He
He
ျပတင္းေပါက္ကေနတစ္ဆင့္ဝင္ေရာက္လာတဲ့မိုးစက္မိုးေပါက္အခ်ိဳ႕...
ၾကမ္းျပင္ေတြစို႐ႊဲကုန္ေပမဲ့ အခုထိထပိတ္ဖို႔မစဥ္းစားမိေသး...
သူကမိုးကိုအရမ္းခ်စ္တာ...
သူဆိုတဲ့နာမ္စားေလးကိုျပန္သံုးမိေတာ့ ဝဲဘက္ရင္အံုကခပ္ျပင္းျပင္းတစ္ခ်က္ခုန္လႈပ္ျပသည္...
သူ႔အေၾကာင္းေတြးမိေတာ့ နႈတ္ခမ္းပါးတို႔ၿပံဳးေယာင္သန္းလာသည္အထိ ဖမ္းစားထားနိုင္ဆဲ...
သူသိပ္ကိုေတာ္လြန္းပါသည္...

*****

သူဆိုတာက ကြၽန္ေတာ့္ဘဝရဲ႕တစ္ဦးတည္းေသာသူ...
ကြၽန္ေတာ္ဆိုတဲ့ ညေကာင္းကင္မွာ ထာဝရေတာက္ပေနမယ့္လမင္းႀကီးေပါ့...
လူေတြက ေကာင္းကင္ဆိုတာလမင္းနဲ႔အနီးဆံုးအရာလို႔ထင္ၾကတယ္...
ဒါေပမဲ့ သူဆိုတဲ့လမင္းကကြၽန္ေတာ္ပိုင္ဆိုင္ခြင့္မရွိတဲ့အရာတစ္ခု...
တကယ္တမ္းက် ေကာင္းကင္ဆိုတာအခိုးအေငြ႕သာသာဘဲေလ...

*****

အတန္းရဲ႕ECျဖစ္တဲ့သူက စကားေျပာအရမ္းေကာင္းလြန္းသည္...
သူနဲ႔စကားေျပာမိတဲ့သူတိုင္း ညႇိဳ႕ယူခံလိုက္ရသလိုမ်ိဳး သူ႔ဆီကေနအာရံုမလႊဲနိုင္ၾက...
ကြၽန္ေတာ္ဆိုတဲ့သူကေရာ ဘာသားနဲ႔ထုထားတာမွတ္လို႔...
မသိလိုက္ခင္မွာဘဲ သူ႔အေပၚေႂကြဆင္းသြားခဲ့ၿပီ...
သူ႔ရယ္သံေတြေအာက္ အခါခါေသဆံုးသည္...
စကားေျပာေနရင္း တစ္ခ်က္တစ္ခ်က္ေပၚလာတဲ့ နႈတ္ခမ္းေအာက္နားကအခြက္ေလးက သူ႔ရဲ႕main pointေပါ့...
ပါးစပ္လႈပ္လိုက္တိုင္းေပၚလာတဲ့ Adam's appleက လူသတ္လက္နက္...

*****

မထင္မွတ္ဘဲသိလိုက္ရတာတစ္ခုက သူကမိုးကိုခ်စ္သည္တဲ့...
သူသာႀကိဳက္တယ္ဆိုရင္ တစ္နွစ္ပတ္လံုးမိုးရာသီဘဲျဖစ္ပါေစလို႔ေတာင္းဆုျပဳမယ္...
ကြၽန္ေတာ္ကေတာ့သိပ္ကိုမုန္းေပမဲ့ေပါ့...

*****

တျဖည္းျဖည္းသိလာရတာက သူနဲ႔ကြၽန္ေတာ္မွာမတူညီတာေတြဒုနဲ႔ေဒး...
အခ်ိဳေတြသာစားနိုင္တဲ့သူနဲ႔ အစားစားရင္အစပ္ပါမွစားတတ္တဲ့ကြၽန္ေတာ္...
လူ႔ဂြစာကြၽန္ေတာ္က socialသိပ္ေကာင္းလြန္းတဲ့သူ႔ကိုမွခ်စ္မိတာမ်ိဳး...
ကြာျခားခ်က္ေတြကိုသာေျပာမယ္ဆိုရင္ တစ္ေထာင့္တစ္ညပံုျပင္ထက္ေတာင္ရွည္သြားလိမ့္မယ္...

