အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၃၁)
အိတိုေလးရဲ႕မာမား🐻အခန္း(၃၁)
Zawgyi

ေဆးရံုးခုတင္ထက္မွာလဲေလ်ွာင္းေနတဲ့ အမ်ိဳးသမီးကိုႀကည့္ျပီး ေကာင္းျမတ္လြန္းစိတ္မေကာင္းျဖစ္မိသည္။

ေရာဂါေဝဒနာေတြေႀကာင့္သာ မ်က္ႏွာက ျဖဴေဖ်ာ့ႏြမ္းလ်ွေနေသာ္လည္း မ်က္လံုအေရာင္ေလးမ်ားနဲ႔ အသားအေရကိုႀကည့္ခ်င္းအားျဖင္ အင္မတန္ေခ်ာေမာတဲ့သူျဖစ္မွန္းသိသာလွသည္။

"ေဒၚရႈမျငီးေအာင္ေခၚထားတဲ့ ဧည့္သည္ေတာ္ႏွစ္ေယာက္ဆိုတာသူတို႕လား"

သတင္းေထာက္ျဖစ္ဟန္တူသူအမ်ိဳးသားက ကမၻာညိမ္းတို႔အတြဲကိုျမင္တာနဲ႔ တအံ့တႀသမတ္တပ္ထရပ္လာသည္။

"ကမၻာညိမ္း … လာေလ ေကာင္ေလးပါေခၚခဲ့"

ေဒၚရႈမျငီးဆိုတဲ့ အမ်ိဳးသမီးကလွမ္းေခၚေနတာေႀကာင့္ ကမၻာညိမ္းတို႕ေဆးရံုခုတင္နားေရာက္သြားႀကသည္။

ေဒၚရႈမျငီးက ကမၻာညိမ္းလက္ကိုကိုင္ဖို႕လက္လွမ္းေပးေနတာေႀကာင့္ ကမၻာညိမ္းအလိုက္တသိပင္ ေဒၚရႈမျငီးလက္ကိုဖြဖြေလးဆုပ္ကိုင္ေပးလိုက္သည္။

"သတင္းေထာက္ႀကီး ဒါကြ်န္မေျပာတဲ့ သူေတြပဲ။ ဒီက ေမာင္ကမၻာညိမ္းက ကြ်န္မတည္ေထာင္ခဲ့တဲ့"ကမ္းလက္တစ္ဖက္" လူမႈ႕အဖြဲအစည္းရဲ႕ ဥကၠ႒ေနရာမွာ ကြ်န္မအစားတာဝန္ယူေပးသြားမယ့္ သူပါ။"

"ေတြ႔ရတာဝမ္းသာပါတယ္ ကိုကမၻာညိမ္း။ ကြ်န္ေတာ္က ေဒၚရႈမျငီးေျပာတဲ့ ထူးခြ်န္ထက္ျမတ္တဲ့လူငယ္ေလးက ဘယ္သူမ်ားျဖစ္မလဲစဥ္းစားေနခဲ့တာ။ တကယ္ကို ေက်းဇူးတင္စရာေကာင္းတဲ့ အလုပ္ကို လြဲေျပာင္းယူေပးခဲ့လို႕ အားလံုးကိုယ္စားေက်းဇူးတင္ပါတယ္။"

"အဲ့ေလာက္လဲမဟုတ္ပါဘူး။ မခံယူဝံ႕ပါဘူးဗ်။ ဒါေပမဲ့ ေစတနာကို အသိအမွတ္ျပဳေပးလို႕ေက်းဇူးတင္ပါတယ္။"

"ဒါနဲ႔ ေဒၚရႈမျငီးေအာင္နဲ႕ ကိုကမၻာညိမ္းတို႕က အရင္ကတည္းက အသိေတြလား ျပီးေတာ့ အဖြဲ႔အစည္းကိုေထာက္ပံ့ေပးဖို႔ ဘယ္လိုမ်ားဆံုးျဖတ္ျဖစ္ခဲ့တာလဲသိပါရေစ။"

"အေဒၚနဲ႕ ေမာင္ကမၻာညိမ္းက လြန္ခဲ့တဲ့ငါးႏွစ္က မေတာ္တဆမႈတစ္ခုျဖစ္ျပီးဆံုေတြ႔ခဲ့ရတာပါ။

အဲ့ဒီအခ်ိန္တုန္းက အေဒၚက gay တစ္ေယာက္ျဖစ္ေနခဲ့တာေလ။ Gay ဆိုလို႕ ေခါင္းရႈပ္မသြားပါနဲ႕ အခုခ်ိန္မွာ အေဒၚက လိင္ေျပာင္ထားခြဲစိတ္ထားျပီး မိန္းမဘဝကို ကူးေျပာင္းထားတဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေနပါျပီ။

စကားျပန္ဆက္ရရင္ေတာ့

အရင္ခ်ိန္တုန္းက ပိုင္ဆိုင္မႈေတြရွိပါရက္နဲ႕ ေကာင္းေကာင္းမြန္မြန္ေနထိုင္ေနရပါရက္နဲ႕ အေဒၚမေပ်ာ္ခဲ့ဘူးကြယ္။ အေဒၚ့ရဲ႕ျဖစ္တည္မႈကို တခ်ိန္လံုးဖံုးကြယ္ျပီး ေယာက္်ားရင့္မာႀကီးလိုဟန္ေဆာင္ေနခဲ့ရတယ္။

တစ္ေန႕ … ဟန္ေဆာင္ထားတာေတြေပၚသြားတဲ့ေန႕ေပါ့။ အဲ့ဒီေန႔မွာ အေဒၚ့ကမၻာပ်က္ခဲ့ရတာပဲ။ အိမ္သားေတြရဲ႕ ျငိဳျငင္မႈေတြ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ ပစ္ပယ္ရႈံႈ႕ခ်မႈေတြခံခဲ့ရတာေပါ့။

အဲ့ဒီအခ်ိန္မွာ ေသခ်င္တာပဲသိခဲ့တာ ေသဖို႕လဲ ႀကိဳးစားခဲ့တယ္။ ဒါေပမဲ့ ေမာင္ကမၻာညိမ္းေႀကာင့္ အထမေျမာက္ခဲ့ဘူး။

