Intro
Part(1)U+Z
Part(2)U+Z
Part(1)U+Z

unicode
.......🖤

"Hey..I Love You.....
Plz:..accept my love.....''ဟုဆိုရင်း
မွန်းတည့်၏ရှေ့တွင်ဒူးထောက်ခါ
ပန်းစည်းပေးလာသော လူငယ်တစ်ယောက်.....

Wow..... wow........👏🏻👏🏻👏🏻
ဖြောင်း.......ဖြောင်း........ဖြောင်းး......
.................................................
များစွာသောလူတို့၏ လက်ခုပ်သြဘာသံတို့က
နားထဲတွင်ပဲ့တင်ထပ်လျက်....
ထိုအသံတို့က မိမိ၏ရှေ့တွင်ဒူးတစ်ဖက်ထောက်ခါ
အဖြေတောင်းရန်ရှိနေသော လူငယ်အား
လက်မခံ ခံအောင်ဖိအားပေးသယောင်......

မွန်းတည့် စိတ်တို့မွန်းကျပ်လာသည်....
သူဟာယောကျာ်းလေးတစ်ယောက်၏
အဖြေတောင်းခြင်းကိုခံနေရသည်......
ဒါဟာဘယ်လိုဝဋ်ငရဲတစ်မျိုးလဲ......
ဒီအခြေအနေပုံစံကြီးကနေ လွတ်မြောက်အောင်....
ဘယ်လိုလုပ်ရမလဲ....

ထိုစဥ်....
မိမိအရှေ့ကလူငယ်ဆီမှ အသံတစ်ခုထွက်လာခဲ့သည်....
"ဦး.....''

မွန်းတည့်ကြောင်အမ်းသွားလေသည်...
ထိုလူငယ်က အသက်၂၅ နှစ်ခန့်သာရှိသေးသော
မိမိအား... ဦး...ဟုခေါ်လိုက်သည် မဟုတ်ပေလား...

"ဦး မြင်မြင်ချင်းအချစ်ဆိုတာယုံလား....
ကျွန်တော်လေ ဦးကိုစတွေ့လိုက်ကတည်း
စွဲလမ်းမိသွားတာ.....
ကျွန်တော့် အချစ်ကိုယုံတယ်မလားဟင်....''

လခွမ်းတဲ့မှပဲ မြင်မြင်ချင်းအချစ်လေးဘာလေးနဲ့
မြင်မြင်ချင်းစွဲလမ်းသွားစေလောက်ရအောင်
ငါက နုနုနယ်နယ်မိန်းကလေးလည်းမဟုတ်ဘူး
ယီးတောင်မှ မယုံဘူးကွာ.....ဟုစိတ်ထဲတွင်
အော်ဟစ်နေမိသည်.........

တကယ့်လက်တွေ့တွင်တော့မည်သည့်အသံမှ
ထွက်မလာခဲ့..

".......''
ထိုလူငယ်ကပင်ဆက်လက်၍စကားဆိုလာလေသည်...

"ဦးကိုဒီမနက် ကျွန်တော်busမှတ်တိုင်တစ်ခုမှာ
တွေ့ခဲ့တာ.....ဦးရဲ့ပုံကအရမ်းကိုအေးချမ်းတယ်
မြင်ရသူအဖို့ကြည်နူးစိတ်တွေဖြစ်စေတယ်...
ကျွန်တော်ဦးကိုမနက်ကထဲက တွေ့တွေ့ချင်း
ချစ်မိသွားတာ......
ဦးကျွန်တော့်ကိုအဖြေပေးပါတော့နော်''

"ဘာ...''ဒီတစ်ခါမှာတော့
မွန်းတည့်ဆီကအသံထွက်လာခဲ့လေတော့သည်.....

"မနက်ကငါ့ကိုစတွေ့တာ ဟုတ်လား...''

လူငယ်မှခေါင်းငြိမ့်ပြလေသည်...

"မနက်ကမှတွေ့တဲ့သူကို
ညနေကျဖွင့်ပြောပြီး အဖြေတောင်းရတယ်လို့.
မင်းနဲ့မှပဲကြားဖူးတော့တယ်....''

"ဟာ..ဦးကလဲ ကိုယ်ကချစ်နေမှန်းသိရင်
ဘာကိုအချိန်ဆွဲနေအုံးမှာလဲ ဖွင့်မပြောဘဲနေရင် အလကားအချိန်ကုန်တာပဲရှိတော့မှာပေါ့...
အလုပ်တစ်ခုကိုအချိန်ဆွဲလုပ်တဲ့အထဲ
ကျွန်တော်မပါဘူး...ဦး....
အဲ့တော့ ဦးလည်းအချိန်မဆွဲပါနဲ့....
ချစ်ရင်ချစ်တယ် ချစ်ရင်ချစ်တယ်တစ်ခုခုတော့
ဖြေပေးခဲ့ဦး.....မြန်မြန်ဖြေနော်ဦး...
ပန်းစည်းကိုလည်းယူပါအုံး လက်တွေလည်းညောင်း
ဒူးတွေလည်းနာလှပြီထောက်ထားရတာ.....''

"ချစ်ရင်ချစ်တယ် မချစ်ရင်မချစ်ဘူးမဟုတ်ဘူးလား
ဘယ်လိုဖြစ်လို့
ချစ်ရင်ချစ်တယ်ချစ်ရင်ချစ်တယ်ဖြစ်နေတာလဲ.....''

"ဟင့်အင်း...မချစ်ဘူးဆိုတာမလိုချင်ဘူး
ချစ်တယ်ဆိုတာပဲလိုချင်တာအာ့ကြောင့်
ချစ်ရင်ချစ်တယ် ချစ်ရင်ချစ်တယ် ပဲ...''

