1
2
3
4
1
(Unicode)

"Oh Sehun...ခဏနေ ဂိုက်ဆရာလာတော့မယ်...အဆင်သင့်ပြင်ထားစမ်း"

မာတာမိခင်၏ ပွါးနေမှုကြောင့် Sehun လည်း ဆော့နေသော ဂိမ်းကို လက်စသတ်ကာ ရေမိုးချိုးရန် ပြင်ဆင်လိုက်သည်။

"ဆရာလေး...ဒီအခန်းပါ"

Mrs.Oh ညွှန်ပေးသော အခန်းထဲကို Jongin ဝင်လိုက်တော့ လူမရှိနေဘဲ ရေချိုးခန်းထဲက ရေကျသံကိုသာ ကြားနေရသည်။

"Omma...သားကို တဘက်လေး လာပေးပါဦး...သားကျန်ခဲ့လို့"

ရေချိုးခန်းထဲကနေ ရုတ်တရက်ထွက်လာသော အသံကြောင့် Jongin မှာ ကြောင်​တောင်တောင် ဖြစ်နေလျက်။

"Ommaရေ...ကုတင်ပေါ်က တဘက်လေး ယူလာပေးပါဆိုနေမှဗျာ..."

နောက်တစ်ခါ ထွက်လာသော ဆူဆောင့်ဆောင့်အသံကြောင့် Jongin လည်း မနေသာတော့ဘဲ ကုတင်ပေါ်တွင် တင်ထားသော တဘက်ကို ယူပြီး ရေချိုးခန်းထဲက ကိုယ်တော်အား ပြေးပေးရသည်။

မဟုတ်လျှင် Jongin လည်း သူ့အော်သံကြောင့် လန့်၍သေမည်မှာ အသေအချာ။

"ဟင်...မင်းဘယ်သူလဲ "

ရေချိုးခန်းထဲကနေ တဘက်ပတ်ပြီး ထွက်လာသည့် သကောင့်သားက Jongin ကို မြင်တော့ အံ့သြသွားဟန်။

"ငါက မင်းရဲ့ guide ဆရာဘဲ "

တဘက်ပတ်ထားလျက်နှင့် မေးလာသည်မို့ Jongin လည်း မကြည့်မိအောင် အတော်ထိန်းရသည်။

သူမရှက်ပေမဲ့ ကိုယ်ကတော့ ရှက်သည်ကိုး။

ယိုသူမရှက် မြင်သူရှက်ဆိုတာ ဒါမျိုးပြောတာနေမှာ။

"အဝတ်အစားမြန်မြန်ဝတ်စမ်းပါ...တော်ကြာ စာမသင် ရဘဲ အအေးပတ်ပြီးသေနေမှ ငါလစာမရဘဲနေမယ်"

ဆူအောင့်အောင့် ထွက်လာသော စကားသံကြောင့် Sehun ခိုးရယ်လိုက်ကာ အဝတ်အစားကို အမြန်ကောက်စွပ်ရသည်။

ဟိုအူတူတူ ဂိုက်ဆရာလေးကတော့ စာအုပ်ဖတ်နေလျက်။

အလယ်တန်းကျောင်းသားရုပ်နှင့် အူကြောင်ကြားလေးက ဂိုက်ဆရာဆိုတော့ကာ Sehun Omma ကိုသာ အပြစ်တင်မိသည်။

ဘယ်လိုဟာ ရှာခဲ့မှန်းမသိ။
အူကြောင်ကြောင်ရုပ်လေးကို ဆရာတော်ရမည်မို့ Sehun စိတ်လေမိပါသည်။

"စာသင်မယ်...ဘယ် ဘာသာက စချင်လဲ"

" မင်းက အလယ်တန်းကျောင်းသားလေးမလား...ငါ့ Omma ကို ဂျင်းထည့်လာတာမလား "

