အပိုင်း - ၀
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၃
  • [ ဒီတောင်သခင်မှာတပည့်တစ်ယောက်ရလာခဲ့တယ်။
သို့)
  • ရှစ်ဇွင်း တပည့်ကဒီမှာပါ။ ] 



ရိပေါ် ဂိုဏ်းချုပ်ကျန်းပြောသော ဟော်ရှန်းချင်းတောင်အား ရှောင်းယွမ်ခန်းမကနေငေးမောကာကြည့်တော့ စိမ်းစိုနေသည့်တောင်တစ်တောင်ဖြစ်မှန်း သတိထားမိလေသည်။

ကိုယ်တွင်ခံနိုင်ရည်အားများ မကျန်ရှိတော့သည့်တိုင် မိမိမှာရှစ်ဇွင်းဖြစ်သူထံသို့သွားပေရဦးမည်။ ဒီလောက်ဝေးတဲ့အနေအထားနဲ့ဆို ထပ်ပြီးလမ်းလျောက်ရဦးမှာပဲ။

မိမိမသွားခင် ဂိုဏ်းချုပ်ကျန်းမှာ ဂိုဏ်းသားဝတ်စုံထုတ်ပေးလာလေသည်။ ထို့နောက်ပြောစရာရှိသည့်နှယ် မိမိအားခဏနေခိုင်းထားပြီး နောက်ထပ်ဝတ်ရုံများယူလာပေးသည်။

"မင်းရဲ့ရှစ်ဇွင်းအတွက်ပါယူသွားလိုက် ဒါနဲ့မင်းအပ်ချုပ်တတ်လား"

တစ်ခါတရံအဖေ့ရဲ့အဝတ်အစားများကို ချုပ်ပေးရန်အတွက်
အိမ်နားရှိအဒေါ်ကြီးထံတွင် သင်ဖူးတာကြောင့် ခေါင်းညိတ်လိုက်လေသည်။

"ကောင်းတယ် သိပ်ကောင်းတယ် ဟော်ရှန်းချင်းတောင်မှာဘာမှရှိမှာမဟုတ်သေးဘူး လိုအပ်တာတွေကိုနောက်နေ့ကျ မင်ကျင်းတောင်မှာလာယူလှည့် "

"ဟုတ်ကဲ့ ဂိုဏ်းချုပ်ကျန်း "

"ကောင်းပြီ ကောင်းပြီ သွားတော့ "

ဝေးလံသည့်တောင်သို့သွားရန် ပေါင်းကူးတံတားများရှိလေသည်။ ဟော်ရှန်းချင်းတောင်သို့အလျင်အမြန်ရောက်လာသော်လည်း
တောင်ထိပ်သို့တက်ရန်လှေကားက လှေကားကရှိမနေ။

ဒီတောင်သခင်ကလမ်းမလျောက်ဘဲ ဓားပျံနဲ့ပဲအမြဲအတက်အဆင်းလုပ်တာလား။ ဆီးနှင်းတမျှဖြူဖွေးနေသည့် ဝတ်စုံများကိုသူ့ကျောပေါ်တွင်
သေချာထုပ်ပိုးကာချည်နှောင်လိုက်ပြီး
လမ်းလျောက်ရာတွင် လွယ်ကူစေရန် မရင့်သန်သေးသည့်ဝါးတစ်ပင်အားချိုးလိုက်သည်။

တစ်ထောက်နားလိုက် ဆက်သွားလိုက်ဖြင့် တောင်ပေါ်သို့တက်လာခဲ့လေသည်။ ညအမှောင်ကဟော်ရှန်းချင်းတောင်တစ်တောင်လုံးကို ဖုံးလွှမ်းသွားလေရာ ရိပေါ် ဘာမှကိုမမြင်နိုင်တော့ပေ။

အမှောင်​အားကြောက်ရွံ့သောသူဖြစ်ရာ သွားနေသောနေရာမှာတင် ရပ်တန့်လိုက်ပြီး မျက်လုံးအားစုံမှိတ်ထားတော့သည်။

"အဖေ "

အားကိုးတကြီးခေါ်မိသည့်နာမည်လေး။ မိမိအနားတွင်မရှိဘူးဆိုတာသိသည့်တိုင် အားငယ်ကြောက်ရွံ့တိုင်းအော်ခေါ်မိနေသည်။

ကျန်းချင်းရှိုး မှာ ဟော်ရှန်းချင်းတောင်ပေါ်တက်ရန် အစီအရင်တစ်ခုရှိတယ်ဆိုတာကို ပြောဖို့မေ့လေခဲ့ရာ။
ထိုကလေးတစ်ခုခုဖြစ်မှာစိုးတာကြောင့် ရှစ်တိ အားအကြောင်းကြားရတော့သည်။

