်​နေတယ်။ အသုံးကိုမကျဘူး ရေ​လေးဘာ​လေးထဆွဲပြီး စဥ့်အိုးထဲ ကဲ့ထည့်ပါလား အလကား​ကောင်"

တစ်ဗြစ်​တောက်​​တောက်နှင့်​ပြော​နေ​သော အ​ဒေါ်ဖြစ်သူအား ကျွန်​​တော် စိတ်ပျက်လက်စွာလှမ်းကြည့်လိုက်မိသည်။ အလိုမကျမှု​တွေပြည့်နှက်​နေ​သော သူမသည် သူမ အလိုမကျမှုများအား ကျွန်​တော့်အ​ပေါ်သို့ ဒေါသအဖြစ်ပုံချ​​လေသည်။

"ဟဲ့ ဒီ​လောက်​ပြော​နေတာကို ထမလုပ်​သေးဘူးလား ထ​လေ။"

ပျင်းတွဲတွဲဖြင် ကျွန်​တော့်ထရင်း လက်စွဲသံပုံး​​လေးအားစွဲကိုင်ရင်း ရေပိုက်မှကျလာ​သော ရေများခံထား​သော ကျောက်​ရေကန်ထဲမှ​​ရေများအား စွဲရင်း အိမ်ထဲမှ စဥ့်အိုးကြီးများထဲသို့ ကဲ့ထည့်​​​နေမိသည်။ ကျွန်​တော့်​ရေကဲ့​နေရင်း အိမ်​ရှေ့မှ ကျွန်​တော့်အရွယ် ကောင်​လေးတစ်သိုက်သည် စက်ဘီးများဖြင့် မိုး​ရေချိုးရင်း ဟေးလာဝါးလား လုပ်​နေသည်ကို​တွေ့မိသည်။ ခုချိန်ထိ သူငယ်ချင်းတစ်​ယောက်တစ်​လေ​တောင်မရှိ​သော ကျွန်​တော်သည် တစ်ခါတစ်​လေ​တော့သူတို့လို အ​ပေါင်းအ​ဖော်ရှိ​သော သူများကို​တော့အားကျမိပါသည်။

လက်ထဲက​ရေပုံးအား ဂလုံးကနဲမြည်​အောင်လက်ထဲက လွှတ်ချလိုက်သည်။ ကျွန်​တော်မွန်းကျပ်​နေပြီ ကျွန်​​တော့်ရဲ့ အခက်အခဲ​တွေကို တစ်​ယောက်​ယောက်ကိုရင်ဖွင့်ချင်တယ်။ အခု အရမ်းလည်းချမ်း​နေပြီ။ ထို့​နောက် ကျွန်​တော်ကမ်းပါးနားသို့​ပြေးသွားသည်။ အ​နောက်ကအ​ဒေါ်၏ အော်သံ​တွေကို ခဏတာလျစ်လျူရှုထားမိသည်။

ကမ်းပါးနားက ကျောက်​​​ဆောင်တစ်ခု​ပေါ်တွင် ကျွန်​တော် ထိုင်ချလိုက်သည်။ အသက်ကိုဝ​အောင်ရှူကာ "အား" ဟု အော်လိုက်သည်။ ဒီနည်းလမ်းလည်းမဆိုးပါဘူး ရင်ထဲနည်းနည်း​တော့​ပေါ့သွားတယ်။

"ဟေ့ကောင် အော်မ​နေနဲ့ နားငြီးတယ်။"

အ​နောက်ဘက်မှ အသံကြား​သော​ကြောင့် ကျွန်​တော်အလန့်တကြားနှင့် လှည့်ကြည့်မိသည်။ ကောင်လေးတစ်​ယောက်။ ကျွန်​တော့်အရွယ်ဘဲ ထင်သည်။ အင်္ကျီ​ရောဘောင်းဘီပါ အဖြူ​ဖြစ်ပြီး ထိုအဖြူ​ပေါ်တွင် မိုးပြာ​ရောင်​ အလယ်ခွဲ ဆွယ်တာလေး တစ်ထည်ကို ဝတ်ထား၏။ အကြည်​ရောင် ဂေါက်ထီး​လေးကို​ဆောင်းထားရင်း ကျွန်​တော့်ကိုကြည့်​နေသည်။

"မင်းကဘာ​တွေဖြစ်လာလို့ဒီမှာလာ​အော်​နေတာလဲ။ ဘာလဲ။ ကောင်မ​လေးနဲ့ပြတ်လာလို့လား"

ဒီ​ကောင်​လေးကျွန်​တော့်ကို​ မေးခွန်း​တွေဆက်တိုက်​မေး​နေ​သော်လည်း ကျွန်​တော် တစ်ခွန်းမှပြန်မ​ဖြေမိ​သေး။ သူ့ကိုသာစိုက်ကြည့်မိ​နေသည်။

"ဟာ မိုး​တွေစိုရွှဲ​နေတာဘဲ ထီး​လေးဘာ​လေးမ​ဆောင်းဘူးလား"

ထို​ကောင်​လေးက သူ​ဆောင်းထား​သော ဂေါက်ထီးအကြည်​လေးနှင့်ကျွန်​တော့်အား အုပ်မိုး​ဆောင်း​ပေး​လေ၏။ သူလည်းကျွန်​တော့်ကိုစိုက်ကြည့်​နေသလသလို ကျွန်​တော်ကလည်း ပြန်ကြည့်​နေမိသည်။

"မင်းက ဘာ​တွေဖြစ်လို့ ငို​နေတာလဲကွ။"

ကျွန်​တော်ထို​ကောင်​လေးကိုစိုက်ဘဲကြည့်​နေမိတယ်။ ဘာမှ ပြန်မ​ပြောမိ​သေးဘူး။ သူက​တော့ကျွန်​တော့်ကိုပြုံးပြ​နေ​လေရဲ့။

"မင်းကဘယ်မှာ​နေတာလဲ"

ထို​ကောင်​လေးကျွန်​တော့်ကိုထပ်​မေး​လေတယ်။ ကျွန်​​တော် မျက်ရည်​တွေ​ရော၊ နှပ်​တွေပါ ခပ်ကြမ်းကြမ်းဖိသုတ်လိုက်သည်။ပြီးမှ...။

"အ​နောက်ဘက်လမ်းထဲမှာ မင်းက​ရောဘယ်မှာ​နေတာလဲ"

"ဪ စကား​ပြန်​ပြောတယ်ဟ"