"ထားတော့..မင်းရဲ့logicအဆန်းကြီးတွေ
ငါစိတ်မဝင်စားဘူး....
နောက်ပြီး မင်းကိုငါဒူးထောက်ခိုင်းထားတာလဲ
မဟုတ်ဘူး...မင်းဘာသာထောက်နေတာ....
အဖြေကိုလည်းမျှော်လင့်မနေနဲ့...
ငါကယောကျာ်းလေးတစ်ယောက်အချိန်တန်လို့ အသက်ကြီးလာရင်
မိန်းကလေးတစ်ယောက်ကိုပဲလက်ထပ်မှာ...
အဲ့တော့မင်းဘာသာမင်းစိတ်ကစားသည်ဖြစ်စေ
အတည်ဖြစ်စေ ငါစိတ်မဝင်စားဘူး...sorry par..''
ဟုဆိုကာထိုနေရာမှခပ်သုတ်သုတ်ထွက်လာခဲ့တော့သည်..

နောက်တွင်ကျန်ခဲ့သောလူငယ်
မည်သို့မည်ပုံဖြစ်နေမည်လဲကိုစိတ်မဝင်စားနိုင်တော့...
တစ်သက်နဲ့တစ်ကိုယ် ရည်းစားစကားမပြောနဲ့.
စာတောင်အပေးမခံရဖူးဘူး ခုကျမှအပြောခံရတော့တယ်
ပြောမယ့်ပြောတော့လည်း ကောင်လေးတစ်ယောက်
ပြောတာကိုခံရတယ်....အီး...တော်ပြီမတွေးတော့ဘူး
ဘယ်သူမှန်းမသိတဲ့အဲ့လူငယ်အကြောင်းတွေးရင်
ခေါင်းတွေဖင်တွေ ကျိန်းလာသလိုခံစားရတယ်....
ချီးလိုခံစားချက်ကြီးဟ......

မွန်းတည့် မိမိတိုက်ခန်းကိုသာတန်းတန်းမတ်မတ်ကြီး
ပြန်လာခဲ့လိုက်တော့သည်.....
ဒီနေ့ဖြစ်ခဲ့တဲ့ကြက်သီးထစရာကိစ္စကြီးကို
မေ့ဖျောက်ပစ်ဖို့အတွက် သူရေမိုးချိုးပြီး
အစားများများစားဖို့လိုတယ်.....ဟုတ်တယ်...
အစားများများစားမှမေ့နိုင်မှာ......ဟူးးးးးးးး.....

........................................................................

"ဟား..ဟား..ဟား..
ခွန်းလရောင်လွှမ်း တို့တော့ခံလိုက်ရပြီကွာ...
ဟား...ဟား..ဟား...ဟား.....''

"တစ်သက်နဲ့တစ်ကိုယ် ဒီလို
Play boyအကြီးစားကောင်အငြင်းခံရတာ
ဒီတစ်ခါပဲတွေ့ဖူးတယ် ရှားရှားပါးလေး...ဟား..ဟား...''

"ဟုတ်ပကွာ.....အဲ့တော့ မင်းရှုံးသွားပြီနော် ခွန်း..
ကတိအတိုင်း ညကျ ကလပ်ကိုသွားမယ်
ဒကာခံဖို့သာပြင်တော့....''ဟုတစ်ယောက်တစ်ပေါက်နဲ့
လူကိုဖဲ့လို့ရတုန်းဖဲ့နေသော ငကြောင်တစ်သိုက်အား
ကြည့်ကာ ခွန်းလရောင်လွှမ်းတစ်ယောက်
စိတ်ပျက်လက်ပျက်ဖြစ်လျက်သာ.......

ဟိုလူ့ကိုလဲမကျေနပ်ဘူး ဒီလောက်တောင်ချောမောပြီး
နာမည်ကြီးတဲ့...ကောင်လေးရောကောင်မလေးရော
ကြွေတဲ့သူ့ကို ဒီတစ်ယောက်ကျမှငြင်းရဲတယ်.....
မိန်းကလေးများနှင့်သာအထည်အလဲတွဲတတ်သော
သူ့မှာ သူငယ်ချင်းတို့နှင့်ပြုလုပ်သော
အလောင်းအစားတစ်ခုကြောင့် ထိုလူ့ကို
ရည်းစားစကားပြောကာ အဖြေတောင်းခဲ့သည်....

အမယ်သူက ကိုယ်ပေးတဲ့ပန်းစည်းတောင်မယူ
တစ်ခါတည်းငြင်းလွှတ်ပြီးထွက်သွားတာများ တန်းလို့
ခွန်းလရောင်လွှမ်းဆိုတဲ့သူကလည်း အဲ့လိုခက်ခဲတာတွေမှ
ပိုပြီးလိုချင်တာ.......
ဦး......ခင်ဗျားကျွန်တော့်လက်ကပြေးမလွတ်ပါဘူး
ဦးကကျွန်တော့်အပိုင်ဖြစ်လာစေရမယ်........ဟု
စိတ်ထဲတွင်တေးမှတ်လိုက်သည်....

"သောက်ငတ်တွေ
မစားရမသောက်ရတွေဆိုတော့မင်းတို့ပထွေးကပဲ
သနားသောအားဖြင့်ဒီညဒကာခံလိုက်မယ်....''

"အမယ် မင်းရှုံးလို့ကျွေးရမှာလေဟျောင့်....
ဘာကိုသနားလို့လဲ''

"အေးလေ အေးလေ...သနားတယ်ပဲရှိရသေး''

"ဟုတ်တယ်...ငါကသနားလို့ဒကာခံမှာ
မင်းတို့စောင့်ကြည့်နေလိုက်စမ်းပါ ဒါကခုမှအစရှိသေး
ခွန်းလရောင်လွှမ်းတဲ့ တစ်လွှမ်းတည်းရှိတယ်
လိုချင်တာကိုရအောင်ယူပြမယ် ကြည့်လိုက်..''