*****

သူ႔မွတ္ဥာဏ္ထဲမွာေရာ သူ႔ဘဝမွာပါ ကြၽန္ေတာ္ကျမဴတစ္မႈန္စာေတာင္ေနရာမရွိခဲ့ဘူး...
ဒါေပမဲ့ ကြၽန္ေတာ့္ကမာၻကေတာ့ သူဆိုတဲ့နာမ္စားတစ္ခုနဲ႔သာတည္ေဆာက္ထားတယ္...
သူ႔ကမာၻမွာကြၽန္ေတာ္မရွိေပမဲ့ ကြၽန္ေတာ့္ကမာၻမွာေတာ့ သူကပိုင္စိုးသူအရွင္ဘဲ...
သူနွစ္ၿခိဳက္တဲ့စာေရးဆရာရဲ႕စာအုပ္ေတြဖတ္မိတိုင္း သူသိပ္ခ်စ္တဲ့မိုးေရစက္ေတြ ျပတင္းတံခါးကေနအတားအဆီးမဲ့ဝင္ေရာက္လာတိုင္း ခြင့္ျပဳခ်က္မဲ့စြာနဲ႔သူ႔ကိုတိုင္တည္ၿပီးလြမ္းမယ္...
သူဆိုတဲ့နာမ္စားေလးကို နွလံုးသားရဲ႕အနက္ရွိုင္းဆံုးေနရာမွာ သီးသန္႔သိမ္းဆည္းထားမယ္...
သူဆိုတဲ့နာမ္စားေလးကိုသံုးခြင့္မရွိေတာ့တဲ့ေန႔ ကြၽန္ေတာ္ကိုယ္တိုင္လည္း ကမာၻေပၚကေပ်ာက္ကြယ္သြားလိမ့္မယ္...
သူကသာကြၽန္ေတာ့္ဘဝရဲ႕ရွင္သန္ျခင္းအဓိပၸါယ္ျဖစ္လို႔......

ကမာၻေပၚကလူတိုင္းရဲ႕"သူ"ဆီသို႔.....


Unicode is here👇👇👇


ပြတင်းပေါက်ကနေတစ်ဆင့်ဝင်ရောက်လာတဲ့မိုးစက်မိုးပေါက်အချို့...
ကြမ်းပြင်တွေစိုရွှဲကုန်ပေမဲ့ အခုထိထပိတ်ဖို့မစဉ်းစားမိသေး...
သူကမိုးကိုအရမ်းချစ်တာ...
သူဆိုတဲ့နာမ်စားလေးကိုပြန်သုံးမိတော့ ဝဲဘက်ရင်အုံကခပ်ပြင်းပြင်းတစ်ချက်ခုန်လှုပ်ပြသည်...
သူ့အကြောင်းတွေးမိတော့ နှုတ်ခမ်းပါးတို့ပြုံးယောင်သန်းလာသည်အထိ ဖမ်းစားထားနိုင်ဆဲ...
သူသိပ်ကိုတော်လွန်းပါသည်...

*****

သူဆိုတာက ကျွန်တော့်ဘဝရဲ့တစ်ဦးတည်းသောသူ...
ကျွန်တော်ဆိုတဲ့ ညကောင်းကင်မှာ ထာဝရတောက်ပနေမယ့်လမင်းကြီးပေါ့...
လူတွေက ကောင်းကင်ဆိုတာလမင်းနဲ့အနီးဆုံးအရာလို့ထင်ကြတယ်...
ဒါပေမဲ့ သူဆိုတဲ့လမင်းကကျွန်တော်ပိုင်ဆိုင်ခွင့်မရှိတဲ့အရာတစ်ခု...
တကယ်တမ်းကျ ကောင်းကင်ဆိုတာအခိုးအငွေ့သာသာဘဲလေ...