ကျွန်​တော့်စကားပြန်​​ပြောတာကို​ပျော်သွားဟန်ဖြင့် လက်ခုပ်​လေးထတီးသည်။

"ငါက ဟိုမှာ​တွေ့လား ကမ်းစပ်နားက ရေတိမ်ပိုင်း​လေး။ အဲ့မှာ​နေတာ။"

ထို​ကောင်​လေးက ရေတိမ်ပိုင်း​လေးအား လက်ညှိုးထိုးပြရရင်း သူ​နေသည့်​နေရာသို့​ပြောပြသည်။ ရေတိမ်ပိုင်းတဲ့။ လူတစ်​ယောက်က​ရေတိမ်ပိုင်းမှာဘယ်လို​​နေမလဲ။ ဒီ​ကောင်​လေးရူး​နေတာလား။

"အင်း..မင်း​နာမည်က ဘယ်လို​ခေါ်လဲ"

"ငါ့နာမည်က..အင်....ဝသုန်..ဟုတ်တယ်။ ငါ့နာမည် ဝသုန်"

"ငါက ဥက္ကာ"

တစ်​ယောက်ကိုတစ်​ယောက်မိတ်ဆက်ရင်း ကျွန်​တော့်ရဲ့ အခက်အခဲတစ်ချို့အား သူ့ကိုရင်ဖွင့်မိသည်။ မိုးသည်လည်း ပို၍သဲသဲမဲမဲကိုရွာလာ၏။ ကျွန်​တော့်​ပြောသည်ကို ခေါင်း​လေးတစ်ငြိမ့်ငြိမ့်ဖြင့်နား​ထောင်​နေ​လေ၏။

"ငါချမ်းလာပြီ ပြန်​တော့မယ်ကွာ။ "

"ဟင် ပြန်​တော့မှာလား"

"အင်း...မနက်ဖြန်လာခဲ့မယ်​လေ ဘယ်အချိန်လာရမလဲ"

"မိုးရွာရင်ငါရှိတယ်။ မိုးရွာတဲ့အချိန်မဆို ငါရှိတယ်။"

"အင်းပြန်ပြီကွာ bye"

ထို့​နောက်ကျွန်​တော်လည်း လားရာအတိုင်းပြန်လာခဲ့သည်။ ထို​နေ့ညက ကျွန်​တော် အ​အေးမိ၍ ဖျားခဲ့သည်။ သို့​သော် တစ်ညလုံး ဝသုန်ဆို​သော ကောင်​လေး၏ အ​ကြောင်းသာ ခေါင်းထဲကြီးစိုးခဲ့​လေသည်။ ထို​ကောင်​လေး​ကြောင့်ဘဲ ဥက္ကာ၏ အိမ်မက်များလှပခဲ့​လေသည်။

ထို့​နောက်တွင်မူ မိုးရွာတိုင်း ကျွန်​​တော်ကမ်းနားသို့အ​ရောက်သွားသည်။ ဝသုန်နဲ့ စကား​တွေအများကြီးပြောဖြစ်သည်။ ဝသုန်နှင့်ကျွန်​တော် တစ်စတစ်စ ပို၍ ခင်မင်လာခဲ့သည်။ သူ့အ​ကြောင်းကိုကျွန်​တော်မသိရ​သော်လည်း ကျွန်​တော့်အ​ကြောင်း​တော့သူ​တော်​တော်သိ​နေပြီဖြစ်သည်။

ကမ်းစပ်သဲ​သောင်သည်လည်း ကျွန်​တော်တို့နှစ်​ယောက်ရဲ့ ကစားကွင်းဖြစ်လာတယ်။ မောလာရင် သောင်ပြင်​ပေါ်မှာဘဲ​မှောက်လှဲ​နေကြတယ်။ ကျွန်​တော် စိတ်ညစ်စရာများကို ဝသုန်က စိတ်ဝင်တစားနား​ထောင်​ပေးရှာတယ်။ တစ်ခါတစ်​လေ ကျွန်တော့်အ​ဒေါ်ကို​တောင် သူကကြိမ်း​နေသည်​လေ။

"ဥက္ကာ.."

"အင်း​ပြော​လေ ဝသုန်ရဲ့"

မိုးဖွဲဖွဲ​လေးရွာ​နေချိန် ကျွန်​တော်သည် ဝသုန့်ကိုဖက်ထားကာ သူ​​ဆောင်းလေ့ရှိ​သော ဂေါက်ထီအကြည်​လေးအား အတူတူ​ဆောင်းထား၏။ ဝသုန်သည် ကျွန်​တော့်ရင်ခွင်ထဲသို့ က​လေးတစ်​ယောက်နှယ် တိုးဝင်​​နေ၏။

"မနက်ဖြန်ဆိုမိုးရာသီကုန်ပြီ​လေ အဲ့ဒါ ငါပြန်ရ​တော့မယ်။"

"ဘယ်ကိုလဲ ဘယ်ပြန်မှာလဲ။ ငါ့ကိုထားသွားတော့ဖို့လား"

"ဪ သေချာနား​ထောင်ပါဦး ၈လတည်းပါကွ။ နောင်နှစ်မိုးရာသီကျပြန်​တွေ့ကျမယ်​​နော် ကတိ"

ဝသုန်က သူ့လက်သန်းလေးအား ကတိဆို​သောပုံစံဖြင့်

ကျွန်​တော့်လက်အညးလာချိတ်၏။

"ဟင့်အင်း ဝသုန် ငါကတိမ​ပေးနိုင်ဘူး။ ငါ့မှာသူငယ်ချင်းဆိုလို့မင်းတစ်​ယောက်ဘဲရှိတာ ငါ့ကိုမထားခဲ့ပါနဲ့ကွာ"

"၈လတည်းပါကွာ။"

"ဟာ...ငါမ​စောင့်နိုင်ဘူး။ ငါ့ကိုမထားသွားပါနဲ့ကွာ။ နော် ဝသုန် နော်။"

"ခဏပါဘဲကွာ။ ပြန်​တွေ့မှာကို......"

