ZawGyi
Unicode
Unicode
စာအုပ်လေးရဲ့ အစကတော့ ဇာတ်လိုက်မ Layla ဟာ မြို့စားမင်းရဲ့ အပယ်ခံသမီးတော်။ Layla ကို အိမ်တော်က လူတိုင်း၊ အစေခံကအစ အနိုင်ကျင့်တာ ခံရသည်။

တစ်ရက်ကြတော့ သူတို့တိုင်းပြည်က မင်းသားတဖြစ်လည်း ဇာတ်လိုက် Dalton ဟာ ကပွဲကို တက်ရောက်လာတဲ့ Layla ဆိုသည့် မြို့စားမင်းရဲ့ သမီးတော်ကို ချစ်မိသတဲ့။

ကဲ... ဇာတ်လိုက်နဲ့ ဇာတ်လိုက်မ ပါမှတော့ ဗီလိန်ဆိုတာလည်း ပါရမှာပေါ့။ ထိုဗီလိန်ကတော့ Erick လို့ခေါ်သည့် အငယ်ဆုံး မြို့စားမင်း။ တကယ်တော့ Erick ဟာ လူဆိုးမဟုတ်၊ နူးညံ့သည့် ကောင်ငယ်လေး တစ်ယောက်သာ။

Erick က ငယ်ငယ်တည်းက ဇာတ်လိုက်မ Layla ကို ချစ်ခဲ့တာ။ Layla ငိုကြွေးနေရင်လည်း အနားမှာ ချော့ပြီး သူ့ပခုံးကို အမြဲငှားပေးနေကျ။

တစ်ရက် သူ Layla အိမ်လာတဲ့အခါမှာ Dalton နဲ့ Layla ချစ်စကား တီးတိုးဆိုနေကြပြီး နမ်းနေတာကို မြင်ခဲ့ရသည်။ ထိုအချိန်မှစ၍ Erick ဟာ ဗီလိန်တစ်ယောက် ဖြစ်သွားပြီး အချစ်ကြောင့် မိုက်မဲခဲ့သည်။

သူဟာ Layla ကိုတော့ ချစ်တာကြောင့် လုံးဝမထိ ဇာတ်လိုက်မင်းသား Dalton ကိုသာ ခဏခဏ သတ်ရန် ကြိုးစားသည်။ သိကြတဲ့အတိုင်း ဇာတ်လိုက်ပါဆို သေမလား။ နောက်ဆုံးမှာတော့ Erick ဟာ နိုင်ငံတော် ပုန်ကန်မှုနှင့် ခေါင်းဖြတ်အသတ်ခံ လိုက်ရသည်။

"သောက်ရူးကောင် မိန်းမတစ်ယောက်ကို ရူးနေလိုက်တာ"

Eric တစ်ယောက် ဖတ်နေသော စာအုပ်ကို ပိတ်လိုက်ပြီး Erick ဆိုသည့် ဇာတ်ကောင်ကို မှတ်ချက်ပေးလိုက်၏။

ဟုတ်သည်လေ ဒီကောင်ဘယ်လိုတောင် ရူးနေတာလဲ။ မိန်းမတစ်ယောက်အတွက်နဲ့များ မင်းသားကို သတ်ဖို့လုပ်ရတယ်လို့။

"ဒီစာအုပ်ဖတ်နေတာနဲ့ မိုးလင်းတော့မယ် အိပ်မှဘဲ"

Eric စာအုပ်ကို အနားကစားပွဲပေါ် တင်လိုက်ပြီး မျက်လုံး မှိတ်လိုက်တော့၏။ သူမျက်လုံးမှိတ်ပြီးနောက် စာအုပ်က ရွှေရောင်တွေ လင်းလက်လာတာကိုတော့ သူမမြင်လိုက်ပေ။

"ဟင် မိုးတောင် လင်းနေပြီလား?"