ေမာင္ကမၻာညိမ္းက အေဒၚ့အသက္ကိုတင္မက ဘဝကိုပါကယ္တင္ေပးခဲ့တယ္။ စိတ္ဓာတ္ခြန္အားေတြအမ်ားႀကီးေပးခဲ့တယ္။ ေမာင္ကမၻာညိမ္းရဲ႕ အားေပးကူညီမႈနဲ႔ပဲ မိသားစုကခြဲထြက္ျပီး ကိုယ္ပိုင္စီးပြားေရးထူေထာင္ျဖစ္ခဲ့သလို ကိုယ္ေနခ်င္တဲ့ ပံုစံအတိုင္း ေနထိုင္နိုင္ဖို႕ လိင္ေျပာင္းခြဲစိတ္မႈေတြကိုလည္း ရဲရဲဝံ့ဝံ့လုပ္နိုင္ခဲ့တယ္။

အဲ့သည့္အျပင္ အထီးက်န္လြန္းတဲ့ အေဒၚဘဝကို ရင္ဖြင္မိတဲ့အခ်ိန္မွာ ေမာင္ကမၻာညိမ္းက တန္ဖိုးရွိတဲ့အရာတစ္ခုလုပ္ေဆာင္ဖို႕ အလင္းျပေပးခဲ့တယ္။ အေဒၚတက္ေျမာက္ထားတဲ့ အလွဖန္တီးမႈပညာနဲ႕ အဝတ္အစား ဒီဇိုင္နာပညာကို အေဒၚ့လိုကေလးေတြအျပင္ မိဘမဲ့ကေလးေတြကိုပါ ပညာဒါနကုသိုလ္ျပဳေပးရင္း ဘဝကို အဓိပၸါယ္ရွိရွိျဖတ္သန္းနိုင္ခဲ့တယ္။

တျဖည္းျဖည္းနဲ႔ "ကမ္းလက္တစ္ဖက္" ဆိုတဲ့အမည္နဲ႕ ေဖာင္ေဒးရွင္းတစ္ခုပါတည္ေထာင္နိုင္လာခဲ့တယ္။

ဒါေပမဲ့ အေဒၚကအသက္ရွည္ရွည္ေနဖို႔ကံမပါလာဘူးကြယ္။ ကင္ဆာဆိုတဲ့ ေရာဂါဆိုးႀကီးက အေဒၚ့အသက္ကိုနုတ္ယူဖို႔ေရာက္လာေတာ့တာပဲ။

အဲ့ဒီအေႀကာင္းကို ေမာင္ကမၻာညိမ္းဆီရင္ဖြင့္ျပီး ကေလးေတြ အနာဂါတ္အတြက္တိုင္ပင္မိေတာ့ စိတ္ထားေကာင္းတဲ့ ကေလးက အားတက္သေရာပဲ ကူညီေပးမယ္ေျပာလာေတာ့တာပါပဲ။

အဲ့လိုနဲ႕ အေဒၚလုပ္ေဆာင္ေနတဲ့တာဝန္ေတြကို ေမာင္ကမၻာညိမ္းဆီလက္လႊဲေပးဖို႔ျဖစ္လာခဲ့တာ။

ေနာက္ျပီး အေဒၚက မေသခင္ေနာက္ဆံုးဆႏၵေလးတစ္ခုကိုလဲ ေမာင္ကမၻာညိမ္းဆီမွာ အပူကပ္ခဲ့ေသးတယ္။

အေဒၚအျမဲစိတ္ကူးယဥ္ခဲ့ရတဲ့ သတို႕သမီးဝတ္စံုေလးကို အေဒၚကိုယ္တိုင္ ဒီဇိုင္းဆြဲျပီး ခ်ဳပ္ခဲ့ေပမယ့္ ဝတ္ဖို႔မျဖစ္နိုင္ေတာ့တာေႀကာင့္ အဲ့ဒီဝတ္စံုေလးကို ေလလံတင္ျပီး ရလာတဲ့ေငြေတြကို ေဖာင္ေဒးရွင္းထဲထည့္လွဴဖို႕အေႀကာင္း ကမၻာညိမ္းကို ေျပာမိေတာ့ ေမာင္ကမၻာညိမ္းကပဲ အလွဴေငြထည့္ဝင္ေပးျပီး အဲ့ဒီအက်ီၤေလးကိုေတာင္းခဲ့တယ္။

အဲ့ဒီအစား အေဒၚဖန္တီးထားတဲ့ မဂၤလာဝတ္စံုေလးနဲ႔ မဂၤလာေဆာင္ပြဲအေသးစားေလးတစ္ခုဖန္တီးျပီး ေဖာင္ေဒးရွင္းထဲမွာ အျမဲတမ္း အဖြဲဝင္အျဖစ္ပါဝင္အားျဖည့္နိုင္မယ့္ လုပ္ငန္းရွင္တစ္ခ်ိဳ႕ရွာေပးမယ္ဆိုျပီး ကမ္းလွမ္းလာခဲ့တယ္။

ေမာင္ကမၻာညိမ္း အဲ့လိုကမ္းလွမ္းတဲ့အခ်ိန္တုန္းက အေဒၚျငင္းခဲ့မိေသးတယ္။ ဘာလို႕လဲဆိုေတာ့ အေဒၚက အဲ့ဒီဝတ္စံုကို အမ်ိဳးသားတစ္ေယာက္ကိုပဲဝတ္ဆင္ေစခ်င္ခဲ့တာ။

ေနာက္ဆံုး ေမာင္ကမၻာညိမ္းက သူတန္ဖိုးထားျမတ္နိုးရတဲ့ အမ်ိဳးသားတစ္ေယာက္ကို ေပးဝတ္ခ်င္လို႔ပါဆိုျပီးေျပာလာလို႔ အေဒၚဘက္က ေက်ေက်နပ္ႀကီးကိုပဲ အဲ့ဒီအစီအစဥ္ကို လက္ခံေပးခဲ့တာ။