Jongin အမေးကို ခပ်ကြောင်ကြောင် မေးခွန်းနဲ့ ပြန်ဖြေလာသည့် အရူးကောင်။

"ဘာ...ငါက တက္ကသိုလ်ကျောင်းသားကွ...အခုလည်း ငါ့ Omma ကို မင်း Omma လာအကူအညီတောင်းလို့ သင်ပေးရတာ"

ဒေါနှင့်မောနှင့် ပြောလာသော အူကြောင်ကြောင်ကိုကြည့်ရတာ Sehun ဗုံးနင်းမိပြီ ထင်သည်။

"အာ...ဆရာကလည်း ကျွန်တော်တောင်းပန်ပါတယ်...ဆရာက နုနေလို့ပါ.."

မနည်းတောင်းပန်လိုက်မှ စိတ်ကျေနပ်သွားသည့် အူကြောင်ကြောင်က စာအသင်အပြကောင်းသား။

"ဒီနေ့တော့ ဒီလောက်ပဲ...မနက်ဖြန် သင်္ချာတွေ အလွတ်ဖြေရမယ် "

ပြောပြီး ဆက်ကော့ဆက်ကော့နှင့် ထွက်သွားသော အူကြောင်ကြောင်။
____________________________________

"Ommaသူငယ်ချင်းရဲ့သားကလည်း စိတ်ပျက်စရာကြီးဗျာ...သားနောက်နေ့မသွားလို့မရဘူးလား...."

မီးဖိုခန်းတွင် အလုပ်များနေသော အမေကို ကပ်ပြီး ဂျီကျနေသည့် Jongin

"အေး...နင်မသွားရင် နင့်ရဲ့ Beakhyun Album တွေ Poster တွေကို သူများကို ပေးပစ်လိုက်မှာ...နောက်ထပ်လည်း ဘာမှထပ်မဝယ်ရဘူး "

"ဟာ...Ommaရာ...သားရဲ့ Beakhyunne ကို ဘာလို့ မျက်စောင်းထိုးနေရတာလဲဗျာ "

ဆူဆောင့်ကာ အိမ်ပေါ်ထပ်ကို တက်သွားသည့် Jongin အားကြည့်ရင်း မာတာမိခင်က ရယ်လျက်။

အခန်းအပြည့်ကပ်ထားသည့် Beakhyunne လေးရဲ့ ပုံတွေမြင်မှ Jongin စိတ်တွေ ပြန်လည်ကြည်လင်သွားသည်။

ထိုမျှလောက်အေင် Beakhyunne ကို Jongin ချစ်သည်ပင်။

အခုလို ဂိုက်သင်ဖြစ်သည်ကလည်း Beakhyunne ၏ အသစ်ထွက် Album ဝယ်ချင်လို့သာ။ မာတာမိခင်ကလည်း ခြိမ်းခြောက်လွန်းသောကြောင့် သင်ပေးရခြင်း။

"Fighting...Jongin "

"Beakhyunne အတွက် ကြိုးစားရမယ်"

ကိုယ့်ကိုကိုယ် အားပေးနေရသော Jongin လေးအား နံရံပေါ်က Beakhyun ပုံကြီးက ပြုံးပြနေသည်ဟု Jongin ခံစားခံစားမိသည်ပင်။

TBC

စာမေးပွဲပြီးလို့တင်ပေးတာ😁

အပိုင်းလေးပိုင်းပဲရှိပြီး အပြီးထိရေးပြီးသားပါနော်😗

Vote 20 ပြည့်ရင် ပြန်လာမယ် အလှလေးတို့❤️

သဘောကျမယ်လို့ မျှော်လင့်လျက်🔥

#Zein🦁

(Zawgyi)

"Oh Sehun...ခဏေန ဂိုက္ဆရာလာေတာ့မယ္...အဆင္သင့္ျပင္ထားစမ္း"

မာတာမိခင္၏ ပြါးေနမႈေၾကာင့္ Sehun လည္း ေဆာ့ေနေသာ ဂိမ္းကို လက္စသတ္ကာ ေရမိုးခ်ိဳးရန္ ျပင္ဆင္လိုက္သည္။