စိတ်စွမ်းအင်လှိုင်းလေးများက ဟော်ရှန်းချင်းတောင်ထိပ်သို့ အလျင်အမြန်ပျံ့သွားလေသည်။

"ရှစ်တိ ရှစ်တိ တံခါးပိတ်ကျင့်ကြံနေပြန်ပြီလား ရှစ်ရှုန်းပြောစရာရှိတယ် "

ပြန်စကားမရပေမဲ့ကြားလိုက်ရသည့်အသံကြောင့် တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာကြောင်းသိလိုက်သည်။

"မဟုတ်ဘူး မိစ္ဆာတွေမဟုတ်ဘူး မင်းအတွက်တပည့်တစ်ယောက်လက်ခံပေးလိုက်တာ သူ့ကိုဂရုစိုက်လိုက်ဦး အခုဆိုတောင်ခြေနားရောက်နေလောက်ပြီ မှောင်နေရော့မယ် ရှစ်တိ"

ဟော်ရှန်းချင်းတောင်သခင်ဖြစ်သော ကျုံရှစ် မှာ ကျန်းချင်းရှိုး ပြောသောစကားကြောင့် လှုပ်ရှားမှုမရှိသောမျက်လုံးထဲတွင် နားမလည်သည့်အရိပ်အယောင်များထင်ဟပ်လာရသည်။

တည်ငြိမ်သည့်လေသံဖြင့် ပြန်လည်ဖြေကြားသည့်စကားက။

"တပည့်ကဘာလဲ ဂိုဏ်းသားလိုမျိုးလား"

"မင်းကအခုရှစ်ဇွင်းဖြစ်သွားပြီ မင်းရဲ့ရှစ်ဇွင်းကမင်းကိုပျိုးထောင်ပေးသလိုမျိုး သူ့ကိုပျိုးထောင်ဂရုစိုက်ပေးရမှာ "

"အော် "

"အခုတပည့်လေးကိုသွားကြိုလိုက် ရှစ်တိ "

"ဟုတ်ကဲ့ "

မှောင်နေသည့်ဟော်ရှန်းချင်းတောင်မှာ ကျုံရှစ်ရဲ့ လက်တစ်ချက်အဝှေ့မှာ အလင်းပေးသော ငှက်ငယ်လေးတစ်ကောင် ထွက်ပေါ်လာရသည်။

"သွားရှာချေ "

ဝါထိန်နေသည့်မီးပုံးတစ်လုံးနှယ် အလင်း​ဆောင်နေသည့်ငှက်ငယ်လေး။

"ရှစ်ဇွင်းကငါ့ကိုဂရုစိုက်သလိုမျိုး ဒါပေမဲ့ ငါ့ခေါင်းထဲကျင့်ကြံစဥ်ကလွဲ မသိတာကို ဟင်း"

မိမိရဲ့စံအိမ်လေးရှေ့ နာရီပေါင်းများစွာစောင့်ဆိုင်းနေပါသော်လည်း ပေါ်မလာသေးတာကြောင့် စံအိမ်ထဲပြန်ဝင်ပြီးကျင့်ကြံရန်စဥ်းစားမိသည်။

ရှစ်တိ တပည့်လေးကိုဂရုစိုက်လိုက်ဦး။

ရှစ်ရှုန်းပြောတဲ့စကားကိုနားထောင်ရမယ်။ စံအိမ်အပြင်ဘက်ရှိမြေကြီးထက် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး
ကျင့်ကြံစဥ်တွေတွေးတောနေလေသည်။

မနက်မိုးလင်းတဲ့အခါမှသာ ဟော်ရှန်းချင်းတောင်သခင်ရှေ့ ရိပေါ်ရောက်လာခဲ့သည်။ ညကသူ့ရှေ့တွင်အလင်းရောင်ထွက်သည့် ငှက်လေးတစ်ကောင်ရောက်လာခဲ့သည်။ အမှောင်ထဲမနေချင်တာကြောင့် ထိုငှက်လေးနောက် မျက်ချည်မပြတ်အောင်လိုက်ပါလာခဲ့လေရာ မိုးစင်စင်လင်းမှ ​တောင်ပေါ်သို့ရောက်လေသည်။

ထိုငှက်လေးမှာလူတစ်ယောက်ရဲ့ပုခုံးအပေါ်နားနေပြီးနောက် ပျောက်ကွယ်သွားလေသည်။ ရိပေါ်ထိုလူအားကြည့်တော့ ရင်းနှီးနေသလိုရှိနေသော်လည်း သေချာတော့မသိ။

ထိုသူဝတ်ဆင်ထားသောဝတ်ရုံမှာ ပြဲနေသည့်နေရာများစွာရှိပြီး မျက်နှာနှင့်လက်တွင်လည်း သွေးများကပေကျံနေလေသည်။ စုထုံးကာချည်နှောင်ထားသည့် ဆံစများတွင်လည်း ဖုန်မှုန့်တွေကပ်နေလျက်။ မြေကြီးပေါ်ထိုင်နေသောကြောင့် ဝတ်ရုံမှာလည်းပေတလူးနေလေသည်။