အဲ့ဒီအစီအစဥ္က တကယ္လည္းအက်ိဳးရွိခဲ့ပါတယ္။ "ကမ္းလက္တစ္ဖက္" အတြက္ တကယ္ကိုပဲ အက်ိဳးျဖစ္ထြန္းေစခဲ့ပါတယ္။

ဒီေန႕ညေနမွာလဲ ျပဳလုပ္ျပီးခဲ့တဲ့ မဂၤလာပြဲဗီဒီယိုေလးနဲ႕အတူ "ကမ္းလက္တစ္ဖက္"ေရွ႕ဆက္သြားရမယ့္ အနာဂါတ္အတြက္ လက္တြဲကူညီေပးမယ့္သူေတြကိုဖိတ္ေခၚမယ့္ အစီအစဥ္ေလးရွိပါတယ္။"

"ေဒၚရႈမျငီးေျပာခဲ့တဲ့ အေႀကာင္းအရာေတြအတိုင္းဆို အခုလက္တေလာ သတင္းထူးျဖစ္ေနတဲ့ ကိုကမၻာညိမ္းအေႀကာင္းက အမွန္ေကာ အမွာေတြေကာေရာေနခဲ့တာေပါ့။"

"အမွန္ပဲကြယ္ အေဒၚျဖင့္ သတင္းေတြဖတ္ျပီး စိတ္ေတာင္မေကာင္းဘူးကြယ္။"

"စိတ္မပူပါနဲ႔ဗ်ာ ေဒၚရႈမျငီးေအာင္သတင္းနဲ႕ ကိုကမၻာျငိမ္းတို႕အခ်စ္ေရးသတင္းကို ဆက္စပ္ျပီး အမွန္အတိုင္းသိရေအာင္ သတင္းတစ္ပုဒ္ အျမန္ဆံုးေရးတင္ေပးပါ့မယ္။ ညေန ဗီဒီယိုလႊင့္မယ့္ အခ်ိန္နဲ႔အခ်ိန္ကိုက္ျဖစ္ေလာက္မွာပါ။  "ကမ္းလက္တစ္ဖက္" ဆိုတဲ့ အဖြဲအစည္းကလဲ ျမန္မာနိုင္ငံမွာ မသိတဲ့သူမရွိသေလာက္ပဲမို႕ သတင္းအမွန္ကအျမန္ဆံုးျပန္႕သြားမွာပါ။"

"ဒီလိုဆိုရင္ေတာ့ ေက်းဇူးတင္တာေပါ့ကြယ္"

"ဒါဆို ကြ်န္ေတာ့ကိုျပန္ခြင့္ျပဳပါအံုး ေနမေကာင္းတဲ့သူဆီက အခ်ိန္အမ်ားႀကီးယူမိသြားလို႕ေတာင္းပန္ပါတယ္ စိတ္မရွိပါနဲ႕ခင္ဗ်။ က်န္မာေရးလည္းဂရုစိုက္ပါဗ်။"

"ရပါတယ္ကြယ္"

သတင္းေထာက္ေတြျပန္သြားေတာ့မွ ကမၻာညိမ္းေကာ ေကာင္းျမတ္လြန္းပါ ေဆးရံုခုတင္ေဘးက ခံုေလးမွာဝင္ထိုင္လိုက္ႀကသည္။

"စကားအမ်ားႀကီးေျပာခဲ့ရတာ ပင္ပန္းေနေကာေပါ့ ကြ်န္ေတာ္တို႔ကို စိတ္ထဲမထားပဲ နားလိုက္ပါ ကြ်န္ေတာ္တို႔ေနာက္ထပ္ေနမွျပန္လာႀကည့္ပါမယ္။ ကိစၥေတြအားလံုးကလဲ သူဟာသူအဆင္ေျပေနတာမို႕ စိတ္ပူစရာမရွိေတာ့ဘူး။ ဘာမွမေတြးပဲ စိတ္ေအးလက္ေအးေနလိုက္ပါ။"

"ေအးပါကြယ္"

"ဒါဆို ကြ်န္ေတာ္တို႔ကိုျပန္ခြင့္ျပဳပါအံုး ညေနမွအိတိုေလးပါေခၚျပီးထပ္လာခဲ့ပါမယ္။"

"ေအးပါကြယ္ ဂရုစိုက္ျပန္ႀက"

ေဆးရံုကအျပန္မွာ ေကာင္းျမက္လြန္းမ်က္ႏွာကသိသိသာသာမႈိင္ေတြေနခဲ့သည္။

တိတ္ဆိတ္ျငိမ္သက္စြာနဲ႔ ကားျပတင္းတံခါးကိုေက်ာ္လြန္၍ ျပင္ပတစ္ေနရာကို ေငးေနဟန္ရွိေသာ္လည္း အမွန္တကယ္မွာေတာ့ အေတြးတို႕လႊင့္ပ်ံ႕ေနျခင္းျဖစ္သည္။

"ကိုယ့္အခ်စ္ … ေကာင္းျမတ္လြန္း … ကေလးေလး …"

"ဗ်ာ …"

"ဘာေတြေတြးေနတာလဲ ကိုယ့္ကိုစိတ္ဆိုးေနတာလား"

"မဟုတ္ဘူး။ အစ္ကို … သူမတန္ဖိုးထားရတဲ့ဝတ္စံုေလးက ကြ်န္ေတာ္ဝတ္ဖို႕ထိုက္တန္ခဲ့ရဲ႕လား"

"ထိုက္တန္လို႕  သူမကိုယ္တိုင္ ခြင့္ျပဳေပးခဲ့တာေလ။ ကိုယ္ေျပာျပတဲ့ ခ်စ္ရဲ႕အေႀကာင္းတြႀကားျပီး သူမကိုယ္တိုင္ လိုလိုလားလားနဲ႔ ဝတ္စံုပိုင္ရွင္ကိုေရြးျခယ္ေပးခဲ့တာ။"

"အဲ့လိုမွန္းသိရင္ ကြ်န္ေတာ္ထိန္းထိန္းသိမ္းသိမ္းဝတ္ေပးခဲ့ပါတယ္။"

"အဲ့တာနဲ႕ပတ္သတ္ျပီး စိတ္ဖိစီးမေနနဲ႕ေတာ့"

