Part1(U+Z)
Part2(U+Z)
Part2(U+Z)

ဟင်း ။
အပေါ်ထပ်တက်သွားသော အမဖြစ်သူကိုကြည့်ကာ တိမ်လွှာငယ် သက်ပြင်းချ လိုက်သည်ကို တေးသွားမောင်က ရယ်သည် ။

"ဘာရယ်တာလဲ "

"ဘာမှမဟုတ်ပါဘူးကွာ ငယ်က ငယ်ငယ်လေးနဲ့ သက်ပြင်းတွေ ချနေလို့ ပြုံးမိတာပါ "

အခုပဲ အသံထွက်ပြီး ရယ်နေတာကို ဆရာက ပေါ်တင်ကြီး လိမ်နေတာပဲ ၊

"ကဲပါငယ်ရယ် မျက်မှောင်ကြီးကုတ်မနေတော့နဲ့ ၊ ငယ်ရဲ့ မမက ပင်ပန်းလာလို့နေမှာပါ အရမ်းကြီးလည်း စိတ်ပူမနေပါနဲ့ "

"ဒါပေမဲ့... "

"ဒါပေမဲ့ မနေတော့နဲ့ ငယ်လည်း ပင်ပန်းလာမှာပဲ သွားနားတော့လေ ကိုယ်ပဲ ပန်းကန်တွေ သန့်ရှင်းရေး လုပ်လိုက်မယ် "

"ရပါတယ် ဆရာရဲ့ ငယ်လုပ်ကူပါ့မယ် "

ငယ်က စားပြီးသား ပန်းကန်တွေကို ယူကာ ဘေစင်ရှိရာသယ်သွား၏။ ကျန်တဲ့ ပန်းကန်တချို့ကို တေးသွားမောင်က သယ်လာပေးသည် ။

"ဒါနဲ့ ငယ် နောက်လထဲမှာ ကိုယ်နဲ့ ငယ့်အမ လက်ထပ်ကြတော့မှာ သိတယ်မလား "

"သိတယ်လေ ဆရာရဲ့ ဘာလို့ အထူးအဆန်းလာပြောနေတာလဲ "

"မကြာခင် မိသားစုဝင်ဖြစ်လာတော့မှာကို ဘယ်အချိန်ထိ ဆရာလို့ခေါ်နေအုံးမှာလဲ ငယ် ၊ ပြီးတော့ ကိုယ်က ငယ့်ကို စာသင်ပေးနေတော့တာလည်းမဟုတ်ဘူး "

"ဟုတ်သားပဲ ပါးစပ်အကျင့်ပါနေလို့ ဒါဆို ဘယ်လိုခေါ်ရမလဲ "

"ငယ် ခေါ်ချင်သလို ခေါ်လို့ရပါတယ် ဆရာမဟုတ်ရင်ပြီးတာပဲ "

ပန်းကန်တွေကို ရေဖြင့်ဆေးနေရင်းမှ ငယ်က စဥ်းစားနေဟန်ပြုကာ

"မမနဲ့ ပတ်သက် တာဆိုတော့ ငယ့်ထက်လည်းကြီးတယ် အဲ့တော့ အကို လို့ခေါ်မယ်လေ ဘယ်လိုလဲ "

"အင်း ငယ့်သဘောပဲ ၊ ပေး ကိုယ်ဆေးလိုက်မယ် ငယ်က ဆေးပြီးသားပန်းကန်တွေကို အဝတ်နဲ့ ခြောက်အောင် သုတ်လိုက်ပေါ့ "

ဘေစင်ကနေ ငယ် ဖယ်ပေးလိုက်ပြီး သွက်လက်စွာဆေးကြောနေသော ပန်းကန်တွေကို တချပ်စီ ငယ်က သေချာ လေး အဝတ်သန့်သန့်ဖြင့်သုတ်သည် ။

"အကို ငယ် တခုလောက်မေးလို့ ရမလာ "

"အင်း မေးလေ ငယ်ရဲ့ "

အင်းသာပြောတယ် တေးသွားမောင်က ငယ့်ဘက်ကို တချက်တောင်လှည့်မကြည့် ။ လုပ်လက်စ ကိုသာ ကြည့်၍ ဆက်လုပ်နေသည် ။ ပန်းကန်ဆေးနေတာ ပြောင်ရှင်းနေပြီး သပ်ရပ်သော အကိုက မမနဲ့ ထိုက်တန်သည်ဟု ငယ့်စိတ်ထဲ တွေးမိသည် ။

"အကို မမကို ချစ်လာ "

"ဟင် "

ဒီတခါတော့ အကိုက အံ့သြစွာငယ့်ဘက်ကို လှည့်လာခဲ့သည် ။

"ဘာလို့မေးတာလဲငယ်ရဲ့ "

"ဘာလို့မှမဟုတ်ပါဘူး ဒီအတိုင်းသိချင်လာလို့ အကို မမကို ချစ်လို့ လက်ထပ်တာလားဟင် "

"ဟားဟား. ... ငယ်ရယ် ကိုယ်က အမှန်တိုင်းပြောလိုက်ရင် ငယ်က ငယ့်မမနဲ့ သဘောမတူတော့ရင် ဘယ်လို လုပ်မလဲ "

"အာ မဟုတ်တာ အကိုနဲ့ မမက သဘောမတူစရာ ဘာရှိလို့လဲ မမကလည်း အကို့ကို သဘောကျတယ် "

"အင်း "

သက်ပြင်းချ တာလိုလို ထောက်ခံတာလိုလို အကို့ရဲ့ လေသံက သိပ်မသဲကွဲ။

"အကို မမကို .."