သူငယ်ချင်းဖြစ်သူ၏စကားကြောင့်
မင်းခန့်သူ...ဇေယျာနှင့် ကောင်းမင်းမှူးတို့သုံးယောက်
ကြက်သီးမွှေးညှင်းများထသွားလေသည်...
ခွန်းအကြောင်း သူတို့အသိဆုံးမဟုတ်လား
ဒီကောင်ကတစ်ခုခုကိုလိုချင်ရင်
ရအောင်ကိုယူတတ်တယ် မရဘူးဆိုတာမရှိစေရဘူး....
ဟိုအစ်ကိုအတွက်တော့ စိတ်မကောင်းပါဘူးဗျာဟု
သုံးယောက်သား မွန်းတည့်မှူးငယ်အားစိတ်ထဲမှ
မေတ္တာပို့လိုက်သည်....

.......................................................................

"ဗိုင်း..........အား.....''
မွန်းတည့်မှူးငယ် ရေချိုးနေရင်းချော်လဲချေသည်....

"အား...ကျွတ်စ်..ကျွတ်.စ်....ကျွတ်စ်....
နာလိုက်တာ......... အီဆိမ့်သွားတာပဲ........
ဒီနေ့ငါ့အတွက်.......ပြဿဒါးပဲ....ပြဿဒါး....''

ရေချိုးအဝတ်အစားလဲပြီးသည်နှင့်တစ်ပြိုင်နက်
ခြေထောက်တို့က ရေခဲသေတ္တာရှေ့auto
လျှောက်ပြီးသားဖြစ်လေသည်....

ဝမ်းသာအာရနှင့် ရေခဲသေတ္တာကြီးဆွဲဖွင့်လိုက်တော့....
Wow...........စားစရာ.ဘာမှမရှိတော့ဘူး
ကုန်နေပြီဖြစ်လေသည်..........

"ချီးလိုဘဝ.........တောက်စ်....''
မွန်းတည့်တစ်ယောက်ဒေါပွလေပြီဖြစ်သည်.....
အလုပ်မှာလည်း အလုပ်သင်မလို့ဝိုင်းခိုင်းတာခံရတယ်....
အပြန်ကျတော့လည်းလူကြားထဲရည်းစားစကား
အပြောခံရတယ်...
ရေချိုးတော့လဲ ချော်လဲပြန်တယ်.....
ခုဗိုက်ဆာလို့တောင်စားစရာမရှိတော့ဘူး....
သာယာလိုက်တဲ့ငါ့ဘဝ.....ကိုယ့်အဖေကုမ္ပဏီမှာသာ
ဝင်လုပ်လိုက်ရင် အခုလိုတစ်ယောက်ထဲလည်းနေစရာ
လိုတော့မှာမဟုတ်ဘူး......ခုတော့ကိုယ့်ဒူးကိုယ်ချွန်မယ်လို့...
ကြွေးကြော်မိတဲ့ကိုယ့်အပြစ်.........ခံပေတော့....

စိတ်ကညစ်လာသောကြောင့်....
ဒီညတော့သူငယ်ချင်းဖြစ်သူ မင်းမဟာ၏
ဘားကိုသွားကဲရန်ဆုံးဖြတ်လိုက်သည်......

"တူ....တူ....တူ....''မွန်းတည့်ဖုန်းခေါ်လိုက်သည်နှင့်
တစ်ဖက်မှ ချက်ချင်းပင်ပြန်လည်ဖြေကြားလေသည်...

"Hello....မွန်းတည့်...''

"အေး.....မဟာ....
ငါညစ်နေလို့ အဲ့ဒါမင်း ဘားကိုလာမလို့...''

"လာခဲ့လေကွာ....welcomeပဲ...ok''

"လာခေါ်လေကွာ....မဟာကလည်း...''

"အေး....အေး...ငါခုလာခေါ်မယ်...
မင်းစောင့်နေ....၁၀မိနစ်ပဲ...''

"Ok...''

မင်းမဟာတစ်ယောက် သူငယ်ချင်းဖြစ်သူ
မွန်းတည့်ဆီမှဖုန်းရသည်နှင့်သွားခေါ်ရန်ပြင်လေသည်.....

"ကိုယ်......သဲနဲ့မနေဘူးလားကွာ....''

"တော်.....ငါမအားဘူးသွားစရာရှိတယ်...''

"ကိုယ့်သူငယ်ချင်းလောက်တောင်....သဲက
အရေးမပါဘူးလား..ကွာ...''

"အဲ့ဒါကမေးစရာကိုမလိုတာ.....
သူ့လောက်ဘယ်သူမှ အရေးမပါဘူး....အဲ့ဒါမင်းသိထားပါ..
နောက်ပြီးငါ့သူငယ်ချင်းနဲ့လိုက်မယှဥ်နဲ့....ငါမကြိုက်ဘူး
မင်းနဲ့ငါနဲ့ပြတ်ပြီ.....''ဟုဆိုကာ
ဘားအပြင်ဘက်ကိုထွက်ခဲ့တော့သည်....