"အစ္ကို … အဲ့ဒီဟန္ေဆာင္ လက္ထပ္ပြဲအေႀကာင္းကို မဂၤလာပြဲတက္ေရာက္ခဲ့တဲ့သူေတြသိသြားရင္အဆင္ေျပပါ့မလား"

"အဲ့တာလဲမပူပါနဲ႔ အဲ့တုန္းက ကိုယ္ကမဂၤလာပြဲျပီးတာနဲ႔ ဧည့္သည္တစ္ေယာက္ခ်င္းစီကို မဂၤလာပြဲက အစီအစဥ္တစ္ခုအတြက္ ဗီဒီရိုရိုက္ဖို႔လိုအပ္လုပ္ခဲ့တဲ့အေႀကာင္းေကာ အဲ့လိုလုပ္ရတဲ့ရည္ရြယ္ခ်က္ကိုပါရွင္းျပေပးခဲ့တယ္။ အစကတည္းက မဂၤလာလက္ဖြဲလည္းလက္မခံခဲ့တာမို႕ သူတို႕ဘက္က စိတ္အရမ္းကြက္သြားတာမ်ိဳးမရွိခဲ့ဘူး။ အဲ့ဒီအျပင္ သူတို႕ကိုယ္ကိုင္ကပါ ေဖာင္ေဒးရွင္းအတြက္ အလွဴေငြေတြထည့္ေပးခဲ့ေသးတယ္။ သူတို႕ဘက္က အခုထိမသိခ်င္ေယာင္ေဆာင္ေနတာက ဗီဒီယို လႊင့္မယ့္ရက္မေရာက္ေသးတာေႀကာင့္ သတင္းေပါက္ႀကားမွာဆိုးလို႔ေလ။ အယ္ တစ္ေယာက္ကေတာ့ ဟန္ေဆာင္မဂၤလာပြဲေနာက္ကြယ္က အေႀကာင္းေတြကို မသိခဲ့ဘူး။ အဲ့တာေႀကာင့္လဲ မဆင္မျခင္နဲ႔ သတင္းအမွားေတြတင္ခဲ့တာ။"

"အဲ့တစ္ေယာက္က ဘယ္သူလဲ မဟုတ္မွ ေဒၚဇင္မိုးျမင့္လား"

"ဘင္ဂို … အမွန္ပဲ ဒီညေနသတင္းေတြတက္လာျပီး ကိစၥအားလံုးရွင္းသြားရင္ သူေတာ္ေတာ္ေလးေနာင္တရသြားမွာေသခ်ာတယ္"

" ဒါဆို ျပသနာက ဘာမွေတာင္ မေျဖရွင္းလိုက္ရေသးခင္ ျပီးသြားတာလား"

"ဒါေပါ့"

"အကယ္၍ အေလာင္းအစားလုပ္တုန္းက ကြ်န္ေတာ္နိုင္သြားရင္ အစ္ကိုက သတို႕သမီးေနရာက လူကို အျခားတစ္ေယာက္အစားထိုးမွာလား"

"နိုး … ကိုယ္အဲ့ဒီဝတ္စံုကို ဝယ္လိုက္ရတဲ့ အေႀကာင္းရင္းက ကိုယ္အခ်စ္ကိုဝတ္ေစခ်င္လို႔ အကယ္၍ အဲ့ေန႕က ကိုယ္ရႈံးသြားရင္ ကိုယ့္အခ်စ္ကိုကိုယ္က အကုန္ေျပာျပျပီး အကူအညီ မရ ရေအာင္ ေတာင္းမွာ။"

"ဘာလို႔ ကြ်န္ေတာ့ကို အဲ့ဝတ္စံုဝတ္ေစခ်င္တာလဲ"

"ကိုယ့္အခ်စ္နဲ႕ဆို အရမ္းလိုက္ဖက္မယ္ဆိုတာသိလို႔ ျပီးေတာ့ ကိုယ္တစ္ေခါက္ေလာက္ပဲျဖစ္ျဖစ္ ကိုယ့္အခ်စ္ကို သတို႕သမီးဝတ္စံုေလးနဲ႔ျမင္ဖူးခ်င္လို႕။ ဒါေပမဲ့ ကိုယ္တို႕တကယ္မဂၤလာေဆာင္တဲ့အခ်ိိန္ႀကရင္ေတာ့ ကိုယ္က ကိုယ့္အခ်စ္ကို သတို႕သားဝတ္စံုပဲဝတ္ခိုင္းမွာပါ။ ဘာလို႕လဲဆိုေတာ့ ကိုယ့္အခ်စ္က ကိုယ္ခ်စ္ရတဲ့ အမ်ိဳးသားတစ္ေယာက္ျဖစ္ေနလို႕ပဲ။ အဲ့လိုမဟုတ္ပဲ ကိုယ့္အခ်စ္က မိန္းကေလးဆိုလဲ ကိုယ္ကခ်စ္မွာပဲ ဘာလို႕လဲဆိုေတာ့ ကိုယ္က ေကာင္းျမတ္လြန္းရဲ႕ ႏွလံုးသားနဲ႔ စိတ္ဝိဥာည္ကိုခ်စ္ျမတ္နိုးတာမို႕လို႕ပဲ။ ေကာင္းျမတ္လြန္းက ေကာင္းျမတ္လြန္းျဖစ္ေနလို႕ကို ကိုယ္ကခ်စ္တာ။"

"အေလ်ွာက္ေကာင္းလို႕ အေထာင္းသက္သာတယ္မွတ္ပါ။ဒါေပမဲ့ ကိစၥအားလံုးျပီးသြားရင္ အစ္ကို႕ကို စိတ္ေကာက္ဖို႕အတြက္ ကြ်န္ေတာ္ေတးထားတာမို႔ ေခ်ာ့ဖို႕အသင့္ျပင္ထားပါ။"

"ဟင္ အခုဘာလို႔မေကာက္တာလဲ"

"အစ္ကို႕ျပသနာေတြမရွင္းေသးေတာ့ အစ္ကိုပိုစိတ္ညစ္ရမွာဆိုးလို႕ ကြ်န္ေတာ္စိတ္ေကာက္မယ့္ရက္ကိုပဲ ခဏေရႊ႕ဆိုင္းထားရတာေပါ့"