"သဘောကျပါတယ် ၊ ကြယ်စင်က မိန်းမကောင်းပီသတယ် ၊ ထက်မြတ်တယ် ၊ နားလည်မှု လည်း ပေးနိုင်စွမ်းရှိတယ် ၊ ခေတ်မီ ပညာတက်လည်းဖြစ်ပြီး ရဲရင့်တယ် ၊အမှားအမှန်ကိုလည်း အတက်နိုင်ဆုံး စိတ်အေးအေးနဲ့ ဖြေရှင်းတက်ပြန်တယ် ၊ ဒါတွေက ကိုယ် သူ့ကို ရွေးချယ်ခဲ့ရတဲ့အကြောင်းအရင်းတွေပဲ သေချာတယ် ကြယ်စင်က ကိုယ့်အတွက် လက်တွဲဖော်ကောင်းတယောက် ၊ အိမ်ထောင်ဖက်ကောင်းတယောက်ဖြစ်လာမှာပါ ။ တကယ်လို့ ဒါကို အချစ်လို့ ခေါင်းစဉ် တပ်မယ်ဆိုရင်လည်း ဖြစ်တယ် "

"အကိုကလည်း အဲ့တာ တွေက ချစ်တာမှ မဟုတ်တာကိုပဲ ၊အချစ်ဆိုတာက အဲ့လူအနားမှာ နေ နေရရင် ပျော်မယ် ၊ သူနဲ့ပတ်သက်ပြီး ရင်ခုန်မယ် စိတ်လှုပ်ရှားမယ် ..."

"ဝိုး ဝိုး ၀ိုး ငယ်က အချစ်အကြောင်းတွေ နောကြေနေတာပဲ ဘာလဲ အချစ်တွေ့နေပြီလား "

"မဟုတ်ပါဘူး အကိုကလည်း စာအုပ်တွေ ထဲမှာ ဖတ်ရတာလေ အဟီး ၊ ဘာပဲဖြစ်ဖြစ် စကားလမ်းကြောင်းတော့မလွှဲနဲ့ အကိုကော အမနဲ့ အတူရှိချိန်တွေဆို ပျော်လာ "

"အင်း ပျော်တယ် ၊ ကိုယ်တို့ လက်ထပ်ပြီးတဲ့ အချိန်ကျရင် ကိုယ်ရယ်၊ ငယ်ရယ် ၊ ကြယ်စင်ရယ် အတူ နေ ရမယ်ဆိုတဲ့အကြောင်း တွေးကြည့်ရုံနဲ့ ကြည်နူးစရာကောင်းတယ် "

အကိုက ပန်းကန်တွေ အိုးတွေ ဆေးလို့ပြီးတော့ အဝတ်သန့်သန့်တခုယူကာ ငယ့်ကို ကူညီနေပြန်သည် ။ ငယ်ကသာ စပ်စုပြီး တခုတောင် ပြောင်အောင် သုတ်လို့မပြီးသေးတာ ။

"ငယ်က ဘာလို့ ပါလာရတာလဲ "

"ကြယ်စင့်အတွက် ငယ်က မရှိမဖြစ်လေ ၊ အဲ့တော့ ကိုယ့် လက်တွဲဖော် ရဲ့ အရေးပါတဲ့ အရာတွေဟာ ကိုယ့်အတွက် အလိုလို နေရင်းကို အရေးပါလာပြီးသား "

မမကို ထိုမျှလောက်အထိ တန်ဖိုးထားတက်သော အကို့ကို ငယ် သဘောအကျကြီးကျသည် ။ စာသင်ခဲ့တဲ့ အချိန်တွေထဲက ငယ့်ကို ညီလေးအရင်းတယောက်လို တပည့်တယောက်လို ဂရုဏာထားကာ သေချာ သင်ကြားပေးခဲ့သည် ။ ဆယ်တန်းဖြေပြီးတော့ ဆရာနဲ့ မတွေ့ရတော့ဘူးလို့ တွေးမိတော့ ငယ် ဝမ်းနည်းမိခဲ့သေးသည် ။
နောက်မှ မမနဲ့ တွဲနေတယ် ဟု ကြားတော့ ငယ်တို့ မောင်နှမ ဘဝထဲကို ဝင်လာသော တေးသွားမောင် ဟူသည့် ဆရာ နှင့် အရင်ကထက် ရင်းနှီး လာခဲ့ကြသည် ။

"ပြီးပြီပဲ ငယ် ၊ အပေါ် သွားကြတော့မလား "

"ဟုတ် သွားကြမယ်လေ အကိုလည်း ကားမောင်းရတဲ့သူဆိုတော့ ပင်ပန်းမှာပေါ့ "

အကိုက ခေါင်းညိတ်ပြီးတေည့ နှစ်ယောက်အတူ အပေါ်ထပ် အနားယူရန် အတူ စကားပြောရင်း တက်လာခဲ့ကြသည် ။

"ကြယ်စင့်အခန်းတံခါး ပွင့်နေပါလား ငယ် ၊ အရမ်းပင်ပန်းပြီး ပိတ်ဖို့မေ့သွားတယ်ထင်တယ် ငယ် သွားပိတ်ပေးလိုက်ပါအုံး "

အခန်းတွေရှေ့ ရောက်တော့ မမအခန်းက လူတယောက် ဝင်စာလောက် တံခါးက ဟ နေသည် ကြောင့် အကိုက ငယ့်ကို သွားပိတ်ခိုင်းသည် ။ အမှန်မှာ အိပ်မောကျနေသော မိန်းကလေး အခန်းမို့ အကိုက သူသွားပိတ်ပေးရန်မသင့်တော်သည်ကြောင့် ဖြစ်မှန်း ငယ်ရိပ်မိပါသည် ။
ငယ်လည်း ဘာမှပြောမနေပဲ မမအခန်းကို ခေါင်းလျှိုကြည့်မိတော့ ပက်လက် အနေအထားနဲ့ မမက အိပ်မောကျနေသည်ပဲ ။
ဘယ်လောက်တောင် ပင်ပန်းနေလိုက်မလဲ ။