အမှန်တကယ်ကိုပင်
မင်းမဟာ...ဘဝမှာမွန်းတည့်မှူးငယ်လောက်
ဘယ်သူမှအရေးမပါဘူး......
မွန်းတည့်နဲ့က.uniတက်တုန်းကစသိခြင်းပင်...
အနေအေးသလိုလိုနဲ့ ရှပ်တိရှပ်ပြာနိုင်သော
မွန်းတည့်ကို....သူuni...sec yearလောက်မှ
ချစ်မိနေမှန်းသတိထားမိလေသည်....
ထိုအချိန်တုန်းကဆို...
မိန်းကလေးတွေနဲ့အထည်အလဲတစ်ယောက်ပြီးတစ်ယောက်
တွဲသည်....ဘားတွေ..ကလပ်တွေသွားသည်...
ထိုစိတ်ခံစားမှုကြီးပျောက်သွားမလားဟူသော...
မျှော်လင့်ချက်ဖြင့်...သို့သော်မပျောက်တဲ့အပြင်
ပိုလို့တောင်ခံစားချက်ပြင်းထန်လာလေသည်.......
စာသာတော်မည် ကျန်တဲ့နေရာမတော်သော
မွန်းတည့်မှာ....မိမိကကြိုက်နေကြောင်းကို
အရိပ်ပြလို့အကောင်မမြင်ချေ...
သို့ကြောင့်...ခုချိန်ထိကိုပဲ..မွန်းတည့်ဘေးမှာ
သူငယ်ချင်း တစ်ယောက်အနေဖြင့်သာရှိနေခြင်းပင်..
မွန်းတည့်မှာလည်းရည်းစားသနာမရှိသဖြင့်
မင်းမဟာ...အေးဆေးနေနေခြင်းပင်...
ပြိုင်ဘက်ရှိလာလျှင်တော့...မင်းမဟာဘက်က
မွန်းတည့်ကိုမည့်သို့မျှပင်အဆုံးအရှုံးခံမည်မဟုတ်ပေ...
အချိန်တန်ရင်တော့ဖွင့်ပြောမည်ဖြစ်ပါသည်..
ခုတော့မွန်းတည့်ကိုအေးဆေးနေစေပါအုံးမည်...

.....''တီ...တီ...တီ...''

"ဟိတ်ကောင်...ဟွန်းတွေစွတ်တီးမနေနဲ့
မင်းအဖေက မင်းကိုထွက်စောင့်နေတာကြာပြီ...
ပြောတော့ ၁၀မိနစ်စောင့်တဲ့. .ခုပဲ
၁၅မိနစ်ဖြစ်တော့မယ်....''

"မွန်းတည့်ရာ...မင်းမလဲတွေ့တာနဲ့ရစ်ဖို့ပဲ
လမ်းမှာ မီးပွိုင့်မိနေလို့ပါကွာ...လာ..လာ..တက်..''

ကားပေါ်သို့ဇောင့်ခနဲတက်လိုက်သော
မွန်းတည့်အားကြည့်ပြီး မင်းမဟာတစ်ယောက်
ပြုံးမိချေသည်.....မွန်းတည့်ဟာအသက်သာ၂၅ဖြစ်နေတာ
စိတ်က ကလေးစိတ်.......

ခုလည်း ဘားကိုလာမလို့ကို
လာခေါ်ခိုင်းသည်ဆိုတော့...သူတစ်ခုခုညစ်နေပြီဆိုတာ
အသေအချာပဲ....... ဘားကိုရောက်ရင်
ကော့တေးလေးသောက်ပြီးမူးမယ်...မူးပြီးရင်ရစ်မယ်
နောက်ပြီးအာပြဲကြီးနှင့်ငိုမယ်.......ဒါပဲ....ဒါသူ့အကျင့်....

........................................
........................................

"မင်းမှူး....ဘယ်ကိုမောင်းလာတာလဲကွာ...
ငါတို့သွားနေကျ နေရာလည်းမဟုတ်ဘူး....''

"အေးလေ...ဘယ်နေရာကြီးလဲ...''

ထိုအခါမှကောင်းမင်းမှူးတစ်ယောက်
သူငယ်ချင်းဖြစ်သူတို့အား မျက်နှာချိုသွေးကာ...

"ဟဲဟဲ...ဒီဘားကလေ...ဖွင့်တာမကြာသေးဘူးကွ...
သူတို့စပ်ပေးတဲ့ ယမကာတွေကလည်းတော်တော်ကောင်းတယ်
ကြားတယ်...အဲ့ဒါကြောင့် မင်းတို့ရောက်ဖူးအောင်
ငါခေါ်လာတာ....ဟီး.... ''

"ဒီဘားငါသိသားပဲ....ပိုင်ရှင်ကငါ့အစ်ကိုဟာကြီးကို. ""

ထိုအခါ ကောင်းမင်းမှူးတစ်ယောက်မျက်လုံးအပြူးသားဖြင့်
"ဘာ.....''ဟုအော်လိုက်မိသည်..

"အေးလေ့ ဘာဖြစ်လို့လဲ
ဒါသူ့အစ်ကိုဘားဆိုတော့ ပိုတောင်အဆင်ပြေသေး...''ဟု
ခွန်းလရောင်လွှမ်း ကပါဝင်ပြောလေသည်...

"မင်းအစ်ကိုကလေ ဧ..ဧကန္တ က်ိုမင်းမဟာတော့
မဟုတ်ပါဘူးနော်....''

"သေချာတာပေါ့....အဲ့ဒါငါ့အစ်ကို''

"ဟာ..သွားပါပြီ...အဲ့..အဲ့ဒါကလေ
မင်းတို့ကိုငါပြောပြောပြနေတဲ့
ငါစိတ်ဝင်စားနေမိတယ်ဆိုတဲ့ သူကွ...''

"ဘာ....''သုံးယောက်သားတစ်ပြိုက်နက်
အသံထွက်လာလေသည်...

"တကယ်ကြီးလား....''ဟုခွန်းကမေးလေတော့

"အင်း...တကယ်ကြီးကွ...
ငါအဲ့အစ်ကိုကို တကယ်စိတ်ဝင်စားနေတာ
ယောက်ဖလေးကူညီမယ်မလား''

"ချီးတောင်မကူဘူးဟိတ်ကောင်...
မင်းဘာသာကြိုးစားပေါ့...''ဟုမင်းခန့်သူက
ပြန်ပြောလေသည်.....

"လာကွာစကားများမနေနဲ့တော့....အထဲကို
ဝင်ကြရအောင်...'' ဟုဇေယျာကဆိုလေတော့
လေးယောက်သား ဘားထဲသို့ဝင်လာလိုက်သည်...