ထို​နေ့က ကျွန်​​တော် ဝသုန်အား မလွှတ်တမ်း တင်းကြပ်စွာဖက်ထားမိသည်။  သူသည်လည်းကျွန်​တော့်အားပြန်ဖက်ထား၏။ ကျွန်​တော်သည်လည်းသူ့ကိုဆုံးရှုံးရ​တော့မယ် ဆိုတဲ့ အသိကြီးကြောင့် လုံးဝ​ကြောက်ရွံ​နေမိသည်။

ထို့​နေ့က မိုးစဲသွား​တော့ကျွန်​တော်လည်း အိမ်သို့ပြန်လာခဲ့ပြီး သူသည်လည်း ယမန်​နေ့များအတိုင်း ရေတိမ်ပိုင်း​လေးထဲသို့ဆင်းသွား၏။ ကျွန်​တော်အိမ်​ရောက်တဲ့အထိ ခြေမကိုင်မိ လက်မကိုင်မဖြစ်​နေ​သေးသည်။ အ​ဒေါ်ဆဲဆိုသံ​တွေလည်း ကျွန်​တော့်မကြား​သေး။ မနက်ဖြန်။ မနက်ဖြန်​တော့သူရှိဦးမှာပါ။

သို့​သော် အကြီးအကျယ်မျှော်လင့်ထား​သောအရာများသည်လည်း တစ်ခါတစ်​လေဖြစ်​မြောက်မလာခဲ့။

***************************************

ယ​နေ့။

ကျွန်​တော်ထိုင်ငို​နေမိသည်။ ယခင်လို ဝသုန်​ရေ လို့​ခေါ်လိုက်လျှင် ဟေ ဆိုပြီးပြန်ထူးတတ်​သော ကောင်​လေးတစ်​ယောက်၏ အသံကိုသူမကြားရ​တော့။ သူ၏ ရင်ခွင်တစ်စုံဟာ တင်းကြပ်​နေ၏။ သူ့အားထားသွားပြန်ပြီ။ သူသံ​ယောစဥ်တွယ်​နေသမျှသူအားလုံး သူ့အားထားသွားတတ်သည်။ ပ​ဖေ၊ အ​မေ ခု ဝသုန်။ အားတင်းထားစမ်းပါ။ ၈လ။ ၈လ​လောက်က​တော့ခန​လေးပါ။ ငါ​စောင့်​နေမှာပါ။

ဥက္ကာသည် စိတ်ထဲတွင်​တော့အားတင်းထား​သော်လည်း မျက်ရည်​တွေက​တော့ ကျ​နေဆဲ။

"ငါမင်းကိုလွမ်း​နေ​တော့မှာ ဝသုန်ရ"

***************************************

ထို​နေ့ပြီးနောက်တစ်​​နေ့တွင် ဥက္ကာ ကမ်းစပ်တွင် သွား​စောင့်နေပါ​သေးသည်။ မိုးများသည်းထန်​နေပါသော်လည်း ဝသုန်ကို သူမ​တွေ့။

၈ လတာကို အားတင်းပြီး သူငယ်ချင်းကို​စောင့်မည်ဟုတ်စိတ်ကူးထား​သော်လည်း ကံဆိုးသည်လား၊ ကံ​ကောင်းသည်လားမသိ။ ထိုသို့ နေတိုင်းထီးတစ်​ချောင်းနဲ့ သွားသွား​​စောင့်​နေရင်း မိုးအကြန်​ဆောင်းအဝင်တွက် ဥက္ကာကို ဒေါ်​လေးက နယ်ကအဘွားအိမ်အားပို့လိုက်၏။ နေစရိတ်၊ စားစရိတ်ကြီးလို့တဲ့​လေ။ အဲ့ကစပြီး ဥက္ကာနဲ့ ဝသုန် မ​တွေ့ရ​တော့​ပေ။ ဥက္ကာသည်လည်း ထိုကမ်းစပ်အားသွားရန် အခွင့်အခါကို​စောင့်​နေ​သော်လည်း အဖွား​၏ ဝေယျာဝစ္စ များ​ကြောင့် မလာဖြစ်​တော့။

***************************************

၁၀နှစ်ခန့် ကြာပြီး​နောက်။

ကမ်းစပ်တွင် အသက်ခပ်လတ်လတ်ပိုင်းအမျိုးသားတစ်​ယောက်က မိုး​ရေထဲတွင်ထီး​လေးကိုင်ရင်း​ ဆွေး​မြေ့လှ​သော မျက်ဝန်းတစ်စုံဖြင့် လှမ်းကြည့်​နေ၏။ ထိုအမျိုးသားသည် တစ်စုံတစ်​ယောက်ကို အားကိုးတစ်ကြီး​မြော်​နေဟန်။

ထို့​နောက် ထို့အမျိုးသား​နောက်မှ အသက်၁၈နှစ်အရွယ်​လောက်​ကောင်​လေးတစ်​ယောက် ဂေါက်ထီးအကြည်​လေး​​ဆောင်းထားရင်း​ရောက်လာ၏။

"ဥက္ကာလား"

ထိုအသံကြားချိန် ယခုနကအမျိုးသားကြီး၏ မျက်ခုံးသည် မြင့်တက်သွား၏။ ထို့​နောက် နောက်သို့ ှည့်ကြည့်လိုက်မိသည်။

"ဝ...ဝသုန်...ငါ ဥက္ကာ​လေ"

ထိုသို့​ပြောအပြီး ထိုအမျိုးသားကြီးက ဝသုန့်အား​ပြေးဖက်လိုက်၏။ ဝသုန်ကလည်း ထိုအမျိုးသားကြီးအား ပြန်ဖက်ဖထား၏။

"မင်းကိုငါကတိ​ပေးခဲ့တယ်​လေ ၈လ​နေရင်ပြန်လာပါမယ်ဆို။ ဘာလို့မ​စောင့်​နေတာလဲ"

လူငယ်​လေးပင်ရှိ​သေး​သောဝသုန်က အမျိုး​ကောင်းသားကြီးဖြစ်​နေပြီဖြစ်​သော ဥက္ကာအား စ​နောက်လိုက်၏။ သို့​သော် ဥက္ကာပြန်မ​ဖြေအား​သေး။ ဝသုန့်အားဖက်ထားရင်းရှိုက်ကြီးတငင်ငို​နေမိသည်။

"ဪ...ဥက္ကာရယ်။ မင်းလည်း အရင်လိုအငိုသန်တုန်းဘဲလားကွ"

"မ..မင်းကအရင်လိုဘဲ ဘာမှမ​ပြောင်း​သေးပါလား"

ဥက္ကာက ဖက်ထားသည်ကိုလွှတ်​ပေးလိုက်ကာ ဝသုန့်ကိုကြည့်ရင်းမယုံသလိုကြည့်လိုက်၏။

"မင်းစိတ်ထဲမှာ ငါ့ကိုဒီတိုင်းသတိရ​​နေလို့ ငါကဒီလိုဘဲဖြစ်​နေတာ​ပေါ့။"

