(1)ဘဲ႐ုပ္ဆိုးတစ္ေကာင္ေတြ႔ခဲ့တယ္
(1)ဘဲ႐ုပ္ဆိုးတစ္ေကာင္ေတြ႔ခဲ့တယ္
"ဒီေန႔ေနသာတယ္" "ဒီေန႔မိုးအံု႔တယ္"
"ေဟာ.. ဒီေန႔ေတာ့မိုးေတြရြာေလၿပီ"

ဘာမွမထူးျခားေတာ့တဲ့ျဖစ္စဥ္ေတြပါပဲ
ဒီလိုမ်ဳိးရာသီဥတုအေျပာင္းအလဲေသးေသးေလး
ေတြေပမဲ့ အေသးစိတ္ရည္ၫႊန္းပီးေရရြတ္ေနရတဲ့
ေန႔ရက္ေတြကလြန္ခဲ့တဲ့ႏွစ္ေတြအမ်ားႀကီးက
စခဲ့တယ္ေျပာရမလား..။

*အဲေကာင္ေလးကgay လား* *မထင္ရဘူးဟယ္*

ကဲၾကည့္..
ဒါေတြထက္ေတာ့ကြၽန္ေတာ္ေရရြတ္ေနတဲ့
ဝါက်ေတြကပိုနားေထာင္လို႔ေကာင္းတယ္မလား..

အဲလူေတြကအားယားေနတယ္..
ဂ႐ုမစိုက္ဘူးဆိုေပမဲ့ လူသားေလဗ်ာ။
ၾကာရင္နားေတာ့႐ႈပ္တတ္တယ္..
ဒါေပမဲ့မတံု႔ျပန္ခ်င္ဘူး။

ဒီအတၱဝါဒီေတြနဲ႔ဘာမွကိုအေျခအတင္
မေျပာခ်င္တာ.။
မၾကားသလိုပဲေရွာင္ထြက္ေပးလိုက္တယ္ ။

ဒါေတာင္ေနာက္ေက်ာဘက္က
*အေရထူေနပီထင္တယ္*ဆိုတဲ့စကားက
အစစ္ၾကားရတတ္ေသးတာ..။

ဒီေန႔လဲထူးမျခားနားပါပဲ နားက်ပ္ကိုေကာက္တပ္ၿပီး
မိႈင္းအံု႔အံု႔ေကာင္းကင္ကိုတစ္ခ်က္ေမာ့ၾကည့္လိုက္
တယ္ ။မိုးရြာမဲ့ပံုပဲ.. ေတြးပူေနစရာေတာ့မလို။

အျပင္ထြက္ဖို႔ျပင္တာနဲ႔လက္ကေခါက္ထီး
အမဲေလးကိုဆြဲပီးသားပဲ..။ မိုးေရထဲထီးမပါပဲေလွ်ာက္သြားရတာ
ေပ်ာ္ဖို႔ေကာင္းတယ္..ဆိုေပမဲ့ကြၽန္ေတာ္က
အေအးမခံႏိုင္ဘူး.မိုးနဲနဲစိုတာနဲ႔ဖ်ားေတာ့တာ။

ဒါေၾကာင့္အျပင္သြားတိုင္းထီးဆိုတာက
မပါမျဖစ္အရာဝတၳဳ..ကိုယ္အရမ္းႀကိဳက္တဲ့အရာ
ျဖစ္ေနပါေစ ကိုယ့္အတြက္မေကာင္းဘူး
ဆိုရင္ေတာ့လက္လႊတ္ရမယ္မလား..။

အာေဆာရီး လက္လႊတ္ႏိုင္ရင္ေျပာပါတယ္
မလႊတ္ႏိုင္ရင္ေတာ့မေကာင္းတာသိပါလ်က္နဲ႔လဲ
ဆုပ္ကိုင္ထားမိၾကမွာပဲ။