.......................................................................

"ဟာ...ဟိတ်..ဟိတ်...တော်တော့မွန်းတည့်ရာ
မင်းဟာက ကော့တေးသောက်ပြီးမူးရမ်းနေတာပဲ..''

"ဘာ...ရဲ...မင်းတ....နာ့ကိုငိုငင်တာရား..
ဟမ်...ဟိတ်တောင်...ငိုငင်တာရားရို့...''

"မငြိုငြင်ပါဘူးကွာ..မငြိုငြင်ပါဘူး....
ငါကမင်းကိုစိတ်ပူလို့ပါ...ခါတိုင်းဆို မင်းဘာဖြစ်လို့
စိတ်ညစ်တယ်ဆိုတာမင်း ပြောပြတယ်လေ
ခုကျမင်းကမပြောဘဲစွတ်သောက်နေတော့ ငါကစိတ်ပူ
လို့ပါ....''

"အေ့...ပြောပြမယ်...နားထောင်...
နာလေ စိတ်ညစ်လို့ဆိုပြီးအစားစားမလို့ကို
ရေခဲသေတ္တာထဲဘာတွေ့ဝူး....ပြောင်နေရာပဲ.....''

"အော်.....ဟား...ဟားးး.ဟား...
မွန်းတည့် မင်းကလေတော်တော်ပဲကွာ....''
မင်းမဟာ သူ့ရှေ့မှာကော့တေးသောက်ပြီးမူးနေသော
မွန်းတည့်အားသဘောတွေကျနေတော့သည်....
တကယ့်ကို ကလေးလေးအတိုင်းပဲ....
စိတ်တောင်မချတော့ဘူး........

ထိုစဥ်...မွန်းတည့်မှာကော့တေးခွက်အားကိုင်မြှောက်ကာ
တစ်နေရာသို့လှမ်းပစ်လိုက်လေသည်.....

"ခွပ်...''
"အား....''
"ဘယ်ကောင်လုပ်တာလဲကွ.....သတ္တိရှိရင်လာပြီး
ပေါ်တင်လုပ်ကွ...''ဟုခွန်းတစ်ယောက်ဒေါသတကြီး
ဆိုလေတော့သည်....

ကောင်းမင်းမှူးနှင့်မင်းခန့်သူတို့ကကောင်တာမှာ
သောက်စရာနှင့်အမြည်းမှာနေသဖြင့်
ဇေယျာနှင့်ခွန်းတို့က စာပွဲဝိုင်းတွင်ထိုင်စောင့်နေခြင်းပင်
စားပွဲမှာထိုင်နေတော့ နောက်ဘက်ကနေ
ခေါင်းတည့်တည့်အားဖန်ခွက်ဖြင့်ပစ်ပေါက်ခြင်း
ခံလိုက်ရသည်....

ဘေးမှဇေယျာကလည်းခွန်းရဲ့ဒေါသနှင့်
လက်ရဲဇက်ရဲနိုင်မှုကိုသိသူပီပီ
"ဟိတ်ကောင်...စိတ်လျော့ပါကွာ...
မှန်း...ကြည့်ရအောင်မင်းခေါင်းကို...ပြ...ပြ''ဟုပြောနေသည်..

"မွန်းတည့်မှူးငယ် တို့ကတော့မွှေလိုက်ရင်အကြီးကြီးပဲ..
ဟိတ်ကောင်...သူများခေါင်းကိုမှန်သွားပြီကွ...''
ထိုအခါမှ မွန်းတည့်တစ်ယောက်မျက်လုံးပြူး
မျက်ဆံပြူးဖြင့်.....

"ဟင်...ဟင်...ဘယ်..ဘယ်သူ့ကိုထိသွားတာလဲ
ငါ..ငါတော့ပြသနာတက်ပြီထင်တယ်...''

"တက်ပြီဆိုတာအသေအချာပဲ
ဟိုမှာကြည့်မင်းဆီလာနေပြီ...''
.မင်းမဟာညွှန်ပြရာသို့ ကြည့်လိုက်တော့
သူ့ဆီကိုဒေါသတကြီးလာနေပါသော
ကောင်လေးနှစ်ယောက်...အဲသူထက်တော့ထွားတယ်

မွန်းတည့်တစ်ယောက်ကြောက်ကြောက်ဖြင့်ခေါင်းကြီးသာ
ငုံ့နေချေတော့သည်......
မင်းမဟာမှာလည်းမွန်းတည့်အားကြည့်ခါ
အသည်းတစ်ယားယားဖြစ်နေချေသည်...
ဒီလူသားက ကြောက်တတ်တာလွန်ပါရောလား
သူပြသနာတက်ရင်မထိခိုက်အောင် ကာကွယ်ပေးမယ့် မင်းမဟာ
တစ်ယောက်လုံးရှိသည်ကို သူမသိလေရော့လား....

"ဒီမှာ...''

"ပြော..ညီ...''

"ကျွန်တော့်ခေါင်းကိုဖန်ခွက်နဲ့ပစ်လိုက်တာဘယ်သူလဲ
ကျွန်တော်ကျောပေးသလိုဖြစ်နေတာကဒီတစ်ဝိုင်းပဲရှိတာ
ခေါင်းနောက်ကိုအပေါက်ခံရတာဆိုတော့ ခင်ဗျားတို့ဝိုင်းကပဲ
ဖြစ်ရမယ်....ခင်ဗျားတို့နှစ်ယောက်ထဲကဘယ်သူလဲ...''

ခွန်းလရောင်လွှမ်း တစ်ယောက်စွတ်ဟောက်နေတော့သည်..

"နေပါအုံးဟိုတစ်ယောက်က
ဘာလို့ခေါင်းကြီးငုံ့နေတာလဲအော်...သိပြီ...
ကျွန်တော့်ကိုခွက်နဲ့ပေါက်တာခင်ဗျားမလား''

"ကိုယ့်သူငယ်ချင်းမဟုတ်ပါဘူး...ကိုယ်ပေါက်မိတာပါ...''

