Chapter-1
Chapter-1
ချိုအီ​သော​မွှေးရနံ့တစ်​ခုက​လေထဲတွင်​ပြန့်​​လွင့်​​နေ၏။ ဆွဲ​ဆောင်​မှုရှိ​သော ပြင်းရှရှရနံ့က  ရှုရှိုက်​မိသူကို ထပ်​၍ထပ်​၍ ခံစား​စေလိုစိတ်​ဖြစ်​​ပေါ်​စေသည်​။ ရှုရှိုက်​မိသူကို ပြုံး​ယောင်​သမ်း​အောင်​ပြုလုပ်​နိုင်​သည်​။

လေတစ်​ချက်​​ဝှေ့တိုက်​သွားသည်​။လမ်း​ပေါ်တွင်​​လျှောက်​လှမ်း​နေ​သော အမျိုးသမီး၊အမျိုးသား က​လေးပါမကျန်​ ၎င်းတို့၏ ဆံပင်​များ၊အဝတ်​အစားများနှင့်​ ​ပေါ့ပါးလွင့်​​မြောနိုင်​​သောပစ္စည်းအချို့​​လေ၏အလျင်​​ကြောင့်​ ခဏတာ လှုပ်​ရှားသွား၏။

ထို​​သို့​လေတစ်​ချက်​အ​ဝှေ့တွင်​ ပတ်​ဝန်းကျင်​တွင်​​လွင့်​​မြော​နေသည့်​ ဆွဲ​ဆောင်​မှုရှိ​သော ပြင်​ရှရှအ​မွှေးရနံ့မှ စိမ်းဖန့်​ဖန့်​နှင့်​ လတ်​ဆတ်​၍အပူ​ပိုင်း​ဒေကို ရုတ်​ချည်း​ရောက်​ရှိသွားသလိုခံစားရ​စေ​သော ရနံ့က အစားထိုးဝင်​​ရောက်​လာသည်​။

White Garden ဟု​ပြောလိုက်​သည်​နှင့်​ Amore မြို့တွင်​မသိသူမရှိ။ Amore မြို့၏အထင်​ကရ​နေရာတစ်​ခု ဖြစ်​​သော White Garden သည်​ ပန်းဆိုင်​တစ်​ခုဖြစ်​သည်​။

မြို့၏အကြီးဆုံးပန်းဆိုင်​ဖြစ်​ပြီး ဝန်​ထမ်းများကလည်းသ​ဘော​ကောင်း ၊ ရှားပါးပန်းများကအစရ​သော​ကြောင့်​ White Garden ကိုမသိသူမရှိခြင်းဖြစ်​သည်​။ ထို့အပြင်​ White Garden ၏တည်​​နေရာသည်​ Amore မြို့၏လူစည်​ကားရာ mistford လမ်း​ပေါ်တွင်​ဖြစ်​၏။  တည်​​နေရာ​ကြောင့်ပို၍နာမည်​ကြီးသည်​။

Amore မြို့၏တည်​​နေရာသည်​ England နိုင်​ငံ၏ Kent ​ဒေသတွင်​တည်​ရှိ​သော်​လည်း ထူဆန်းစွာ အခြား​သောမြို့များနှင့်​​သွေဖီကာ ယဉ်​​ကျေးမှု ၊ ​နေ​ထိုင်​​သော လူမျိုး နှင့်​ ရာသီဥတုကအစ ကွဲပြားသည်​။ တနည်း​ပြောရလျှင်​ သီခြားစွာခွဲထွက်​တည်​ရှိ​နေ​သော နိဗ္ဗာန်​ဘုံတစ်​ခုလို။ အရာရာခြားနား​နေသည်​။

Amoreမြို့ရာသီဥတုသည်​ ​ဆောင်းရာသီမဟုတ်​​သော်​လည်း အပူချိန်​က 0 နှင့်​နီး​နေသည်​မှာပုံမှန်​ဖြစ်​၏ ။ ​နွေရာသီတွင်​အပူချိန်​က 10 ,11 သာအမြင်​ဆုံးဖြစ်သည်​။ ထို့​ကြောင့်​​ဆောင်းရာသီဆိုလျှင်​​တော့ သင်​ကြို​တွေးမိသလို - ​အောက်​​လျော့ချင်​​လျော့​နေနိုင်​သည်​။