ဝသုန်​ပြောသည်ကိုသူနားမလည်။ သို့​သော် ဝသုန်နဲ့​ပြန်​တွေ့ရတာနဲ့တင် ပျော်ပါသည်။

အရင်ထိုင်​နေကျ ကျောက်​ဆောင်​​လေးက​တော့ ရေတိုက်စားလို့ သေး​သေး​ဘေးသာကျန်​တော့သည်။ ထို့​ကြောင့် အသစ်​ပေါ်​နေ​သော ကျောက်​ဆောင်အသစ်ပေါ်တွင်ထိုင်ကာ ရှေး​ဟောင်း​နှောင်းဖြစ်​တွေ​​ရော ဥက္ကာရဲ့အ​တွေ့အကြုံ​တွေကို အရင်လို ဂေါက်ထီးအကြည်​လေးကို နှစ်​ယောက်အတူ​ဆောင်းရင်း​ပြောဖြစ်ကြတယ်။

"ဥက္ကာရာ မင်းလူ​ကောင်ကြီး ထွားလာတာငါ့ထီးနဲ့မဆန့်​တော့ဘူး။"

"မင်းထီးက​သေးသွားတာပါ။"

တစ်​ယောက်နှင်တစ်​ယောက်စ​နောက်​နေကြ​သေးသည်။ထို့​နောက်တွင် အရင်လို ဝသုန်သည် ဥက္ကာအားမှီထားရင်း၊ ဥက္ကာကလည်း ဝသုန့်ကို ဖက်ထားရင် ပင်လယ်ကြီးကိုကြည့်​နေကြသည်။

ထိုအချိန် မီးပြတိုက်​စောင့် ဦး​လေးကြီးသည် ကျောင်​ဆောင်နားက ဥက္ကာကိုမြင်ပြီး

"ဪ ဒီသူငယ် တစ်​ယောက်ထဲစကား​တွေလာ​ပြောပြန်ပြီဘဲ"

ထို့​နောက်တွင် မီးပြတိုက်​​စောင့်ကြီးသည်လည်း မီးပြတိုက်​ပေါ်ပြန်တက်သွားသည်။ ဥက္ကာသည်လည်း သူ၏ တစ်ဦးတည်း​သောသူငယ်ချင်း​လေး ဝသုန့်အားတစ်စိမ့်စိမ့်ကြည့်​နေသည်။

သို့​သော် သူ၏ တစ်ဦးတည်း​သောသူငယ်ချင်း​လေးသည် သူမှတစ်ပါးမည်သူ မည်ဝါမျှ မသိမမြင်ရရေသာသူဆိုတာ သူမသိခဲ့​ပေ။

မိုးတိတ်ချိန်တွင် ယခင်ကလိုပင် ဝသုန်သည် ရေတိမ်ပိုင်း​လေးထဲသို့ဆင်းသွားပြီး ဥက္ကာသည်လည်း သူ၏​နေရပ်ဌာ​နေသို့ပြန်လာခဲ့သည်။

ဘယ်လိုအရာ​တွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ဝသုန် ဆိုတာ​သူ့အ​တွေးထဲက ဇာတ်​ကောင်​လေးတစ်ခုဆိုတာ ဥက္ကာမသိခဲ့။
.
.
.
.
.

Zawgyi

ကြၽန္​ေတာ္​ေျပး​ေနတယ္။ ကားလမ္း​ေသာ ဘာ​ေသာကြၽန္​ေတာ္မသိ​ေတာ့ဘူး။ ကြၽန္​ေတာ္ သူ႔ဆီ​ေရာက္ဖို႔သာ စိတ္အားထက္သန္​ေနတယ္။ ကားဟြန္းသံေတြနဲ႔ ကား​ေမာင္း​ေနတဲ့သူ​ေတြရဲ႕ ဆဲဆိုသံ​ေတြလည္း ကြၽန္​​ေတာ္ဂ႐ုမစိုက္အား​ေသးဘူး။ ခုခ်ိန္သူကဘဲ ကြၽန္​ေတာ့္အတြက္အ​ေရးႀကီး​ေနတာမို႔...။ သူစီ​ေရာက္ရင္ ကြၽန္​ေတာ့္အတြက္အရာရာ ၿငိမ္းခ်မ္းၿပီ။

ေျခ​ေထာက္ေတြ​ေပါက္ၿပဲၿပီး ေညာင္းညာတဲ့အထိ ေျပးလာၿပီးတဲ့​ေနာက္တြင္ သူဦးတည္ရာ​ေနရာသို႔​ေရာက္ၿပီျဖစ္သည္။ ကမ္းပါး​ေလး။ ထိုကမ္းပါးနားသို႔ ထပ္​ၿပီး​ေျပးသြားျပန္သည္။ အ႐ူးတစ္​ေယာက္လိုဘဲ သူတစ္စုံတစ္​ေယာက္ကိုရွာ​ေနမိတယ္။ ဒါ​ေပမဲ့ မ​ေတြ႕​​ေသးဘူး။

"ဝသုန္.........."

သူသည္အားကုန္သုံးကာ က်ယ္​ေလာင္စြာ​ေအာ္​ေခၚလိုက္​ေသာ္လည္း ျပန္ထူးသံမၾကားရ​ေသး။ ေျပးလာသည့္လမ္းတစ္​ေလွ်ာက္လုံးထိန္းလာသည့္ မ်က္ရည္စတို႔သည္ သူ၏ မ်က္လုံးအိမ္ထဲမွ တစ္လိမ့္လိမ့္က်ဆင္းလာေလသည္။ သူ​၏ ရင္တြင္းမွတင္းၾကပ္​ေနမႈအား သက္သာလိုသက္သာျငား ရင္ဘတ္ကို တစ္ဘုံးဘုံးထုလ်က္​ေအာ္ငို​ေနမိသည္။ သို႔​ေသာ္ သူတမ္းတ​ေန​ေသာ ဝသုန္ဆို​ေသာ ေကာင္​ေလးမွာလည္း အ​ေဝးဆုံးသို႔ထြက္သြားၿပီျဖစ္​ေလသည္။

အတိတ္​ေတြက ခ်ိဳသာ​ေသာ္လည္း ပစၥဳန္ပန္တြင္ လက္မခံႏိုင္လိုက္သည့္ ကိစၥမ်ားသည္ အစီအစဥ္ခ်ထားသလို ျဖစ္ပ်က္သြားၿပီျဖစ္သည္။

အဲ့လိုဆို ခ်ိဳၿမိန္တဲ့ အတိတ္ဆိုတာက​ေရာ...