အသံမမြည်စေရန် အခန်းတံခါးကို ခပ်ဖွဖွလေးပိတ်လိုက်သည် ။ ထို့နောက် အကိုနဲ့ အပြန်အလှန် နှုတ်ဆက် စကားဆိုကာ အခန်းတွေကိုယ်စီထဲ ဝင်လာခဲ့လိုက်ကြသည် ။

****************

တေးသွားမောင် အိပ်ပျော်နေရာမှ လွန့်လူးလာသည် ။ တစုံတခုနဲ့ လုံးထွေးနေသလို ပင် ။ သို့သော် သူ့ဆီမှ ဘာအသံမှထွက်မလာချေ ။ ဘေးလူတယောက်ကသာ မြင်ခဲ့လျှင် အိမ်မက်ယောင်နေတာဟု ထင်ကောင်းထင်နေနိုင်သည် ။ တကယ် ဟုတ်မဟုတ် ဆိုတာကိုတော့ သူကိုယ်တိုင်သာ သိလိမ့်မည် ။

အချိန်ခဏလေးအတွင်းမှာပဲ အနိုင်ရရှိသွားသော ကစားသမားတယောက်လို နှုတ်ခမ်းတို့က ပြုံးရောင်သမ်းလာသည် ။ ပွင့်မလာသော မျက်လုံးတို့နှင့် နှုတ်ခမ်းမှ အပြုံးတို့က အေးစက်နေခဲ့သည် ။ လက်နှစ်ဖက်ကို ဘေးကို ချကာ မျက်စိတို့ က ဖျက်ခနဲ ပွင့်ဟလာသည် ။
ငါးစက္ကန့်လောက် နီရဲသွားသော မျက်စိတစုံ ဟာ ကြောက်မက်ဖွယ်ရာအတိ ။ မျက်တောင်တချက်ခတ်လိုက်တော့ နဂိုအတိုင်း ပြန်ဖြစ်သွား ၏ ။ ထို့နောက် အိပ်ယာထက်မှ ထထိုင်လိုက်သည် ။ အိပ်ယာထက်မှ ထကာ အခန်းအပြင်ထွက်လာခဲ့ပြန်သည် ။ တလှမ်းစီသွားနေသော်လည်း သူ့ရဲ့ ခန္ဓာ ကိုယ်ဟာ အိပ်မောကျနေသော သူတယောက် လို (သို့မဟုတ် ) နာမ်ဝိဉာဥ်မပါလာသော သူတယောက်လို ။

ဒေါက်.. . ဒေါက် ။
သူ့အခန်းနှင့် မနီးမဝေးသော အခန်းတခါး တခုကို နှစ်ချက် ခေါက်လိုက်သည် ။ အထဲက ဘာသံမှ မလာခဲ့ ။

ဒေါက် ဒေါက် ဒေါက်
နောက် သုံးချက် ထပ်ခေါက်တော့ အခန်းထဲက လူတယောက် တံခါးဖွင့်ကာ ထွက်လာသည် ။

................

ဒေါက် .. ဒေါက် ။
အိပ်ရေးပါးလွန်းသည်မဟုတ်သော်လည်း အခန်းတံခါး ခေါက်သံဟာ နှစ်ချက်ထဲ ဆိုပေမယ့် ငယ်ကို လှုပ်နှိုးနေသလို ခံစားရစေသည် ။ မျက်စိဖွင်ကာ သေချာနားထောင်မိတော့ ဘာသံမှ မကြားရတော့ ၊

နားကြားမှားတာပဲနေမှာပါ...

ပြန်အိပ်မယ် ကြံတော့ နောက်ထပ် တံခါးခေါက်သံ သုံးချက် တိတိကို ကြားလိုက်ရသည် ။ အိပ်ယာထဲက ထကာ တံခါးဆွဲဖွင့်မိတော့ အကိုပဲ ။

"ဟာ အကို ဘာကိစ္စ.... အင့် "

အခန်းတံခါး ဖွင့်ပေးလိုက်ပြီး ဘာကိစ္စလဲ တောင် မမေးရသေး အကိုက ငယ့်ကိုယ်လုံးလေးကို ထွေးပွေ့ကာ နှုတ်ခမ်းတို့ကို ငုံထွေးလာခဲ့သည် ။

ဘယ်လိုအခြေအနေကြီးလဲ.... ?
ဘာတွေဖြစ်ကုန်တာလဲ.. ?
ဘာလို့များ အကိုက ..

ဘာမှန်းမသိတဲ့ မေးခွန်းတွေအောက်မှာ ငယ် ပိတ်မိနေခဲ့သည် ။ အဖြေရှာရန် သူ့ရင်ခွင်ထဲက ရုန်းထွက်ဖို့ ကြိုးစားတော့ သန်မာလွန်းတဲ့အကိုဟာ အလွှတ်ပေးဟန် မတူ ။ တခု ငယ် သတိထားလိုက်မလားလို့ ။ အကို့အသားတွေဟာ အေးစက်နေတာပဲ ။ ပြီးတော့ အကို့နှုတ်ခမ်းတွေက အခုမှ ရေခဲ သေတ္တာ ထဲက ထုတ်လာတဲ့ လက်လက်ဆက်ဆက် ပန်းသီးတလုံးလို အေးစက်နေပေမယ့် ချိမြနေသည်ဟု ခံစားမိပြန်သည် ။

ဒီလောက်နဲ့တင်ပြီးမသွား ။ အကိုက ငယ့်ကို မချီကာ အိပ်ယာထက် လဲလျောင်းစေလိုက်ပြီး ငယ့်အပေါ်ကနေ တက်ခွလိုက်သည် ။

အကို ဘာလုပ်ဖို့ ကြံနေတာလဲ ..