Eric အိပ်ချင်မူးတူးဖြင့် မျက်လုံးကို ပွတ်ပြီးထထိုင်လိုက်သည်။ သေချာ မျက်စိပွင့်လို့ ကြည့်တော့ အခန်းဟာ သူတစ်ခါမှ မြင်ဖူးသည့် နေရာကြီး။

အိပ်ချင်နေသည့် မျက်လုံးတွေ ပြူးပြီးပြုတ်ကျလု မတတ်ကျယ်သွား၏။ အနားက အစေခံရောက်လာပြီး သခင်လေး ဟု Eric အားခေါ်တော့ ပိုကြောင်သွား၏။

နောက်ဆုံး Eric သေချာ မေးစမ်းပြီး သိလိုက်ရတာ သူအခု အရင်ကဖတ်ဖူးတဲ့ 'ကြင်နာသော မင်းသမီးလေး' စာအုပ်ထဲ ရောက်နေတာပါပဲ။ နောက် သူရောက်နေသည့် ဇာတ်ကောင်က ဗီလိန် Erick ဆိုတာပါပဲ။

ထိုအရာကို သိတုန်းကဆို Eric မှာ မေ့လဲကျလုမတတ် ဖြစ်သွားရ၏။ နောက်ဆုံး Erick ကိုယ်ထဲရောက်သွားတဲ့ Eric ရဲ့ဆုံးဖြတ်ချက်ကတော့ ဒီကိုရောက်မှတော့ ပျော်အောင်နေမည်။

ပြီးတော့ သူရဲ့ အသတ်ခံရမယ့် ကံကြမ္မာဆိုးကို ဖြတ်ကျော်နိုင်ရမယ်။ ဇာတ်လိုက်မကို မချစ်တော့ဘူး။ ဇာတ်လိုက်ကို မသတ်တော့ဘူး။

💙R💙

"ဒီနေ့ ကပွဲသွားရမယ့် နေ့ပဲ"

အခုဆိုရင်တော့ Erick ဟာ အသက် ၁၈နှစ်ရှိပြီ ဖြစ်သည်။ ဒီကမ္ဘာကို ရောက်တာဆို ၁နှစ်ပေါ့။ သူဟာ ဒီကမ္ဘာကို စရောက်တည်းက ဇာတ်လိုက် Dalton နဲ့ ဇာတ်လိုက်မ Layla ကို တတ်နိုင်သမျှ ရှောင်ခဲ့သည်။

ဒါပေမဲ့ Layla နဲ့ အမြဲတွေ့နေရပါသည်။ ထိုဇာတ်လိုက်မက 'အစ်ကို၊ အစ်ကို' နဲ့ သူ့ကို အရမ်းခင်တွယ်တာမလို့။

ယနေ့က ဘယ်လိုမှ ပြေးမလွတ်တော့ပါ မင်းသား Daltonက ကပွဲကို ဖိတ်ထားတာကြောင့် သွားမှကိုရမည်။ မဟုတ်လျှင် ပုန်ကန်သူဖြစ်နေဦးမယ်။

ထိုအကြောင်း တွေးလိုက်တာနဲ့ Erick ရဲ့လည်ပင်းမှာ အေးစက်သွားသလို ခံစားလိုက်ရပြီး ကြက်သီးထသွားသည်။

Erick ဟာ ကပွဲကို ရောက်သည်နှင့် ထောင့်တစ်နေရာမှာ နေရာယူထားပြီး ကနေသည့် သူများ သေချာပြောရရင်တော့ Daltonနှင့် Layla ကနေတာကို အေးဆေး ငေးနေလိုက်သည်။

နောက်သူ့ကို ဘယ်လိုမြင်သွားလဲမသိ မင်းသား Dalton ဟာ သူဆီ လျှောက်လာတော့ Erick လည်း ညာဘက်လက်ကို ဘယ်ဘက်ရင်အုံနားကပ်ပြီး အရိုအသေပေးကာ နှုတ်ဆက်လိုက်၏။

"မင်းသား"

"အင်း.. မင်းက မြို့စားမင်း Erick ပေါ့... တွေ့ချင်နေခဲ့တာ"