   
            "​ကောင်း​ကောင်းသွားပါ...... ထပ်​လည်းလာခဲ့ပါဦး​နော်​ "

အ​မျိုးသားတစ်​ဦး သည်​ အဝါ​ရောင်​ Tulip ပန်းစည်းကိုဝယ်​ယူပြီး​နောက်​ White Garden ဆိုင်​အတွင်းမှာထွက်​သွား၏ ။ သူမ ထိုလူကြား​အောင်​လှမ်း​အော်​ပြီး​ပြောလိုက်​​သေးသည်​။ ဝယ်​ယူ​သူတစ်​​ယောက်​ထွက်​သွားတိုင်း လှမ်း​အော်​​ပြောမိသည်​မှာ သူမ၏ပုံမှန်​အလုပ်​တစ်​ခုဖြစ်​သည်​။

လွန်​ခဲ့​သော စက္ကန့်​ပိုင်းအတွင်းက ဆိုင်​အတွင်းမှထွက်​ခွာသွား​သောအမျိုးသားသည်​ သပ်​ရပ်​​တောက်​​ပြောင်​စွာဝတ်​စားထား​သော​ကြောင့်​ သူမနှင့်​မဆိုင်​​သော်​လည်း သိချင်​စိတ်​​ကြောင့်​​မေးလိုက်​မိခဲ့၏။ ထို Tulip ပန်းအဝါ​လေးများနှင့်​ သူ၏​ကောင်​မ​လေးကို ချစ်​ခွင့်​ပန်​မည်​ဖြစ်​​ကြောင်းသိရခဲ့သည်​။

ထို့​ကြောင့်​သာမန်​ထပ်​ပိုပြီး​စေတနာ​တွေထပ်​ကာ ပြုလုပ်​​ပေးလိုက်​သည်​။

အဆင်​​ပြေရင်​​ကောင်းမှာပဲ။

Bluebell ​တွေးကာပြုံးလိုက်​မိသည်​။

Bluebell Byron.....။White Garden ကိုနန်း​တော်​ကြီးဟု​တွေးလိုက်​လျှင်​ Bluebellသည်​ မင်းသမီးတစ်​ပါးဖြစ်​​ကောင်းဖြစ်​နိုင်​သည်​။ ဆိုလိုချင်​​သောအချက်​မှာ Bluebellသည်​ White Garden ၏ပိုင်​ရှင်​ဖြစ်​​သော Mr. Bobo Byron ၏သမီးဖြစ်​၏။

ဆိုင်​၏အဝင်​အဝသို့ရပ်​လိုက်​သည်​နှင့်​ ငယ်​ရွယ်​​သောဝန်​ထမ်းမ​လေးနှစ်​​ယောက်​ကပြုံးကာ မှန်​တံခါးကိုဆွဲဖွင့်​​ပေး၏။ သူမတို့သည်​ အဝါ​ရောင်​​တောက်​​တောက်​ ဒူး​လောက်​သာရှည်​​သော လက်​တိုဂါဝန်​တို့ကိုဝတ်​ဆင်​ထားသည်​။ ညာဘက်​ရင်​ဘက်​တွင်​လည်း နာမည်​ကတ်​ကိုတပ်​​ထား​သေး၏။

ဘယ်​ဘက်​ခြမ်းရှိမိန်းက​လေးသည်​ ​ကြေးနီ​ရောင်​အသားနှင့်​ ​ခပ်​မွမွ​ကောက်​ထား​သော အနက်​​ရောင်​ဆံပင်​များရှိ၏။ ညာဘက်​ရှိမိန်းက​လေးမှာ​တော့ အသားဖြူဖြူနှင့်​ သူမ၏​ရွှေဝါ​ရောင်​ဆံပင်​တို့ကိုထုံးဖွဲ့ထားသည်​။

အဝါ​ရောင်​ဂါဝန်​ကဆိုင်​၏ Uniform ဖြစ်​​လောက်​မည်​။ ဆိုင်​အတွင်းရှိအမျိုးသမီးငယ်​အချို့ကလည်း ထိုမိန်းက​လေး၂​ယောက်​ကဲ့သို့ ဆင်​တူဝတ်​ထားကြ​သော​ကြောင့်​ထိုသို့​တွေးလိုက်​ခြင်းသာ။

             "ကြိုဆိုပါတယ်​..... ရှာ​နေတဲ့ပန်းများရှိပါသလား "