စကားပြောဖို့ ကြံတော့ ပြောခွင့်မပေး သူ့နှုတ်ခမ်းတွေနဲ့ နှုတ်ပိတ်လိုက်ပြန်သည် ။

အဝတ်တို့ကို ဆွဲချွတ်ကာ ငယ့်ခန္ဓာကိုယ်တခုလုံးကို အကိုက ချယ်လှယ်ချင်တိုင်း ချယ်လှယ်တော့သည် ။ ငယ်ကတော့ ဘာမှ ပြန်မလုပ်နိုင်တဲ့ အကို့လက်ခုတ်ထဲက ရေတခွက်ပမာ ။

...........

ပျော်စရာကာင်းတဲ့ weekend လေးဖြစ်ပါစေ သခင်မ .. .

ပါးစပ် ထဲကနေ အမဲရောင်အရည်တွေ စီးကျနေပြီး ခန္ဓာ မပါသော ရှည်လျားသည့် ဆံပင်ရှည်တွေနဲ့ ခေါင်းတလုံး ၊ သူမ အခန်းထဲ နေရာအနှံ့ ပျံဝဲ နေပြီး တချက်တချက် အိပ်ပျော်နေသော သူမအနား က ဖြတ်သွားချိန်ဆို ဆိုးရွား သည့် အနံ့အသက် တို့က ဒုက္ခ ပေးပြန်သည် ။

သခင်မ နိုးထချိန်ရောက်ပြီ ။

သခင်မ.... ပျော်စရာ weekend လေးကနေ ကြိုဆိုပါတယ်.....

ပျော်စရာကောင်းတဲ့ weekend လေးဖြစ်ပါစေ သခင်မ...

လန့်နိုးကာ အိပ်ယာမှကုန်းထ၍ အခန်းထဲ ရှာဖွေ မိတော့ တစုံတရာမှ ရှိမနေ ။ သူမ၏ အိမ်မက်မှလွဲလျင် ကျန်တာတွေက နဂိုအတိုင်း သာ ။ အဖြစ်မှန်နဲ့ တူနေသော အိမ်မက်က သူမစိတ်တွေကို ထွေပြားစေပြန်သည် ။

ဖုန်းစကရင်ကိုကြည့်တော့ 12:12 စနေနေ့ ။ နောက်တနေ့တောင် ရောက်သွားပြီပဲ ၊

အာတွေ ခြောက်လာတာကြောင့် အောက်ထပ်တွင် ရေဆင်းသောက်ရန် အခန်းထဲမှ ထွက်လာခဲ့ လိုက်သည် ။

သူမအခန်းထဲမှ ထွက်ပြီး အောက်ထပ်ဆင်းရန် လှေကားဆီသို့အသွား မောင်လေးအခန်းက တံခါးမပိတ်ပဲ ပွင့်နေသည်ကို မြင်လိုက်ရသည် ။

ခုထိမအိပ်သေးတာလား...

ဒါမှမဟုတ် တံခါးပိတ်ဖို့မေ့နေတာလား..

တံခါးပိတ်ပေးရန် သူမ မောင်လေးအခန်းဆီသို့ သွားလိုက်၏။
တံခါးလက်ကိုင်ကို ဆွဲကာ ပိတ်မည်အလုပ် အခန်းထဲက အသံတချက်ကြောင့် ကြယ်စင် သွေးတို့ ပြောင်းပြန်စီးဆင်းသွားရသည် ။ ခေါင်းအနည်းငယ် ဝင်ကာ ချောင်းကြည့်တော့ သူမ သူမ မထင်ထားခဲ့ဖူးသော နည်းနည်းလေးမှ သံသယ မဖြစ်ခဲ့ဖူးသော ကိစ္စတခု ။

မောင်လေးရဲ့ အိပ်ယာ ကုတင်ထက် မောင်နဲ့ မောင်လေး တို့ရဲ့ အဝတ်ဗလာ ကိုယ်နှစ်ခုက ပေါင်းစည်းနေကြသည်တဲ့ ။ သူမ နိုးထလာခဲ့မိသည်ကိုပဲ အပြစ်တင်ရမည်လား ။ လာကြည့်နေမိတာကိုပဲ အပြစ်တင်ရမည်လား ။ အထဲက သူနှစ်ယောက်ကိုပဲ အပြစ်တင်ရမည်လား ဝေခွဲမရတော့ ။ အခုချိန်မှာ အခန်းထဲဝင်သွားပြီး ဝုန်းဒိုင်းကြဲ လိုက်ရမည်လား ။ မသိမသာပဲ နေလိုက်ရမည်လား ဆိုတာလည်း စဥ်းစားမရ ။

တဖက်မှာက သူမရဲ့ နှလုံးသား တခုလုံး ၊ တဖက်မှာက သူမရဲ့ ဘဝကြီးလို့တောင် မှတ်ယူထားတဲ့ မောင်လေး ။

သူမ ဘာလုပ်သင့်လဲ ?

သူမတကိုယ်လုံးကို မီးမြိုက်နေသလိုခံစားလာရသည် ။


**********************************

Zawgyi



ဟင္း ။
အေပၚထပ္တက္သြားေသာ အမျဖစ္သူကိုၾကည့္ကာ တိမ္လႊာငယ္ သက္ျပင္းခ် လိုက္သည္ကို ေတးသြားေမာင္က ရယ္သည္ ။

"ဘာရယ္တာလဲ "

"ဘာမွမဟုတ္ပါဘူးကြာ ငယ္က ငယ္ငယ္ေလးနဲ႕ သက္ျပင္းေတြ ခ်ေနလို႔ ၿပဳံးမိတာပါ "

အခုပဲ အသံထြက္ၿပီး ရယ္ေနတာကို ဆရာက ေပၚတင္ႀကီး လိမ္ေနတာပဲ ၊

"ကဲပါငယ္ရယ္ မ်က္ေမွာင္ႀကီးကုတ္မေနေတာ့နဲ႕ ၊ ငယ္ရဲ႕ မမက ပင္ပန္းလာလို႔ေနမွာပါ အရမ္းႀကီးလည္း စိတ္ပူမေနပါနဲ႕ "

"ဒါေပမဲ့... "

