Part 1
Part 1
မိုးတဖွဲဖွဲရွာသွန်းသောနေ့တနေ့ဝယ် London မြို့၏လမ်းမပေါ်တွင် ရဲအရာရှိများအလုပ်ရှုပ်နေကြသည်။ အကြောင်းကား အခြားမဟုတ်...ဆိုင်တစ်ဆိုင်အားဓားပြတိုက်နေသောကြောင့် တားဆီးပြစ်ခတ်ရာမှ တခြားဆိုင်တွေပါမီးလောင်ကုန်ကြခြင်း။
သက်ဆိုင်ရာရဲအချိူ့က ဆိုင်ပိုင်ရှင်တွေကိုရဲဥာန၌ဖြေရှင်းပေးနေစဥ် ကောင်လေးတစ်ယောက်မှာအလွန်ဒေါသထွက်နေသည်။

"ဟေ့လူ!!
ခင်ဗျားတို့အရာရှိဘယ်မှာလဲ?"

"ရဲမှူးကမအားဘူး အထဲမှာမြို့စားမင်းနဲ့စကားပြောနေတယ်"

"သူများဆိုင်ကိုမီးလောင်အောင်လုပ်ပြီးတော့မှမအားရအောင် ဘယ်နားသွားသေနေတာလဲ!!!"

ရှိစု၊မဲ့စုဖြင့်ဖွင့်ထားသောအရုပ်ဆိုင်လေးမီးလောင်သွားသောကြောင့် ဒေါသများပွင့်ထွက်ကုန်သည်။ ချွေးတွေနဲ့ချောတာကြောင့် ချွေးသုပ်ရန် မျက်မှန်ကိုခဏချွတ်ကာ ထိုင်ခုံတွင်ထိုင်စောင့်နေလိုက်သည်။
ဒီတိုင်းသာဆို Uncle vernon ဆီမှာပိုက်ဆံသွားချေးရဦးမှာပဲ။ Harry စိတ်တိုလွန်းလို့ ရဲမှူးရဲ့ရုံးခန်းထဲပြေးဝင်လိုက်ချင်တယ်။

"ခင်ဗျားတို့ရဲမှုူးက အခုချိန်ထိမလာနိုင်သေးဘူးလား"

"သူအစည်းအဝေးလုပ်နေတယ်"

ထိုရုံးခန်းရှေ့တွင်စောင့်နေသော လုံခြုံရေးနှစ်ဦးက Harry အားမဝင်ရန်တားဆီးနေသည်။ သူများဆိုင်တွေပျက်စီးသွားတာကိုသူတို့ပဲအေးဆေးအစည်းအဝေးလုပ်နိုင်တယ်။Harry စိတ်မထိန်းနိုင်တော့ပဲ လုံခြုံရေးနှစ်ဦးရဲ့ ဂျိုင်းအောက်ကပြေးဝင်တော့သည်။ ခန္ဓာကိုယ်ကသေးသေးလေးမို့ အလွယ်တကူဝင်လို့ရသွားတယ်။

"ခင်ဗျားလား ရဲမှူး!!"

အစည်းအဝေးစားပွဲရဲ့ထိပ်ဆုံးမှာထိုင်နေသောလူအား Harry ဒေါသတကြီးပြောဆိုနေသည်။ ထိုလူကဘာမှမတုန့်ပြန်။ လက်အိတ်ဖြူဝတ်ထားတဲ့လက်နှစ်ဖက်ကိုယှက်ကာ အသာအယာစကားဆိုသည်။

"မင်းပြဿနာကိုငါသိတယ်
ဒီကိစ္စကိုဖြေရှင်းဖို့ငါဆွေးနွေးနေတယ်"

ထိုအစည်းအဝေးစားပွဲတွင်လူသုံးယောက်ထိုင်နေကာ ဘေးနားမှလူများမှာအသက်ကြီးကြီးဖြင့် ခပ်ဝဝလူကြီးတွေသာဖြစ်သည်။
ထိုလူကမူ အနေအထိုင်အေးဆေးလွန်းပြီး အသံကတမင်လုပ်ပြောစရာမလိုတဲ့ သြဇာညောင်းသောအသံ။

"ဆွေးနွေးတယ် ဟုတ်လား?
ကျွန်တော့်ဆိုင်တစ်ဆိုင်လုံးမီးလောင်သွားတကို ဆွေးနွေးနေတုန်လား!!!"

"အရှေ့ကအစောင့်တွေဘာလုပ်နေတာလဲ!!"