         သူဆိုင်​အတွင်းသို့ဝင်​သွားသည်​နှင့်​ အမျိုးသမီးငယ်​တစ်​​ယောက်​က သူ့အားပြုံးကာ ​ပျော်​ရွှင်​စွာ​မေး၏။ သူမ၏ ညာဘက်​ရှိ နာမည်​ကတ်​ကို အမှတ်​မထင်​ကြည့်​လိုက်​မိသည်​။

      
              "Bluebell Byron "

အ​တော်​​လေးလှ​သောနာမည်​တစ်​ခု။ပန်းနာမည်​နှင့်​မိန်းက​လေးက ပန်းဆိုင်​မှာအလုပ်​လုပ်​သည်​ဆို​တော့ ဘယ်​​လောက်​​တောင်​ လိုက်​ဖက်​လိုက်​သလဲ။

              "​Asterရှိလား ? "

သူ၏​ရှေ့​တွေရပ်​​နေ​သော အညို​ရောင်​ဆံပင်​ရှည်​နှင့်​မိန်းမလှ​လေးကိုပြုံးကာ​ပြောလိုက်​သည်​။ သူမက​ခေါင်းငြိမ့်​ပြ၏။

              "ရှိတာ​ပေါ့...... ဘယ်​​လောက်​များများလိုချင်​လဲ? "

             " 14ပွင့်​ပါ...."

               "ဟုတ်​ကဲ့ ခဏ​စောင့်​​ပေးပါ​နော်​ "

15မိနစ်​ခန့်​ကြာ​သောအခါ မိန်းမလှ​လေးက လက်​တွင်​ Aster 14 ပွင့်​ပါ​သော ပန်းစည်းတစ်​ခုကိုကိုင်​ကာ သူ့ကို လှမ်းေ​ပးသည်​။ အပြာနု​ရောင်​စက္ကူဖြင်​လှပစွာထုတ်​ပိုးထား​သော Aster ပန်းများက လက်​ဆတ်​​​မွှေးပြန့်​​နေသည်​။

                 "ဘယ်​​လောက်​​ပေးရမလဲ? "

သူလက်​ထဲရှိပန်းစည်းကိုကြည့်​ကာ မိန်းမလှ​လေးကို​မေးလိုက်​သည်​။ကြည့်​ရတာပန်းစည်းက​ဈေးကြီးမည့်​ပုံစံ။

                "29​ဒေါ်လာပါ...."

               "29 ​ဒေါ်လာ? "


Bluebell ထိုဝယ်​ယူသူအမျိုးသားကိုကျသင့်​​ငွေ​ပြောလိုက်​​သောအခါ သူ၏မျက်​နှာ ပျက်​သွားမှန်းသတိထားလိုက်​မိသည်​။ ဝယ်​ယူသူအမျိုးသားသည်​ အသက်​ 60​ကျော်​ခန့်​ရှိမည်​ဖြစ်​ပြီး အနည်းငယ်​​ဟောင်း​နေပြီဖြစ်​​သော အညို​ရောင်​ကုတ်​အင်္ကျီအရှည်​ကြီးကို ဝတ်​ဆင်​ထား၍မျက်​မှန်​တက်​ထားသည်​။

            "ဘယ်​လိုလုပ်​ရမလဲမသိဘူး...... ကျွန်​​တော်​မှာ 19​ဒေါ်လာပဲပါတယ်​....."

ဝယ်​ယူသူ၏စကား​ကြောင့်​ Bluebell အံ့သြသွားသည်​။ အမှန်​တကယ်​ 19 ​ဒေါ်လာပဲပါတာလား?

              " 19​ဒေါ်လာပဲပါတယ်​ဟုတ်​လား? "

သူ၏အိပ်​ကပ်​ထဲရှိပိုက်​ဆံတို့ကိုထုတ်​ပြသည်​။အမှန်​တစ်​ကယ်​ပင်​ 19 ​ဒေါ်လာသာဖြစ်​၏။ ထို့အပြင်​ ပိုက်​ဆံတို့က ​ကြေမွ​နေပြီး အ​ကြွေ​စေ့များလည်းပါ​သေးသည်​။
သို့​သော်​ ထိုအမျိုးသား၏ပုံကိုကြည့်​ရတာ ပန်းကို အမှန်​တကယ်​ပင်​လိုအပ်​​နေသလို။