"ဒါေပမဲ့ မေနေတာ့နဲ႕ ငယ္လည္း ပင္ပန္းလာမွာပဲ သြားနားေတာ့ေလ ကိုယ္ပဲ ပန္းကန္ေတြ သန့္ရွင္းေရး လုပ္လိုက္မယ္ "

"ရပါတယ္ ဆရာရဲ႕ ငယ္လုပ္ကူပါ့မယ္ "

ငယ္က စားၿပီးသား ပန္းကန္ေတြကို ယူကာ ေဘစင္ရွိရာသယ္သြား၏။ က်န္တဲ့ ပန္းကန္တခ်ိဳ႕ကို ေတးသြားေမာင္က သယ္လာေပးသည္ ။

"ဒါနဲ႕ ငယ္ ေနာက္လထဲမွာ ကိုယ္နဲ႕ ငယ့္အမ လက္ထပ္ၾကေတာ့မွာ သိတယ္မလား "

"သိတယ္ေလ ဆရာရဲ႕ ဘာလို႔ အထူးအဆန္းလာေျပာေနတာလဲ "

"မၾကာခင္ မိသားစုဝင္ျဖစ္လာေတာ့မွာကို ဘယ္အခ်ိန္ထိ ဆရာလို႔ေခၚေနအုံးမွာလဲ ငယ္ ၊ ၿပီးေတာ့ ကိုယ္က ငယ့္ကို စာသင္ေပးေနေတာ့တာလည္းမဟုတ္ဘူး "

"ဟုတ္သားပဲ ပါးစပ္အက်င့္ပါေနလို႔ ဒါဆို ဘယ္လိုေခၚရမလဲ "

"ငယ္ ေခၚခ်င္သလို ေခၚလို႔ရပါတယ္ ဆရာမဟုတ္ရင္ၿပီးတာပဲ "

ပန္းကန္ေတြကို ေရျဖင့္ေဆးေနရင္းမွ ငယ္က စဥ္းစားေနဟန္ျပဳကာ

"မမနဲ႕ ပတ္သက္ တာဆိုေတာ့ ငယ့္ထက္လည္းႀကီးတယ္ အဲ့ေတာ့ အကို လို႔ေခၚမယ္ေလ ဘယ္လိုလဲ "

"အင္း ငယ့္သေဘာပဲ ၊ ေပး ကိုယ္ေဆးလိုက္မယ္ ငယ္က ေဆးၿပီးသားပန္းကန္ေတြကို အဝတ္နဲ႕ ေျခာက္ေအာင္ သုတ္လိုက္ေပါ့ "

ေဘစင္ကေန ငယ္ ဖယ္ေပးလိုက္ၿပီး သြက္လက္စြာေဆးေၾကာေနေသာ ပန္းကန္ေတြကို တခ်ပ္စီ ငယ္က ေသခ်ာ ေလး အဝတ္သန့္သန့္ျဖင့္သုတ္သည္ ။

"အကို ငယ္ တခုေလာက္ေမးလို႔ ရမလာ "

"အင္း ေမးေလ ငယ္ရဲ႕ "

အင္းသာေျပာတယ္ ေတးသြားေမာင္က ငယ့္ဘက္ကို တခ်က္ေတာင္လွည့္မၾကည့္ ။ လုပ္လက္စ ကိုသာ ၾကည့္၍ ဆက္လုပ္ေနသည္ ။ ပန္းကန္ေဆးေနတာ ေျပာင္ရွင္းေနၿပီး သပ္ရပ္ေသာ အကိုက မမနဲ႕ ထိုက္တန္သည္ဟု ငယ့္စိတ္ထဲ ေတြးမိသည္ ။

"အကို မမကို ခ်စ္လာ "

"ဟင္ "

ဒီတခါေတာ့ အကိုက အံ့ၾသစြာငယ့္ဘက္ကို လွည့္လာခဲ့သည္ ။

"ဘာလို႔ေမးတာလဲငယ္ရဲ႕ "

"ဘာလို႔မွမဟုတ္ပါဘူး ဒီအတိုင္းသိခ်င္လာလို႔ အကို မမကို ခ်စ္လို႔ လက္ထပ္တာလားဟင္ "

"ဟားဟား. ... ငယ္ရယ္ ကိုယ္က အမွန္တိုင္းေျပာလိုက္ရင္ ငယ္က ငယ့္မမနဲ႕ သေဘာမတူေတာ့ရင္ ဘယ္လို လုပ္မလဲ "

"အာ မဟုတ္တာ အကိုနဲ႕ မမက သေဘာမတူစရာ ဘာရွိလို႔လဲ မမကလည္း အကို႔ကို သေဘာက်တယ္ "

"အင္း "

သက္ျပင္းခ် တာလိုလို ေထာက္ခံတာလိုလို အကို႔ရဲ႕ ေလသံက သိပ္မသဲကြဲ။

"အကို မမကို .."

"သေဘာက်ပါတယ္ ၊ ၾကယ္စင္က မိန္းမေကာင္းပီသတယ္ ၊ ထက္ျမတ္တယ္ ၊ နားလည္မႈ လည္း ေပးနိုင္စြမ္းရွိတယ္ ၊ ေခတ္မီ ပညာတက္လည္းျဖစ္ၿပီး ရဲရင့္တယ္ ၊အမွားအမွန္ကိုလည္း အတက္နိုင္ဆုံး စိတ္ေအးေအးနဲ႕ ေျဖရွင္းတက္ျပန္တယ္ ၊ ဒါေတြက ကိုယ္ သူ႕ကို ေ႐ြးခ်ယ္ခဲ့ရတဲ့အေၾကာင္းအရင္းေတြပဲ ေသခ်ာတယ္ ၾကယ္စင္က ကိုယ့္အတြက္ လက္တြဲေဖာ္ေကာင္းတေယာက္ ၊ အိမ္ေထာင္ဖက္ေကာင္းတေယာက္ျဖစ္လာမွာပါ ။ တကယ္လို႔ ဒါကို အခ်စ္လို႔ ေခါင္းစဥ္ တပ္မယ္ဆိုရင္လည္း ျဖစ္တယ္ "

"အကိုကလည္း အဲ့တာ ေတြက ခ်စ္တာမွ မဟုတ္တာကိုပဲ ၊အခ်စ္ဆိုတာက အဲ့လူအနားမွာ ေန ေနရရင္ ေပ်ာ္မယ္ ၊ သူနဲ႕ပတ္သက္ၿပီး ရင္ခုန္မယ္ စိတ္လႈပ္ရွားမယ္ ..."