"ဆရာေလး...ဒီအခန္းပါ"

Mrs.Oh ၫႊန္ေပးေသာ အခန္းထဲကို Jongin ဝင္လိုက္ေတာ့ လူမရွိေနဘဲ ေရခ်ိဳးခန္းထဲက ေရက်သံကိုသာ ၾကားေနရသည္။

"Omma...သားကို တဘက္ေလး လာေပးပါဦး...သားက်န္ခဲ့လို႔"

ေရခ်ိဳးခန္းထဲကေန ႐ုတ္တရက္ထြက္လာေသာ အသံေၾကာင့္ Jongin မွာ ေၾကာင္​ေတာင္ေတာင္ ျဖစ္ေနလ်က္။

"Ommaေရ...ကုတင္ေပၚက တဘက္ေလး ယူလာေပးပါဆိုေနမွဗ်ာ..."

ေနာက္တစ္ခါ ထြက္လာေသာ ဆူေဆာင့္ေဆာင့္အသံေၾကာင့္ Jongin လည္း မေနသာေတာ့ဘဲ ကုတင္ေပၚတြင္ တင္ထားေသာ တဘက္ကို ယူၿပီး ေရခ်ိဳးခန္းထဲက ကိုယ္ေတာ္အား ေျပးေပးရသည္။

မဟုတ္လွ်င္ Jongin လည္း သူ႕ေအာ္သံေၾကာင့္ လန့္၍ေသမည္မွာ အေသအခ်ာ။

"ဟင္...မင္းဘယ္သူလဲ "

ေရခ်ိဳးခန္းထဲကေန တဘက္ပတ္ၿပီး ထြက္လာသည့္ သေကာင့္သားက Jongin ကို ျမင္ေတာ့ အံ့ၾသသြားဟန္။

"ငါက မင္းရဲ႕ guide ဆရာဘဲ "

တဘက္ပတ္ထားလ်က္ႏွင့္ ေမးလာသည္မို႔ Jongin လည္း မၾကည့္မိေအာင္ အေတာ္ထိန္းရသည္။

သူမရွက္ေပမဲ့ ကိုယ္ကေတာ့ ရွက္သည္ကိုး။

ယိုသူမရွက္ ျမင္သူရွက္ဆိုတာ ဒါမ်ိဳးေျပာတာေနမွာ။

"အဝတ္အစားျမန္ျမန္ဝတ္စမ္းပါ...ေတာ္ၾကာ စာမသင္ ရဘဲ အေအးပတ္ၿပီးေသေနမွ ငါလစာမရဘဲေနမယ္"

ဆူေအာင့္ေအာင့္ ထြက္လာေသာ စကားသံေၾကာင့္ Sehun ခိုးရယ္လိုက္ကာ အဝတ္အစားကို အျမန္ေကာက္စြပ္ရသည္။

ဟိုအူတူတူ ဂိုက္ဆရာေလးကေတာ့ စာအုပ္ဖတ္ေနလ်က္။

အလယ္တန္းေက်ာင္းသား႐ုပ္ႏွင့္ အူေၾကာင္ၾကားေလးက ဂိုက္ဆရာဆိုေတာ့ကာ Sehun Omma ကိုသာ အျပစ္တင္မိသည္။

ဘယ္လိုဟာ ရွာခဲ့မွန္းမသိ။
အူေၾကာင္ေၾကာင္႐ုပ္ေလးကို ဆရာေတာ္ရမည္မို႔ Sehun စိတ္ေလမိပါသည္။

"စာသင္မယ္...ဘယ္ ဘာသာက စခ်င္လဲ"

" မင္းက အလယ္တန္းေက်ာင္းသားေလးမလား...ငါ့ Omma ကို ဂ်င္းထည့္လာတာမလား "

