Plot 1
Plot 2
Plot 3
Plot 4
Plot 2
အမှန်အတိုင်းပြောရရင်
မင်းကိုနှုတ်ဆက်ချင်မိတယ်..
ဒီအတိုင်းလည်း ဝေးကွာသွားရမှာခြင်း
အတူတူဆိုပေမယ့်
ငါ့ဘက်ကသာ နှုတ်ဆက်ပြီး
မင်းဘေးက ထွက်သွားချင်တယ်..

မပိုင်ရတဲ့ မင်းကိုလည်း တွယ်တာမနေချင်တော့ဘူး
ပြုံးလိုက်တိုင်း ပေါ်လာတဲ့ သွားဖွေးဖွေးလေးနဲ့
မျက်လုံးမှေးမှေးလေးကိုလည်း
ငေးမကြည့်ချင်တော့ဘူး

ညာဘက်လက်မှာ အမြတ်တနိုးဝတ်ထားတဲ့
အနက်ရောင် သီးသန့် လက်စွပ်ကလေးကို
ဘယ်သူပေးတာလဲဆိုတာကအစ မသိချင်တော့ဘူး..

ဒီရက်တွေမှာ အရမ်းပင်ပန်းနေတယ် စော..

ဒီအတိုင်း ငါ့ဘက်ကပဲ မင်းကိုသဘောကျပြီး
ငါ့ဘက်ကပဲ တစ်ဖက်သတ် ပင်ပန်းနေရုံပဲ
ထင်ပါရက်ကွာ!

ရင်နာစရာ..

29.6.2022 (11:02 pm , Wed)
© က6လာင်ရှင် ,
книга «Saw».
Коментарі