"အာ့ဆို...ခင်ဗျားသူငယ်ချင်းကဘာလို့ခေါင်းငုံ့နေလဲ
သူပေါက်တာလို့ပဲကျွန်တော်ထင်တယ်...
ဒီမှာကြည့်နောက်စိကွဲသွားပြီ...သွေးတောင်ထွက်နေတယ်
မြင်လား...''

မင်းမဟာကြည့်လိုက်တော့ အမှန်ပင်ထိုကောင်လေး
ခေါင်းကနောက်စိပေါက်ကာသွေးများပင်ထွက်နေချေသည်..

"ကိုယ်တောင်းပန်တယ်ညီ...ကိုယ်မင်းကို
ဆေးခန်းပြပေးမယ်....ဆေးဖိုးလည်းပေးပါ့မယ်...''

"ဘာဗျ...ကျွန်တော်ကဆေးဖိုးလိုချင်လို့လာပြောနေတယ်
ထင်နေလားခင်ဗျား....ရတယ်လေ ခင်ဗျားခေါင်းကိုလည်း
ခွက်နဲ့သွေးထွက်အောင်ပေါက်မယ်...
ဆေးဖိုးကျွန်တော်လျော်မယ်... အဲ့လိုဖြစ်လား...''ဟုဒေါသ
တကြီးပြောလည်းပြော လက်ကလည်းရှေ့ကလူရဲ့ကော်လံစကိုဆွဲလိုက်လေသည်...

ထိုစဥ်...

"ငါ့သူငယ်ချင်းကိုလွှတ်လိုက်
အဲ့ဒါငါမူးပြီးပေါက်လိုက်မိတာ...ငါတောင်းပန်ပါတယ်''
ဟုပြောကာမွန်းတည့်ခေါင်းကြီးငုံ့နေရာမှ
မော့လာခဲ့တော့သည်....

ခွန်းလရောင်လွှမ်း
စောစောကခေါင်းငုံ့နေသောသူထံမှအသံကြားဖြင့်
ကြည့်မိတော့ ထိုသူကခေါင်းကိုတစ်ဖြည်းဖြည်း
မော့လာလေသည်........

"ဟင်....ဦး...''
"ဟိုကောင်...''
နှစ်ဦးသားဆီမှ အသံတစ်ပြိုင်နက်ထွက်လာလေသည်.....

နှစ်ယောက်သားအံ့သြမှုများဖြင့်
တစ်ယောက်နှင့်တစ်ယောက် ကြောင်ကြည့်နေမိသည်....

မွန်းတည့်စိတ်ထဲမှာတော့
ဘုရား...ဘုရား... ငယ်ထိပ်တည့်တည့်မြွေပေါက်..
နွေခေါင်ခေါင်မိုးကြိုးပစ် ဆိုတာတွေထက်ဆိုးပါလား
ဒီကောင့်ကိုမှ ခွက်နဲ့ပေါက်မိတယ်လို့....ဟူ၍...

ဟာ...ကံကြမ္မာက ကျွန်တော့်ဘက်ပါတာပဲ ဦးရေ...
ဦးကိုကျွန်တော်ရှာစရာမလိုပဲ ဦးကကျွန်တော့်ဆီ
ရောက်လာပါရောလား...brave yourselfပါ
ဦးရေ....ဒီကကောင်ကဦးဆီကအချစ်ကို
အရယူတော့မှာမလို့.......

"ဦး...ကျွန်တော့်ကိုခွက်နဲ့ဘာလို့ပေါက်တာလဲ
ကျွန်တော့်ကိုအဲ့လောက်တောက်မုန်းနေတာလား...''ဟုဆိုရင်း
မျက်နှာက ပြိုတော့မယ့်မိုးလိုဖြစ်လာသောကောင်လေးကြောင့်
မွန်းတည့် ကပျာကယာပင်စကားဆိုလိုက်သည်.....

"မဟုတ်...မဟုတ်ပါဘူး...ငါက
မင်းကိုပစ်လိုက်တာမဟုတ်ဘူး..ဒီတိုင်းခွက်ကိုလွှတ်ပစ်တာ
မင်းကိုထိသွားတာ....ငါကမင်းမှန်းတောင်မသိပါဘူး..''

ဟူး...မင်းမှန်းသိရင်ခွက်နဲ့မဟုတ်ဘူး ပုလင်းနဲ့ပစ်မှာ
ဟူသောစကားကိုတော့စိတ်ထဲတွင်သာပြောလိုက်သည်....

"ဦးကကျွန်တော်မှန်းသိရင်
ပုလင်းနဲ့ပစ်လိုက်ပါတယ်လို့တွေးနေတာမလား...
အဟင့်...''

"ဟင်...ဘယ်..ဘယ်လိုသိ....
အဲ.....မ.....မတွေးပါဘူး''

"တွေ့လားတွေ့လားဦးတွေးနေတာအသိသာကြီး
ဘယ်လိုသိလဲလို့ပြန်မေးနေပုံအရဆို...''

"အဲ..မဟုတ်ပါဘူးကွာ...''
ခွန်းတစ်ယောက် မရှိရှိသောမျက်ရည်များကိုညှစ်ထုတ်ပြီး
တရှုံ့ရှုံ့ငိုဟန်ပြုနေလေသည်.....

ဇေယျာမှာတော့ ပါးစပ်ကြီးအဟောင်းသားဖြင့်.သူငယ်ချင်းဖြစ်သူအား
ကြည့်နေချေသည်.......

မင်းမဟာမှာလည်း
ထိုကောင်လေးနှင့်မွန်းတည့်ကဘယ်လိုပတ်သတ်တာလဲ
ဘာတွေလဲဟုအသည်းအသန်စဥ်းစားနေသည်...