"ဝိုး ဝိုး ၀ိုး ငယ္က အခ်စ္အေၾကာင္းေတြ ေနာေၾကေနတာပဲ ဘာလဲ အခ်စ္ေတြ႕ေနၿပီလား "

"မဟုတ္ပါဘူး အကိုကလည္း စာအုပ္ေတြ ထဲမွာ ဖတ္ရတာေလ အဟီး ၊ ဘာပဲျဖစ္ျဖစ္ စကားလမ္းေၾကာင္းေတာ့မလႊဲနဲ႕ အကိုေကာ အမနဲ႕ အတူရွိခ်ိန္ေတြဆို ေပ်ာ္လာ "

"အင္း ေပ်ာ္တယ္ ၊ ကိုယ္တို႔ လက္ထပ္ၿပီးတဲ့ အခ်ိန္က်ရင္ ကိုယ္ရယ္၊ ငယ္ရယ္ ၊ ၾကယ္စင္ရယ္ အတူ ေန ရမယ္ဆိုတဲ့အေၾကာင္း ေတြးၾကည့္႐ုံနဲ႕ ၾကည္ႏူးစရာေကာင္းတယ္ "

အကိုက ပန္းကန္ေတြ အိုးေတြ ေဆးလို႔ၿပီးေတာ့ အဝတ္သန့္သန့္တခုယူကာ ငယ့္ကို ကူညီေနျပန္သည္ ။ ငယ္ကသာ စပ္စုၿပီး တခုေတာင္ ေျပာင္ေအာင္ သုတ္လို႔မၿပီးေသးတာ ။

"ငယ္က ဘာလို႔ ပါလာရတာလဲ "

"ၾကယ္စင့္အတြက္ ငယ္က မရွိမျဖစ္ေလ ၊ အဲ့ေတာ့ ကိုယ့္ လက္တြဲေဖာ္ ရဲ႕ အေရးပါတဲ့ အရာေတြဟာ ကိုယ့္အတြက္ အလိုလို ေနရင္းကို အေရးပါလာၿပီးသား "

မမကို ထိုမွ်ေလာက္အထိ တန္ဖိုးထားတက္ေသာ အကို႔ကို ငယ္ သေဘာအက်ႀကီးက်သည္ ။ စာသင္ခဲ့တဲ့ အခ်ိန္ေတြထဲက ငယ့္ကို ညီေလးအရင္းတေယာက္လို တပည့္တေယာက္လို ဂ႐ုဏာထားကာ ေသခ်ာ သင္ၾကားေပးခဲ့သည္ ။ ဆယ္တန္းေျဖၿပီးေတာ့ ဆရာနဲ႕ မေတြ႕ရေတာ့ဘူးလို႔ ေတြးမိေတာ့ ငယ္ ဝမ္းနည္းမိခဲ့ေသးသည္ ။
ေနာက္မွ မမနဲ႕ တြဲေနတယ္ ဟု ၾကားေတာ့ ငယ္တို႔ ေမာင္ႏွမ ဘဝထဲကို ဝင္လာေသာ ေတးသြားေမာင္ ဟူသည့္ ဆရာ ႏွင့္ အရင္ကထက္ ရင္းႏွီး လာခဲ့ၾကသည္ ။

"ၿပီးၿပီပဲ ငယ္ ၊ အေပၚ သြားၾကေတာ့မလား "

"ဟုတ္ သြားၾကမယ္ေလ အကိုလည္း ကားေမာင္းရတဲ့သူဆိုေတာ့ ပင္ပန္းမွာေပါ့ "

အကိုက ေခါင္းညိတ္ၿပီးေတည့ ႏွစ္ေယာက္အတူ အေပၚထပ္ အနားယူရန္ အတူ စကားေျပာရင္း တက္လာခဲ့ၾကသည္ ။

"ၾကယ္စင့္အခန္းတံခါး ပြင့္ေနပါလား ငယ္ ၊ အရမ္းပင္ပန္းၿပီး ပိတ္ဖို႔ေမ့သြားတယ္ထင္တယ္ ငယ္ သြားပိတ္ေပးလိုက္ပါအုံး "

အခန္းေတြေရွ႕ ေရာက္ေတာ့ မမအခန္းက လူတေယာက္ ဝင္စာေလာက္ တံခါးက ဟ ေနသည္ ေၾကာင့္ အကိုက ငယ့္ကို သြားပိတ္ခိုင္းသည္ ။ အမွန္မွာ အိပ္ေမာက်ေနေသာ မိန္းကေလး အခန္းမို႔ အကိုက သူသြားပိတ္ေပးရန္မသင့္ေတာ္သည္ေၾကာင့္ ျဖစ္မွန္း ငယ္ရိပ္မိပါသည္ ။
ငယ္လည္း ဘာမွေျပာမေနပဲ မမအခန္းကို ေခါင္းလွ်ိုၾကည့္မိေတာ့ ပက္လက္ အေနအထားနဲ႕ မမက အိပ္ေမာက်ေနသည္ပဲ ။
ဘယ္ေလာက္ေတာင္ ပင္ပန္းေနလိုက္မလဲ ။

