Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 19

ကောင်မလေးတစ်ယောက်
ခပ်ရဲရဲဂါဝန်လေးကိုဝတ်ဆင်ထားပြီး
လူတစ်ယောက်ကိုစောင့်နေတယ်

"ဆိုတော့ ရှင် ကျမကိုစိတ်ဝင်စားပြီလား"

"ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး
ငါချစ်ရမယ့်သူကတစ်ယောက်တည်းပဲ"

"အိုး..ရှောင်းကျန့် ဆိုတဲ့သူကအဲ့လောက်အရေးပါလား"

"ပြောစရာကုန်ပြီ
မင်းလုပ်ရပ်ကိုရပ်သင့်နေပြီ "

"ဒါက ကျမကိစ္စပါ"

စိတ်တိုပြီးထွက်သွားတဲ့ကောင်မလေး
Clubတစ်ခုထဲမှာမှောက်နေတဲ့သူမ

အနားကိုကောင်လေးတွေကချဉ်းကပ်လာတယ်
သမင်ငယ်လေးကိုဝါးမြိုချင်တဲ့ဝံပုလွေတွေလိုပဲ

မိန်ဟွာ စိတ်ရူပ်သော်လည်း
အပြစ်ကပေးချင်သောကြောင့်
အဲ့ကောင်မလေးကိုသွားဆွဲရတယ်
သူကိုယ်တိုင်တော့မသယ်ဘဲ
သူ့ရဲ့ဘော်ဒီဂတ်ကိုသယ်ခိုင်းလိုက်တယ်

ClubထဲကVIPတစ်ခန်းယူလိုက်တယ်
ကောင်မလေးကိုပစ်တင်ပြီး
ဘာလိုလုပ်ရမလဲကြံနေတယ်
ကောင်းသောကြံခြင်းမျိုးတော့မဟုတ်

ရှပ်အကျီကိုကြယ်သီးသုံးလေးလုံးဖြုတ်လိုက်တယ်
ကောင်မလေးရဲ့အကျီကိုလည်းဖရိုဖရဲလုပ်တယ်

ဘေးကနေစီးကရက်တစ်လိပ်ကိုယူပြီး
ခြေချိတ်ထိုင်ကာစတိုင်မိမိနဲ့သောက်နေတယ်

ကောင်မလေးကနိုးလာတယ်
ဘေးကလူကိုကြည့်ပြီးထအော်တယ်

"နင်ဘာလုပ်လိုက်တာလဲငါ့ကို"

"ချိုချိုသာသာပြောပါလား
ငယ်ငယ်လေးနဲ့အပြောအဆိုကမတတ်လိုက်တာ"

အကျီလက်ကိုခေါက်လိုက်ပြီး
ကုတင်ပေါ်တက်လာတယ်
စီးကရက်ငွေ့ကိုကောင်မလေးမျက်နှာတည့်တည့်မှုတ်ထုတ်လိုက်တယ်

"ပျော်လား. "

"ဘာ..ဘာကိုလဲ "

"ရှောင်းကျန့် ကိုထိရတာ ပျော်လား."

"နင်."

"နင်မဟုတ်ဘူးမင်းထက်အသက်ကြီးတယ်"

"နောက်တစ်ခါ အဲ့လူကိုထပ်ထိရင်
မင်းရဲ့ပုံလှလှလေးတွေကိုလူတွေစိတ်ဝင်စားစေရမယ်"

"ဘယ်လိုလဲ "

တုန်ရီနေတဲ့မျက်ဝန်းတွေကဖြူစင်တဲ့ကလေးလိုပဲ
ဒါနဲ့များအချစ်အတွက်ရူးမိုက်ချင်နေ​သေးတယ်
ချစ်ပုံချစ်နည်းမှားနေပါလား

စီးကရက်ကိုသောက်လက်စနဲ့သောက်ရင်း
အခန်းထဲကထွက်လာတယ်
ဆူညံနေတဲ့သီချင်းသံတွေကြား
မိန်ဟွာစီးမျောနေရင်း
စီးကရက်ကိုတရိူက်မတ်မတ်သောက်နေမိတယ်
ဖြုတ်ထားတဲ့ကြယ်သီးတွေကိုတစ်လုံးလောက်ပဲ
ပြန်တပ်ထားတယ်

ထပြန်မယ်ပြင်တော့မြင်နေကျပုံရိပ်ကိုမြင်နေရတယ်
ယောကျာ်းလေးတွေကြားထဲသိုးပေါက်စလေးလို
သူကဒီကိုဘာလာလုပ်တာလဲ

သူမသွားဘဲဆက်ကြည့်နေသေးတယ်
အမဲဖျက်ခံရခါနီးမိန်ဟွာမနေနိုင်ဘဲ
ရွှမ်ချင်းဆီသွားရတယ်

မိန်ဟွာအနားရောက်လာပြီး
ရွှမ်ချင်းပုခုံးပေါ်လက်တင်ပြီး
ကျန်တစ်ဖက်ကခါးကိုဖက်လိုက်ကာ
သူ့ရင်ခွင်ထဲအပ်လိုက်တယ်

"သွား.."