"ဟား ဟား ဘယ္လိုေတာင္လဲကြာ ကိုယ့္အခ်စ္ စိတ္ေကာက္ျပမယ့္အခ်ိန္ကိုျမန္ျမန္ေရာက္ခ်င္လွျပီ"

"ဘာလို႔လဲ"

"ေခ်ာ့ေပးခ်င္လို႔ေလ"

"အပိုေတြ"

"နည္းနည္းေတာင္ေလ်ာ့ေနေသးတယ္"

(ျပီးသေလာက္ေလးတင္ေပးလိုက္တာမို႔ ဇာတ္သိမ္းပိုင္းကေနာက္တစ္ပိုင္းမွျဖစ္ပါလိမ့္မယ္။ ေမြးေန႕ဆုေတာင္းေပးတဲ့သူေတြအားလံုးကို ေက်းဇူးတင္ပါတယ္။😘)

T.B.C🐻
THANKS😘

11:03PM(Mon)
14.02.2022
G14

အိတိုလေးရဲ့မာမား🐻အခန်း(၃၁)
Unicode

ဆေးရုံးခုတင်ထက်မှာလဲလျှောင်းနေတဲ့ အမျိုးသမီးကိုကြည့်ပြီး ကောင်းမြတ်လွန်းစိတ်မကောင်းဖြစ်မိသည်။

ရောဂါဝေဒနာတွေကြောင့်သာ မျက်နှာက ဖြူဖျော့နွမ်းလျှနေသော်လည်း မျက်လုံအရောင်လေးများနဲ့ အသားအရေကိုကြည့်ချင်းအားဖြင် အင်မတန်ချောမောတဲ့သူဖြစ်မှန်းသိသာလှသည်။

"ဒေါ်ရှုမငြီးအောင်ခေါ်ထားတဲ့ ဧည့်သည်တော်နှစ်ယောက်ဆိုတာသူတို့လား"

သတင်းထောက်ဖြစ်ဟန်တူသူအမျိုးသားက ကမ္ဘာညိမ်းတို့အတွဲကိုမြင်တာနဲ့ တအံ့တသြမတ်တပ်ထရပ်လာသည်။

"ကမ္ဘာညိမ်း … လာလေ ကောင်လေးပါခေါ်ခဲ့"

ဒေါ်ရှုမငြီးဆိုတဲ့ အမျိုးသမီးကလှမ်းခေါ်နေတာကြောင့် ကမ္ဘာညိမ်းတို့ဆေးရုံခုတင်နားရောက်သွားကြသည်။

ဒေါ်ရှုမငြီးက ကမ္ဘာညိမ်းလက်ကိုကိုင်ဖို့လက်လှမ်းပေးနေတာကြောင့် ကမ္ဘာညိမ်းအလိုက်တသိပင် ဒေါ်ရှုမငြီးလက်ကိုဖွဖွလေးဆုပ်ကိုင်ပေးလိုက်သည်။

"သတင်းထောက်ကြီး ဒါကျွန်မပြောတဲ့ သူတွေပဲ။ ဒီက မောင်ကမ္ဘာညိမ်းက ကျွန်မတည်ထောင်ခဲ့တဲ့"ကမ်းလက်တစ်ဖက်" လူမှု့အဖွဲအစည်းရဲ့ ဥက္ကဋ္ဌနေရာမှာ ကျွန်မအစားတာဝန်ယူပေးသွားမယ့် သူပါ။"

"တွေ့ရတာဝမ်းသာပါတယ် ကိုကမ္ဘာညိမ်း။ ကျွန်တော်က ဒေါ်ရှုမငြီးပြောတဲ့ ထူးချွန်ထက်မြတ်တဲ့လူငယ်လေးက ဘယ်သူများဖြစ်မလဲစဉ်းစားနေခဲ့တာ။ တကယ်ကို ကျေးဇူးတင်စရာကောင်းတဲ့ အလုပ်ကို လွဲပြောင်းယူပေးခဲ့လို့ အားလုံးကိုယ်စားကျေးဇူးတင်ပါတယ်။"

"အဲ့လောက်လဲမဟုတ်ပါဘူး။ မခံယူဝံ့ပါဘူးဗျ။ ဒါပေမဲ့ စေတနာကို အသိအမှတ်ပြုပေးလို့ကျေးဇူးတင်ပါတယ်။"

"ဒါနဲ့ ဒေါ်ရှုမငြီးအောင်နဲ့ ကိုကမ္ဘာညိမ်းတို့က အရင်ကတည်းက အသိတွေလား ပြီးတော့ အဖွဲ့အစည်းကိုထောက်ပံ့ပေးဖို့ ဘယ်လိုများဆုံးဖြတ်ဖြစ်ခဲ့တာလဲသိပါရစေ။"

"အဒေါ်နဲ့ မောင်ကမ္ဘာညိမ်းက လွန်ခဲ့တဲ့ငါးနှစ်က မတော်တဆမှုတစ်ခုဖြစ်ပြီးဆုံတွေ့ခဲ့ရတာပါ။

အဲ့ဒီအချိန်တုန်းက အဒေါ်က gay တစ်ယောက်ဖြစ်နေခဲ့တာလေ။ Gay ဆိုလို့ ခေါင်းရှုပ်မသွားပါနဲ့ အခုချိန်မှာ အဒေါ်က လိင်ပြောင်ထားခွဲစိတ်ထားပြီး မိန်းမဘဝကို ကူးပြောင်းထားတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေပါပြီ။

စကားပြန်ဆက်ရရင်တော့

အရင်ချိန်တုန်းက ပိုင်ဆိုင်မှုတွေရှိပါရက်နဲ့ ကောင်းကောင်းမွန်မွန်နေထိုင်နေရပါရက်နဲ့ အဒေါ်မပျော်ခဲ့ဘူးကွယ်။ အဒေါ့်ရဲ့ဖြစ်တည်မှုကို တချိန်လုံးဖုံးကွယ်ပြီး ယောက်ျားရင့်မာကြီးလိုဟန်ဆောင်နေခဲ့ရတယ်။