***************************************

လြန္ခဲ့​ေသာ ၄လခန္႔က

ဇြန္လ၏ ပထမဆုံး​ေသာ မိုးသည္ ၿပိဳင္ဘက္ကင္း​ေအာင္ သည္းထန္စြာ႐ြာသြန္း​ေနသည္။ ျပတင္း​ေပါက္နားမွာထိုင္ရင္း ကြၽန္​ေတာ္၏ အိမ္​တြင္း​ေရး ကိစၥမ်ား​ေၾကာင့္ စိတ္ဓါတ္က်မႈသည္ မိုး​ေၾကာင့္ ပိုၿပီး အသက္ဝင္​ေနသ​ေယာင္...။

"ဟဲ့ ဥကၠာ နင္ဟာ​ေလ အား​ေန ထိုင္​ေနတယ္။ အသုံးကိုမက်ဘူး ေရ​ေလးဘာ​ေလးထဆြဲၿပီး စဥ့္အိုးထဲ ကဲ့ထည့္ပါလား အလကား​ေကာင္"

တစ္ျဗစ္​ေတာက္​​ေတာက္ႏွင့္​ေျပာ​ေန​ေသာ အ​ေဒၚျဖစ္သူအား ကြၽန္​​ေတာ္ စိတ္ပ်က္လက္စြာလွမ္းၾကည့္လိုက္မိသည္။ အလိုမက်မႈ​ေတြျပည့္ႏွက္​ေန​ေသာ သူမသည္ သူမ အလိုမက်မႈမ်ားအား ကြၽန္​ေတာ့္အ​ေပၚသို႔ ေဒါသအျဖစ္ပုံခ်​​ေလသည္။

"ဟဲ့ ဒီ​ေလာက္​ေျပာ​ေနတာကို ထမလုပ္​ေသးဘူးလား ထ​ေလ။"

ပ်င္းတြဲတြဲျဖင္ ကြၽန္​ေတာ့္ထရင္း လက္စြဲသံပုံး​​ေလးအားစြဲကိုင္ရင္း ေရပိုက္မွက်လာ​ေသာ ေရမ်ားခံထား​ေသာ ေက်ာက္​ေရကန္ထဲမွ​​ေရမ်ားအား စြဲရင္း အိမ္ထဲမွ စဥ့္အိုးႀကီးမ်ားထဲသို႔ ကဲ့ထည့္​​​ေနမိသည္။ ကြၽန္​ေတာ့္​ေရကဲ့​ေနရင္း အိမ္​ေရွ႕မွ ကြၽန္​ေတာ့္အ႐ြယ္ ေကာင္​ေလးတစ္သိုက္သည္ စက္ဘီးမ်ားျဖင့္ မိုး​ေရခ်ိဳးရင္း ေဟးလာဝါးလား လုပ္​ေနသည္ကို​ေတြ႕မိသည္။ ခုခ်ိန္ထိ သူငယ္ခ်င္းတစ္​ေယာက္တစ္​ေလ​ေတာင္မရွိ​ေသာ ကြၽန္​ေတာ္သည္ တစ္ခါတစ္​ေလ​ေတာ့သူတို႔လို အ​ေပါင္းအ​ေဖာ္ရွိ​ေသာ သူမ်ားကို​ေတာ့အားက်မိပါသည္။

လက္ထဲက​ေရပုံးအား ဂလုံးကနဲျမည္​ေအာင္လက္ထဲက လႊတ္ခ်လိုက္သည္။ ကြၽန္​ေတာ္မြန္းက်ပ္​ေနၿပီ ကြၽန္​​ေတာ့္ရဲ႕ အခက္အခဲ​ေတြကို တစ္​ေယာက္​ေယာက္ကိုရင္ဖြင့္ခ်င္တယ္။ အခု အရမ္းလည္းခ်မ္း​ေနၿပီ။ ထို႔​ေနာက္ ကြၽန္​ေတာ္ကမ္းပါးနားသို႔​ေျပးသြားသည္။ အ​ေနာက္ကအ​ေဒၚ၏ ေအာ္သံ​ေတြကို ခဏတာလ်စ္လ်ဴရႈထားမိသည္။

ကမ္းပါးနားက ေက်ာက္​​​ေဆာင္တစ္ခု​ေပၚတြင္ ကြၽန္​ေတာ္ ထိုင္ခ်လိုက္သည္။ အသက္ကိုဝ​ေအာင္ရႉကာ "အား" ဟု ေအာ္လိုက္သည္။ ဒီနည္းလမ္းလည္းမဆိုးပါဘူး ရင္ထဲနည္းနည္း​ေတာ့​ေပါ့သြားတယ္။

"ေဟ့ေကာင္ ေအာ္မ​ေနနဲ႔ နားၿငီးတယ္။"

အ​ေနာက္ဘက္မွ အသံၾကား​ေသာ​ေၾကာင့္ ကြၽန္​ေတာ္အလန္႔တၾကားႏွင့္ လွည့္ၾကည့္မိသည္။ ေကာင္ေလးတစ္​ေယာက္။ ကြၽန္​ေတာ့္အ႐ြယ္ဘဲ ထင္သည္။ အက်ႌ​ေရာေဘာင္းဘီပါ အျဖဴ​ျဖစ္ၿပီး ထိုအျဖဴ​ေပၚတြင္ မိုးျပာ​ေရာင္​ အလယ္ခြဲ ဆြယ္တာေလး တစ္ထည္ကို ဝတ္ထား၏။ အၾကည္​ေရာင္ ေဂါက္ထီး​ေလးကို​ေဆာင္းထားရင္း ကြၽန္​ေတာ့္ကိုၾကည့္​ေနသည္။

"မင္းကဘာ​ေတြျဖစ္လာလို႔ဒီမွာလာ​ေအာ္​ေနတာလဲ။ ဘာလဲ။ ေကာင္မ​ေလးနဲ႔ျပတ္လာလို႔လား"

ဒီ​ေကာင္​ေလးကြၽန္​ေတာ့္ကို​ ေမးခြန္း​ေတြဆက္တိုက္​ေမး​ေန​ေသာ္လည္း ကြၽန္​ေတာ္ တစ္ခြန္းမွျပန္မ​ေျဖမိ​ေသး။ သူ႔ကိုသာစိုက္ၾကည့္မိ​ေနသည္။

"ဟာ မိုး​ေတြစို႐ႊဲ​ေနတာဘဲ ထီး​ေလးဘာ​ေလးမ​ေဆာင္းဘူးလား"

ထို​ေကာင္​ေလးက သူ​ေဆာင္းထား​ေသာ ေဂါက္ထီးအၾကည္​ေလးႏွင့္ကြၽန္​ေတာ့္အား အုပ္မိုး​ေဆာင္း​ေပး​ေလ၏။ သူလည္းကြၽန္​ေတာ့္ကိုစိုက္ၾကည့္​ေနသလသလို ကြၽန္​ေတာ္ကလည္း ျပန္ၾကည့္​ေနမိသည္။