"တောင်းပန်ပါတယ် မင်းသား ကျွန်တော် လာမတွေ့မိတာ"

"ရပါတယ်"

နောက်မှာ ဇာတ်လိုက်မ ရောက်လာပြီး အပြုံးဖြင့် ဂါဝန်ကို လက်နှစ်ဖက်ဖြင့် မလိုက်ပြီး Erick ကို 'အစ်ကို' ဟုခေါ်ကာ နှုတ်ဆက်၏။

"အင်း ညီမလေး"

Erick ကလည်း ခေါင်းညိတ်ကာ ပြန်လည် နှုတ်ဆက်လိုက်၏။ ဘေးနားမှာရှိတဲ့ မင်းသား Dalton ရဲ့ မျက်ခုံးတွေဟာ ပင့်တက်သွား၏။

ထိုနေ့က Erick ဟာ Dalton ရော Layla နဲ့ပါ စကားအတန်ကြာ ပြောလိုက်ရ၏။

💙R💙

Erick ဈေးဝယ်ပဲ အပျင်းပြေ လျှောက်ပတ်နေတုန်း နောက်ယောက်ျားက တစ်စုံတစ်ယောက် ပုတ်တာခံလိုက်ရသည်။ လူလည်း တုန်တက်သွား၏။

သူနောက်လှည့်ကြည့်တော့ ဇာတ်လိုက် Dalton နှင့် သူ့ကိုယ်ရံတော် Jason ။ Erick တစ်ယောက် Jason နဲ့ မျက်လုံးစုံသွားတဲ့ ခဏ ဧရာမတွင်းနက်ကြီးထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး ချွေးပြန်လာ၏။

"မင်းသ..."

Erick ခေါင်းငုံ့ကာ Dalton ကို အရိုအသေ ပေးလိုက်၏။ သို့သော် စကားတောင်မဆုံးသေး Dalton က သူ့ပါးစပ်ကို လက်နှင့်ပိတ်လိုက်တာကြောင့် အသံကတိတ်သွား၏။

Dalton က Erick ရဲ့ပါးစပ်ကို ဘယ်ဘက်လက်နှင့် ပိတ်ထားပြီး ညာဘက်လက်ညိုးအား သူ့နှုတ်ခမ်းနားကပ်ကာ 'ရှူး'ဆိုသည့် ပုံလုပ်ပြီး နောက် Erick ပါးစပ်နားက ဖယ်ပေးလိုက်၏။.

"ရှူး.... မင်းသားလို့ မခေါ်နဲ့"

"သခင်လေး"

"အင်း... မြို့စား Erick က ဒီမှာ ဘာလာလုပ်နေတာလဲ သိခွင့်ရှိမလား"

Dalton က အပြုံးဖြင့်ပြောလာတော့ Erick လည်း ပုံမှန်သာ ပြန်ဖြေလိုက်သည်။

"အိမ်တော်မှာနေရတာ ပျင်းနေတာနဲ့ ဈေးလာပတ်တာပါ"

ဇာတ်လိုက်ကရော ဘာလာလုပ်တာလဲ သူ့ကို ကြောက်လို့် ရှောင်ပါတယ်ဆို အမြဲတိုးနေတော့တာပဲ။ ပထမ ကပွဲမှာ၊ ဒုတိယ Layla မွေးနေ့မှာ၊ တတိယ အမဲလိုက်ပြိုင်ပွဲမှာ၊ အခု စတုတၳ ဈေးမှာ။

ရှေ့ကဟာက တော်သေးတယ်လေ အခု ဈေးက သူနဲ့မှ မဆိုင်တာ ဘာလို့ တိုးနေရတာလဲ။ ပြီးရင် Dalton က သူ့ကို မြင်တာနဲ့ အနားရောက်လာကာ စကားတွေ မပြီးနိုင်မစီးနိုင် ပြောတော့သည်။ Layla ရော တစ်ပုံတည်း ဒီအတွဲတွေကတော့။

Ercik တစ်ယောက် ပျက်ချင်နေသည့် မျက်နှာကို မနည်းထိန်းထားရ၏။

"ဪ... လုပ်စရာ မရှိဘူးမလား?"