ဘေးနားကခပ်ဝဝနဲ့လူကြီးက Harry ကိုဆွဲထုတ်ရန်အော်နေသည်။
Harry ဂရုမစိုက်ပဲထိုလူအနားနားထိသွားကာ မျက်နှာကိုစေ့စေ့ကြည့်ပြီး လက်သီးပြင်းပြင်းနဲ့ထိုးချလိုက်သည်။

"ခွပ်!!
ခင်ဗျားလိုရဲမှူးမျိူးသေတာပဲအေးတယ်"

"ဟေ့ မင်းဘာလုပ်လိုက်တာလဲ!!!
မြို့စားမင်းကိုထိုးရဲတယ်!!!"

"ဟင်!!"

Harry ရုတ်တရက်ထွက်ပြေးပါသော်လည်း စခန်းရှေ့မှာတင် အနက်ရောင်ဝတ်စုံတွေဝတ်ထားတဲ့ လူနှစ်ဦးကပိတ်ရပ်ထားသည်။
သူတို့ရဲ့သခင်အမိန့်ကိုစောင့်နေတဲ့ပုံပဲ။

သိပ်မကြာလိုက်...။
စခန်းထဲမှထိုမြို့စားဆိုတဲ့လူထွက်လာပြီး Harry ကိုကြည့်နေသည်။ သူ့မျက်နှာကိုထိုးတဲ့အတွက် လက်စားချေတော့မဲ့အကြည့်မျိုး။နှုတ်ခမ်းထောင့်စွန်းကသွေးတွေကိုလက်နဲ့သုတ်လိုက်တာကြောင့် လက်အိတ်ဖြူပေါ်မှာ နီရဲလျက်။

"ဘာလုပ်လိုက်ရမလဲ မင်းသား"

"ခေါ်လာခဲ့!"

"ကျွန်...ကျွန်တော်တောင်းပန်ပါတယ်
ကျွန်တော့်ကိုထောင်ထဲမထည့်ပါနဲ့"

ကားပေါ်တက်တော့မဲ့ သူ့ရဲ့လက်မောင်းကိုဖမ်းဆွဲထားကာ တောင်းပန်စကားကိုနှုတ်မှအကြိမ်ကြိမ်ရွတ်ဆိုနေသည်။ ထိုလူက တချက်တောင်လှည့်မကြည့်။ သူ့လက်ကိုရုန်းလိုက်ချိန်မှာပဲ Harry ခေါင်းကိုတစ်ခုခုနဲ့ရိုကိခံရသလိုဖြစ်ပြီး သတိလစ်သွားသည်။

"သူ့ကိုအိမ်တော်ကိုခေါ်သွားမလို့လား မင်းသား"

"မင်းကဘယ်ကိုခေါ်သွားချင်လို့လဲ?"

"မ..မခေါ်ပါဘူး"

"ကားပေါ်တင်လိုက်"

"ဟုတ်ကဲ့"

လူတွေနဲ့ထိတွေ့ရမှာမုန်းလို့ လက်အိတ်ဖြူအမြဲဝတ်ထားခဲ့ပေမဲ့ အဲ့ကောင်လေးလက်သီးနဲ့ထိုးတာကိုတော့ ပထမဆုံးအကြိမ်မမုန်းမိဘူး။ဒါကြောင့်ပဲ အိမ်တော်ကိုခေါ်လာခဲ့တယ်။ မြို့စားကိုလက်သီးနဲ့ထိုးရဲတယ်ဆိုတော့ သတ္တိကတော့ဘယ်ခေလိမ့်မလဲ။
အိမ်တော်ကိုသွားရာလမ်းမှ ကောင်းကင်ကငေးမောကြည့်ရင်း Severus ထိုကောင်လေးအကြောင်းစဥ်းစားနေသည်။ သူ့နာမည်ကိုတော့ အိမ်တော်ရောက်မှပဲမေ့ရတော့မယ်။

(A/N-အဆင်ပြေလား😂)



Zawgyi

[Zawgyi]
မိုးတဖြဲဖြဲ႐ြာသြန္းေသာေန႔တေန႔ဝယ္ London ၿမိဳ႕၏လမ္းမေပၚတြင္ ရဲအရာရွိမ်ားအလုပ္ရႈပ္ေနၾကသည္။ အေၾကာင္းကား အျခားမဟုတ္...ဆိုင္တစ္ဆိုင္အားဓားျပတိုက္ေနေသာေၾကာင့္ တားဆီးျပစ္ခတ္ရာမွ တျခားဆိုင္ေတြပါမီးေလာင္ကုန္ၾကျခင္း။
သက္ဆိုင္ရာရဲအခ်ိဴ႕က ဆိုင္ပိုင္ရွင္ေတြကိုရဲဉာန၌ေျဖရွင္းေပးေနစဥ္ ေကာင္ေလးတစ္ေယာက္မွာအလြန္ေဒါသထြက္ေနသည္။

"ေဟ့လူ!!
ခင္ဗ်ားတို႔အရာရွိဘယ္မွာလဲ?"