တစ်နေ့ … ဟန်ဆောင်ထားတာတွေပေါ်သွားတဲ့နေ့ပေါ့။ အဲ့ဒီနေ့မှာ အဒေါ့်ကမ္ဘာပျက်ခဲ့ရတာပဲ။ အိမ်သားတွေရဲ့ ငြိုငြင်မှုတွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပစ်ပယ်ရှုံ့ချမှုတွေခံခဲ့ရတာပေါ့။

အဲ့ဒီအချိန်မှာ သေချင်တာပဲသိခဲ့တာ သေဖို့လဲ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မောင်ကမ္ဘာညိမ်းကြောင့် အထမမြောက်ခဲ့ဘူး။

မောင်ကမ္ဘာညိမ်းက အဒေါ့်အသက်ကိုတင်မက ဘဝကိုပါကယ်တင်ပေးခဲ့တယ်။ စိတ်ဓာတ်ခွန်အားတွေအများကြီးပေးခဲ့တယ်။ မောင်ကမ္ဘာညိမ်းရဲ့ အားပေးကူညီမှုနဲ့ပဲ မိသားစုကခွဲထွက်ပြီး ကိုယ်ပိုင်စီးပွားရေးထူထောင်ဖြစ်ခဲ့သလို ကိုယ်နေချင်တဲ့ ပုံစံအတိုင်း နေထိုင်နိုင်ဖို့ လိင်ပြောင်းခွဲစိတ်မှုတွေကိုလည်း ရဲရဲဝံ့ဝံ့လုပ်နိုင်ခဲ့တယ်။

အဲ့သည့်အပြင် အထီးကျန်လွန်းတဲ့ အဒေါ်ဘဝကို ရင်ဖွင်မိတဲ့အချိန်မှာ မောင်ကမ္ဘာညိမ်းက တန်ဖိုးရှိတဲ့အရာတစ်ခုလုပ်ဆောင်ဖို့ အလင်းပြပေးခဲ့တယ်။ အဒေါ်တက်မြောက်ထားတဲ့ အလှဖန်တီးမှုပညာနဲ့ အဝတ်အစား ဒီဇိုင်နာပညာကို အဒေါ့်လိုကလေးတွေအပြင် မိဘမဲ့ကလေးတွေကိုပါ ပညာဒါနကုသိုလ်ပြုပေးရင်း ဘဝကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းနိုင်ခဲ့တယ်။

တဖြည်းဖြည်းနဲ့ "ကမ်းလက်တစ်ဖက်" ဆိုတဲ့အမည်နဲ့ ဖောင်ဒေးရှင်းတစ်ခုပါတည်ထောင်နိုင်လာခဲ့တယ်။

ဒါပေမဲ့ အဒေါ်ကအသက်ရှည်ရှည်နေဖို့ကံမပါလာဘူးကွယ်။ ကင်ဆာဆိုတဲ့ ရောဂါဆိုးကြီးက အဒေါ့်အသက်ကိုနုတ်ယူဖို့ရောက်လာတော့တာပဲ။

အဲ့ဒီအကြောင်းကို မောင်ကမ္ဘာညိမ်းဆီရင်ဖွင့်ပြီး ကလေးတွေ အနာဂါတ်အတွက်တိုင်ပင်မိတော့ စိတ်ထားကောင်းတဲ့ ကလေးက အားတက်သရောပဲ ကူညီပေးမယ်ပြောလာတော့တာပါပဲ။

အဲ့လိုနဲ့ အဒေါ်လုပ်ဆောင်နေတဲ့တာဝန်တွေကို မောင်ကမ္ဘာညိမ်းဆီလက်လွှဲပေးဖို့ဖြစ်လာခဲ့တာ။

နောက်ပြီး အဒေါ်က မသေခင်နောက်ဆုံးဆန္ဒလေးတစ်ခုကိုလဲ မောင်ကမ္ဘာညိမ်းဆီမှာ အပူကပ်ခဲ့သေးတယ်။

အဒေါ်အမြဲစိတ်ကူးယဉ်ခဲ့ရတဲ့ သတို့သမီးဝတ်စုံလေးကို အဒေါ်ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ချုပ်ခဲ့ပေမယ့် ဝတ်ဖို့မဖြစ်နိုင်တော့တာကြောင့် အဲ့ဒီဝတ်စုံလေးကို လေလံတင်ပြီး ရလာတဲ့ငွေတွေကို ဖောင်ဒေးရှင်းထဲထည့်လှူဖို့အကြောင်း ကမ္ဘာညိမ်းကို ပြောမိတော့ မောင်ကမ္ဘာညိမ်းကပဲ အလှူငွေထည့်ဝင်ပေးပြီး အဲ့ဒီအကျီင်္လေးကိုတောင်းခဲ့တယ်။

အဲ့ဒီအစား အဒေါ်ဖန်တီးထားတဲ့ မင်္ဂလာဝတ်စုံလေးနဲ့ မင်္ဂလာဆောင်ပွဲအသေးစားလေးတစ်ခုဖန်တီးပြီး ဖောင်ဒေးရှင်းထဲမှာ အမြဲတမ်း အဖွဲဝင်အဖြစ်ပါဝင်အားဖြည့်နိုင်မယ့် လုပ်ငန်းရှင်တစ်ချို့ရှာပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့တယ်။

မောင်ကမ္ဘာညိမ်း အဲ့လိုကမ်းလှမ်းတဲ့အချိန်တုန်းက အဒေါ်ငြင်းခဲ့မိသေးတယ်။ ဘာလို့လဲဆိုတော့ အဒေါ်က အဲ့ဒီဝတ်စုံကို အမျိုးသားတစ်ယောက်ကိုပဲဝတ်ဆင်စေချင်ခဲ့တာ။

နောက်ဆုံး မောင်ကမ္ဘာညိမ်းက သူတန်ဖိုးထားမြတ်နိုးရတဲ့ အမျိုးသားတစ်ယောက်ကို ပေးဝတ်ချင်လို့ပါဆိုပြီးပြောလာလို့ အဒေါ်ဘက်က ကျေကျေနပ်ကြီးကိုပဲ အဲ့ဒီအစီအစဉ်ကို လက်ခံပေးခဲ့တာ။