Dalton ဟာ Erick ရဲ့ အဖြေကို ပြန်မစောင့်ပေ။

"cafe သွားရအောင်လေ"

"ဟုတ်ကဲ့"

Dalton က ရှေ့ကနေ ထွက်သွားတော့ သူ့မှာ နောက်က လိုက်ရသည်။ ငြင်းလို့မှမရတာ လုပ်ချင်တာသာ လုပ်တော့ကွာ။

ထိုနေ့တွင် Erick မှာ Dalton မေးသည့် အရေမရ အဖတ်မရတွေ ထိုင်ဖြေနေရတာ စိတ်ကုန်ပြီး နောက်ဈေးဆိုသည်ကို မလာချင်သည်အထိ ဖြစ်သွားရလေသည်။

💙R💙

ရက်တွေကုန်ဆုံးသွားသော် Erick တစ်ယောက် ဇာတ်လိုက် Dalton နဲ့ တော်တော်ရင်းနှီးနေပြီ၊ အရင်လို ကြောက်စိတ်သိပ်မရှိတော့။

အခုတော့ Erick လမ်းအမြန်လျှောက်ရင် Dalton ဆီ ချီတက်နေရသည်။ သူ့ကို စာနှင့်တကွ လက်ဖက်ရည်ပွဲသို့ လာရန်ဖိတ်ထားခြင်းကြောင့်။

သူ Dalton ဆီရောက်တော့ ပန်းခြံထဲမှာ လက်ဖက်ရည်ပွဲ ခင်းကျင်းထားပြီး လူဆိုလို့ သူနှင့် Dalton သာရှိသည်။ Erick က တခြားသူများပါ ဖိတ်ထားသည့်ပွဲ ထင်နေတာ အနည်းဆုံးတော့ Layla ပါမယ်ပေါ့ အခုတော့....။

"မင်းသား."

"အစ်ကို ရောက်လာပြီကို"

ဟုတ်သည် အစ်ကိုတဲ့ Erick နဲ့ အရမ်းရင်းနှီး လာသည့်နောက် အစ်ကိုဟုသာ သူ့အားခေါ်တော့သည်။ Erick လည်း စားပွဲ၌ဝင်ထိုင်ပြီး ထုံးစံအတိုင်း စကားပြောကြတာပေါ့။

"အစ်ကို"

"ဟမ်"

"အစ်ကိုကို ကျွန်တော်ချစ်တယ်"

ဒီချစ်တယ် ဆိုတဲ့ စကားကြားလိုက်ရသည့် ခဏ Erick နားထဲ ဗုံးတွေပေါက်ကွဲ သွားသည်။

ဇာတ်လိုက် မင်းဘာပြောလိုက်တယ်!! ဂေးသွားတာလား... ဘာလို့လဲ ငါ့ကြောင့်လား... မဆိုင်တာတွေ...

"အရှင့်သား နောက်ထပ်တစ်ခေါက်လောက် ပြန်ပြောပေးပါလား?"

"အစ်ကို့ကိုချစ်တယ်"

ဒါကြီးကတော့ မဟုတ်သေးဘူးနော် တကယ်ပြောနေတာလား

"အ..အရှင့်သား... ကျွန်တော် နေမကောင်းလို့ ပြန်လိုက်ပါဦး"

Erick ခြေတုန်လက်တုန်ဖြင့် ထရပ်လိုက်၏။ သူဒီနေရာမှာ ဆက်မနေချင်တော့ အမြန်ပြန်မှ ဖြစ်မည်။

သူထသလို Dalton ကလည်း ထရပ်ကာ သူ့ဆီလျှောက်လာ၏။ နောက် နှုတ်ခမ်းအား ခပ်ဖွဖွ ထိကပ်ကာ နမ်းလိုက်ပြီး...