သူ့ကိုထိုးလားကြိတ်လားလုပ်တော့မယ့်သူက
မွန်းတည့်ကိုလည်းတွေ့ရော...
ကလေးတစ်ယောက်လိုတစ်ရှုံ့ရှုံ့ငိုပြနေသည်လေ
ခေါ်တဲ့နာမ်စားကလည်း....ဦး...တဲ့....
ဘာလဲငါ့အတွက်ပြိုင်ဘက်ဆိုတာရှိလာပြီလား
မွန်းတည့်ကိုဖွင့်ပြောသင့်တဲ့အချိန်ရောက်လာပြီလား....

ထိုစဥ်ကောင်းမင်းမှူးနှင့်မင်းခန့်သူတို့နှစ်ယောက်ကပါ
ရောက်လာလေသည်....
ကလေးလိုငိုနေသောသူငယ်ချင်းဖြစ်သူအားတွေ့ကာ
ဆံပင်ထောင်ကြက်သီးတွေထကုန်တော့သည်...

"What the hell...
ခွန်းလရောင်လွှမ်း..ငယ်မူပြန်သွားတာလား....''ဟူ၍
တွေးမိသောကြောင့်ပင်....

"ဟိတ်..ဟိတ်. မ.. မငိုနဲ့လေ...
ငါ.ဘာလုပ်ပေးရမလဲပြော...''

ဟား..ဟား..ဦးကသူ့ဂွင်ထဲဝင်လာခဲ့လေပြီ.....

"ကျွန်တော်ခေါင်းကနာနေတယ်..
အဲ့ဒါ..ဦးဆေးခန်းလိုက်ပို့ပေးမယ်မလား...''

"ဟင်...ငါ..ငါ.လိုက်ပို့ရမှာလား...''

"ဟုတ်...''

"ပြီး..ပြီးရောကွာ..လိုက်ပို့မယ်..''

.......

"မွန်းတည့်တစ်ယောက်ထဲလိုက်မပို့နဲ့
ငါပါလိုက်ပို့မယ်...''

"နေပါစေ မဟာရာ
ငါ့ကိစ္စ ငါပဲရှင်းလိုက်ပါ့မယ်ကွာ....မင်းကိုအားနာလို့''

"အားနာစရာမလိုဘူးမွန်းတည့်.ငါကမင်းသူငယ်ချင်းလေ
နောက်တစ်ခါအားနာတယ်ဆိုတဲ့စကားမပြောနဲ့...''

"အေးပါကွာ အေးပါ
ခုတော့ငါပဲလိုက်ပို့လိုက်ပါ့မယ်...ဟုတ်ပြီလား...''

"အေးပါ...ပြီးရော...''

မင်းမဟာ ဘားထဲမှထွက်သွားသောမွန်းတည့်နှင့်
သူစိမ်းကောင်လေးအားလိုက်ကြည့်နေမိချေသည်...
ရင်ထဲမှာလည်းလေးလံလျက်...
ဘာလို့..တန်ဖိုးအရှိဆုံးအရာဆုံးရှုံးရတော့မယ်လို့
ခံစားနေရပါလိမ့်.....

"ကိုကြီး...''

"ဟင်...ခန့်သူ...မင်းဘယ်လိုလုပ်ရောက်နေတာ...''

"စောစောကတည်းကရောက်နေတာ
ခေါင်းကွဲသွားတဲ့သူက ကျွန်တော့်သူငယ်ချင်းလေ...''

"အော်......''

"ကိုကြီး...ဒါကကျွန်တော့သူငယ်ချင်း
ဇေယျာနဲ့ကောင်းမင်းမှူး...စောစောကတစ်ယောက်က.
ခွန်းလရောင်လွှမ်းတဲ့....''..

"အော်...အေးကွာ...
တွေ့ရတာဝမ်းသာပါတယ် ကိုယ့်နာမည် မင်းမဟာပါ
မင်းခန့်သူရဲ့အစ်ကိုပေါ့...''

"ဟုတ်အစ်ကို...''

"ဒါနဲ့ကောင်းမင်းမှူး...ညီ့ကို ကိုယ်အပြင်မှာတွေ့ဖူး
သလားလို့....''

"အစ်ကိုမမှတ်မိဘူးနဲ့တူတယ်...
ကျွန်တော်တို့ကော်ဖီဆိုင်မှာတွေ့ဖူးတယ်လေ...''

မင်းမဟာသေချာပြန်စဥ်းစားကြည့်တော့
ဟိုးတစ်နေ့တုန်းကကော်ဖီဆိုင်မှာ သူ့ကိုဝင်တိုက်သွားတဲ့
ချာတိတ်...သူ့ကော်ဖီအေးတွေလဲ ကိုယ့်အပေါ်ပေကုန်ရောပဲ
တောင်းပန်စကားလေးတစ်ခွန်းနှစ်ခွန်းဆိုပြီး
အပြင်ကိုပြေးထွက်သွားရောပဲ...
"အော်..ဟိုချာတိတ်ပဲ
မှတ်မိပြီ....''

"ဟီးဟီး...အဲ့နေ့ကလေ အစ်ကို့ကိုသေချာ
မတောင်းပန်လိုက်ရဘူး....ကျွန်တော်အလျင်လိုနေလို့..
နောက်မှတောင်းပန်တဲ့အနေနဲ့ ကျွန်တော်တစ်ခုခု
လိုက်ကျွေးပါရစေ...မိတ်ဖြစ်ဆွေဖြစ်ပေါ့''

မင်းမှူးထိုသို့ပြောလိုက်တော့
ဇေယျာနဲ့ခန့်သူတို့က သိနေတယ်နော်ဟူးသော
အကြည့်ကြီးများဖြင့်ကြည့်လာသည်....

