Chapter - 1
Chapter - 1 ( Z )
Chapter - 1
[ ဗီလိန်ဇာတ်ဆောင်နေရာကို ဝင်ရောက်ပါမည်လား ]

"ဘယ်လိုတောင်စုတ်ပြတ်သတ်နေတဲ့ စာအရေးအသားလဲ !!"

အမြဲတစေ အွန်လိုင်းမှဝတ္ထုများကိုဖတ်လာသော ရှောင်းကျန့်မှာ ဖတ်လက်စဝတ္ထုရဲ့ဇာတ်သိမ်းအခန်းကြောင့်
ဒေါသမထိန်းနိုင်ဘဲပေါက်ကွဲတော့သည်။

ကွန်မန့်ရေးသားလေ့မရှိသော်လည်း တော်တော်ခံပြင်းနေသောကြောင့် များပြားသောစာလုံးရိုက်နှိပ်ကာဖြင့် စာရေးဆရာအားရန်တွေ့မိနေတော့သည်။

•တစ်ချိန်လုံးလည်းဒုတိယဇာတ်လိုက်က ဇာတ်နာနေတာ နောက်ဆုံးဇာတ်သိမ်းသွားတာတောင် သူ့အတွက်သေခြင်းပဲရှိနေတာလား သူ့အတွက်ကောင်းတဲ့အရာကလုံးဝမရနိုင်ဘူးလား ဘယ်လိုတောင်ဘက်လိုက်တဲ့ စာရေးဆရာလဲ•

စခရင်ပေါ်မှကွန်မန့်များအားသေချာဖတ်နေသော စာရေးဆရာမှာ ရှောင်းကျန့်ရဲ့စာကြောင့် တဟားဟားအော်ရယ်တော့သည်။

•ဒါဆိုမင်းကိုယ်တိုင်သူ့ဘေးနားသွားနေပေးလိုက်လေ•

•စာဖတ်သူတွေသေသေရှင်ရှင်ဂရုမစိုက်ဘဲ အခုလိုမန့်မှစာပြန်တယ်ပေါ့ မင်းရေးထားတဲ့ဇာတ်သိမ်းကို မင်းပြန်ကြည့်စမ်း•

•မင်း သူ့ဘေးနားသွားနေပေးလိုက် xz1005 •

စိတ်ဝင်စားဖို့ကောင်းတာတွေဖြစ်လာတော့မှာပဲ။

စာရေးဆရာမှာတစ်ဖက်ကသူအဆုံးသတ်ထားသော ဒုတိယဇာတ်လိုက်အားကြည့်ရင်း သက်ပြင်းချမိသည်။

"မင်းကဘယ်သူနဲ့မှမထိုက်တန်လောက်အောင် ကောင်းမွန်နေလို့ပါ"

မျက်မှန်အားချွတ်ပြီး မျက်ရိုးကိုနှိပ်နယ်မိသည်။
ကုန်သွားတဲ့ကော်ဖီအားပြန်လည်ဖြည့်တင်းလို့ နောက်ထပ်အသစ်တွေရေးဖို့ ကွန်ပျူတာဆီပြန်လာတော့။

"ငါ့ကွန်ပျူတာပျက်သွားတာလား"

မည်းနက်နေသောစခရင်ထက်မှပေါ်လာသော စာလုံးတွေက။

•ဝတ္ထုအားပြန်လည်ပြင်ဆင်ဖို့ စိတ်ပြင်းပြနေတာကြောင့် အရင်ကမပါရှိခဲ့သည့်ဗီလိန်ဇာတ်ကောင်အား ထည့်သွင်းလိုက်ပါပြီ•

"မင်းမေငါငိုး ဘာကိုထပ်ထည့်တာလဲ ငါ့ဇာတ်ကောင်တွေကိုမင်းဘာလုပ်လိုက်တာလဲ"

•5 4 3 2 1 ပြင်ဆင်လို့ပြီးပါပြီ•

"မဟုတ်ဘူး မလုပ်နဲ့ ငလူးထဲမှ "

တစ်ဖက်ကရှောင်းကျန့်တွင်လည်း ဆက်ပြီးထပ်မန့်မည့်အချိန် ပေါ်လာသောစာတစ်ကြောင်း။

•ဗီလိန်ဇာတ်ဆောင်နေရာကို ဝင်ရောက်ပါမည်လား •


© 梅花 白,
книга «BE EMBRACE».
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (2)
Ju Ju
Chapter - 1
အဟေး ဟေးးးးးးးး YZ မလား ယူ
Відповісти
2020-10-24 12:50:37
1
Felicia Kat
Chapter - 1
Only Unicode? Please Zawgyi
Відповісти
2020-10-31 20:53:27
1