"ကောင်းပါပြီ သေချာပြန်ပါ"

Erick လည်း စကားကို အရစ်ရှည်မနေတော့ဘဲ ပန်းခြံထဲမှ ထွက်လာလိုက်တော့သည်။

💙R💙

Dalton ဟာ Erick ကို ချစ်ရေးဆိုပြီးတည်းက အမြဲ Erick နားက မခွာတော့။ တစ်ခါတစ်လေ Erick ကို ပရောပရည် လုပ်တတ်သေးသည်။

'အစ်ကို ချစ်လား' ဟူသော စကားကို ခဏခဏ ထုတ်ပြောပြီး မေးတတ်သေးသည်။ ဤစကားကို ကြားလိုက်ရင် Erick မှာ ရင်ခုန်နှုန်းတွေ မြန်လာပြီး မျက်နှာက ရဲရဲတက်လာ၏။

Dalton က အလွန်ဇွဲရှိသည် Erick ကို သူလိုက်နေတာ တစ်တိုင်းပြည်လုံး သိနေပြီဖြစ်သလို ဘုရင်နှင့် ဘုရင်မကတောင် လက်ထပ်သည်အထိ လက်ခံနေကြ၏။

Dalton က အရင်အဖြေရအောင် စောင့်ပါဦးဆိုလို့သာ ဘာမှဝင် မစွက်ဖက်ကြခြင်းပါ။

တကယ်ကတော့ Erickလည်း Dalton အပေါ် ခံစားချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ Dalton က Layla သာ အတည်ချစ်တာဟု ထင်နေတာကြောင့် တစ်ရက်ရက်တော့ သူကို ပစ်သွားမည်ဟု ထင်နေတာကြောင့် လက်မခံသေးခြင်းပါ။

နောက်ပိုင်းကျ Layla ကတောင် သူနှင့် Dalton ကြား အောင်သွယ်တော် လုပ်နေသေးသည်။ သူစဉ်းစားမိတယ် ပစ်ချင်လည်း ပစ်ပါစေတော့ သူအချစ်ကို ဖွင့်ထုတ်ပြလိုက်သည်။

"ချစ်တယ်"

"ဟမ်"

သူချစ်တယ် ပြောလိုက်တာကြောင့် Dalton ကြောင်သွားပုံဖြင့် အူလည်လည်လေး ကြည့်လာ၏။ တကယ်တော့ Dalton ဟာ Erick ထက် ငယ်သည်လေ။

"ငါ မင်းကို ချစ်တယ်"

သူအဖြေပေးခဲ့တဲ့ နေ့က Dalton ရဲ့ အပြုံးတွေကို သူလုံးဝ မေ့မရခဲ့ပါ။ တစ်ရက် Dalton ထားသွားမယ် ဆိုရင်တောင် သူနဲ့ဖြတ်သန်းခဲ့ရတဲ့ ရက်တွေက အမှတ်တရ ကျန်ခဲ့မှာပဲလေ။

"မင်းထားခဲ့မယ် ဆိုရင်တောင် ငါကချစ်နေဦးမှာပါ"

Dalton ဟာ ဤစကားကို ကြားပြီး ဒေါသထွက်သွားခဲ့သေးသည်။ ဒီနေ့ပဲ တရားဝင်စတွဲတာကို ပြတ်မယ့်အကြောင်း ပြောရသလားဆိုပြီ ဒေါသတကြီး စကားတွေပြောလာခဲ့သည်။

Erick အနေနဲ့ Dalton ဒေါသကို ပထမဆုံးမြင်ဖူးခြင်း ထိုပုံကိုမြင်ပြီး Erick ခြေထောက်တွေ မခိုင်တော့သည်အထိ ထိပ်လန့်စရာ ကောင်းလှသည်။

ထိုနေ့မှာပဲ Erick ဟာ Dalton ကို မနည်းချော့ခဲ့ရသည်။

💙R💙

Erick က Dalton ကို နည်းမျိုးစုံ စမ်းသပ်ကြည့်သေးသည်။

"Dalton, Layla ကို ဘယ်လိုမြင်လဲ"

Dalton က မျက်မှာကျုံ့ကာ...