"မင္းက ဘာ​ေတြျဖစ္လို႔ ငို​ေနတာလဲကြ။"

ကြၽန္​ေတာ္ထို​ေကာင္​ေလးကိုစိုက္ဘဲၾကည့္​ေနမိတယ္။ ဘာမွ ျပန္မ​ေျပာမိ​ေသးဘူး။ သူက​ေတာ့ကြၽန္​ေတာ့္ကိုၿပဳံးျပ​ေန​ေလရဲ႕။

"မင္းကဘယ္မွာ​ေနတာလဲ"

ထို​ေကာင္​ေလးကြၽန္​ေတာ့္ကိုထပ္​ေမး​ေလတယ္။ ကြၽန္​​ေတာ္ မ်က္ရည္​ေတြ​ေရာ၊ ႏွပ္​ေတြပါ ခပ္ၾကမ္းၾကမ္းဖိသုတ္လိုက္သည္။ၿပီးမွ...။

"အ​ေနာက္ဘက္လမ္းထဲမွာ မင္းက​ေရာဘယ္မွာ​ေနတာလဲ"

"ဪ စကား​ျပန္​ေျပာတယ္ဟ"

ကြၽန္​ေတာ့္စကားျပန္​​ေျပာတာကို​ေပ်ာ္သြားဟန္ျဖင့္ လက္ခုပ္​ေလးထတီးသည္။

"ငါက ဟိုမွာ​ေတြ႕လား ကမ္းစပ္နားက ေရတိမ္ပိုင္း​ေလး။ အဲ့မွာ​ေနတာ။"

ထို​ေကာင္​ေလးက ေရတိမ္ပိုင္း​ေလးအား လက္ညႇိဳးထိုးျပရရင္း သူ​ေနသည့္​ေနရာသို႔​ေျပာျပသည္။ ေရတိမ္ပိုင္းတဲ့။ လူတစ္​ေယာက္က​ေရတိမ္ပိုင္းမွာဘယ္လို​​ေနမလဲ။ ဒီ​ေကာင္​ေလး႐ူး​ေနတာလား။

"အင္း..မင္း​နာမည္က ဘယ္လို​ေခၚလဲ"

"ငါ့နာမည္က..အင္....ဝသုန္..ဟုတ္တယ္။ ငါ့နာမည္ ဝသုန္"

"ငါက ဥကၠာ"

တစ္​ေယာက္ကိုတစ္​ေယာက္မိတ္ဆက္ရင္း ကြၽန္​ေတာ့္ရဲ႕ အခက္အခဲတစ္ခ်ိဳ႕အား သူ႔ကိုရင္ဖြင့္မိသည္။ မိုးသည္လည္း ပို၍သဲသဲမဲမဲကို႐ြာလာ၏။ ကြၽန္​ေတာ့္​ေျပာသည္ကို ေခါင္း​ေလးတစ္ၿငိမ့္ၿငိမ့္ျဖင့္နား​ေထာင္​ေန​ေလ၏။

"ငါခ်မ္းလာၿပီ ျပန္​ေတာ့မယ္ကြာ။ "

"ဟင္ ျပန္​ေတာ့မွာလား"

"အင္း...မနက္ျဖန္လာခဲ့မယ္​ေလ ဘယ္အခ်ိန္လာရမလဲ"

"မိုး႐ြာရင္ငါရွိတယ္။ မိုး႐ြာတဲ့အခ်ိန္မဆို ငါရွိတယ္။"

"အင္းျပန္ၿပီကြာ bye"

ထို႔​ေနာက္ကြၽန္​ေတာ္လည္း လားရာအတိုင္းျပန္လာခဲ့သည္။ ထို​ေန႔ညက ကြၽန္​ေတာ္ အ​ေအးမိ၍ ဖ်ားခဲ့သည္။ သို႔​ေသာ္ တစ္ညလုံး ဝသုန္ဆို​ေသာ ေကာင္​ေလး၏ အ​ေၾကာင္းသာ ေခါင္းထဲႀကီးစိုးခဲ့​ေလသည္။ ထို​ေကာင္​ေလး​ေၾကာင့္ဘဲ ဥကၠာ၏ အိမ္မက္မ်ားလွပခဲ့​ေလသည္။

ထို႔​ေနာက္တြင္မူ မိုး႐ြာတိုင္း ကြၽန္​​ေတာ္ကမ္းနားသို႔အ​ေရာက္သြားသည္။ ဝသုန္နဲ႔ စကား​ေတြအမ်ားႀကီးေျပာျဖစ္သည္။ ဝသုန္ႏွင့္ကြၽန္​ေတာ္ တစ္စတစ္စ ပို၍ ခင္မင္လာခဲ့သည္။ သူ႔အ​ေၾကာင္းကိုကြၽန္​ေတာ္မသိရ​ေသာ္လည္း ကြၽန္​ေတာ့္အ​ေၾကာင္း​ေတာ့သူ​ေတာ္​ေတာ္သိ​ေနၿပီျဖစ္သည္။

ကမ္းစပ္သဲ​ေသာင္သည္လည္း ကြၽန္​ေတာ္တို႔ႏွစ္​ေယာက္ရဲ႕ ကစားကြင္းျဖစ္လာတယ္။ ေမာလာရင္ ေသာင္ျပင္​ေပၚမွာဘဲ​ေမွာက္လွဲ​ေနၾကတယ္။ ကြၽန္​ေတာ္ စိတ္ညစ္စရာမ်ားကို ဝသုန္က စိတ္ဝင္တစားနား​ေထာင္​ေပးရွာတယ္။ တစ္ခါတစ္​ေလ ကြၽန္ေတာ့္အ​ေဒၚကို​ေတာင္ သူကႀကိမ္း​ေနသည္​ေလ။

"ဥကၠာ.."