"ရပါတယ်....ကိစ္စမရှိပါဘူး
အစ်ကို့ညီရဲ့သူငယ်ချင်းဆိုတော့ အစ်ကို့ညီပဲပေါ့ကွာ. ""

"ဟုတ်... ''
စိတ်ထဲမှာတော့
ကျွန်တော်ကအစ်ကို့ညီမဖြစ်ချင်ဘူး...
အစ်ကိုချစ်ရတဲ့သူဖြစ်ချင်တာ....စောစောက
အစ်ကို့သူငယ်ချင်းကိုမွန်းတည့်ကို အစ်ကိုကြည့်နေတဲ့
မျက်ဝန်းတွေက အချစ်တွေအပြည့်ပါလားအစ်ကို...
ကျွန်တော်နောက်ကျသွားပြီလား......
ကျွန်တော်ကြိုးစားခွင့်တော့ရှိသေးတယ်မလား...အစ်ကို..
.ဟူ၍ .............

.................။................။.................။.................

အားလုံးပဲ ဝေဖန်အားပေးကြပါအုံးရှင့်
....Sandyရဲ့oc ficလေးပါ....

Sandy💜(22.10.2020)


Zawgyi
.......

"Hey..I Love You.....🖤

Wow..... wow........
.................................................

ဘယ်လိုလုပ်ရမလဲ....

ထိုစဉ်....
"ဦး.....''


စွဲလမ်းမိသွားတာ.....

အော်ဟစ်နေမိသည်.........

ထွက်မလာခဲ့..

".......''

ချစ်မိသွားတာ......

"ဘာ...''ဒီတစ်ခါမှာတော့



"မနက်ကမှတွေ့တဲ့သူကို

ကျွန်တော်မပါဘူး...ဦး....

ဘယ်လိုဖြစ်လို့


ငါစိတ်မဝင်စားဘူး....



........................................................................

"ဟား..ဟား..ဟား..
ဟား...ဟား..ဟား...ဟား.....''




ပိုပြီးလိုချင်တာ.......

"သောက်ငတ်တွေ

ဘာကိုသနားလို့လဲ''



မေတ္တာပို့လိုက်သည်....

.......................................................................

"ဗိုင်း..........အား.....''



ကုန်နေပြီဖြစ်လေသည်..........

"ချီးလိုဘဝ.........တောက်စ်....''
အပြောခံရတယ်...



"Hello....မွန်းတည့်...''

"အေး.....မဟာ....


"လာခေါ်လေကွာ....မဟာကလည်း...''

"အေး....အေး...ငါခုလာခေါ်မယ်...

"Ok...''




အရေးမပါဘူးလား..ကွာ...''


အမှန်တကယ်ကိုပင်
ဘယ်သူမှအရေးမပါဘူး......
ထိုအချိန်တုန်းကဆို...

.....''တီ...တီ...တီ...''

၁၅မိနစ်ဖြစ်တော့မယ်....''


စိတ်က ကလေးစိတ်.......


........................................
........................................


"အေးလေ...ဘယ်နေရာကြီးလဲ...''


ငါခေါ်လာတာ....ဟီး.... ''


"ဘာ.....''ဟုအော်လိုက်မိသည်..

"အေးလေ့ ဘာဖြစ်လို့လဲ

"မင်းအစ်ကိုကလေ ဧ..ဧကန္တ ကျိုမငျးမဟာတော့
မဟုတ်ပါဘူးနော်....''



အသံထွက်လာလေသည်...


"အင်း...တကယ်ကြီးကွ...

ပြန်ပြောလေသည်.....


.......................................................................



လို့ပါ....''


"အော်.....ဟား...ဟားးး.ဟား...
စိတ်တောင်မချတော့ဘူး........


"ခွပ်...''
"အား....''
ဆိုလေတော့သည်....

ခံလိုက်ရသည်....


မျက်ဆံပြူးဖြင့်.....



ငုံ့နေချေတော့သည်......

"ဒီမှာ...''

"ပြော..ညီ...''





မြင်လား...''




ထိုစဉ်...

မော့လာခဲ့တော့သည်....

ခွန်းလရောင်လွှမ်း
မော့လာလေသည်........

"ဟင်....ဦး...''
"ဟိုကောင်...''


နွခေါင်ခေါင်မိုးကြိုးပစ် ဆိုတာတွေထက်ဆိုးပါလား

အရယူတော့မှာမလို့.......


"မဟုတ်...မဟုတ်ပါဘူး...ငါက


အဟင့်...''

"ဟင်...ဘယ်..ဘယ်လိုသိ....
အဲ.....မ.....မတွေးပါဘူး''


"အဲ..မဟုတ်ပါဘူးကွာ...''

ကြည့်နေချေသည်.......

မင်းမဟာမှာလည်း


ရောက်လာလေသည်....

"What the hell...
တွေးမိသောကြောင့်ပင်....

"ဟိတ်..ဟိတ်. မ.. မငိုနဲ့လေ...
ငါ.ဘာလုပ်ပေးရမလဲပြော...''




"ဟုတ်...''


.......

ငါပါလိုက်ပို့မယ်...''

"နေပါစေ မဟာရာ


"အေးပါကွာ အေးပါ

"အေးပါ...ပြီးရော...''

ခံစားနေရပါလိမ့်.....

"ကိုကြီး...''



"အော်......''


"အော်...အေးကွာ...

"ဟုတ်အစ်ကို...''

သလားလို့....''


"အော်..ဟိုချာတိတ်ပဲ
မှတ်မိပြီ....''




"ဟုတ်... ''
စိတ်ထဲမှာတော့
.ဟူ၍ .............

.................။................။.................။.................

....Sandyရဲ့oc ficလေးပါ....

Sandy💜(22.10.2020)





© May Thingyan (Sandy),
книга «ဂျစ်တူးချစ်သောဦးငယ်».
Коментарі