            " ဒီပန်း​တွေကိုဘာလုပ်​ဖို့များလဲ သိလို့ရမလား "

Bluebell ထိုဝယ်​ယူသူကို​မေးလိုက်​​သည်​။သူကပန်းများကိုတစ်​ချက်​ကြည့်​လိုက်​၏။

             " ဒီ​နေ့က ​သေဆုံးသွားပြီဖြစ်​တဲ့ကျွန်​​တော့်​ဇနီးရဲ့​မွေး​နေ့မလို့ပါ...သူက Asterအရမ်းကြိုက်​တာ.။ဒါ​ပေမယ့်​ပိုက်​ဆံမ​လောက်​​တော့မယူ​တော့ပါဘူး​လေ...။ "

ဝယ်​ယူသူက စိတ်​မ​ကောင်းစွာ​ပြော၍ ပန်းစည်းကို Bluebell ဆီသို့ပြန်​​ပေး၏။

           "ယူသွားပါ.... ဇနီးလည်း​ပျော်​​နေမှာပဲ ပိုက်​ဆံ​ပေးစရာမလိုပါဘူး..... "

ထိုစကားကိုကြားသည်​နှင့်​အမျိုးသား၏မျက်​နှာကဝင်းလက်​သွားပြီး "​ကျေးဇူးတင်​ပါတယ်​"ဆို​သောစကားကိုအထပ်​ထပ်​အခါခါ​ပြောလာ၏။ထို့​နောက်​.....,

             " ကျွန်​​တော်​အလကားမလိုချင်​ပါဘူး...... ဒါ့​ကြောင့်​ ဒါ​လေး​တော့ယူလိုက်​ပါ...."

ဝယ်​ယူသူသည်​ Bluebell ၏လက်​ထဲသို့အရာတစ်​ခုထည့်​​ပေး၏။ ၎င်းမှာ ကံကြမ္မာ ကွတ်​ကီး 1ထုတ်​ဖြစ်​သည်​။

            "သွား​တော့မယ်​....ပန်းအတွက်​​ကျေးဇူးတင်​ပါတယ်​..."

သူပန်းကိုကိုင်​ကာ ဆိုင်​အတွင်းမှထွက်​လာခဲ့သည်​။ထို့​နောက်​ ဆိုင်း​ဘေးရှိလမ်းအတွင်းသို့ဝင်​လာလိုက်​၏။

အညို​ရောင်​ကုတ်​ကိုဝတ်​ဆင်​၍ Aster ပန်းတစ်​စည်းကိုင်​ထား​သောအမျိုးသားမှာ အ​စောပိုင်းကကဲ့သို့ အသက်​60 အရွယ်​မဟုတ်​​တော့။

ထူခြားစွာ အသက်​20စွန်းစွန်းသာရှိမည့်​​ကောင်​​လေးတစ်​​ယောက်​၏ပုံသို့​ပြောင်းလဲသွားပြီး ဝတ်​ထား​သော ခပ်​​ဟောင်း​ဟောင်း ကုတ်​အင်္ကျီနှင့်​မျက်​မှန်​တို့ကို ချွတ်​လိုက်​၏။ ထို့အခါ ကုတ်​​အောက်​တွင်​ဝတ်​ဆင်​ထား​သော Shirt အင်္ကျီအဖြူ​ရောင်​၏ ညာဘက်​ရင်​ဘက်​တွင်​တပ်​ထား​သော နာမည်​ကတ်​ပေါ်လာ၏။ ထိုတွင်​​ရေးထားသည်​က " Cupid Lucian " ဖြစ်​သည်​။


               " မိန်းမလှ​လေးကို ဘယ်​လိုကံကြမ္မာဖန်​တီး​ပေးရင်​​ကောင်းမလဲ?? "

လေသံ​လေးသာသာ​ပြောပြီး​နောက်​ Cupid Lucian ပြုံးကာ လက်​ထဲရှိပန်းကို နှာဖျားနားကပ်​ကာ ရှုရှိုက်​လိုက်​သည်​။

မွှေးလိုက်​တာ..........။

© ChaosMagisk ,
книга «Secrets».
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (3)
Nomyn Tarcea
Chapter-1
လုံးဝမိုက်​တယ်​။
Відповісти
2019-11-09 03:57:16
1
Shon Murphy
Chapter-1
Language?
Відповісти
2019-11-09 16:51:06
1