အဲ့ဒီအစီအစဉ်က တကယ်လည်းအကျိုးရှိခဲ့ပါတယ်။ "ကမ်းလက်တစ်ဖက်" အတွက် တကယ်ကိုပဲ အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။

ဒီနေ့ညနေမှာလဲ ပြုလုပ်ပြီးခဲ့တဲ့ မင်္ဂလာပွဲဗီဒီယိုလေးနဲ့အတူ "ကမ်းလက်တစ်ဖက်"ရှေ့ဆက်သွားရမယ့် အနာဂါတ်အတွက် လက်တွဲကူညီပေးမယ့်သူတွေကိုဖိတ်ခေါ်မယ့် အစီအစဉ်လေးရှိပါတယ်။"

"ဒေါ်ရှုမငြီးပြောခဲ့တဲ့ အကြောင်းအရာတွေအတိုင်းဆို အခုလက်တလော သတင်းထူးဖြစ်နေတဲ့ ကိုကမ္ဘာညိမ်းအကြောင်းက အမှန်ကော အမှာတွေကောရောနေခဲ့တာပေါ့။"

"အမှန်ပဲကွယ် အဒေါ်ဖြင့် သတင်းတွေဖတ်ပြီး စိတ်တောင်မကောင်းဘူးကွယ်။"

"စိတ်မပူပါနဲ့ဗျာ ဒေါ်ရှုမငြီးအောင်သတင်းနဲ့ ကိုကမ္ဘာငြိမ်းတို့အချစ်ရေးသတင်းကို ဆက်စပ်ပြီး အမှန်အတိုင်းသိရအောင် သတင်းတစ်ပုဒ် အမြန်ဆုံးရေးတင်ပေးပါ့မယ်။ ညနေ ဗီဒီယိုလွှင့်မယ့် အချိန်နဲ့အချိန်ကိုက်ဖြစ်လောက်မှာပါ။  "ကမ်းလက်တစ်ဖက်" ဆိုတဲ့ အဖွဲအစည်းကလဲ မြန်မာနိုင်ငံမှာ မသိတဲ့သူမရှိသလောက်ပဲမို့ သတင်းအမှန်ကအမြန်ဆုံးပြန့်သွားမှာပါ။"

"ဒီလိုဆိုရင်တော့ ကျေးဇူးတင်တာပေါ့ကွယ်"

"ဒါဆို ကျွန်တော့ကိုပြန်ခွင့်ပြုပါအုံး နေမကောင်းတဲ့သူဆီက အချိန်အများကြီးယူမိသွားလို့တောင်းပန်ပါတယ် စိတ်မရှိပါနဲ့ခင်ဗျ။ ကျန်မာရေးလည်းဂရုစိုက်ပါဗျ။"

"ရပါတယ်ကွယ်"

သတင်းထောက်တွေပြန်သွားတော့မှ ကမ္ဘာညိမ်းကော ကောင်းမြတ်လွန်းပါ ဆေးရုံခုတင်ဘေးက ခုံလေးမှာဝင်ထိုင်လိုက်ကြသည်။

"စကားအများကြီးပြောခဲ့ရတာ ပင်ပန်းနေကောပေါ့ ကျွန်တော်တို့ကို စိတ်ထဲမထားပဲ နားလိုက်ပါ ကျွန်တော်တို့နောက်ထပ်နေမှပြန်လာကြည့်ပါမယ်။ ကိစ္စတွေအားလုံးကလဲ သူဟာသူအဆင်ပြေနေတာမို့ စိတ်ပူစရာမရှိတော့ဘူး။ ဘာမှမတွေးပဲ စိတ်အေးလက်အေးနေလိုက်ပါ။"

"အေးပါကွယ်"

"ဒါဆို ကျွန်တော်တို့ကိုပြန်ခွင့်ပြုပါအုံး ညနေမှအိတိုလေးပါခေါ်ပြီးထပ်လာခဲ့ပါမယ်။"

"အေးပါကွယ် ဂရုစိုက်ပြန်ကြ"

ဆေးရုံကအပြန်မှာ ကောင်းမြက်လွန်းမျက်နှာကသိသိသာသာမှိုင်တွေနေခဲ့သည်။

တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ကားပြတင်းတံခါးကိုကျော်လွန်၍ ပြင်ပတစ်နေရာကို ငေးနေဟန်ရှိသော်လည်း အမှန်တကယ်မှာတော့ အတွေးတို့လွှင့်ပျံ့နေခြင်းဖြစ်သည်။

"ကိုယ့်အချစ် … ကောင်းမြတ်လွန်း … ကလေးလေး …"

"ဗျာ …"

"ဘာတွေတွေးနေတာလဲ ကိုယ့်ကိုစိတ်ဆိုးနေတာလား"

"မဟုတ်ဘူး။ အစ်ကို … သူမတန်ဖိုးထားရတဲ့ဝတ်စုံလေးက ကျွန်တော်ဝတ်ဖို့ထိုက်တန်ခဲ့ရဲ့လား"

"ထိုက်တန်လို့  သူမကိုယ်တိုင် ခွင့်ပြုပေးခဲ့တာလေ။ ကိုယ်ပြောပြတဲ့ ချစ်ရဲ့အကြောင်းတွကြားပြီး သူမကိုယ်တိုင် လိုလိုလားလားနဲ့ ဝတ်စုံပိုင်ရှင်ကိုရွေးခြယ်ပေးခဲ့တာ။"

"အဲ့လိုမှန်းသိရင် ကျွန်တော်ထိန်းထိန်းသိမ်းသိမ်းဝတ်ပေးခဲ့ပါတယ်။"

"အဲ့တာနဲ့ပတ်သတ်ပြီး စိတ်ဖိစီးမနေနဲ့တော့"

"အစ်ကို … အဲ့ဒီဟန်ဆောင် လက်ထပ်ပွဲအကြောင်းကို မင်္ဂလာပွဲတက်ရောက်ခဲ့တဲ့သူတွေသိသွားရင်အဆင်ပြေပါ့မလား"