Jongin အေမးကို ခပ္ေၾကာင္ေၾကာင္ ေမးခြန္းနဲ႕ ျပန္ေျဖလာသည့္ အ႐ူးေကာင္။

"ဘာ...ငါက တကၠသိုလ္ေက်ာင္းသားကြ...အခုလည္း ငါ့ Omma ကို မင္း Omma လာအကူအညီေတာင္းလို႔ သင္ေပးရတာ"

ေဒါႏွင့္ေမာႏွင့္ ေျပာလာေသာ အူေၾကာင္ေၾကာင္ကိုၾကည့္ရတာ Sehun ဗုံးနင္းမိၿပီ ထင္သည္။

"အာ...ဆရာကလည္း ကြၽန္ေတာ္ေတာင္းပန္ပါတယ္...ဆရာက ႏုေနလို႔ပါ.."

မနည္းေတာင္းပန္လိုက္မွ စိတ္ေက်နပ္သြားသည့္ အူေၾကာင္ေၾကာင္က စာအသင္အျပေကာင္းသား။

"ဒီေန႕ေတာ့ ဒီေလာက္ပဲ...မနက္ျဖန္ သခၤ်ာေတြ အလြတ္ေျဖရမယ္ "

ေျပာၿပီး ဆက္ေကာ့ဆက္ေကာ့ႏွင့္ ထြက္သြားေသာ အူေၾကာင္ေၾကာင္။
____________________________________

"Ommaသူငယ္ခ်င္းရဲ႕သားကလည္း စိတ္ပ်က္စရာႀကီးဗ်ာ...သားေနာက္ေန႕မသြားလို႔မရဘူးလား...."

မီးဖိုခန္းတြင္ အလုပ္မ်ားေနေသာ အေမကို ကပ္ၿပီး ဂ်ီက်ေနသည့္ Jongin

"ေအး...နင္မသြားရင္ နင့္ရဲ႕ Beakhyun Album ေတြ Poster ေတြကို သူမ်ားကို ေပးပစ္လိုက္မွာ...ေနာက္ထပ္လည္း ဘာမွထပ္မဝယ္ရဘူး "

"ဟာ...Ommaရာ...သားရဲ႕ Beakhyunne ကို ဘာလို႔ မ်က္ေစာင္းထိုးေနရတာလဲဗ်ာ "

ဆူေဆာင့္ကာ အိမ္ေပၚထပ္ကို တက္သြားသည့္ Jongin အားၾကည့္ရင္း မာတာမိခင္က ရယ္လ်က္။

အခန္းအျပည့္ကပ္ထားသည့္ Beakhyunne ေလးရဲ႕ ပုံေတြျမင္မွ Jongin စိတ္ေတြ ျပန္လည္ၾကည္လင္သြားသည္။

ထိုမွ်ေလာက္ေအင္ Beakhyunne ကို Jongin ခ်စ္သည္ပင္။

အခုလို ဂိုက္သင္ျဖစ္သည္ကလည္း Beakhyunne ၏ အသစ္ထြက္ Album ဝယ္ခ်င္လို႔သာ။ မာတာမိခင္ကလည္း ၿခိမ္းေျခာက္လြန္းေသာေၾကာင့္ သင္ေပးရျခင္း။

"Fighting...Jongin "

"Beakhyunne အတြက္ ႀကိဳးစားရမယ္"

ကိုယ့္ကိုကိုယ္ အားေပးေနရေသာ Jongin ေလးအား နံရံေပၚက Beakhyun ပုံႀကီးက ၿပဳံးျပေနသည္ဟု Jongin ခံစားခံစားမိသည္ပင္။

TBC

စာေမးပြဲၿပီးလို႔တင္ေပးတာ😁

အပိုင္းေလးပိုင္းပဲရွိၿပီး အၿပီးထိေရးၿပီးသားပါေနာ္😗

Vote 20 ျပည့္ရင္ ျပန္လာမယ္ အလွေလးတို႔❤️

သေဘာက်မယ္လို႔ ေမွ်ာ္လင့္လ်က္🔥

#Zein🦁

© Zein_Z Z,
книга «Miracle».
Коментарі