"ရဲမႉးကမအားဘူး အထဲမွာၿမိဳ႕စားမင္းနဲ႔စကားေျပာေနတယ္"

"သူမ်ားဆိုင္ကိုမီးေလာင္ေအာင္လုပ္ၿပီးေတာ့မွမအားရေအာင္ ဘယ္နားသြားေသေနတာလဲ!!!"

ရွိစု၊မဲ့စုျဖင့္ဖြင့္ထားေသာအ႐ုပ္ဆိုင္ေလးမီးေလာင္သြားေသာေၾကာင့္ ေဒါသမ်ားပြင့္ထြက္ကုန္သည္။ ေခြၽးေတြနဲ႔ေခ်ာတာေၾကာင့္ ေခြၽးသုပ္ရန္ မ်က္မွန္ကိုခဏခြၽတ္ကာ ထိုင္ခုံတြင္ထိုင္ေစာင့္ေနလိုက္သည္။
ဒီတိုင္းသာဆို Uncle vernon ဆီမွာပိုက္ဆံသြားေခ်းရဦးမွာပဲ။ Harry စိတ္တိုလြန္းလို႔ ရဲမႉးရဲ႕႐ုံးခန္းထဲေျပးဝင္လိုက္ခ်င္တယ္။

"ခင္ဗ်ားတို႔ရဲမႈူးက အခုခ်ိန္ထိမလာႏိုင္ေသးဘူးလား"

"သူအစည္းအေဝးလုပ္ေနတယ္"

ထို႐ုံးခန္းေရွ႕တြင္ေစာင့္ေနေသာ လုံၿခဳံေရးႏွစ္ဦးက Harry အားမဝင္ရန္တားဆီးေနသည္။ သူမ်ားဆိုင္ေတြပ်က္စီးသြားတာကိုသူတို႔ပဲေအးေဆးအစည္းအေဝးလုပ္ႏိုင္တယ္။Harry စိတ္မထိန္းႏိုင္ေတာ့ပဲ လုံၿခဳံေရးႏွစ္ဦးရဲ႕ ဂ်ိဳင္းေအာက္ကေျပးဝင္ေတာ့သည္။ ခႏၶာကိုယ္ကေသးေသးေလးမို႔ အလြယ္တကူဝင္လို႔ရသြားတယ္။

"ခင္ဗ်ားလား ရဲမႉး!!"

အစည္းအေဝးစားပြဲရဲ႕ထိပ္ဆုံးမွာထိုင္ေနေသာလူအား Harry ေဒါသတႀကီးေျပာဆိုေနသည္။ ထိုလူကဘာမွမတုန႔္ျပန္။ လက္အိတ္ျဖဴဝတ္ထားတဲ့လက္ႏွစ္ဖက္ကိုယွက္ကာ အသာအယာစကားဆိုသည္။

"မင္းျပႆနာကိုငါသိတယ္
ဒီကိစၥကိုေျဖရွင္းဖို႔ငါေဆြးေႏြးေနတယ္"

ထိုအစည္းအေဝးစားပြဲတြင္လူသုံးေယာက္ထိုင္ေနကာ ေဘးနားမွလူမ်ားမွာအသက္ႀကီးႀကီးျဖင့္ ခပ္ဝဝလူႀကီးေတြသာျဖစ္သည္။
ထိုလူကမူ အေနအထိုင္ေအးေဆးလြန္းၿပီး အသံကတမင္လုပ္ေျပာစရာမလိုတဲ့ ၾသဇာေညာင္းေသာအသံ။

"ေဆြးေႏြးတယ္ ဟုတ္လား?
ကြၽန္ေတာ့္ဆိုင္တစ္ဆိုင္လုံးမီးေလာင္သြားတကို ေဆြးေႏြးေနတုန္လား!!!"

"အေရွ႕ကအေစာင့္ေတြဘာလုပ္ေနတာလဲ!!"