အသံမျမည္ေစရန္ အခန္းတံခါးကို ခပ္ဖြဖြေလးပိတ္လိုက္သည္ ။ ထို႔ေနာက္ အကိုနဲ႕ အျပန္အလွန္ ႏႈတ္ဆက္ စကားဆိုကာ အခန္းေတြကိုယ္စီထဲ ဝင္လာခဲ့လိုက္ၾကသည္ ။

****************

ေတးသြားေမာင္ အိပ္ေပ်ာ္ေနရာမွ လြန့္လူးလာသည္ ။ တစုံတခုနဲ႕ လုံးေထြးေနသလို ပင္ ။ သို႔ေသာ္ သူ႕ဆီမွ ဘာအသံမွထြက္မလာေခ် ။ ေဘးလူတေယာက္ကသာ ျမင္ခဲ့လွ်င္ အိမ္မက္ေယာင္ေနတာဟု ထင္ေကာင္းထင္ေနနိုင္သည္ ။ တကယ္ ဟုတ္မဟုတ္ ဆိုတာကိုေတာ့ သူကိုယ္တိုင္သာ သိလိမ့္မည္ ။

အခ်ိန္ခဏေလးအတြင္းမွာပဲ အနိုင္ရရွိသြားေသာ ကစားသမားတေယာက္လို ႏႈတ္ခမ္းတို႔က ၿပဳံးေရာင္သမ္းလာသည္ ။ ပြင့္မလာေသာ မ်က္လုံးတို႔ႏွင့္ ႏႈတ္ခမ္းမွ အၿပဳံးတို႔က ေအးစက္ေနခဲ့သည္ ။ လက္ႏွစ္ဖက္ကို ေဘးကို ခ်ကာ မ်က္စိတို႔ က ဖ်က္ခနဲ ပြင့္ဟလာသည္ ။
ငါးစကၠန့္ေလာက္ နီရဲသြားေသာ မ်က္စိတစုံ ဟာ ေၾကာက္မက္ဖြယ္ရာအတိ ။ မ်က္ေတာင္တခ်က္ခတ္လိုက္ေတာ့ နဂိုအတိုင္း ျပန္ျဖစ္သြား ၏ ။ ထို႔ေနာက္ အိပ္ယာထက္မွ ထထိုင္လိုက္သည္ ။ အိပ္ယာထက္မွ ထကာ အခန္းအျပင္ထြက္လာခဲ့ျပန္သည္ ။ တလွမ္းစီသြားေနေသာ္လည္း သူ႕ရဲ႕ ခႏၶာ ကိုယ္ဟာ အိပ္ေမာက်ေနေသာ သူတေယာက္ လို (သို႔မဟုတ္ ) နာမ္ဝိဉာဥ္မပါလာေသာ သူတေယာက္လို ။

ေဒါက္.. . ေဒါက္ ။
သူ႕အခန္းႏွင့္ မနီးမေဝးေသာ အခန္းတခါး တခုကို ႏွစ္ခ်က္ ေခါက္လိုက္သည္ ။ အထဲက ဘာသံမွ မလာခဲ့ ။

ေဒါက္ ေဒါက္ ေဒါက္
ေနာက္ သုံးခ်က္ ထပ္ေခါက္ေတာ့ အခန္းထဲက လူတေယာက္ တံခါးဖြင့္ကာ ထြက္လာသည္ ။

................

ေဒါက္ .. ေဒါက္ ။
အိပ္ေရးပါးလြန္းသည္မဟုတ္ေသာ္လည္း အခန္းတံခါး ေခါက္သံဟာ ႏွစ္ခ်က္ထဲ ဆိုေပမယ့္ ငယ္ကို လႈပ္ႏွိုးေနသလို ခံစားရေစသည္ ။ မ်က္စိဖြင္ကာ ေသခ်ာနားေထာင္မိေတာ့ ဘာသံမွ မၾကားရေတာ့ ၊

နားၾကားမွားတာပဲေနမွာပါ...

ျပန္အိပ္မယ္ ႀကံေတာ့ ေနာက္ထပ္ တံခါးေခါက္သံ သုံးခ်က္ တိတိကို ၾကားလိုက္ရသည္ ။ အိပ္ယာထဲက ထကာ တံခါးဆြဲဖြင့္မိေတာ့ အကိုပဲ ။

"ဟာ အကို ဘာကိစၥ.... အင့္ "

အခန္းတံခါး ဖြင့္ေပးလိုက္ၿပီး ဘာကိစၥလဲ ေတာင္ မေမးရေသး အကိုက ငယ့္ကိုယ္လုံးေလးကို ေထြးေပြ႕ကာ ႏႈတ္ခမ္းတို႔ကို ငုံေထြးလာခဲ့သည္ ။

ဘယ္လိုအေျခအေနႀကီးလဲ.... ?
ဘာေတြျဖစ္ကုန္တာလဲ.. ?
ဘာလို႔မ်ား အကိုက ..

ဘာမွန္းမသိတဲ့ ေမးခြန္းေတြေအာက္မွာ ငယ္ ပိတ္မိေနခဲ့သည္ ။ အေျဖရွာရန္ သူ႕ရင္ခြင္ထဲက ႐ုန္းထြက္ဖို႔ ႀကိဳးစားေတာ့ သန္မာလြန္းတဲ့အကိုဟာ အလႊတ္ေပးဟန္ မတူ ။ တခု ငယ္ သတိထားလိုက္မလားလို႔ ။ အကို႔အသားေတြဟာ ေအးစက္ေနတာပဲ ။ ၿပီးေတာ့ အကို႔ႏႈတ္ခမ္းေတြက အခုမွ ေရခဲ ေသတၱာ ထဲက ထုတ္လာတဲ့ လက္လက္ဆက္ဆက္ ပန္းသီးတလုံးလို ေအးစက္ေနေပမယ့္ ခ်ိျမေနသည္ဟု ခံစားမိျပန္သည္ ။

ဒီေလာက္နဲ႕တင္ၿပီးမသြား ။ အကိုက ငယ့္ကို မခ်ီကာ အိပ္ယာထက္ လဲေလ်ာင္းေစလိုက္ၿပီး ငယ့္အေပၚကေန တက္ခြလိုက္သည္ ။

အကို ဘာလုပ္ဖို႔ ႀကံေနတာလဲ ..