*****

အတန်းရဲ့ECဖြစ်တဲ့သူက စကားပြောအရမ်းကောင်းလွန်းသည်...
သူနဲ့စကားပြောမိတဲ့သူတိုင်း ညှို့ယူခံလိုက်ရသလိုမျိုး သူ့ဆီကနေအာရုံမလွှဲနိုင်ကြ...
ကျွန်တော်ဆိုတဲ့သူကရော ဘာသားနဲ့ထုထားတာမှတ်လို့...
မသိလိုက်ခင်မှာဘဲ သူ့အပေါ်ကြွေဆင်းသွားခဲ့ပြီ...
သူ့ရယ်သံတွေအောက် အခါခါသေဆုံးသည်...
စကားပြောနေရင်း တစ်ချက်တစ်ချက်ပေါ်လာတဲ့ နှုတ်ခမ်းအောက်နားကအခွက်လေးက သူ့ရဲ့main pointပေါ့...
ပါးစပ်လှုပ်လိုက်တိုင်းပေါ်လာတဲ့ Adam's appleက လူသတ်လက်နက်...

*****

မထင်မှတ်ဘဲသိလိုက်ရတာတစ်ခုက သူကမိုးကိုချစ်သည်တဲ့...
သူသာကြိုက်တယ်ဆိုရင် တစ်နှစ်ပတ်လုံးမိုးရာသီဘဲဖြစ်ပါစေလို့တောင်းဆုပြုမယ်...
ကျွန်တော်ကတော့သိပ်ကိုမုန်းပေမဲ့ပေါ့...

*****

တဖြည်းဖြည်းသိလာရတာက သူနဲ့ကျွန်တော်မှာမတူညီတာတွေဒုနဲ့ဒေး...
အချိုတွေသာစားနိုင်တဲ့သူနဲ့ အစားစားရင်အစပ်ပါမှစားတတ်တဲ့ကျွန်တော်...
လူ့ဂွစာကျွန်တော်က socialသိပ်ကောင်းလွန်းတဲ့သူ့ကိုမှချစ်မိတာမျိုး...
ကွာခြားချက်တွေကိုသာပြောမယ်ဆိုရင် တစ်ထောင့်တစ်ညပုံပြင်ထက်တောင်ရှည်သွားလိမ့်မယ်...

*****

သူ့မှတ်ဥာဏ်ထဲမှာရော သူ့ဘဝမှာပါ ကျွန်တော်ကမြူတစ်မှုန်စာတောင်နေရာမရှိခဲ့ဘူး...
ဒါပေမဲ့ ကျွန်တော့်ကမ္ဘာကတော့ သူဆိုတဲ့နာမ်စားတစ်ခုနဲ့သာတည်ဆောက်ထားတယ်...
သူ့ကမ္ဘာမှာကျွန်တော်မရှိပေမဲ့ ကျွန်တော့်ကမ္ဘာမှာတော့ သူကပိုင်စိုးသူအရှင်ဘဲ...
သူနှစ်ခြိုက်တဲ့စာရေးဆရာရဲ့စာအုပ်တွေဖတ်မိတိုင်း သူသိပ်ချစ်တဲ့မိုးရေစက်တွေ ပြတင်းတံခါးကနေအတားအဆီးမဲ့ဝင်ရောက်လာတိုင်း ခွင့်ပြုချက်မဲ့စွာနဲ့သူ့ကိုတိုင်တည်ပြီးလွမ်းမယ်...
သူဆိုတဲ့နာမ်စားလေးကို နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ သီးသန့်သိမ်းဆည်းထားမယ်...
သူဆိုတဲ့နာမ်စားလေးကိုသုံးခွင့်မရှိတော့တဲ့နေ့ ကျွန်တော်ကိုယ်တိုင်လည်း ကမ္ဘာပေါ်ကပျောက်ကွယ်သွားလိမ့်မယ်...
သူကသာကျွန်တော့်ဘဝရဲ့ရှင်သန်ခြင်းအဓိပ္ပါယ်ဖြစ်လို့......

ကမ္ဘာပေါ်ကလူတိုင်းရဲ့"သူ"ဆီသို့.....










© Hi_Ka_Ri_ ,
книга «He.....».
Коментарі