ရပ္ကြက္ေတြရဲ႕ထံုးစံအတိုင္းလမ္းက်ဥ္းေလးကို
ျဖတ္ၿပီးမွကားလမ္းမေပၚေရာက္မွာ။

လူျပတ္တဲ့ဒီလမ္းက်ဥ္းေလးကတျခားလူေတြ
အတြက္ေျခာက္ျခားစရာဆိုေပမဲ့
ကြၽန္ေတာ့အတြက္ကေတာ့အေတာ္ကိုလူျဖစ္ဖို႔
အဆင္ေျပေစမဲ့အခိုက္အတန္႔ေလးပါပဲ။

ဘာကိုမွအာ႐ံုထားစရာမလိုပဲကိုယ္တစ္ေယာက္
ထဲလမ္းေၾကာင္းတစ္ခုေပၚေလွ်ာက္ေနရတဲ့
အရသာက..အေသကိုပဲ ႀကိဳက္တယ္။

ဒါေၾကာင့္ ကြၽန္ေတာ့ပတ္ဝန္းက်င္မွာ
ဘာဆိုဘာမွမလိုဘူး
ဘယ္ဆက္ႏြယ္မႈမွအဝင္မခံဘူး
ဒါကကြၽန္ေတာ္ကိုယ္တိုင္ခတ္ထားတဲ့ေဘာင္ပဲ။

"ဘုန္း ..shit"

ကိုယ့္အေတြးနဲ႔ကိုယ္ခပ္မွန္မွန္ေလွ်ာက္ေနတုန္း
အေနာက္ကတစ္ခုခုတိုက္မိသံနဲ႔ ဆဲသံသဲ့သဲ့က
နားေထာင္ေနတဲ့သီခ်င္းသံေအးေအးကိုေက်ာ္ၿပီး
နားစည္ကိုလာ႐ိုက္တယ္။

အာ႐ံုပဲ ဒီေနရာမွာတစ္ခါမွဒါမ်ဳိးမႀကံဳဖူးဘူး
ဘယ္ကခေလးငါ့လမ္းက်ဥ္းေလးေပၚေရာက္
လာတာလဲ..။

"ေဟ့လူ ဘာလဲဗ်
လူတစ္ေယာက္လံုးခင္ဗ်ားအေနာက္မွာလဲေနတာ
ေလ တစ္ခ်က္ေလာက္လွည့္ျကည့္သင့္တယ္
မထင္ဘူးလား"

က်စ္
လွည့္မၾကည့္ဘဲဆက္သြားဖို႔ေျခလွမ္းျပင္႐ံုရိွေသး
အေနာက္ကခပ္စူးစူးအသံကေထြသြားတဲ့စိတ္ကို
ဓာတ္ဆီေလာင္းေပးလိုက္သလိုပဲ။

"ဒီမွာ ခေလး.. မင္းဘာမင္း"

ဘာ ဘာလဲ အဲဒါကခေလးလားလူႀကီးလား
ရန္လုပ္မလို႔လွည့္ၾကည့္မိတဲ့ကိုယ့္ေခါင္းကိုယ္သာ
နာနာထုခ်င္တယ္။
ဂုတ္ေထာက္ဆံပင္ရွည္ေတြကိုမွအျဖဴလိုလို
အဝါလိုလိုဆိုးထားလို႔ဆံပင္အေရာင္နဲ႔ေရာပီး
မ်က္ႏွာေသးေသးကျဖဴဖတ္ေနတယ္။

ေဘးနားကစကိတ္ေပၚေျခေထာက္တင္ပီး
ဒူးကိုေထာင္လို႔ႏႈတ္ခမ္းေထာ္ေထာ္ေတြနဲ႔
တဖူးဖူးမႈတ္ေနပံုကဘဲေပါက္ေလးလိုပဲ က်စ္
႐ုပ္ဆိုးလိုက္တာ။

အဲေထာ္ေထာ္လံုးလံုးရဲ႕ဦးတည္ရာကိုၾကည့္လိုက္
ေတာ့ ေသြးေတြရႊဲေနတဲ့ဒူးျဖဴျဖဴေလး
စကိတ္ေပၚကျပဳတ္က်ၿပီးဒူးအေရလန္သြားပံုပဲ။