"မကြိုက်ဘူး"

ဘာဖြစ်လို့လဲ မေးကြည့်တော့ Erick ကို အရမ်းကပ်လို့တဲ့ သူ့မှာ အော်ရယ်လိုက်ရတာ သူကဟာ စိတ်ပူနေခဲ့တာ Dalton ကတော့ Layla ကို စိတ်ထဲရှိပုံမပေါ်။

Erick ဟာ အမြဲ Dalton ကို 'မင်း ပစ်ထားခဲ့လည်း နေခဲ့ရမှာပေါ့' လို့ အမြဲပြောတတ်သည်။

ထိုသို့်ပြောတိုင်းလည်း Dalton ဟာ သူ့ကိုမယုံရလား ဆိုပြီး ဒေါသအကြီးအကျယ် ထွက်တတ်သည်။

နောက်တော့ Dalton က ပြောလာသည်။

"အစ်ကို့ကို ကျွန်တော် မထားခဲ့ပါဘူး... ကျွန်တော့်ကို ယုံလို့ရပါတယ်"

သည်စကားကို ကြားလိုက်ရသည်မှာ Erick ရင်ထဲက အစိုင်အခဲတွေ ပြိုကျသွားသလိုပင် ပေါ့သွားစေသည်။ ဒီစကားလေး တစ်ခွန်းက Erick စိတ်ပူနေသည်ကို လျော့ကျစေခဲ့သည်။

Dalton က သူ့ရဲ့စကားတွေကို အပြုအမူတွေဖြင့် သက်သေပြခဲ့သည်။ Dalton ဟာ သူ့ကို ချဉ်းကပ်လာသည့် မိန်းကလေးတိုင်းကို နှစ်ခါမတွေးဘဲ ဖယ်ရှားပစ်ခဲ့သည်။

ခေါင်းလောင်းသံတွေ ညံနေပြီ...

ဘုရားကျောင်းထဲမှာ Erick နဲ့ Dalton တို့က တူညီသော ဝတ်စုံလေးများနှင့် မျက်နှာချင်းဆိုင် ရပ်နေပြီး သင်းအုပ်ဆရာရဲ့ ရှေ့မှာ ကတိကဝတ်တွေ ပြုကြသည်။

သူတို့ရဲ့ ပထမဆုံး အနမ်းလေးက ဘုရားကျောင်းမှာ ဖြစ်ပေါ်ခဲ့သည်။ Dalton က အချိန်အတန်ကြာ နှုတ်ခမ်းချင်း ထိကပ်ထားလို့ အားလုံး ဝိုင်းစတာ ခံလိုက်ရသေးသည်။

ေတာ်ဝင်မိသားစုရဲ့ မျိုးရိုးအစဉ်ဆက် လက်စွပ်လေးဟာ Erick ရဲ့ လက်သန်းကြွယ်မှာ နေရာယူလာခဲ့ပြီ။

နောက်ဆုံးတော့ Erick ဟာ Dalton ရဲ့ သက်ဆိုင်သူ ဖြစ်ခွင့်ရခဲ့ပြီ။ အကြောင်းအရာတွေကတော့ Erick အရင်က ဖတ်ခဲ့ဖူးတဲ့ ဇာတ်ကြောင်းနဲ့ လုံးဝကွဲပြားသွားခဲ့ပြီ။

ဘုရားကျောင်း အပြင်ဘက်မှာတော့ ပြည်သူတွေရဲ့ အသံတွေဆူညံနေပြီး ပူဖောင်းတွေ လွှတ်တင်နေကြသည်။

Erick အသတ်ခံရမယ့် ဇာတ်ကြောင်းက ကင်းလွတ်သွားပြီး Erick နဲ့ Dalton ရဲ့ ဇာတ်လမ်းလေးကတော့ စတင်လာခဲ့ပြီ။

The End

Thank You
2,8,2020
Sunday

© Elika Ray,
книга «The protagonist goes Gay».
Коментарі