ေဘးနားကခပ္ဝဝနဲ႔လူႀကီးက Harry ကိုဆြဲထုတ္ရန္ေအာ္ေနသည္။
Harry ဂ႐ုမစိုက္ပဲထိုလူအနားနားထိသြားကာ မ်က္ႏွာကိုေစ့ေစ့ၾကည့္ၿပီး လက္သီးျပင္းျပင္းနဲ႔ထိုးခ်လိုက္သည္။

"ခြပ္!!
ခင္ဗ်ားလိုရဲမႉးမ်ိဴးေသတာပဲေအးတယ္"

"ေဟ့ မင္းဘာလုပ္လိုက္တာလဲ!!!
ၿမိဳ႕စားမင္းကိုထိုးရဲတယ္!!!"

"ဟင္!!"

Harry ႐ုတ္တရက္ထြက္ေျပးပါေသာ္လည္း စခန္းေရွ႕မွာတင္ အနက္ေရာင္ဝတ္စုံေတြဝတ္ထားတဲ့ လူႏွစ္ဦးကပိတ္ရပ္ထားသည္။
သူတို႔ရဲ႕သခင္အမိန႔္ကိုေစာင့္ေနတဲ့ပုံပဲ။

သိပ္မၾကာလိုက္...။
စခန္းထဲမွထိုၿမိဳ႕စားဆိုတဲ့လူထြက္လာၿပီး Harry ကိုၾကည့္ေနသည္။ သူ႔မ်က္ႏွာကိုထိုးတဲ့အတြက္ လက္စားေခ်ေတာ့မဲ့အၾကည့္မ်ိဳး။ႏႈတ္ခမ္းေထာင့္စြန္းကေသြးေတြကိုလက္နဲ႔သုတ္လိုက္တာေၾကာင့္ လက္အိတ္ျဖဴေပၚမွာ နီရဲလ်က္။

"ဘာလုပ္လိုက္ရမလဲ မင္းသား"

"ေခၚလာခဲ့!"

"ကြၽန္...ကြၽန္ေတာ္ေတာင္းပန္ပါတယ္
ကြၽန္ေတာ့္ကိုေထာင္ထဲမထည့္ပါနဲ႔"

ကားေပၚတက္ေတာ့မဲ့ သူ႔ရဲ႕လက္ေမာင္းကိုဖမ္းဆြဲထားကာ ေတာင္းပန္စကားကိုႏႈတ္မွအႀကိမ္ႀကိမ္႐ြတ္ဆိုေနသည္။ ထိုလူက တခ်က္ေတာင္လွည့္မၾကည့္။ သူ႔လက္ကို႐ုန္းလိုက္ခ်ိန္မွာပဲ Harry ေခါင္းကိုတစ္ခုခုနဲ႔႐ိုကိခံရသလိုျဖစ္ၿပီး သတိလစ္သြားသည္။

"သူ႔ကိုအိမ္ေတာ္ကိုေခၚသြားမလို႔လား မင္းသား"

"မင္းကဘယ္ကိုေခၚသြားခ်င္လို႔လဲ?"

"မ..မေခၚပါဘူး"

"ကားေပၚတင္လိုက္"

"ဟုတ္ကဲ့"

လူေတြနဲ႔ထိေတြ႕ရမွာမုန္းလို႔ လက္အိတ္ျဖဴအၿမဲဝတ္ထားခဲ့ေပမဲ့ အဲ့ေကာင္ေလးလက္သီးနဲ႔ထိုးတာကိုေတာ့ ပထမဆုံးအႀကိမ္မမုန္းမိဘူး။ဒါေၾကာင့္ပဲ အိမ္ေတာ္ကိုေခၚလာခဲ့တယ္။ ၿမိဳ႕စားကိုလက္သီးနဲ႔ထိုးရဲတယ္ဆိုေတာ့ သတၱိကေတာ့ဘယ္ေခလိမ့္မလဲ။
အိမ္ေတာ္ကိုသြားရာလမ္းမွ ေကာင္းကင္ကေငးေမာၾကည့္ရင္း Severus ထိုေကာင္ေလးအေၾကာင္းစဥ္းစားေနသည္။ သူ႔နာမည္ကိုေတာ့ အိမ္ေတာ္ေရာက္မွပဲေမ့ရေတာ့မယ္။

(A/N-အဆင္ေျပလား😂)














© No Bel Myint Myat,
книга «My Half-Blood Prince».
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (2)
It's me cherry
Part 1
အဆင်ပြေပါတယ်နော် 😁😁 ဘုမသိဘမသိ ဂျပုနဲ့တော့ခက်ပီ 😆😆
Відповісти
2020-10-18 18:16:55
1
Blue_Flame Blue_Flame
Part 1
ေျပတယ္ ေျပတယ္... ^^
Відповісти
2020-10-22 12:45:56
1