ေနပါအံုး သူ႕ဘာသူျပဳတ္က်တာေလ
သူကဘာလုပ္လို႔တရားခံၾကည့္သလိုသူ႕ဒူးကို
တဖူးဖူးမႈတ္လိုက္ ဘုၾကည့္ၾကည့္လိုက္လုပ္တာ
ခံေနရတာလဲ။

တစ္ခါတစ္ခါ မ်က္ေစာင္းပါထိုးေနေသးသလားလို႔။
က်စ္ ႐ုပ္ဆိုးလိုက္တာ။

ဘာလဲ လွည့္ၾကည့္ဆိုလို႔လွည့္ၾကည့္ၿပီးၿပီ
ဒါေတာင္သူ႕အတြက္ေတာ္ေတာ္ဝန္ေလးေနပီ။

ပီးေတာ့ဒီေကာင္ေလးအနားမွာဆက္မေနခ်င္
ေတာ့ဘူး။
ဒီေကာင္ေလးအနားမွာသူအဆင္မေျပဘူး။

အႏၲရာယ္မ်ားမဲ့ပံုပဲ။သူဒါကိုမႀကိဳက္ဘူး
ဒီမွာဆက္ရပ္ေနဖို႔အေၾကာင္းမရိွေတာ့ဘူးပဲ။

"အၾကင္နာတရားေခါင္းပါးလိုက္တာ"

လွည့္ထြက္လာပီးသံုးလွမ္းေျမာက္မွာၾကားလိုက္ရ
တဲ့ေနာက္ထပ္အသံတိုးတိုး။
ဟုတ္တယ္ေကာင္ေလး ငါကအဲလိုလူမ်ဳိးပဲ ။

အဲလိုအေျပာခံရမဲ့လူမ်ဳိးမို႔လို႔ မင္းဆီကဒါကိုၾကား
လဲဘာမွတံု႔ျပန္ေနမွာမဟုပ္ဘူး။ အဲေတာ့
အခုလိုတိုးတိုးမဟုပ္ပဲေအာ္ေျပာလိုက္လဲျဖစ္တယ္
ဒါကငါမို႔လို႔ပဲ။

ေနာက္ထပ္မဆံုခ်င္ဘူးေကာင္ေလး
မင္းနဲ႔ေတြ႕ရတာအဆင္မေျပဘူး
ဘယ္ေတာ့မွမဆံုေအာင္ေနေပး။

......................................................

(Unicode)

"ဒီနေ့နေသာတယ်" "ဒီနေ့မိုးအုံ့တယ်"
"ဟော.. ဒီနေ့တော့မိုးတွေရွာလေပြီ"

ဘာမှမထူးခြားတော့တဲ့ဖြစ်စဉ်တွေပါပဲ
ဒီလိုမျိုးရာသီဥတုအပြောင်းအလဲသေးသေးလေး
တွေပေမဲ့ အသေးစိတ်ရည်ညွှန်းပီးရေရွတ်နေရတဲ့
နေ့ရက်တွေကလွန်ခဲ့တဲ့နှစ်တွေအများကြီးက
စခဲ့တယ်ပြောရမလား..။

*အဲကောင်လေးကgay လား* *မထင်ရဘူးဟယ်*

ကဲကြည့်..
ဒါတွေထက်တော့ကျွန်တော်ရေရွတ်နေတဲ့
ဝါကျတွေကပိုနားထောင်လို့ကောင်းတယ်မလား..