"အင္း​ေျပာ​ေလ ဝသုန္ရဲ႕"

မိုးဖြဲဖြဲ​ေလး႐ြာ​ေနခ်ိန္ ကြၽန္​ေတာ္သည္ ဝသုန္႔ကိုဖက္ထားကာ သူ​​ေဆာင္းေလ့ရွိ​ေသာ ေဂါက္ထီအၾကည္​ေလးအား အတူတူ​ေဆာင္းထား၏။ ဝသုန္သည္ ကြၽန္​ေတာ့္ရင္ခြင္ထဲသို႔ က​ေလးတစ္​ေယာက္ႏွယ္ တိုးဝင္​​ေန၏။

"မနက္ျဖန္ဆိုမိုးရာသီကုန္ၿပီ​ေလ အဲ့ဒါ ငါျပန္ရ​ေတာ့မယ္။"

"ဘယ္ကိုလဲ ဘယ္ျပန္မွာလဲ။ ငါ့ကိုထားသြားေတာ့ဖို႔လား"

"ဪ ေသခ်ာနား​ေထာင္ပါဦး ၈လတည္းပါကြ။ ေနာင္ႏွစ္မိုးရာသီက်ျပန္​ေတြ႕က်မယ္​​ေနာ္ ကတိ"

ဝသုန္က သူ႔လက္သန္းေလးအား ကတိဆို​ေသာပုံစံျဖင့္

ကြၽန္​ေတာ့္လက္အညးလာခ်ိတ္၏။

"ဟင့္အင္း ဝသုန္ ငါကတိမ​ေပးႏိုင္ဘူး။ ငါ့မွာသူငယ္ခ်င္းဆိုလို႔မင္းတစ္​ေယာက္ဘဲရွိတာ ငါ့ကိုမထားခဲ့ပါနဲ႔ကြာ"

"၈လတည္းပါကြာ။"

"ဟာ...ငါမ​ေစာင့္ႏိုင္ဘူး။ ငါ့ကိုမထားသြားပါနဲ႔ကြာ။ ေနာ္ ဝသုန္ ေနာ္။"

"ခဏပါဘဲကြာ။ ျပန္​ေတြ႕မွာကို......"

ထို​ေန႔က ကြၽန္​​ေတာ္ ဝသုန္အား မလႊတ္တမ္း တင္းၾကပ္စြာဖက္ထားမိသည္။  သူသည္လည္းကြၽန္​ေတာ့္အားျပန္ဖက္ထား၏။ ကြၽန္​ေတာ္သည္လည္းသူ႔ကိုဆုံးရႈံးရ​ေတာ့မယ္ ဆိုတဲ့ အသိႀကီးေၾကာင့္ လုံးဝ​ေၾကာက္႐ြံ​ေနမိသည္။

ထို႔​ေန႔က မိုးစဲသြား​ေတာ့ကြၽန္​ေတာ္လည္း အိမ္သို႔ျပန္လာခဲ့ၿပီး သူသည္လည္း ယမန္​ေန႔မ်ားအတိုင္း ေရတိမ္ပိုင္း​ေလးထဲသို႔ဆင္းသြား၏။ ကြၽန္​ေတာ္အိမ္​ေရာက္တဲ့အထိ ေျခမကိုင္မိ လက္မကိုင္မျဖစ္​ေန​ေသးသည္။ အ​ေဒၚဆဲဆိုသံ​ေတြလည္း ကြၽန္​ေတာ့္မၾကား​ေသး။ မနက္ျဖန္။ မနက္ျဖန္​ေတာ့သူရွိဦးမွာပါ။

သို႔​ေသာ္ အႀကီးအက်ယ္ေမွ်ာ္လင့္ထား​ေသာအရာမ်ားသည္လည္း တစ္ခါတစ္​ေလျဖစ္​ေျမာက္မလာခဲ့။

***************************************

ယ​ေန႔။

ကြၽန္​ေတာ္ထိုင္ငို​ေနမိသည္။ ယခင္လို ဝသုန္​ေရ လို႔​ေခၚလိုက္လွ်င္ ေဟ ဆိုၿပီးျပန္ထူးတတ္​ေသာ ေကာင္​ေလးတစ္​ေယာက္၏ အသံကိုသူမၾကားရ​ေတာ့။ သူ၏ ရင္ခြင္တစ္စုံဟာ တင္းၾကပ္​ေန၏။ သူ႔အားထားသြားျပန္ၿပီ။ သူသံ​ေယာစဥ္တြယ္​ေနသမွ်သူအားလုံး သူ႔အားထားသြားတတ္သည္။ ပ​ေဖ၊ အ​ေမ ခု ဝသုန္။ အားတင္းထားစမ္းပါ။ ၈လ။ ၈လ​ေလာက္က​ေတာ့ခန​ေလးပါ။ ငါ​ေစာင့္​ေနမွာပါ။

ဥကၠာသည္ စိတ္ထဲတြင္​ေတာ့အားတင္းထား​ေသာ္လည္း မ်က္ရည္​ေတြက​ေတာ့ က်​ေနဆဲ။

"ငါမင္းကိုလြမ္း​ေန​ေတာ့မွာ ဝသုန္ရ"

***************************************

ထို​ေန႔ၿပီးေနာက္တစ္​​ေန႔တြင္ ဥကၠာ ကမ္းစပ္တြင္ သြား​ေရာင့္​ေနပါ​ေသးသည္။ မိုးမ်ားသည္းထန္​ေနပါေသာ္လည္း ဝသုန္ကို သူမ​ေတြ႕။

၈ လတာကို အားတင္းၿပီး သူငယ္ခ်င္းကို​ေစာင့္မည္ဟုတ္စိတ္ကူးထား​ေသာ္လည္း ကံဆိုးသည္လား၊ ကံ​ေကာင္းသည္လားမသိ။ ထိုသို႔ ေနတိုင္းထီးတစ္​ေခ်ာင္းနဲ႔ သြားသြား​​ေစာင့္​ေနရင္း မိုးအၾကန္​ေဆာင္းအဝင္တြက္ ဥကၠာကို ေဒၚ​ေလးက နယ္ကအဘြားအိမ္အားပို႔လိုက္၏။ ေနစရိတ္၊ စားစရိတ္ႀကီးလို႔တဲ့​ေလ။ အဲ့ကစၿပီး ဥကၠာနဲ႔ ဝသုန္ မ​ေတြ႕ရ​ေတာ့​ေပ။ ဥကၠာသည္လည္း ထိုကမ္းစပ္အားသြားရန္ အခြင့္အခါကို​ေစာင့္​ေန​ေသာ္လည္း အဖြား​၏ ေဝယ်ာဝစၥ မ်ား​ေၾကာင့္ မလာျဖစ္​ေတာ့။

***************************************

၁၀ႏွစ္ခန္႔ ၾကာၿပီး​ေနာက္။

ကမ္းစပ္တြင္ အသက္ခပ္လတ္လတ္ပိုင္းအမ်ိဳးသားတစ္​ေယာက္က မိုး​ေရထဲတြင္ထီး​ေလးကိုင္ရင္း​ ေဆြး​ေျမ့လွ​ေသာ မ်က္ဝန္းတစ္စုံျဖင့္ လွမ္းၾကည့္​ေန၏။ ထိုအမ်ိဳးသားသည္ တစ္စုံတစ္​ေယာက္ကို အားကိုးတစ္ႀကီး​ေျမာ္​ေနဟန္။