ဒီလူက ငါ့ရဲ့ရှစ်ဇွင်းတော့မဟုတ်လောက်ဘူးမလား။

နှစ်ရက်ဆက်တိုက်ထမင်းမစားရသောကြောင့် လက်တွေကတုန်ရီနေလေသည်။ မထူးတဲ့အဆုံးရိပေါ်ထိုလူရှေ့ပစ်လဲချကာ အမောဖြေနေသည်။

"ဗိုက်ဆာလိုက်တာ "

ကျုံရှစ်မှာ လူတစ်ယောက်ရဲ့အသံကြောင့် တရားထိုင်နေရာကနေမျက်လုံးဖွင့်ကြည့်မိတော့ မည်သူမျှမရှိ။
အောက်သို့မမြင်ဘဲ ရှေ့တည့်တည့်ကိုသာ
ကြည့်သောကြောင့်ဖြစ်သည်။

"ငါ့တပည့်လေးကမရောက်လာဘူးနဲ့တူတယ်"

ရိပေါ်ထိုလူပြောသောစကားကြောင့် အသိဝင်ကာဖြင့်။

"ရှစ်ဇွင်း ?"

"ဟမ် "

"ရှစ်ဇွင်း တပည့်ကဒီမှာပါ"

ဒီလူကတကယ်ကြီးငါ့ရှစ်ဇွင်း !!

"အော် "

တစ်နေရာဆိုတစ်နေရာပဲကြည့်တတ်သော ကျုံရှစ်ကြောင့် ရိပေါ်ကိုမမြင်ခြင်းပင်။

"မင်းကငါ့တပည့်ပေါ့ မင်းအဆင်ပြေတဲ့နေရာနေလို့ရတယ် ငါ့ကိုသာမနှောင့်ယှက်နဲ့ "

"ရှစ်ဇွင်း ခဏ ခဏ"

တုန်ရီနေသောလက်တွေဖြင့်ထွက်သွားသောသူကို မရမကဆုပ်ကိုင်ထားမိသည်။ ကျုံရှစ် တပည့်ရဲ့လက်တွေတုန်နေသည်ကို နေမကောင်းဖြစ်နေတယ်ထင်ကာ ယွီဟွားတောင်သခင်ပေးထားသောဆေးလုံးများကို ထုတ်ကာဖြင့် တစ်လုံးပေးလိုက်သည်။

"မဟုတ် ကျွန်တော် တပည့်ကနေကောင်းပါတယ်"

"ဒါဆိုလည်း "

ဆေးလုံးအားပြန်ထည့်လိုက်ပြီး စံအိမ်ထဲထပ်ဝင်တော့ ရိပေါ်မှာထပ်မံတားလေပြန်သည်။ ဒီတစ်ခါတော့ ကျုံရှစ် ရိပေါ်ရဲ့လက်အားဖြုတ်ချမယ်လုပ်တော့ ရိပေါ်မှာလဲကျသွားတော့သည်။ အဆာလွန်ကာမေ့လဲခြင်းဖြစ်သည်။

သူ့ပေါ်လဲကျလာသောတပည့်လေးအား ကူထိန်းလို့ ဘာဆက်လုပ်ရမလဲ ကျုံရှစ် မသိပေ။ တိုက်ဆိုင်စွာနဲ့ရှစ်ရှုန်းရဲ့ဆက်သွယ်ခြင်းကို ရလေသည်။

"မင်းတပည့်ကိုတွေ့ပြီလား "

"တပည့်လေးကလဲကျသွားတယ် "

"ဟေ ကြည့်ရတာဗိုက်ဆာလွန်းလို့နေမယ်"

"ဒါဆို ရှစ်တိသိပြီ "

ကျန်းချင်းရှိုး သူမေးချင်သည့်စကားများမမေးလိုက်ရပေ။

ကျုံရှစ် တပည့်လေးအားစံအိမ်ထဲခေါ်လာလို့ အိပ်ရာထက်တွင်ချပေးလိုက်သည်။ အဆာခံဆေးလုံးရာကျော်က သူ့ထံတွင်ရှိတာကြောင့် ဆေးလုံးတစ်လုံးအားချေဖျက်ကာဖြင့် တိုက်လိုက်သည်။

တပည့်ရတော့လည်း ရပေါ့။ ငါတံခါးပိတ်ကျင့်ကြံတာကိုသာ မနှောင့်ယှက်ရင်ရပြီ။

October 18 2020
8:13PM

© 梅花 白,
книга «Please Shizun,Don't Eat Mud!».
အပိုင်း - ၄
Коментарі