ချက်ချင်းထွက်ပြေးသွားတဲ့ယောကျာ်းတစ်အုပ်စု
သူတို့ဒီနေ့ကံမကောင်းဘူး
မိန်းမလှလေးတွေကိုဒီမိန်းမလှလေးက
ခေါ်ခေါ်သွားတယ်

"ဒီကိုဘာလာလုပ်တာလဲ"

"ဟို..."

ဆူညံနေတဲ့နေရာမှာစကားပြောလို့မကောင်းမှန်း
သတိထားမိတဲ့အခါ
Clubထဲကနေထွက်လာတယ်

အနီးအနားမှာရှိတဲ့ခုံတန်းလေးပေါ်ဝင်ထိုင်ကြတယ်

"ငါ.."

"အင်း.."

"နင့်ကိုလာရှာတာ."

"ဘာလို့လာရှာတာလဲ"

"အရင် အရင်လိုငါ့နားမရှိတော့ တစ်မျိုးဖြစ်နေလို့"

"အင်း.ငါ့ကိုလိုက်စေချင်တာလား."

"အဲ့လို.."

"မဟုတ်ဘူးလား ဒါဆိုလည်း "

"ဟုတ်တယ်.."

"အရင်လိုနင့်အနားပြန်ကပ်မှာပါ
ဝမ်ရိပေါ်နဲ့သတင်းစာရှင်းလင်းပွဲလုပ်ပြီးရင်ပေါ့"

"တကယ်စေ့စပ်ခဲ့တာလား."

"မဟုတ်ပါဘူး တစ်စုံတစ်ခုကိုဖုံးကွယ်ချင်လို့"

"ဒေါက်တာရှောင်လား"

"အင်း.."

"အိမ်လိုက်ပို့မယ် ညနက်နေပြီ"

"အင်း."

ညလေအေးကမိန်ဟွာရင်ကိုအေးစေတယ်
ပိုပြီးရင်ကိုအေးစေတာကရှေ့ကနေ
ပျော်မြူးစွာသွားနေတဲ့ကောင်မလေးတစ်ယောက်ကြောင့်

ရိပေါ်ရင်မှာတော့အပူလှိုင်းတွေထနေတယ်
တုံးအနေတဲ့ယုန်ငတုံးလေးကိုလိုက်ရှာဖို့အတွက်ပေါ့

လက်ရှိတော့ကုမ္ပဏီကိုသာအာရုံစိုက်ထားတယ်
ပြီးတော့မပြီးပြတ်သေးတဲ့ကိစ္စတွေကိုရှင်းလင်းနေတယ်
ပိုင်ကုမ္ပဏီနဲ့ပေါ့

နှစ်နှစ်ကြာပြီးနောက်

အရာအာလုံးကပုံမှန်ဖြစ်သွားပေမဲ့
ထန်းယွဲ့ဆေးရုံမှာလစ်ဟာသွားတဲ့
လူတိုင်းရဲ့ရင်ထဲကဒေါက်တာရှောင်လေး

ပိုင်မိန်ဟွာ ကတော့
ရွှမ်ချင်းနဲ့အဆင်ပြေသလိုရှိနေတယ်

နှစ်ကူးမှာရှစ်ရွှင်းကအလုပ်သမားတွေဆရာဝန်တွေအတွက်
စာအိတ်နီတွေပြင်ဆင်နေတယ်
လုဟန်လည်းကူညီလို့ပေါ့

ဆိုယွန်းကတော့ကောင်မလေးတစ်ယောက်နဲ့
ညိတော့မလိုအခြေအနေကိုရောက်နေပြီ

လူတွေအားလုံးကအဆင်ပြေနေတယ်

ဒါဆိုရိပေါ်နဲ့ရှောင်းကျန့်ကရော


May 15 2020
© 梅花 白,
книга «DEFINE!».
Коментарі