အဲလူတွေကအားယားနေတယ်..
ဂရုမစိုက်ဘူးဆိုပေမဲ့ လူသားလေဗျာ။
ကြာရင်နားတော့ရှုပ်တတ်တယ်..
ဒါပေမဲ့မတုံ့ပြန်ချင်ဘူး။

ဒီအတ္တဝါဒီတွေနဲ့ဘာမှကိုအခြေအတင်
မပြောချင်တာ.။
မကြားသလိုပဲရှောင်ထွက်ပေးလိုက်တယ် ။

ဒါတောင်နောက်ကျောဘက်က
*အရေထူနေပီထင်တယ်*ဆိုတဲ့စကားက
အစစ်ကြားရတတ်သေးတာ..။

ဒီနေ့လဲထူးမခြားနားပါပဲ နားကျပ်ကိုကောက်တပ်ပြီး
မှိုင်းအုံ့အုံ့ကောင်းကင်ကိုတစ်ချက်မော့ကြည့်လိုက်
တယ် ။မိုးရွာမဲ့ပုံပဲ.. တွေးပူနေစရာတော့မလို။

အပြင်ထွက်ဖို့ပြင်တာနဲ့လက်ကခေါက်ထီး
အမဲလေးကိုဆွဲပီးသားပဲ..။ မိုးရေထဲထီးမပါပဲလျှောက်သွားရတာ
ပျော်ဖို့ကောင်းတယ်..ဆိုပေမဲ့ကျွန်တော်က
အအေးမခံနိုင်ဘူး.မိုးနဲနဲစိုတာနဲ့ဖျားတော့တာ။

ဒါကြောင့်အပြင်သွားတိုင်းထီးဆိုတာက
မပါမဖြစ်အရာဝတ္ထု..ကိုယ်အရမ်းကြိုက်တဲ့အရာ
ဖြစ်နေပါစေ ကိုယ့်အတွက်မကောင်းဘူး
ဆိုရင်တော့လက်လွှတ်ရမယ်မလား..။

အာဆောရီး လက်လွှတ်နိုင်ရင်ပြောပါတယ်
မလွှတ်နိုင်ရင်တော့မကောင်းတာသိပါလျက်နဲ့လဲ
ဆုပ်ကိုင်ထားမိကြမှာပဲ။

ရပ်ကွက်တွေရဲ့ထုံးစံအတိုင်းလမ်းကျဉ်းလေးကို
ဖြတ်ပြီးမှကားလမ်းမပေါ်ရောက်မှာ။

လူပြတ်တဲ့ဒီလမ်းကျဉ်းလေးကတခြားလူတွေ
အတွက်ခြောက်ခြားစရာဆိုပေမဲ့ ကျွန်တော့အတွက်ကတော့အတော်ကိုလူဖြစ်ဖို့
အဆင်ပြေစေမဲ့အခိုက်အတန့်လေးပါပဲ။

ဘာကိုမှအာရုံထားစရာမလိုပဲကိုယ်တစ်ယောက်
ထဲလမ်းကြောင်းတစ်ခုပေါ်လျှောက်နေရတဲ့
အရသာက..အသေကိုပဲ ကြိုက်တယ်။

ဒါကြောင့် ကျွန်တော့ပတ်ဝန်းကျင်မှာ ဘာဆိုဘာမှမလိုဘူး
ဘယ်ဆက်နွယ်မှုမှအဝင်မခံဘူး ဒါကကျွန်တော်ကိုယ်တိုင်ခတ်ထားတဲ့ဘောင်ပဲ။

"ဘုန်း ..shit"

ကိုယ့်အတွေးနဲ့ကိုယ်ခပ်မှန်မှန်လျှောက်နေတုန်း အနောက်ကတစ်ခုခုတိုက်မိသံနဲ့ ဆဲသံသဲ့သဲ့က နားထောင်နေတဲ့သီချင်းသံအေးအေးကိုကျော်ပြီး
နားစည်ကိုလာရိုက်တယ်။

အာရုံပဲ ဒီနေရာမှာတစ်ခါမှဒါမျိုးမကြုံဖူးဘူး ဘယ်ကခလေးငါ့လမ်းကျဉ်းလေးပေါ်ရောက်
လာတာလဲ..။

"ဟေ့လူ ဘာလဲဗျ လူတစ်ယောက်လုံးခင်ဗျားအနောက်မှာလဲနေတာ
လေ တစ်ချက်လောက်လှည့်ကြည့်သင့်တယ်
မထင်ဘူးလား"

