မျတ်နှာဖုံးများဖြင့် နေထိုင်ခြင်း
ကဝေဖြူအတွက်ကဗျာ
မြို့သို့အဝင်
ကဝေဖြူအတွက်ကဗျာ
ကဝေဖြူအတွတ်ကဗျာ

ပက်ပက်စက်စက်ပြောပစ်လိုက်စမ်းပါ ကဝေဖြူ
နေမသာ လမသာ ဘ၀မသာတဲ့ 
ငါ့ကဗျာတွေကို

တယုတယမဟုတ်တောင်
ကဲ့ ရဲ့ ၇ုံသက်သက်ဖတ်မယ်ဆိုရင်ပဲ
ငါ့ ဒူးလည်းထောက်၊ ခေါ်င်းလည်းငုံ
နူတ်ဆိတ်နေလိုက်ပါ့မယ်.................။

ငါ့မှာ
နမ်းချင်ပေမယ့်
နွမ်းမှာလည်းစိုး
စိုးထိတ်လျှက် လွမ်းစိတ်တတ်ပြီး
ကဗျာချည်းပဲ စပ်ခဲ့ မိပါတယ် ကဝေဖြူ.ရယ်.......................။

လရိပ်မှာကနေတဲ့ 
နင့်အရိပ်တွေကို ငါမလိုတာမဟုတ်
သံယောဇဉ်ရှုပ်မှာ ကြောက်မိလို့ 
နောက်ကျောဘက်မှာ ပုန်းခိုခဲ့ ၇သူပါကွယ်​။
က​ဝေဖြူရယ်​.......
နင့်စုဆောင်းထားတဲ့  ငါ့ကဗျာလေးတွေမှာ
အသက်ရှိတာကြောင့် သူတို့ မွှန်းမှာစိုးတယ်ဟယ်
ဒါကြောင့်
လသာတဲ့  ခပ်မြင့်မြင့်မှာပဲထားပေးပါလား ကဝေဖြူရယ်...............
ဒါမှမဟုတ်
ငါကြိတ်မျှော်နေရတဲ့ 
နင့်နှလုံးသားလေးပေါ်
တင်ထားလိုက်ပါတော့လားကွယ်.........။
2013
မင်းဆက်ဝေ


© Minsetwai (Moe sept ang),
книга «နတ်သမီးတည်တဲ့မြို့».
မြို့သို့အဝင်
Коментарі