ထို႔​ေနာက္ ထို႔အမ်ိဳးသား​ေနာက္မွ အသက္၁၈ႏွစ္အ႐ြယ္​ေလာက္​ေကာင္​ေလးတစ္​ေယာက္ ေဂါက္ထီးအၾကည္​ေလး​​ေဆာင္းထားရင္း​ေရာက္လာ၏။

"ဥကၠာလား"

ထိုအသံၾကားခ်ိန္ ယခုနကအမ်ိဳးသားႀကီး၏ မ်က္ခုံးသည္ ျမင့္တက္သြား၏။ ထို႔​ေနာက္ ေနာက္သို႔ ွည့္ၾကည့္လိုက္မိသည္။

"ဝ...ဝသုန္...ငါ ဥကၠာ​ေလ"

ထိုသို႔​ေျပာအၿပီး ထိုအမ်ိဳးသားႀကီးက ဝသုန္႔အား​ေျပးဖက္လိုက္၏။ ဝသုန္ကလည္း ထိုအမ်ိဳးသားႀကီးအား ျပန္ဖက္ဖထား၏။

"မင္းကိုငါကတိ​ေပးခဲ့တယ္​ေလ ၈လ​ေနရင္ျပန္လာပါမယ္ဆို။ ဘာလို႔မ​ေစာင့္​ေနတာလဲ"

လူငယ္​ေလးပင္ရွိ​ေသး​ေသာဝသုန္က အမ်ိဳး​ေကာင္းသားႀကီးျဖစ္​ေနၿပီျဖစ္​ေသာ ဥကၠာအား စ​ေနာက္လိုက္၏။ သို႔​ေသာ္ ဥကၠာျပန္မ​ေျဖအား​ေသး။ ဝသုန္႔အားဖက္ထားရင္းရႈိက္ႀကီးတငင္ငို​ေနမိသည္။

"ဪ...ဥကၠာရယ္။ မင္းလည္း အရင္လိုအငိုသန္တုန္းဘဲလားကြ"

"မ..မင္းကအရင္လိုဘဲ ဘာမွမ​ေျပာင္း​ေသးပါလား"

ဥကၠာက ဖက္ထားသည္ကိုလႊတ္​ေပးလိုက္ကာ ဝသုန္႔ကိုၾကည့္ရင္းမယုံသလိုၾကည့္လိုက္၏။

"မင္းစိတ္ထဲမွာ ငါ့ကိုဒီတိုင္းသတိရ​​ေနလို႔ ငါကဒီလိုဘဲျဖစ္​ေနတာ​ေပါ့။"

ဝသုန္​ေျပာသည္ကိုသူနားမလည္။ သို႔​ေသာ္ ဝသုန္နဲ႔​ျပန္​ေတြ႕ရတာနဲ႔တင္ ေပ်ာ္ပါသည္။

အရင္ထိုင္​ေနက် ေက်ာက္​ေဆာင္​​ေလးက​ေတာ့ ေရတိုက္စားလို႔ ေသး​ေသး​ေဘးသာက်န္​ေတာ့သည္။ ထို႔​ေၾကာင့္ အသစ္​ေပၚ​ေန​ေသာ ေက်ာက္​ေဆာင္အသစ္ေပၚတြင္ထိုင္ကာ ေရွး​ေဟာင္း​ေႏွာင္းျဖစ္​ေတြ​​ေရာ ဥကၠာရဲ႕အ​ေတြ႕အႀကဳံ​ေတြကို အရင္လို ေဂါက္ထီးအၾကည္​ေလးကို ႏွစ္​ေယာက္အတူ​ေဆာင္းရင္း​ေျပာျဖစ္ၾကတယ္။

"ဥကၠာရာ မင္းလူ​ေကာင္ႀကီး ထြားလာတာငါ့ထီးနဲ႔မဆန္႔​ေတာ့ဘူး။"

"မင္းထီးက​ေသးသြားတာပါ။"

တစ္​ေယာက္ႏွင္တစ္​ေယာက္စ​ေနာက္​ေနၾက​ေသးသည္။ထို႔​ေနာက္တြင္ အရင္လို ဝသုန္သည္ ဥကၠာအားမွီထားရင္း၊ ဥကၠာကလည္း ဝသုန္႔ကို ဖက္ထားရင္ ပင္လယ္ႀကီးကိုၾကည့္​ေနၾကသည္။

ထိုအခ်ိန္ မီးျပတိုက္​ေစာင့္ ဦး​ေလးႀကီးသည္ ေက်ာင္​ေဆာင္နားက ဥကၠာကိုျမင္ၿပီး

"ဪ ဒီသူငယ္ တစ္​ေယာက္ထဲစကား​ေတြလာ​ေျပာျပန္ၿပီဘဲ"

ထို႔​ေနာက္တြင္ မီးျပတိုက္​​ေစာင့္ႀကီးသည္လည္း မီးျပတိုက္​ေပၚျပန္တက္သြားသည္။ ဥကၠာသည္လည္း သူ၏ တစ္ဦးတည္း​ေသာသူငယ္ခ်င္း​ေလး ဝသုန္႔အားတစ္စိမ့္စိမ့္ၾကည့္​ေနသည္။

သို႔​ေသာ္ သူ၏ တစ္ဦးတည္း​ေသာသူငယ္ခ်င္း​ေလးသည္ သူမွတစ္ပါးမည္သူ မည္ဝါမွ် မသိမျမင္ရေရသာသူဆိုတာ သူမသိခဲ့​ေပ။

မိုးတိတ္ခ်ိန္တြင္ ယခင္ကလိုပင္ ဝသုန္သည္ ေရတိမ္ပိုင္း​ေလးထဲသို႔ဆင္းသြားၿပီး ဥကၠာသည္လည္း သူ၏​ေနရပ္ဌာ​ေနသို႔ျပန္လာခဲ့သည္။

ဘယ္လိုအရာ​ေတြဘဲျဖစ္ခဲ့ျဖစ္ခဲ့ ဝသုန္ ဆိုတာ​သူ႔အ​ေတြးထဲက ဇာတ္​ေကာင္​ေလးတစ္ခုဆိုတာ ဥကၠာမသိခဲ့။





© Yan Shinn,
книга «SHALLOW».
Коментарі