ကျစ် လှည့်မကြည့်ဘဲဆက်သွားဖို့ခြေလှမ်းပြင်ရုံရှိသေး
အနောက်ကခပ်စူးစူးအသံကထွေသွားတဲ့စိတ်ကို
ဓာတ်ဆီလောင်းပေးလိုက်သလိုပဲ။

"ဒီမှာ ခလေး.. မင်းဘာမင်း"

ဘာ ဘာလဲ အဲဒါကခလေးလားလူကြီးလား
ရန်လုပ်မလို့လှည့်ကြည့်မိတဲ့ကိုယ့်ခေါင်းကိုယ်သာ
နာနာထုချင်တယ်။ ဂုတ်ထောက်ဆံပင်ရှည်တွေကိုမှအဖြူလိုလို
အဝါလိုလိုဆိုးထားလို့ဆံပင်အရောင်နဲ့ရောပီး
မျက်နှာသေးသေးကဖြူဖတ်နေတယ်။

ဘေးနားကစကိတ်ပေါ်ခြေထောက်တင်ပီး ဒူးကိုထောင်လို့နှုတ်ခမ်းထော်ထော်တွေနဲ့
တဖူးဖူးမှုတ်နေပုံကဘဲပေါက်လေးလိုပဲ ကျစ် ရုပ်ဆိုးလိုက်တာ။

အဲထော်ထော်လုံးလုံးရဲ့ဦးတည်ရာကိုကြည့်လိုက်
တော့ သွေးတွေရွှဲနေတဲ့ဒူးဖြူဖြူလေး စကိတ်ပေါ်ကပြုတ်ကျပြီးဒူးအရေလန်သွားပုံပဲ။

နေပါအုံး သူ့ဘာသူပြုတ်ကျတာလေ သူကဘာလုပ်လို့တရားခံကြည့်သလိုသူ့ဒူးကို
တဖူးဖူးမှုတ်လိုက် ဘုကြည့်ကြည့်လိုက်လုပ်တာ
ခံနေရတာလဲ။

တစ်ခါတစ်ခါ မျက်စောင်းပါထိုးနေသေးသလားလို့။
ကျစ် ရုပ်ဆိုးလိုက်တာ။

ဘာလဲ လှည့်ကြည့်ဆိုလို့လှည့်ကြည့်ပြီးပြီ ဒါတောင်သူ့အတွက်တော်တော်ဝန်လေးနေပီ။

ပီးတော့ဒီကောင်လေးအနားမှာဆက်မနေချင်
တော့ဘူး။
ဒီကောင်လေးအနားမှာသူအဆင်မပြေဘူး။

အန္တရာယ်များမဲ့ပုံပဲ။သူဒါကိုမကြိုက်ဘူး
ဒီမှာဆက်ရပ်နေဖို့အကြောင်းမရှိတော့ဘူးပဲ။

"အကြင်နာတရားခေါင်းပါးလိုက်တာ"

လှည့်ထွက်လာပီးသုံးလှမ်းမြောက်မှာကြားလိုက်ရ
တဲ့နောက်ထပ်အသံတိုးတိုး။
ဟုတ်တယ်ကောင်လေး ငါကအဲလိုလူမျိုးပဲ ။

အဲလိုအပြောခံရမဲ့လူမျိုးမို့လို့ မင်းဆီကဒါကိုကြား
လဲဘာမှတုံ့ပြန်နေမှာမဟုပ်ဘူး။ အဲတော့ အခုလိုတိုးတိုးမဟုပ်ပဲအော်ပြောလိုက်လဲဖြစ်တယ်
ဒါကငါမို့လို့ပဲ။

နောက်ထပ်မဆုံချင်ဘူးကောင်လေး
မင်းနဲ့တွေ့ရတာအဆင်မပြေဘူး ဘယ်တော့မှမဆုံအောင်နေပေး။

......................................................

© Hmone ShweYi,
книга «ပန္း႐ိုင္း(or)Red Poppy».
Коментарі