စကားေျပာဖို႔ ႀကံေတာ့ ေျပာခြင့္မေပး သူ႕ႏႈတ္ခမ္းေတြနဲ႕ ႏႈတ္ပိတ္လိုက္ျပန္သည္ ။

အဝတ္တို႔ကို ဆြဲခြၽတ္ကာ ငယ့္ခႏၶာကိုယ္တခုလုံးကို အကိုက ခ်ယ္လွယ္ခ်င္တိုင္း ခ်ယ္လွယ္ေတာ့သည္ ။ ငယ္ကေတာ့ ဘာမွ ျပန္မလုပ္နိုင္တဲ့ အကို႔လက္ခုတ္ထဲက ေရတခြက္ပမာ ။

...........

ေပ်ာ္စရာကာင္းတဲ့ weekend ေလးျဖစ္ပါေစ သခင္မ .. .

ပါးစပ္ ထဲကေန အမဲေရာင္အရည္ေတြ စီးက်ေနၿပီး ခႏၶာ မပါေသာ ရွည္လ်ားသည့္ ဆံပင္ရွည္ေတြနဲ႕ ေခါင္းတလုံး ၊ သူမ အခန္းထဲ ေနရာအႏွံ႕ ပ်ံဝဲ ေနၿပီး တခ်က္တခ်က္ အိပ္ေပ်ာ္ေနေသာ သူမအနား က ျဖတ္သြားခ်ိန္ဆို ဆိုး႐ြား သည့္ အနံ႕အသက္ တို႔က ဒုကၡ ေပးျပန္သည္ ။

သခင္မ နိုးထခ်ိန္ေရာက္ၿပီ ။

သခင္မ.... ေပ်ာ္စရာ weekend ေလးကေန ႀကိဳဆိုပါတယ္.....

ေပ်ာ္စရာေကာင္းတဲ့ weekend ေလးျဖစ္ပါေစ သခင္မ...

လန့္နိုးကာ အိပ္ယာမွကုန္းထ၍ အခန္းထဲ ရွာေဖဃမိေတာ့ တစုံတရာမွ ရွိမေန ။ သူမ၏ အိမ္မက္မွလြဲလ်င္ က်န္တာေတြက နဂိုအတိုင္း သာ ။ အျဖစ္မွန္နဲ႕ တူေနေသာ အိမ္မက္က သူမစိတ္ေတြကို ေထြျပားေစျပန္သည္ ။

ဖုန္းစကရင္ကိုၾကည့္ေတာ့ 12:12 စေနေန႕ ။ ေနာက္တေန႕ေတာင္ ေရာက္သြားၿပီပဲ ၊

အာေတြ ေျခာက္လာတာေၾကာင့္ ေအာက္ထပ္တြင္ ေရဆင္းေသာက္ရန္ အခန္းထဲမွ ထြက္လာခဲ့ လိုက္သည္ ။

သူမအခန္းထဲမွ ထြက္ၿပီး ေအာက္ထပ္ဆင္းရန္ ေလွကားဆီသို႔အသြား ေမာင္ေလးအခန္းက တံခါးမပိတ္ပဲ ပြင့္ေနသည္ကို ျမင္လိုက္ရသည္ ။

ခုထိမအိပ္ေသးတာလား...

ဒါမွမဟုတ္ တံခါးပိတ္ဖို႔ေမ့ေနတာလား..

တံခါးပိတ္ေပးရန္ သူမ ေမာင္ေလးအခန္းဆီသို႔ သြားလိုက္၏။
တံခါးလက္ကိုင္ကို ဆြဲကာ ပိတ္မည္အလုပ္ အခန္းထဲက အသံတခ်က္ေၾကာင့္ ၾကယ္စင္ ေသြးတို႔ ေျပာင္းျပန္စီးဆင္းသြားရသည္ ။ ေခါင္းအနည္းငယ္ ဝင္ကာ ေခ်ာင္းၾကည့္ေတာ့ သူမ သူမ မထင္ထားခဲ့ဖူးေသာ နည္းနည္းေလးမွ သံသယ မျဖစ္ခဲ့ဖူးေသာ ကိစၥတခု ။

ေမာင္ေလးရဲ႕ အိပ္ယာ ကုတင္ထက္ ေမာင္နဲ႕ ေမာင္ေလး တို႔ရဲ႕ အဝတ္ဗလာ ကိုယ္ႏွစ္ခုက ေပါင္းစည္းေနၾကသည္တဲ့ ။ သူမ နိုးထလာခဲ့မိသည္ကိုပဲ အျပစ္တင္ရမည္လား ။ လာၾကည့္ေနမိတာကိုပဲ အျပစ္တင္ရမည္လား ။ အထဲက သူႏွစ္ေယာက္ကိုပဲ အျပစ္တင္ရမည္လား ေဝခြဲမရေတာ့ ။ အခုခ်ိန္မွာ အခန္းထဲဝင္သြားၿပီး ဝုန္းဒိုင္းႀကဲ လိုက္ရမည္လား ။ မသိမသာပဲ ေနလိုက္ရမည္လား ဆိုတာလည္း စဥ္းစားမရ ။

တဖက္မွာက သူမရဲ႕ ႏွလုံးသား တခုလုံး ၊ တဖက္မွာက သူမရဲ႕ ဘဝႀကီးလို႔ေတာင္ မွတ္ယူထားတဲ့ ေမာင္ေလး ။

သူမ ဘာလုပ္သင့္လဲ ?

သူမတကိုယ္လုံးကို မီးၿမိဳက္ေနသလိုခံစားလာရသည္ ။

..........

© ဆုနွယ်မေ ,
книга «Forever Weekend».
Коментарі