Chapter 0
Chapter 0
"Sir! we've got the location of Agent 4"
"Where is he? "
"He's in Antarctica sir"
Global Intelligence and Security Advanced Association (G.I.S.A.A) ဆိုတာ တစ်ကမ်ဘာလုံးဆိုင်ရာ တာဝန်တွေကိုထမ်းဆောင်နေတဲ့ ထိပ်တန်းလျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ကမ်ဘာ့နေရာအနှံက အတော်ဆုံးဆိုတဲ့သူတွေနဲ့ချည်း ရွေးချယ်ဖွဲ့စည်းထားပြီး အမြင့်မားဆုံးသောနည်းပညာတွေရှိတဲ့နေရာလည်းဖြစ်တယ်။နိုင်ငံတိုင်းရဲ့ တရားစီရင်ခွင့်ပြင်ပမှာရှိပြီး တစ်ကမ်ဘာလုံးမှာရှိတဲ့ သတင်းအချက်အလက်တွေကိုရယူထားတယ်။နိုင်ငံသားအချက်အလက်တွေကအစ အခြားလျှို့ဝှက်အဖွဲ့အစည်းတွေရဲ့ agent identity တွေ, စစ်သားတွေရဲ့စစ်ဆေးရေးရလဒ်တွေအထိ gisaa ရဲ့ server ထဲမှာစုစည်းထားတယ်။Agent အသစ်တွေကိုလည်း ဒီနည်းနဲ့ပဲခေါ်ယူတာဖြစ်တယ်။အခြားသောအဖွဲ့အစည်းတွေက Agent တွေရဲ့ စစ်ဆေးရေးရလဒ်တွေ,ကျောင်းသားတွေရဲ့ စာမေးပွဲရလဒ်တွေအပြင် လမ်းမပေါ်က camera တွေကိုပါမချန် gisaa က တစ်ချိန်လုံးစောင့်ကြည့်နေပြီး ဒီလူတွေအထဲကပဲ agent အသစ်ဖြစ်လာမဲ့သူတွေကို ရွေးထုတ်တယ်။ဒါ့ကြောင့်ပဲ gisaa agent တွေထဲမှာ ရာဇဝတ်သားတွေတောင် ပါနေသေးတယ်။ဒါပေမဲ့ Special Agent တွေကတော့ အခြား Agent တွေလို အရွယ်ရောက်ပြီးမှရွေးထုတ်ထားတဲ့သူတွေမဟုတ်ဘူး။သူတို့က အကြောင်းအမျိုးမျိုးကြောင့် gisaa ရဲ့စောင့်ရှောက်မှုအောက်ရောက်လာတဲ့ မိဘမဲ့ကလေးတွေဖြစ်တယ်။ကလေးအရွယ်ကတည်းက စနစ်တကျလေ့ကျင့်ပေးခံထားရပြီး သူတို့အဆင်သင့်ဖြစ်တဲ့အခါ နံပါတ်စဉ်တွေနဲ့ Special Agent တွေဖြစ်လာကြတယ်။ဥပမာပေးရရင် Agent 4 လိုပေါ့။
Special Agent အနည်းစုထဲမှာမှ Special အဖြစ်ဆုံးထဲထပ်ပါတဲ့ Agent 4 က အသက် 14 နှစ်မှာပဲ Agent အဖြစ်တာဝန်စထမ်းခဲ့တာဖြစ်တယ်။"Agent 4 is on vacation" ဆိုတဲ့စာတစ်ကြောင်းနဲ့ အရိပ်တောင်မမြင်ရအောင်ပျောက်သွားတာပဲ သုံးနှစ်တောင်ပြည့်တော့မယ်။တစ်ကမ်ဘာလုံးအဝပတ်ပြီးလို့ တောင်ဝင်ရိုးစွန်းထိရောက်သွားပြီး ထပ်သွားစရာနေရာမကျန်တော့မှ ပြန်လာဖို့ဆုံးဖြတ်လိုက်တဲ့ပုံပါပဲ။
"What the hell is he doing in Antarctica!"
"We don't know sir"
"Well, maybe Lucien is just being Lucien.At least,now we know where he is"
GISAA လိုအဖွဲ့အစည်းမျိုးကနေတောင် 3 နှစ်ကြာတဲ့အထိခြေရာဖျောက်နေနိုင်တဲ့ကောင်လေးက တွေ့ပြန်တော့လည်း Antarctica မှာတွေ့သတဲ့။17 နှစ်ကတည်းကပျောက်သွားတဲ့ကောင်လေးက အခုပြန်လာရင် 20 ရှိရောပေါ့။အရပ်တွေဘာတွေလည်းရှည်လာပြီး လူကြီးရုပ်တောင်ထွက်ရင်ထွက်နေလောက်ပြီဆိုတာကိုတွေးမိတော့ မနေနိုင်ဘဲပြုံးမိသွားတယ်။ပြင်သစ်ကမိဘမဲ့ဂေဟာတစ်ခုက တရုတ်လူမျိုးကောင်လေးကို အများစုက Lucien ဆိုတဲ့ပြင်သစ်နာမည်နဲ့သိကြတယ်။ဒါပေမဲ့ သူကတော့ ကိုယ်တိုင်ပေးထားတဲ့ Wang Yibo ဆိုတဲ့နာမည်ကိုပဲခေါ်ရတာသဘောကျတယ်။ဘာလိုလိုနဲ့ ကမ်ဘာပတ်နေတဲ့ပင်ကွင်းလေးတောင် အိမ်ပြန်လာဖို့ဆုံးဖြတ်လိုက်ပြီပဲ။
Note/
GISSA ကို အကုန်လုံးပေါင်းပြီးအသံထွက်ချင်ရင် (ဂီဆာ)ဆိုတဲ့အသံမျိုး ထွက်လို့ရပါတယ်
"Sir! we've got the location of Agent 4"
"Where is he? "
"He's in Antarctica sir"
"We don't know sir"
Note/
© Alexander Hermes,
книга «G.I.S.A.A».
Коментарі