Prologue
Prologue
ကျယ်ပြောလှတဲ့ ကမ္ဘာမြေကြီးဟာ ဖြစ်တည်ပြီး နှစ်တစ်ထောင်အတွင်း နှစ်ခြမ်းကွဲပြားခဲ့သည်။ မှော်စွမ်းအားကို ပိုင်ဆိုင်ပြီး မွေးဖွားလာတဲ့ မှော်ပညာရှင်တွေနဲ့ ဘာစွမ်းအားမှ မပါဘဲ သာမန်ရိုးကျ မွေးဖွားလာတဲ့ လူသားဟူ၍ လူမျိုးစုနှစ်ခုခွဲခြားလာခဲ့သည်။

မှော်ပညာရှင်များသည် စွမ်းအားများကို ပိုင်ဆိုင်သည့်အတွက် သူတို့အား 'စုန်း'ဟု ခေါ်တွင်သည်။ လူသားမျိုးနွယ်သည် အမျိုးမျိုးသော လက်နက်များကို စုန်းများကိုတိုက်ခိုက်ရန် တီထွင်ခဲ့ပြီး သီးခြားနိုင်ငံတည်ထောင်ခဲ့သည်။ မှော်ပညာရှင်များသည်လည်း အဆင့်နိမ့်လူသားများနွယ်တွေနဲ့ မပတ်သက်ဘဲ တသီးတခြားခွဲ၍နေထိုင်ခဲ့ကြသည်။

ထိုအချိန်မှစ၍ လူသားများနေထိုင်သည့်နိုင်ငံတော် ဘယ်လ်ရိုင်းနာ နှင့် စုန်းနိုင်ငံတော် ကတ်စတာမိုးလ် ဟူ၍ဖြစ်ပေါ်လာသည်။

တစ်ယူသန်နေသည့် ကာလတစ်ဝိုက်အတွင်း ဘယ်လ်ရိုင်းနာ ဘုရင်မ၏ သားဝောာ်သည် လူသားနှစ်ဦးမှ မွေးဖွားသန့်စင်တော်မူသော်လည်း လူသွေးမနှောဘဲ မှော်သွေးစစ်စစ်ဖြင့် မွေးဖွားလာခဲ့ခြင်းသည် ပြဿနာအကြီးကြီးဖြစ်ခဲ့သည်။ မှော်သွေးစစ်စစ်ဖြင့် မွေးဖွားလာသော ထိုကလေးသည် ထိုနေ့မှ နှစ်ပေါင်းသုံးဆယ်အကြာတွင် မှော်နိုင်ငံတော်အားဦးဆောင်လျက် လူသားမျိုးနွယ်ကို တိုက်ခိုက်လိမ့်မည်ဟု နက္ခက်ပညာရှင်များမှ ဟောကိန်းထုတ်ခဲ့သည်။

ဆုံးဖြတ်ချက်များ ချမှတ်ပြီးနောက် ထိုကလေးအား စုန်းနယ်စပ် ကီကိုရိုမြို့တွင် အကျယ်ချုပ်ချထားခဲ့သည်။ နယ်စပ်တွင်နေထိုင်သော စုန်းငယ်လေး၏ အမည်အား ဘယ်လ်ရိုင်းနာ ဘုရင်မမှ နောက်ဆုံးသော လက်ဆောင်အနေဖြင့် 'နက်စ်သာလော' ဟု မှည့်တွင်စေခဲ့သည်။
© _ T O K A I _ ,
книга «Different Fate».
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (3)
Pluviophile
Prologue
ဝေါင်း ဝေါင်း ဝေါင်း။သုံးခါဝင်ဝေါင်းသွားသည်🌝🌝
Відповісти
2020-10-19 09:05:13
1
Thet Tant Kha
Prologue
အရမ်းတွေကြွေနေပြီ ကိုတိုကိုင်းရေ။🥰
Відповісти
2020-10-19 10:17:29
1
_ T O K A I _
Prologue
@Thet Tant Kha ကျေးဇူးပါ။
Відповісти
2020-10-19 10:45:36
Подобається