"အဲ့တာလဲမပူပါနဲ့ အဲ့တုန်းက ကိုယ်ကမင်္ဂလာပွဲပြီးတာနဲ့ ဧည့်သည်တစ်ယောက်ချင်းစီကို မင်္ဂလာပွဲက အစီအစဉ်တစ်ခုအတွက် ဗီဒီရိုရိုက်ဖို့လိုအပ်လုပ်ခဲ့တဲ့အကြောင်းကော အဲ့လိုလုပ်ရတဲ့ရည်ရွယ်ချက်ကိုပါရှင်းပြပေးခဲ့တယ်။ အစကတည်းက မင်္ဂလာလက်ဖွဲလည်းလက်မခံခဲ့တာမို့ သူတို့ဘက်က စိတ်အရမ်းကွက်သွားတာမျိုးမရှိခဲ့ဘူး။ အဲ့ဒီအပြင် သူတို့ကိုယ်ကိုင်ကပါ ဖောင်ဒေးရှင်းအတွက် အလှူငွေတွေထည့်ပေးခဲ့သေးတယ်။ သူတို့ဘက်က အခုထိမသိချင်ယောင်ဆောင်နေတာက ဗီဒီယို လွှင့်မယ့်ရက်မရောက်သေးတာကြောင့် သတင်းပေါက်ကြားမှာဆိုးလို့လေ။ အယ် တစ်ယောက်ကတော့ ဟန်ဆောင်မင်္ဂလာပွဲနောက်ကွယ်က အကြောင်းတွေကို မသိခဲ့ဘူး။ အဲ့တာကြောင့်လဲ မဆင်မခြင်နဲ့ သတင်းအမှားတွေတင်ခဲ့တာ။"

"အဲ့တစ်ယောက်က ဘယ်သူလဲ မဟုတ်မှ ဒေါ်ဇင်မိုးမြင့်လား"

"ဘင်ဂို … အမှန်ပဲ ဒီညနေသတင်းတွေတက်လာပြီး ကိစ္စအားလုံးရှင်းသွားရင် သူတော်တော်လေးနောင်တရသွားမှာသေချာတယ်"

" ဒါဆို ပြသနာက ဘာမှတောင် မဖြေရှင်းလိုက်ရသေးခင် ပြီးသွားတာလား"

"ဒါပေါ့"

"အကယ်၍ အလောင်းအစားလုပ်တုန်းက ကျွန်တော်နိုင်သွားရင် အစ်ကိုက သတို့သမီးနေရာက လူကို အခြားတစ်ယောက်အစားထိုးမှာလား"

"နိုး … ကိုယ်အဲ့ဒီဝတ်စုံကို ဝယ်လိုက်ရတဲ့ အကြောင်းရင်းက ကိုယ်အချစ်ကိုဝတ်စေချင်လို့ အကယ်၍ အဲ့နေ့က ကိုယ်ရှုံးသွားရင် ကိုယ့်အချစ်ကိုကိုယ်က အကုန်ပြောပြပြီး အကူအညီ မရ ရအောင် တောင်းမှာ။"

"ဘာလို့ ကျွန်တော့ကို အဲ့ဝတ်စုံဝတ်စေချင်တာလဲ"

"ကိုယ့်အချစ်နဲ့ဆို အရမ်းလိုက်ဖက်မယ်ဆိုတာသိလို့ ပြီးတော့ ကိုယ်တစ်ခေါက်လောက်ပဲဖြစ်ဖြစ် ကိုယ့်အချစ်ကို သတို့သမီးဝတ်စုံလေးနဲ့မြင်ဖူးချင်လို့။ ဒါပေမဲ့ ကိုယ်တို့တကယ်မင်္ဂလာဆောင်တဲ့အချိန်ကြရင်တော့ ကိုယ်က ကိုယ့်အချစ်ကို သတို့သားဝတ်စုံပဲဝတ်ခိုင်းမှာပါ။ ဘာလို့လဲဆိုတော့ ကိုယ့်အချစ်က ကိုယ်ချစ်ရတဲ့ အမျိုးသားတစ်ယောက်ဖြစ်နေလို့ပဲ။ အဲ့လိုမဟုတ်ပဲ ကိုယ့်အချစ်က မိန်းကလေးဆိုလဲ ကိုယ်ကချစ်မှာပဲ ဘာလို့လဲဆိုတော့ ကိုယ်က ကောင်းမြတ်လွန်းရဲ့ နှလုံးသားနဲ့ စိတ်ဝိဥာည်ကိုချစ်မြတ်နိုးတာမို့လို့ပဲ။ ကောင်းမြတ်လွန်းက ကောင်းမြတ်လွန်းဖြစ်နေလို့ကို ကိုယ်ကချစ်တာ။"

"အလျှောက်ကောင်းလို့ အထောင်းသက်သာတယ်မှတ်ပါ။ဒါပေမဲ့ ကိစ္စအားလုံးပြီးသွားရင် အစ်ကို့ကို စိတ်ကောက်ဖို့အတွက် ကျွန်တော်တေးထားတာမို့ ချော့ဖို့အသင့်ပြင်ထားပါ။"

"ဟင် အခုဘာလို့မကောက်တာလဲ"

"အစ်ကို့ပြသနာတွေမရှင်းသေးတော့ အစ်ကိုပိုစိတ်ညစ်ရမှာဆိုးလို့ ကျွန်တော်စိတ်ကောက်မယ့်ရက်ကိုပဲ ခဏရွှေ့ဆိုင်းထားရတာပေါ့"

"ဟား ဟား ဘယ်လိုတောင်လဲကွာ ကိုယ့်အချစ် စိတ်ကောက်ပြမယ့်အချိန်ကိုမြန်မြန်ရောက်ချင်လှပြီ"

"ဘာလို့လဲ"

"ချော့ပေးချင်လို့လေ"

"အပိုတွေ"

"နည်းနည်းတောင်လျော့နေသေးတယ်"

(ပြီးသလောက်လေးတင်ပေးလိုက်တာမို့ ဇာတ်သိမ်းပိုင်းကနောက်တစ်ပိုင်းမှဖြစ်ပါလိမ့်မယ်။ မွေးနေ့ဆုတောင်းပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။😘)

T.B.C🐻
THANKS😘

11:03PM(Mon)
14.02.2022
G14

© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (ဇာတ္သိမ္း)
Коментарі